မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

Zawgyi ဖြင့်ဖတ်၇န်




Credit: Celekabar

# Unicode Version ဖြင့် ဖတ်ပါ #

Zawgyi ဖြင့်ဖတ်၇န်

G Shock ပွဲမှာ ပွဲတက်လာသူအချင်းချင်း ဓါတ်ပုံတွဲရိုက်မိရာမှ လှောင်ပြောင်းခြင်းခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ကိုချစ်ကြရင်၊ သူ့ကို သိက္ခာမကျစေချင်ရင် သူ့အတွက် ဝိုင်းပြီးစဉ်းစားပေးကြပါဆိုပြီး သူ့ရဲ့ပရိတ်သတ် တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ သူဟာ တိုက်ခိုက်ထိုးနှက်လာတဲ့ ဘယ်လိုအရာမျိုးကိုမဆို မသိချင် ယောင်ဆောင်ပြီး ဥပေက္ခာပြုပြီးနေတက်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ပရိတ်သတ်တွေကတော့ သူ့ကိုထိရင် ခံနိုင်ရည်မရှိကျပါဘူး။ ဆက်ဆက်ထိမခံတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကိစ္စတခုဖြစ်တိုင်း လှောင်ပြောင်ခံရမှုပိုများပါတယ်။ ဒါကြောင့် ပရိတ်သတ်တွေကို စိုင်းစိုင်းက “ ကျွန်တော့်ကို ချစ်ကြရင် သိက္ခာမကျစေချင်ရင် ဒီလိုဝိုင်းစဉ်းစားစေချင်တယ်။ ဒီတစ်ခါတည်းအတွက် မဟုတ်ပါဘူး ၊ပရိတ်သတ်များအမြဲတမ်း စဉ်းစားသင့်တဲ့ အချက်ပါ ”ဆိုပြီး ပရိတ်သတ်တစ်ယောက်ရဲ့ အတွေးလေးကို သူ့ရဲ့ Page မှာ ပြန်မျှဝေထားပါတယ်။ သူ့ပရိတ်သတ်ရဲ့ အတွေးလေးကိုတော့ ပုံလေးနဲ့ဖေါ်ပြပေးထားပါတယ်။

လက်ရှိ လှောင်ပြောင်ခံနေရတဲ့ ကိစ္စကတော့ G Shock ပွဲမှာ ဖြူဖြူထွေးနဲ့ တွဲရိုက်ခဲ့တဲ့ ဓါတ်ပုံကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံဟာ သာမာန်ပွဲတက်သူအချင်းချင်း ရိုက်နေကြ ပုံစံမျိုးဘဲဖြစ်ပါတယ်။ ဒါကို အွန်လိုင်း page တစ်ခုက စိုင်းစိုင်းနဲ့ ဖြူဖြူထွေးက လိုက်ဖက်ညီတယ် သဘောတူကြလားဆိုတဲ့ လှောင်ပြောင်တဲ့ ပို့စ် တစ်ခုကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဖြူဖြူထွေးကလဲ နောက်ပြောင်မှုတွေကို သွယ်ဝှိုက်သောနည်းနဲ့ သူမကလဲ သူမဖေ့ဘုတ်မှာ စိတ်မဝင်စားကြောင်း စာတစ်ချို့တင်ခဲ့ပါတယ်။ ဒီပြဿနာမှာ စိုင်းစိုင်းကတော့ ဘယ်လိုတွေတိုက်ခိုက်နေပါစေ သူ့အလုပ်တွေနဲ့သူ မအားနိုင်ရှာပါဘူး။ စိုင်းစိုင်းကိုချစ်တဲ့ ပရိတ်သတ်တွေလဲ စိုင်းစိုင်း အတွက် စဉ်းစားပြီး မသိချင်ယောင်ဆောင်နိုင်အောင် ကြိုးစားကြပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Celekabar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top