ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အသားအေရကိုလွေစၿပီး က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတဲ့ ေထာပတ္သီးကို ဝိတ္ခ်ေနသူေတြကလည္း စားၾကတယ္မဟုတ္လား။ ေထာပတ္သီးမွာပါတဲ့ အေစ့အႀကီးႀကီးကိုေရာ ဘာေတြလုပ္ျဖစ္ၾကလဲ။ တကယ္လို႔မ်ား အေစ့မပါတဲ့ ေထာပတ္သီး ႐ွိတယ္ဆုိရင္ က်ိန္းေသေပါက္ ဝယ္ၾကမယ္လုိ႔ ထင္ပါတယ္ေနာ္။ အဲ့လို ေထာပတ္သီးမ်ိဳး တကယ္႐ွိပါတယ္။

ယူေကက M&S စူပါမားကတ္ဟာ အေစ့မပါတဲ့ ေထာပတ္သီးေတြကို ေရာင္းခ်တဲ့ ပထမဆံုး စူပါမားကတ္ ျဖစ္ပါတယ္။ အဲ့ဒီေထာပတ္သီးကို Cocktail ေထာပတ္သီးလို႔ ေခၚၿပီး ပံုမွန္ေထာပတ္သီးေတြထက္ေတာ့ အ႐ြယ္အစား ေသးငယ္ပါတယ္။ Cocktail ေထာပတ္သီးေတြဟာ အခြံပါ ဝါးစားလို႔ရတယ္လို႔ သိရတယ္။

ပံုမွန္ထက္ ေသးေပမဲ့ ေစ်းကေတာ့ ပံုမွန္ထက္ေတာင္ မ်ားပါေသးတယ္။ တစ္ထုပ္ကို ၂ ေပါင္ နဲ႔ M&S က ေရာင္းခ်ေနပါတယ္။
Image result for cocktail avocado
ဒီအသီးေတြကို စပိန္မွာ စိုက္ပ်ိဳးၿပီး ဒီဇင္ဘာ တစ္လတည္းမွာသာ ေရာင္းခ်ပါသတဲ့။ သစ္သီးေပၚခ်ိန္ဟာ ဒီဇင္ဘာလ တစ္လတည္းမုိ႔လို႔ ေရာင္းခ်ိန္ကလည္း တိုေတာင္းၿပီး ေစ်းကလည္း မ်ားရတာပါ။ သြားေရစာအျဖစ္လည္း စားႏိုင္သလို ေန႔လယ္စာဘူးေတြမွာလည္း ထည့္သြင္းႏိုင္ၿပီး ဟင္းသီးဟင္းရြက္သုပ္ေတြမွာ အလွဆင္တဲ့အေနနဲ႔လည္း သံုးႏိုင္ပါတယ္။ ၿပီးေတာ့ ေၾကာ္စားရင္လည္း အေတာ္ေကာင္းဆုိပဲ။

Source : Daily Mail
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
အသားအရေကိုလှစေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ ထောပတ်သီးကို ဝိတ်ချနေသူတွေကလည်း စားကြတယ်မဟုတ်လား။ ထောပတ်သီးမှာပါတဲ့ အစေ့အကြီးကြီးကိုရော ဘာတွေလုပ်ဖြစ်ကြလဲ။ တကယ်လို့များ အစေ့မပါတဲ့ ထောပတ်သီး ရှိတယ်ဆိုရင် ကျိန်းသေပေါက် ဝယ်ကြမယ်လို့ ထင်ပါတယ်နော်။ အဲ့လို ထောပတ်သီးမျိုး တကယ်ရှိပါတယ်။

ယူကေက M&S စူပါမားကတ်ဟာ အစေ့မပါတဲ့ ထောပတ်သီးတွေကို ရောင်းချတဲ့ ပထမဆုံး စူပါမားကတ် ဖြစ်ပါတယ်။ အဲ့ဒီထောပတ်သီးကို Cocktail ထောပတ်သီးလို့ ခေါ်ပြီး ပုံမှန်ထောပတ်သီးတွေထက်တော့ အရွယ်အစား သေးငယ်ပါတယ်။ Cocktail ထောပတ်သီးတွေဟာ အခွံပါ ဝါးစားလို့ရတယ်လို့ သိရတယ်။

ပုံမှန်ထက် သေးပေမဲ့ ဈေးကတော့ ပုံမှန်ထက်တောင် များပါသေးတယ်။ တစ်ထုပ်ကို ၂ ပေါင် နဲ့ M&S က ရောင်းချနေပါတယ်။

ဒီအသီးတွေကို စပိန်မှာ စိုက်ပျိုးပြီး ဒီဇင်ဘာ တစ်လတည်းမှာသာ ရောင်းချပါသတဲ့။ သစ်သီးပေါ်ချိန်ဟာ ဒီဇင်ဘာလ တစ်လတည်းမို့လို့ ရောင်းချိန်ကလည်း တိုတောင်းပြီး ဈေးကလည်း များရတာပါ။ သွားရေစာအဖြစ်လည်း စားနိုင်သလို နေ့လယ်စာဘူးတွေမှာလည်း ထည့်သွင်းနိုင်ပြီး ဟင်းသီးဟင်းရွက်သုပ်တွေမှာ အလှဆင်တဲ့အနေနဲ့လည်း သုံးနိုင်ပါတယ်။ ပြီးတော့ ကြော်စားရင်လည်း အတော်ကောင်းဆိုပဲ။

Source : Daily Mail

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top