မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×


မျှဝေ လိုက်ပါတယ်
~~~~~~~~

ကျ​နော်​ ငယ်​ငယ်​ထဲက
ခေါင်းကိုက်​ တတ်​ပါတယ်​၊
သက်​သာရုံပဲရှိပါတယ်​။

ပိုဆိုး လာပါတယ်​။

အ​ဖေ ဆုံးပြီး
ထပ်​ပြခိုင်းတာလဲ
ကိုယ်​ခံစား​နေရတာ

မ​သောက်​ချင်​​လေ​တော့

FB မှာ ​တွေ့ဖူးပြီး

လုပ်​ကြည့်​မယ်​ ​ဆိုပြီး~



အခုည
ထပ်​ထွက်​ပါတယ်​၊
ဖြစ်​သွားပါပြီ။

ကျ​နော်​က​တော့ အချွဲ​တွေ



နံ့သာဖြူကို​သွေးပါ၊
ရလာတဲ့အနှစ်​ ၂ ခုကို
သမ​အောင်​​​ ရော​ပေးပါ၊



ထွက်​လာပါလိမ့်​မယ်​၊

နှပ်​ညှစ်​မပြစ်​ပါနဲ့၊

ဒီ​လောက်​ဆို
အဆင်​​ပြေမယ်​ ထင်​ပါတယ်​၊

စာရှည်​သွားတာ၊

ပျောက်​​စေချင်​လွန်း လို့ပါ ခင်​ဗျာ။

~~~~~~~~~~~~~

~~~~~~~~
သူတော်ကောင်းတို့
~~~~~~~~

Credit: ( အရှင် ခေမာ စာရ )

