ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကေလးမရဘူးဆိုတာ မ်ိဳးမေအာင္ျခင္းတစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။ ကိုယ္၀န္ရႏိုင္ေျခဟာ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊ စိတ္ခံစားမႈဆိုင္ရာတို႔ျဖင့္ ဆက္ႏြယ္လ်က္ရွိပါတယ္။ ထိုအခ်က္အလက္မ်ားအား သတိျပဳဖို႔လိုပါတယ္။

သို႔မွာသာ ကေလးမရျခင္းကို ေျဖရွင္းႏိုင္ရန္အတြက္ တိက်ေကာင္းမြန္တဲ့ ခ်ဥ္းကပ္မႈေတြကို ျပဳလုပ္ႏိုင္မွာပါ။
အမ်ိဳးသားႏွင့္ဆိုင္ေသာ ျပႆနာမ်ား

သုတ္ပိုးတို႔ရဲ႕ အရည္အေသြးဟာ ကေလးရႏိုင္ေျခအေပၚ အလြန္ၾကီးမားစြာ လႊမ္းမုိးေနပါတယ္။ အရည္အေသြး ည့ံဖ်င္းတဲ့ သုတ္ပိုးေတြဟာ မမ်ိဳးဥထံသို႔ ေရာက္ရွိရန္ ခက္ခဲသြားတာေၾကာင့္ မ်ိဳးေအာင္ႏိုင္ေျခသည္ ေလ်ာ့က်သြားပါတယ္။

ဒါ့အျပင္ သုတ္ပို႔ျပြန္ ပံုသ႑န္မမွန္ျခင္းက သုတ္ရည္စီးဆင္းမႈကို ေႏွာင့္ေႏွးေစပါတယ္။ ၃၀-၄၀% ေသာ ဇနီးေမာင္ႏွံေတြဟာ ယင္းအေျခအေန၏ သက္ေရာက္မႈကို ခံစားေနရပါတယ္။
သားအိမ္နံရံသည္ အျခားေနရာတြင္ ျဖစ္တည္ေနျခင္း

သုတ္ပိုးႏွင့္ မမ်ိဳးဥ မေတြ႔ဆံုေအာင္ ေႏွာင့္ယွက္ေသာ၊ သားအိမ္ဆဲလ္မ်ား ျဖစ္ျခင္းအားျဖင့္ မ်ိဳးေအာင္ေသာ သေႏၶသားသည္ သားအိမ္ျပြန္အားဆင္းရာတြင္ ေႏွာင့္ယွက္ေသာ မ်ိဳးပြားမႈစနစ္ျပႆနာတစ္မ်ိဳး ျဖစ္ပါတယ္။

ထိုေရာဂါက ရာသီလာခ်ိန္နဲ႕ လိင္ဆက္ဆံခ်ိန္မွာ နာက်င္ျခင္းကို ျဖစ္ေစပါတယ္။ ခြဲစိတ္ျခင္းျဖင့္ ကုသေပ်ာက္ကင္းႏိုင္ပါတယ္။
မ်ိဳးဥေကြ်ရာတြင္ ခ်ိဳ႕ယြင္းျခင္း

ရာသီစက္၀န္းတြင္ ျပႆနာရွိတဲ့ အခါမွာ ျဖစ္တတ္ပါတယ္။ ရာသီစက္၀န္းဟာ တိုလာႏိုင္တယ္၊ ၾကာလာႏိုင္တယ္။ တည္တည္ျငိမ္ျငိမ္လည္း မရွိေတာ့ပါဘူး။ ပိုဆိုးတာကေတာ့ မ်ိဳးဥကို မေၾကြေတာ့တာပါ။ ၂၀-၄၀%ေလာက္ ရွိေသာ မိန္းမေတြဟာ ယင္းအေျခအေနကို ခံစားရႏိုင္ပါတယ္။

အေၾကာင္းအရာအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ထိုအေၾကာင္းအရာတို႔မွာ ေဟာ္မုန္းမ်ား မူမမွန္ျခင္း၊ ေလ့က်င့္ခန္း အလြန္အကြ်န္လုပ္ျခင္း၊ ကိုယ္အေလးခ်ိန္ အလြန္အကြ်န္ က်ျခင္း သို႔မဟုတ္ တက္ျခင္းႏွင့္ စိတ္ဖိစီးမႈ အလြန္မ်ားျခင္းတို႔ကဲ့သို႔ပဲ ျဖစ္ပါတယ္။

