န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အသက္အရြယ္ႏုနယ္ေပမဲ့ အေရျပားတြဲျခင္း သို႔မဟုတ္ အသားအေရ တင္းရင္းမႈမရွိျခင္းက သင့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကို ပိုၿပီးရင့္ေရာ္ေစပါတယ္။ ထိုျပႆနာမ်ားဟာ ကိုယ္ဝန္ရွိခ်ိန္၊ ကိုယ္အေလးခ်ိန္ေလွ်ာ့က်ခ်ိန္၊ ေဟာ္မုန္းအေျပာင္းအလဲမ်ားေၾကာင့္ အျဖစ္မ်ားပါတယ္။ ဒီလို မႏွစ္ၿမိဳ႕ဖြယ္ရာ ျပႆနာမ်ားကို ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္လိုထိန္းသိမ္းႏိုင္မဲ့ နည္းလမ္းအခ်ိဳ႕ကို Lifestyle Myanmar ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္။

ဘာေၾကာင့္ အေရျပားတြဲက်ျခင္း၊ တင္းရင္းမႈျဖစ္ေပၚသလဲ
ဆရာဝန္မ်ားရဲ႕ အဆိုျပဳခ်က္အရ အေရျပားတြဲျခင္း၊ တင္းရင္းမႈမရွိျခင္းဟာ မ်ိဳး႐ိုးဗီဇေၾကာင့္ဆိုရေပမဲ့ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ေတာ့မဟုတ္ပါဘူး။ မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႔ရဲဲ႕ ခႏၶာကိုယ္လုပ္ရွားမႈျဖစ္စဥ္မ်ားအေပၚမွာမူတည္ပါတယ္။ အေရျပားတြဲျခင္းဟာ အသက္အရြယ္အရ ေကာ္လာဂ်င္ ထုတ္လုပ္မႈ႕အားနည္းတဲ့အခါမွာ ျဖစ္ေပၚတတ္ပါတယ္။

အေရျပားေလ်ာ့တြဲျခင္းမျဖစ္ေအာင္ ဘယ္လိုထိန္းသိမ္းမလဲ

အေရျပားေလ်ာ့တြဲျခင္းနဲ႔ပတ္သက္လို႔ သီးသန္႔ေလ့က်င့္ခန္းေတာ့ မရွိပါဘူး။ ဒါေပမဲ့ ေန႔စဥ္ပုံမွန္ေလ့က်င့္ခန္း၊ အားကစားလုပ္ေနသူအတြက္ေတာ့ အေရျပားေပ်ာ့တြဲျခင္း၊ ေလ်ာ့ျခင္း မရွိေလာက္ပါဘူး။ ေျပးျခင္း၊ ထိုင္ထျပဳလုပ္ျခင္း၊ ႀကိဳးခုန္ျခင္း၊ Gym ေဆာ့ျခင္း စတဲ့ အားကစားမ်ားျပဳလုပ္ျခင္းဟာ အသားအေရမွ ေအာက္စီဂ်င္ကို ပိုမိုတိုးပြားေစတာေၾကာင့္ အသားအေရ ေပ်ာ့တြဲျခင္း၊ ေလ်ာ့က်ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ လက္ေမာင္းသားတြဲက်သူအတြက္ကေတာ့ လက္ေမာင္းနဲ႔ပတ္သက္တဲ့ ေလ့က်င့္ခန္းကို ပိုၿပီးလုပ္ေဆာင္ သင့္ပါတယ္။ ခႏၶာကိုယ္အာက္ပိုင္းအတြက္ စက္ဘီးနင္းျခင္း၊ ေျပးျခင္း၊ ေတာင္တက္ျခင္း စတဲ့ ေျခေထာက္အားေကာင္းလာေစမဲ့ ေလ့က်င့္ခန္းမ်ိဳးကို ေရြးျခယ္ျပဳလုပ္သင့္ပါတယ္။