# Unicode Version ဖြင့် ဖတ်ပါ #
 ငွေကုန် သက်သာပြီး လက်တွေ့ သက်သာနေလို့

မျှဝေ လိုက်ပါတယ်
~~~~~~~~

ကျနော် ငယ်ငယ်ထဲက
ခေါင်းကိုက် တတ်ပါတယ်၊
အမျိုးမျိုး ကုသပြီးပါပြီ၊
လုံးဝပျောက်ကင်းတာမရှိပါ၊
သက်သာရုံပဲရှိပါတယ်။

အခုရက်တွေ ခေါင်းကိုက်တာ
(၁) လကျော်လောက်ရှိပါပြီ၊
ကိုက်လိုက် သက်သာလိုက်ဖြစ်နေတာ
အဖေ ဆေးရုံတင်ထားတဲ့ ရက်က
ညလုံးပေါက် အိပ်ရေးပျက်တော့
ပိုဆိုး လာပါတယ်။

အဖေ ဆုံးပြီး
ပုံမှန် အိပ်ချိန်ပေးနေလျှက်နဲ့
ခေါင်းကိုက်က မသက်သာပါ။
အမျိုးသမီးကလဲ ဆေးခန်းပြခိုင်းတာ အခါခါပါ၊
ပြခဲ့ပြီးတာလဲ အကြိမ်ကြိမ်ပါ။
ထပ်ပြခိုင်းတာလဲ
ကိုယ်ခံစားနေရတာ
သူမကြည့်ရက်လို့ဆိုတာ သိပါတယ်။

ဒီရောဂါက အရှင်းပျောက်ကင်းတာ
မရှိဘူးဆိုပြီး ပြောနေကြတယ်၊
ဆေးခန်းက ပေးမဲ့ ပိုးသတ်ဆေးလဲ
မသောက်ချင်လေတော့
သူ့ကို သက်သာပါတယ်ဆိုပြီး
ကျနော် ပေကပ်ပြီး မပြပဲနေပါတယ်။

FB မှာ တွေ့ဖူးပြီး
ကိုယ်တိုင်လဲပြန်လည် မျှဝေဘူးတဲ့ ဆေးနည်းလေး။

(နံ့သာဖြူ နဲ့ ကင်ပွန်းသီး)ကိုသတိရမိပါတယ်။
လုပ်ကြည့်မယ် ဆိုပြီး~

(၂၅) ရက်နေ့ကစလုပ်ကြည့်ပါတယ်၊
ထူးခြားစွာ နှာခေါင်းထဲမှ ချွဲတွေ
လက်ဖက်ရည် ပန်းကန်တစ်လုံးခန့်ထွက်ပါတယ်၊
အဲ့ဒီညကစပြီး သိသိသာသာ
ခေါင်းကိုက် သက်သာလာပါတယ်။

(၂၆) ရက်နေ့ည ထပ်လုပ်ပါတယ်၊ထပ်ထွက်ပါတယ်၊

အခုည
(၂၇) ရက်နေ့မှာလဲထပ်လုပ်ပါတယ်၊
ထပ်ထွက်ပါတယ်၊
ခေါင်းကိုက်တာတော့ မရှိသလောက်
ဖြစ်သွားပါပြီ။

ကျနော်ကတော့ အချွဲတွေ
ကုန်တဲ့အထိ ဆက်လုပ်နေမှာပါ။

ကျနော့်လို ခံစားနေရသူများအတွက်
အမြန်သက်သာ စေချင်လို့
အခုချက်ခြင်း ရေးလိုက်တာပါ။

[ ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနဲ့တစ်ကွပြထားပါတယ်၊ ]

သနပ်ခါး ကျောက်ပြင်တစ်ဖက်ခြမ်းမှာ
ရေအနည်းငယ်စီထည့်ပြီး
နံ့သာဖြူကိုသွေးပါ၊
တစ်ဖက်မှာ ရေထည့်ပြီး ကင်ပွန်းသီးကိုသွေးပါ၊
ရလာတဲ့အနှစ် ၂ ခုကို
သမအောင် ရောပေးပါ၊

ပြီးလျှင် နှာခေါင်းထဲ ဝင်အောင်ထည့်ပါ၊
အသက် ပြင်းပြင်း ရှူပေးပါ၊
သွေးထားတာကုန် အောင်ထည့်ပါ၊

ပိုလျှင် ကိုက်တဲ့နေရာ
နဖူးနဲ့ နှာခေါင်းပေါ်လိမ်း ပေးပါ။

စူးရှပြင်းရှသလိုလို စပ်သလိုလို ခံစားရပါမယ်၊
ချက်ချင်းဆိုသလိုပဲ အချွဲတွေ
ထွက်လာပါလိမ့်မယ်၊

နှပ်ညှစ်မပြစ်ပါနဲ့၊
ပါးစပ်က နေပြန်ထွေးထုပ်ပါ၊
ဆေးတွေ ပြန်မထွက်စေရန်ပါ။
မိနစ် (၃၀) ခန့်ဆို နှပ်ညှစ်လို့ရပါပြီ။

ဒီလောက်ဆို
ဒီရောဂါ ခံစားနေရသူများ
အဆင်ပြေမယ် ထင်ပါတယ်၊

အားလုံး ကျန်းမာချမ်းသာ
လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။
စာရှည်သွားတာ၊
ကျနော့်ပုံပါတာ နားလည်ပေးကြပါ၊

ပျောက်စေချင်လွန်း လ့ိုပါ ခင်ဗျာ။

ချစ်ခြင်း မေတ္တာတွေနဲ့
ကျန်းမာချမ်းသာ အေးချမ်းကြပါစေ။
~~~~~~~~~~~~~

~~~~~~~~
စာရေးသူ ကိုဝင်းဇော်ဦးမှ
မည်သူမဆို ရှယ်နိုင်ပါတယ်
ကော်ပီကူးခွင့် ပေးထားပါတယ်
သူတော်ကောင်းတို့
~~~~~~~~

ဖိုးသူတော် (www.phothutaw.com)
Credit: ( အရှင် ခေမာ စာရ )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top