ဥေကြ်ျခင္း ျပႆနာေတြကိုေတာ့ Clomid လိုမ်ိဳးေသာက္ေဆးမ်ားျဖင့္ ကုသႏိုင္ပါတယ္။ IVF (ခႏၶာကုိယ္ျပင္ပ မ်ိဳးေအာင္ေစကာ ကိုယ္အတြင္းသို႔ ျပန္လည္ ပို႔ေပးျခင္းျဖင့္ မ်ိဳးေအာင္ေစျခင္း) အား အသက္ၾကီး လင္မယားမ်ားအတြက္ ဆရာ၀န္မ်ားက အၾကံျပဳထားပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ မိန္းမေတြဟာ သာမန္ထက္ ေသြးဆံုးခ်ိန္ျမန္ျမန္ေရာက္လို႔ပါ။
Polycystic Ovarian Syndrome (POCS) (ေမြးရာပါ မမ်ိဳးဥေရာဂါတစ္မ်ိဳး)

မမ်ိဳးဥေရာဂါတစ္မ်ိဳးျဖစ္ျပီး ေဟာ္မုန္းမညီမွ်ျခင္းသို႔ ဦးတည္သြားေစပါတယ္။ ေရာဂါလကၡဏာေတြဟာ ရႈပ္ေထြးျပီး လူတစ္ေယာက္နဲ႔ တစ္ေယာက္ မတူပါဘူး။ ေရာဂါလကၡဏာေတြကေတာ့ မ်ိဳးဥမေကြ်ေတာ့ျခင္း၊ ရာသီစက္၀န္းမမွန္ျခင္း၊ ကိုယ္အေလးခ်ိန္ အလြန္တက္လာျခင္း၊ ၀က္ျခံထြက္ျခင္း၊ ေပါက္ေနက်မဟုတ္ေသာ အေမႊးမ်ား မ်က္ႏွာတြင္ ေပါက္လာျခင္းႏွင့္ မ်ိဳးမေအာင္ေတာ့ျခင္းတို႔ပဲ ျဖစ္ပါတယ္။

ဘယ္လိုကုသရမယ္ဆိုတာဟာ ေရာဂါလကၡဏာေတြေပၚမွာ မူတည္ေနပါတယ္။
က်န္းမာစြာ မေနထိုင္ျခင္း

ကိုယ္အေလးခ်ိန္အရမ္းမ်ားတာ၊ အရမ္းနည္းတာက ကေလးရျခင္း၊မရျခင္းအေပၚမွာ သက္ေရာက္မႈရွိပါတယ္။ အဆီမ်ားတဲ့ အစာေတြစားျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္းေတြက ေဟာ္မုန္းေတြရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေႏွာင့္ယွက္ႏိုင္ပါတယ္။

ဒါ့အျပင္ က်န္မာေရးအတြက္ မေကာင္းတဲ့ အစားအေသာက္ေတြ စားသံုးျခင္းလည္း ပါ၀င္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းနဲ႔ အရက္ေသစာေသာက္သံုးျခင္းက သုတ္ပိုးအေရအတြက္ေပၚမွာ ဆိုးက်ိဳးေတြ သက္ေရာက္ႏိုင္တာေၾကာင့္ ေရွာင္ရွားဖို႔ အၾကံျပဳထားပါတယ္။

ကိုယ္၀န္ေဆာင္ဖို႔ မၾကိဳးစားခင္မွာ ကြ်မ္းက်င္သူဆရာ၀န္ျဖင့္ ျပသတာဟာ အၾကံေကာင္းတစ္ခုျဖစ္ပါတယ္။ ေစာေစာေတြ႔ရွိမည္ဆိုပါက ျပႆနာမ်ားေျပလည္သြားႏိုင္ျပီး ကေလးရႏိုင္ေျခလည္း ျမင့္မားသြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#
ကလေးမရဘူးဆိုတာ မျိုးမအောင်ခြင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာတို့ဖြင့် ဆက်နွယ်လျက်ရှိပါတယ်။ ထိုအချက်အလက်များအား သတိပြုဖို့လိုပါတယ်။

သို့မှာသာ ကလေးမရခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တိကျကောင်းမွန်တဲ့ ချဉ်းကပ်မှုတွေကို ပြုလုပ်နိုင်မှာပါ။
အမျိုးသားနှင့်ဆိုင်သော ပြဿနာများ

သုတ်ပိုးတို့ရဲ့ အရည်အသွေးဟာ ကလေးရနိုင်ခြေအပေါ် အလွန်ကြီးမားစွာ လွှမ်းမိုးနေပါတယ်။ အရည်အသွေး ညံ့ဖျင်းတဲ့ သုတ်ပိုးတွေဟာ မမျိုးဥထံသို့ ရောက်ရှိရန် ခက်ခဲသွားတာကြောင့် မျိုးအောင်နိုင်ခြေသည် လျော့ကျသွားပါတယ်။