အေရျပားပ်က္စီးျခင္း၊ ေလ်ာ့က်ျခင္း၊ အိုမင္းျခင္း မျဖစ္ေအာင္ ထိန္းသိမ္းရမည့္ အျခားအခ်က္မ်ား

၁။ ခရမ္းလြန္ေရာင္ျခည္ဟာ သင့္ရဲ႕ အေရျပားကို ပ်က္စီးဆုံး႐ႈံးမႈမ်ားစြာျဖစ္ေပၚႏိုင္တာေၾကာင့္ေနပူထဲ ထြက္တဲ့အခါမွာ အကာအကြယ္ သို႔မဟုတ္ ေနေရာင္ျခည္ကာကြယ္ေဆး ကိုအသုံးျပဳသင့္ပါတယ္။
၂။ ေရဓာတ္ခန္းေျခာက္ျခင္းဟာ သင့္အသားအေရ ပ်က္စီးလြယ္တာေၾကာင့္ ေရဓာတ္ကို အလုံအေလာက္ရရွိေအာင္ ထိန္းသိမ္းသင့္ပါတယ္။
၃။ ေဆးလိပ္ေသာက္လွ်င္ ေဆးလိပ္ျဖတ္ေပးပါ။ ေဆးလိပ္ေသာက္ျခင္းဟာ အသားအေရခန္းေျခာက္ျခင္း၊ အရြယ္မတိုင္မွီ သင့္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကို အိုမင္းရင့္ေရာ္တဲ့ ဆိုးက်ိဳးေတြျဖစ္ေပၚလာႏိုင္ပါတယ္။
၄။ လူတစ္ေယာက္ရဲ႕ က်န္းမာေရးအရ ႐ုပ္ပိုင္းဆိုင္ရာ ပ်က္စီးဆုံး႐ႈံးမ်ားစြာဟာ သင္ေန႔စဥ္စားသုံးတဲ့အစားအေသာက္မ်ားအေပၚမွာ အမ်ားႀကီးအက်ိဳးသက္ေရာက္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္ႏွင့္ သတၳဳဓာတ္ၾကြယ္ဝတဲ့ အစားအေသာက္မ်ားကို မွ်တစြာ စားသုံံးသင့္ပါတယ္။
၅။ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစမဲ့ အစားအေသာက္မ်ားေရွာင္ၾကဥ္ပါ။ ကိုယ္အေလးခ်ိန္ေလွ်ာ့က်ျခင္းေၾကာင့္ သင့္ရဲ႕ အသားအေရမ်ား ေပ်ာ့တြဲျခင္း၊ ေလ်ာ့က်ျခင္းမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lifestyle_Myanmar
(Thar_Nage)

# Unicode Version ျဖင့္ ဖတ္ပါ #
အသက်အရွယ်နုနယ်ပေမဲ့ အရေပြားတွဲခြင်း သို့မဟုတ် အသားအရေ တင်းရင်းမှုမရှိခြင်းက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပိုပြီးရင့်ရော်စေပါတယ်။ ထိုပြဿနာများဟာ ကိုယ်ဝန်ရှိချိန်၊ ကိုယ်အလေးချိန်လျှော့ကျချိန်၊ ဟော်မုန်းအပြောင်းအလဲများကြောင့် အဖြစ်များပါတယ်။ ဒီလို မနှစ်မြို့ဖွယ်ရာ ပြဿနာများကို ကျွန်တော်တို့အနေနဲ့ ဘယ်လိုထိန်းသိမ်းနိုင်မဲ့ နည်းလမ်းအချို့ကို Lifestyle Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

ဘာကြောင့် အရေပြားတွဲကျခြင်း၊ တင်းရင်းမှုဖြစ်ပေါ်သလဲ
ဆရာဝန်များရဲ့ အဆိုပြုချက်အရ အရေပြားတွဲခြင်း၊ တင်းရင်းမှုမရှိခြင်းဟာ မျိုးရိုးဗီဇကြောင့်ဆိုရပေမဲ့ ခိုင်လုံတဲ့အကြောင်းပြချက်တော့မဟုတ်ပါဘူး။ များသောအားဖြင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်လုပ်ရှားမှုဖြစ်စဉ်များအပေါ်မှာမူတည်ပါတယ်။ အရေပြားတွဲခြင်းဟာ အသက်အရွယ်အရ ကော်လာဂျင် ထုတ်လုပ်မှု့အားနည်းတဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။

