ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမၻာႀကီးရဲ႕သက္တမ္းက ႏွစ္သန္းေပါင္းေလးေထာင္ေက်ာ္လို႔ ငါးေထာင္နားကပ္ေနပါၿပီ။ ကမၻာေပၚမွာ လူ႔အဖြဲ႕အစည္းမ်ိဳးစံု၊ ယဥ္ေက်းမႈမ်ိဳးစံု ေပၚေပါက္ခဲ့ၿပီးေနာက္မွာ လူ႔ယဥ္ေက်းမႈေတြရဲ႕ ျပယုဂ္ေတြျဖစ္တဲ့ ၿမိဳ႕ျပႏိုင္ငံေတာ္ေတြလည္း မ်ားစြာေပၚေပါက္ ခဲ့ပါတယ္။ ယခုေဖာ္ျပေပးမွာကေတာ့ ကမၻာေပၚမွာ ေပၚေပါက္ခဲ့တဲ့ လူ႔ယဥ္ေက်းမႈရဲ႕ အမွတ္လကၡဏာေတြျဖစ္တဲ့ ေရွးေဟာင္းၿမိဳ႕ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

၁။ အန္ေကာဝပ္ (ကေမၻာဒီးယား)
အန္ေကာဝပ္ၿမိဳ႕ဟာ ႀကီးမားတဲ့ လမ္းကြန္ရက္ႀကီးေတြ၊ အိမ္ေတြ၊ တူးေျမာင္းေတြ၊ ေရအိုင္ေတြ၊ ဘုရားေက်ာင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ႀကီးမားတဲ့ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ပါတယ္။ ကေမၻာဒီးယား ေတာပိုင္းမွာတည္ရွိတယ္ဆိုေပမယ့္ လူသူစည္ကားပါတယ္။ အန္ေကာဝပ္အရပ္မွာ တည္ရွိတဲ့ Angkor Wat ဘုရားေက်ာင္းဟာ ကမၻာေပၚမွာ အႀကီးမားဆံုး ဗုဒၶဘုရားေက်ာင္းတစ္ခုအျဖစ္ ထင္ရွားပါတယ္။

၂။ ေရာမၿမိဳ႕ (အီတလီ)
ေရာမအင္ပါယာႀကီးဟာ ကမၻာေပၚမွာအႀကီးမားဆံုးအင္ပါယာႀကီးတစ္ခု ျဖစ္ခဲ့ဖူးတာနဲ႔အားေလ်ာ္စြာ အီတလီႏိုင္ငံ၊ ေရာမၿမိဳ႕မွာ ေရွးေဟာင္းယဥ္ေက်းမႈေတြကေတာ့ ၾကြယ္ဝစြာတည္ရွိပါတယ္။ အီတလီၿမိဳ႕လည္ေခါင္က The Colosseum ဟာဆိုရင္ ႏွစ္ေပါင္း (၂၀၀၀) နီးပါး ၾကာျမင့္ေနၿပီျဖစ္ၿပီး ေခတ္သစ္အီတလီယဥ္ေက်းမႈၾကားမွာ ေရွးေဟာင္းအီတလီယဥ္ေက်းမႈရဲ႕ ေရႊေရာင္ေန႔ရက္ေတြကို ေဖာ္ျပေနတဲ့ ျပယုဂ္တစ္ခုလည္း ျဖစ္ပါတယ္။ ကမၻာေက်ာ္ gladiator တုိက္ပြဲေတြဟာ The Colosseum ထဲဲမွာ ျပဳလုပ္က်င္းပခဲ့တာျဖစ္ပါတယ္။

၃။ အစၥတန္ဘူလ္ၿမိဳ႕ (တူရကီ)
တူရကီႏုိင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕ရဲ႕ သမိုင္းဝင္ေနရာတစ္ခုျဖစ္တဲ့ Hagia Sophia ဟာ ေအာ္တိုမန္အင္ပါယာရဲ႕ Topkapi နန္းေတာ္ရဲ႕ တစ္ျပစာေလာက္ အကြာအေဝးမွာ တည္ရွိပါတယ္။ အဲဒီနန္းေတာ္ တမန္ေတာ္ Moses ရဲ႕တုတ္ေတာ္လိုမ်ိဳး ေရွးေဟာင္းပစၥည္းေတြကို သိမ္းဆည္းျပသထားပါတယ္။