ဒါ့အပြင် သုတ်ပို့ပြွန် ပုံသဏ္ဍန်မမှန်ခြင်းက သုတ်ရည်စီးဆင်းမှုကို နှောင့်နှေးစေပါတယ်။ ၃၀-၄၀% သော ဇနီးမောင်နှံတွေဟာ ယင်းအခြေအနေ၏ သက်ရောက်မှုကို ခံစားနေရပါတယ်။
သားအိမ်နံရံသည် အခြားနေရာတွင် ဖြစ်တည်နေခြင်း

သုတ်ပိုးနှင့် မမျိုးဥ မတွေ့ဆုံအောင် နှောင့်ယှက်သော၊ သားအိမ်ဆဲလ်များ ဖြစ်ခြင်းအားဖြင့် မျိုးအောင်သော သန္ဓေသားသည် သားအိမ်ပြွန်အားဆင်းရာတွင် နှောင့်ယှက်သော မျိုးပွားမှုစနစ်ပြဿနာတစ်မျိုး ဖြစ်ပါတယ်။

ထိုရောဂါက ရာသီလာချိန်နဲ့ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ခွဲစိတ်ခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။
မျိုးဥကျွေရာတွင် ချို့ယွင်းခြင်း

ရာသီစက်ဝန်းတွင် ပြဿနာရှိတဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းဟာ တိုလာနိုင်တယ်၊ ကြာလာနိုင်တယ်။ တည်တည်ငြိမ်ငြိမ်လည်း မရှိတော့ပါဘူး။ ပိုဆိုးတာကတော့ မျိုးဥကို မကြွေတော့တာပါ။ ၂၀-၄၀%လောက် ရှိသော မိန်းမတွေဟာ ယင်းအခြေအနေကို ခံစားရနိုင်ပါတယ်။

အကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ထိုအကြောင်းအရာတို့မှာ ဟော်မုန်းများ မူမမှန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွန်လုပ်ခြင်း၊ ကိုယ်အလေးချိန် အလွန်အကျွန် ကျခြင်း သို့မဟုတ် တက်ခြင်းနှင့် စိတ်ဖိစီးမှု အလွန်များခြင်းတို့ကဲ့သို့ပဲ ဖြစ်ပါတယ်။

ဥကျွေခြင်း ပြဿနာတွေကိုတော့ Clomid လိုမျိုးသောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။ IVF (ခန္ဓာကိုယ်ပြင်ပ မျိုးအောင်စေကာ ကိုယ်အတွင်းသို့ ပြန်လည် ပို့ပေးခြင်းဖြင့် မျိုးအောင်စေခြင်း) အား အသက်ကြီး လင်မယားများအတွက် ဆရာဝန်များက အကြံပြုထားပါတယ်။

ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ သာမန်ထက် သွေးဆုံးချိန်မြန်မြန်ရောက်လို့ပါ။
Polycystic Ovarian Syndrome (POCS) (မွေးရာပါ မမျိုးဥရောဂါတစ်မျိုး)

မမျိုးဥရောဂါတစ်မျိုးဖြစ်ပြီး ဟော်မုန်းမညီမျှခြင်းသို့ ဦးတည်သွားစေပါတယ်။ ရောဂါလက္ခဏာတွေဟာ ရှုပ်ထွေးပြီး လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ရောဂါလက္ခဏာတွေကတော့ မျိုးဥမကျွေတော့ခြင်း၊ ရာသီစက်ဝန်းမမှန်ခြင်း၊ ကိုယ်အလေးချိန် အလွန်တက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ပေါက်နေကျမဟုတ်သော အမွှေးများ မျက်နှာတွင် ပေါက်လာခြင်းနှင့် မျိုးမအောင်တော့ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကုသရမယ်ဆိုတာဟာ ရောဂါလက္ခဏာတွေပေါ်မှာ မူတည်နေပါတယ်။
ကျန်းမာစွာ မနေထိုင်ခြင်း

ကိုယ်အလေးချိန်အရမ်းများတာ၊ အရမ်းနည်းတာက ကလေးရခြင်း၊မရခြင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အဆီများတဲ့ အစာတွေစားခြင်း၊ အာဟာရချို့တဲ့ခြင်းတွေက ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်နိုင်ပါတယ်။

ဒါ့အပြင် ကျန်မာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေ စားသုံးခြင်းလည်း ပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သေစာသောက်သုံးခြင်းက သုတ်ပိုးအရေအတွက်ပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင်တာကြောင့် ရှောင်ရှားဖို့ အကြံပြုထားပါတယ်။

ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ ကျွမ်းကျင်သူဆရာဝန်ဖြင့် ပြသတာဟာ အကြံကောင်းတစ်ခုဖြစ်ပါတယ်။ စောစောတွေ့ရှိမည်ဆိုပါက ပြဿနာများပြေလည်သွားနိုင်ပြီး ကလေးရနိုင်ခြေလည်း မြင့်မားသွားပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top