အရေပြားလျော့တွဲခြင်းမဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

အရေပြားလျော့တွဲခြင်းနဲ့ပတ်သက်လို့ သီးသန့်လေ့ကျင့်ခန်းတော့ မရှိပါဘူး။ ဒါပေမဲ့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း၊ အားကစားလုပ်နေသူအတွက်တော့ အရေပြားပျော့တွဲခြင်း၊ လျော့ခြင်း မရှိလောက်ပါဘူး။ ပြေးခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ ကြိုးခုန်ခြင်း၊ Gym ဆော့ခြင်း စတဲ့ အားကစားများပြုလုပ်ခြင်းဟာ အသားအရေမှ အောက်စီဂျင်ကို ပိုမိုတိုးပွားစေတာကြောင့် အသားအရေ ပျော့တွဲခြင်း၊ လျော့ကျခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လက်မောင်းသားတွဲကျသူအတွက်ကတော့ လက်မောင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းကို ပိုပြီးလုပ်ဆောင် သင့်ပါတယ်။ ခန္ဓာကိုယ်အာက်ပိုင်းအတွက် စက်ဘီးနင်းခြင်း၊ ပြေးခြင်း၊ တောင်တက်ခြင်း စတဲ့ ခြေထောက်အားကောင်းလာစေမဲ့ လေ့ကျင့်ခန်းမျိုးကို ရွေးခြယ်ပြုလုပ်သင့်ပါတယ်။

အရေပြားပျက်စီးခြင်း၊ လျော့ကျခြင်း၊ အိုမင်းခြင်း မဖြစ်အောင် ထိန်းသိမ်းရမည့် အခြားအချက်များ

၁။ ခရမ်းလွန်ရောင်ခြည်ဟာ သင့်ရဲ့ အရေပြားကို ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နိုင်တာကြောင့်နေပူထဲ ထွက်တဲ့အခါမှာ အကာအကွယ် သို့မဟုတ် နေရောင်ခြည်ကာကွယ်ဆေး ကိုအသုံးပြုသင့်ပါတယ်။
၂။ ရေဓာတ်ခန်းခြောက်ခြင်းဟာ သင့်အသားအရေ ပျက်စီးလွယ်တာကြောင့် ရေဓာတ်ကို အလုံအလောက်ရရှိအောင် ထိန်းသိမ်းသင့်ပါတယ်။
၃။ ဆေးလိပ်သောက်လျှင် ဆေးလိပ်ဖြတ်ပေးပါ။ ဆေးလိပ်သောက်ခြင်းဟာ အသားအရေခန်းခြောက်ခြင်း၊ အရွယ်မတိုင်မှီ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို အိုမင်းရင့်ရော်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။
၄။ လူတစ်ယောက်ရဲ့ ကျန်းမာရေးအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးများစွာဟာ သင်နေ့စဉ်စားသုံးတဲ့အစားအသောက်များအပေါ်မှာ အများကြီးအကျိုးသက်ရောက်ပါတယ်။ ဒါကြောင့် ဗီတာမင်နှင့် သတ္ထုဓာတ်ကြွယ်ဝတဲ့ အစားအသောက်များကို မျှတစွာ စားသုံံးသင့်ပါတယ်။
၅။ ကိုယ်အလေးချိန်လျော့ကျစေမဲ့ အစားအသောက်များရှောင်ကြဉ်ပါ။ ကိုယ်အလေးချိန်လျှော့ကျခြင်းကြောင့် သင့်ရဲ့ အသားအရေများ ပျော့တွဲခြင်း၊ လျော့ကျခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Lifestyle_Myanmar
(Thar_Nage)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top