၄။ ပုဂံၿမိဳ႕ (ျမန္မာ)
ႏိုင္ငံတကာ ခရီးသြားေတြရဲ႕ ေရဒါေအာက္က ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ေနတဲ့ ေရွးေဟာင္းအေမြအႏွစ္တစ္ခုကေတာ့ ျမန္မာႏိုင္ငံ အလည္ပိုင္းက ပုဂံၿမိဳ႕ပါပဲ။ လွည္းဝင္႐ိုးသံ တညံညံ ပုဂံဘုရားေပါင္း ဆိုတဲ့ စကားအတိုင္း (၁၁) ရာစုု ေရွးေဟာင္းအႏုလက္ရာေတြနဲ႔ ဘုရားပုထိုးေပါင္း (၂၀၀၀) ေက်ာ္ဟာ ပုဂံေဒသမွာ တည္ရွိပါတယ္။ ေနာက္ၿပီး ပုဂံအရပ္ဟာ ျမန္မာႏိုင္ငံရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ဧရာဝတီျမစ္ကမ္းေဘးမွာ တည္ရွိပါတယ္။

၅။ တီကယ္ (ဂြာတီမာလာ)
ဂြာတီမာလာႏိုင္ငံရဲ႕ ေတာအုပ္ေတြၾကားမွာ ျမဳပ္ေနတဲ့ တီကယ္ၿမိဳ႕ဟာ ေရွးေဟာင္းေမယန္လူမ်ိဳးေတြရဲ႕ ၿမိဳ႕ေတာ္ေဟာင္းတစ္ခု ျဖစ္ပါတယ္။ ေမယန္လူမ်ိဳးတို႔ရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ လက္ရာေတြကို ဘီစီ ၆၀၀ ေလာက္ကစၿပီး ေတြ႕ျမင္ႏိုင္ပါတယ္။ ပံုထဲမွာေဖာ္ျပထားတဲ့ အေဆာက္အဦးဟာဆိုရင္ အလြန္အေရးပါတဲ့ ေရွးေဟာင္းအေမြအႏွစ္ျဖစ္ၿပီး တီကယ္ဘုရားေက်ာင္း (သို႔) ႀကီးျမတ္ေသာက်ားသစ္ ဘုရားေက်ာင္းလို႔ ေခၚပါတယ္။

၆။ ကိုင္ရိုၿမိဳ႕ (အီဂ်စ္)
ၿမိဳ႕စြန္မွာ ကမၻာေက်ာ္ ဂီဇာပိရမစ္ႀကီးတည္ရွိတဲ့ ကိုင္ရိုၿမိဳ႕ဟာ ႏွစ္ေပါင္းေထာင္ခ်ီေနတဲ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြကုိ ထိန္းသိမ္းထားတဲ့ ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ အီဂ်စ္အင္ပါယာဟာလည္း ကမၻာေပၚမွာ အေစာဆံုးနဲ႔ အႀကီးမားဆံုး အင္ပါယာတစ္ခုျဖစ္ေတာ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြလည္း ၾကြယ္ဝတာေတာ့ မဆန္းပါဘူး။ ပံုမွာေဖာ္ျပထားတာကေတာ့ ကိုင္ရိုၿမိဳ႕ရဲ႕ အစၥလာမ္ကြာတားက သမိုင္းဝင္လမ္းတစ္လမ္းျဖစ္တဲ့ Al-Mu'izz al-Din Illah လမ္းရဲ႕ ပံုျဖစ္ပါတယ္။

