ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


ကြက်ဥအကာ


သံလွင်ဆီ


နှိပ်နယ်ပေးမယ်


အသီးအရွက်စားပါ


Credit: mystyle

#Unicode Version#
အရေးအကြောင်းဖြစ်တာကို အပြည့်အဝ တားဆီးလို့မရပါဘူး။ ဒါပေမယ့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေ အများကြီးမဖြစ်စေဖို့လိုအပ်ပါတယ်။ ဒီတခါပြောပြမှာက ဈေးကြီးပေးရတဲ့ခရင်မ်တွေ၊ ဈေးကြီးပေးရတဲ့ ဆေးတွေသုံးပြီး အရေးအကြောင်းတွေကို တိုက်ဖျက်မယ့်အကြောင်းမဟုတ်ပါဘူးနော်။ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေမယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာကို ခွက်တစ်လုံးထဲ ထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။ပြီးရင် အသားအရေအပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲပ ဆေးချပေးလိုက်ပါ။ ပြီး၇င်တော့ ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။

သံလွင်ဆီ

သင့်အသားအရေက အဆီပြန်တတ်တယ် (သို့) ပေါင်းစပ်အသားအရေဆိုရင်တော့ မသုံးပါနဲ့နော်။ ခြောက်သွေ့တဲ့အသားအရေသမားအတွက် သံလွင်ဆိကို အသားအရေပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီး၇င် တဘက်တစ်ထည်ကို ရေအေးအေးလေးစွတ်ပြီး သုတ်ချပေးလိုက်ပါ။ အဲဒီနောက် ညအိပ်ယာဝင်ပေးလိုက်ပါ။

နှိပ်နယ်ပေးမယ်

သင့်ရဲ့ မျက်နှာပေါ်မှာ သင်ကြိုက်နှစ်သက်တဲ့ ခရင်မ်တမျိုးမျိုးကို လိမ်းပေးထားပါ။ ပြီးရင် လက်နဲ့ ဖြည်းဖြည်းလေး နှိပ်ပေးပါ။ အထူးသဖြင့် လည်ပင်းတို့ မျက်လုံးအောက်၊ နဖူး၊ ပါးပြင်လေးတွေကို နှိပ်ပေးပါ။ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ တဘက်တစ်ထည်ကို ရေနွေးနွေးလေးစွတ်ပြီး မျက်နှာပေါ်အိပ်ကာ ထပ်ပြီး နှိပ်ပေးပါ။ ၁၅ မိနစ်လောက်နှိပ်ပေးပြီး၇င် ရေအေးအေးနဲ့ မျက်နှာထပ်သစ်ပါ။ ပြီး၇င် ခရင်မ်တမျိုးမျိုးလိမ်းပြီး ညအိပ်ယာဝင်ပါ။

အသီးအရွက်စားပါ

ဗီတာမင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ။ အထူးသဖြင့် အသီးအရွက်များများစားပါ။ သင့်အသားအရေကိုလှပစေသလို စိုပြေလာစေမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top