၇။ ပါစိုေပါလစ္စ္ၿမိဳ႕ (အီရန္)
အီရန္ႏိုင္ငံဟာ ကမၻာလွည့္ခရီးသြားလုပ္ငန္းကို ျပန္ဖြင့္ေပးခဲ့ၿပီးေနာက္ ပါစိုေပါလစ္စ္ၿမိဳ႕ကို ကမၻာလွည့္ခရီးသြားေတြ အထူးမ်က္စိက် ခဲ့ၾကပါတယ္။ ဒီၿမိဳ႕ကို ေရွးေဟာင္းပါရွားေခတ္ Achaemenian အင္ပါယာရဲ႕အုပ္ခ်ဳပ္သူ Darius I က ဘီစီ ၅၁၈ မွာ တည္ေထာင္ခဲ့ၿပီး ဂရိအင္ပါယာရွင္ႀကီး အလက္ဇန္းဒါး သည္ဂရိတ္ ဝင္မတိုက္ခင္အထိ အင္အားၾကီးထြားၿပီး ၾသဇာႀကီးမားခဲ့ပါတယ္။

ဆက္လက္ေဖာ္ျပပါမည္။

Source: CNN

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ကမ္ဘာကြီးရဲ့သက်တမ်းက နှစ်သန်းပေါင်းလေးထောင်ကျော်လို့ ငါးထောင်နားကပ်နေပါပြီ။ ကမ္ဘာပေါ်မှာ လူ့အဖွဲ့အစည်းမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ ပေါ်ပေါက်ခဲ့ပြီးနောက်မှာ လူ့ယဉ်ကျေးမှုတွေရဲ့ ပြယုဂ်တွေဖြစ်တဲ့ မြို့ပြနိုင်ငံတော်တွေလည်း များစွာပေါ်ပေါက် ခဲ့ပါတယ်။ ယခုဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ လူ့ယဉ်ကျေးမှုရဲ့ အမှတ်လက္ခဏာတွေဖြစ်တဲ့ ရှေးဟောင်းမြို့တွေ အကြောင်းပဲ ဖြစ်ပါတယ်။

၁။ အန်ကောဝပ် (ကမ္ဘောဒီးယား)
အန်ကောဝပ်မြို့ဟာ ကြီးမားတဲ့ လမ်းကွန်ရက်ကြီးတွေ၊ အိမ်တွေ၊ တူးမြောင်းတွေ၊ ရေအိုင်တွေ၊ ဘုရားကျောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကြီးမားတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ကမ္ဘောဒီးယား တောပိုင်းမှာတည်ရှိတယ်ဆိုပေမယ့် လူသူစည်ကားပါတယ်။ အန်ကောဝပ်အရပ်မှာ တည်ရှိတဲ့ Angkor Wat ဘုရားကျောင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဗုဒ္ဓဘုရားကျောင်းတစ်ခုအဖြစ် ထင်ရှားပါတယ်။

၂။ ရောမမြို့ (အီတလီ)
ရောမအင်ပါယာကြီးဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံးအင်ပါယာကြီးတစ်ခု ဖြစ်ခဲ့ဖူးတာနဲ့အားလျော်စွာ အီတလီနိုင်ငံ၊ ရောမမြို့မှာ ရှေးဟောင်းယဉ်ကျေးမှုတွေကတော့ ကြွယ်ဝစွာတည်ရှိပါတယ်။ အီတလီမြို့လည်ခေါင်က The Colosseum ဟာဆိုရင် နှစ်ပေါင်း (၂၀၀၀) နီးပါး ကြာမြင့်နေပြီဖြစ်ပြီး ခေတ်သစ်အီတလီယဉ်ကျေးမှုကြားမှာ ရှေးဟောင်းအီတလီယဉ်ကျေးမှုရဲ့ ရွှေရောင်နေ့ရက်တွေကို ဖော်ပြနေတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် gladiator တိုက်ပွဲတွေဟာ The Colosseum ထဲမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

၃။ အစ္စတန်ဘူလ်မြို့ (တူရကီ)
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Hagia Sophia ဟာ အော်တိုမန်အင်ပါယာရဲ့ Topkapi နန်းတော်ရဲ့ တစ်ပြစာလောက် အကွာအဝေးမှာ တည်ရှိပါတယ်။ အဲဒီနန်းတော် တမန်တော် Moses ရဲ့တုတ်တော်လိုမျိုး ရှေးဟောင်းပစ္စည်းတွေကို သိမ်းဆည်းပြသထားပါတယ်။

၄။ ပုဂံမြို့ (မြန်မာ)
နိုင်ငံတကာ ခရီးသွားတွေရဲ့ ရေဒါအောက်က နှစ်ပေါင်းများစွာ ပျောက်နေတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုကတော့ မြန်မာနိုင်ငံ အလည်ပိုင်းက ပုဂံမြို့ပါပဲ။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုတဲ့ စကားအတိုင်း (၁၁) ရာစုု ရှေးဟောင်းအနုလက်ရာတွေနဲ့ ဘုရားပုထိုးပေါင်း (၂၀၀၀) ကျော်ဟာ ပုဂံဒေသမှာ တည်ရှိပါတယ်။ နောက်ပြီး ပုဂံအရပ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။

၅။ တီကယ် (ဂွာတီမာလာ)
ဂွာတီမာလာနိုင်ငံရဲ့ တောအုပ်တွေကြားမှာ မြုပ်နေတဲ့ တီကယ်မြို့ဟာ ရှေးဟောင်းမေယန်လူမျိုးတွေရဲ့ မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။ မေယန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် လက်ရာတွေကို ဘီစီ ၆၀၀ လောက်ကစပြီး တွေ့မြင်နိုင်ပါတယ်။ ပုံထဲမှာဖော်ပြထားတဲ့ အဆောက်အဦးဟာဆိုရင် အလွန်အရေးပါတဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်ပြီး တီကယ်ဘုရားကျောင်း (သို့) ကြီးမြတ်သောကျားသစ် ဘုရားကျောင်းလို့ ခေါ်ပါတယ်။

၆။ ကိုင်ရိုမြို့ (အီဂျစ်)
မြို့စွန်မှာ ကမ္ဘာကျော် ဂီဇာပိရမစ်ကြီးတည်ရှိတဲ့ ကိုင်ရိုမြို့ဟာ နှစ်ပေါင်းထောင်ချီနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းထားတဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ အီဂျစ်အင်ပါယာဟာလည်း ကမ္ဘာပေါ်မှာ အစောဆုံးနဲ့ အကြီးမားဆုံး အင်ပါယာတစ်ခုဖြစ်တော့ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ကြွယ်ဝတာတော့ မဆန်းပါဘူး။ ပုံမှာဖော်ပြထားတာကတော့ ကိုင်ရိုမြို့ရဲ့ အစ္စလာမ်ကွာတားက သမိုင်းဝင်လမ်းတစ်လမ်းဖြစ်တဲ့ Al-Mu'izz al-Din Illah လမ်းရဲ့ ပုံဖြစ်ပါတယ်။

၇။ ပါစိုပေါလစ်စ်မြို့ (အီရန်)
အီရန်နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ပေးခဲ့ပြီးနောက် ပါစိုပေါလစ်စ်မြို့ကို ကမ္ဘာလှည့်ခရီးသွားတွေ အထူးမျက်စိကျ ခဲ့ကြပါတယ်။ ဒီမြို့ကို ရှေးဟောင်းပါရှားခေတ် Achaemenian အင်ပါယာရဲ့အုပ်ချုပ်သူ Darius I က ဘီစီ ၅၁၈ မှာ တည်ထောင်ခဲ့ပြီး ဂရိအင်ပါယာရှင်ကြီး အလက်ဇန်းဒါး သည်ဂရိတ် ဝင်မတိုက်ခင်အထိ အင်အားကြီးထွားပြီး သြဇာကြီးမားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: CNN

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top