ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူ.. လူခ်င္း.. တူတာေတာင္မွ ေလးမ်ိဳးခြဲျခား ထားပါတယ္။ လူအမ်ားစု ကေတာ့ ထင္ၾကမယ္..။ ဘာေတြမ်ား ကြဲသလဲေပါ့..။ ဘုရားရွင္ ေဟာၾကားခဲ့တဲ့ လူေလးမ်ိဳးကေတာ့ ေတာ္ေတာ္ေလးကို ကြဲပါတယ္။ စာဖတ္သူလည္း လူေလးမ်ိဳး ဆိုတာကုိ သိျပီးရင္ ကိုယ္ဟာ ဘယ္လိုလူမ်ိဳးထဲမွာ ပါတယ္ဆိုတာေလးကို ေ၀ဖန္ဆန္းစစ္ျပီး
 ေကာင္းသထက္ ေကာင္းေအာင္ ျပဳျပင္ဖို႕ လိုအပ္ပါတယ္။ လူစစ္စစ္ ျဖစ္ဖို႕.. အပါယ္တံခါး ပိတ္ဖုိ႕.. ဗုဒၶဘာသာ စစ္စစ္ျဖစ္ဖို႕ ဘာေတြ လိုအပ္တယ္ ဆိုတာေလး ဘုရားရွင္ ေဟာၾကားခဲ့တဲ့ လူေလးမ်ိဳးနဲ႕ တိုက္ၾကည့္ၾကရေအာင္..။ အရင္ဆံုး လူေလးမ်ိဳးနဲ႕ မိတ္ဆက္ေပးပါ့မယ္..။

လူ(၄)မ်ိဳးက ဘာေတြလဲဆိုေတာ့…
(၁) လူ႕ငရဲသား
(၂) လူ႕တိရစၧာန္
(၃) လူ႕ျပိတၱာ
(၄) လူ႕ ပရမတၱ ပါပဲ။

(၁) လူ႕ငရဲသား
လူ႕ငရဲသား ဆိုတာကေတာ့…။ တခ်ိဳ႕ လူေတြဟာ လူေတာ့ ျဖစ္လာၾကပါတယ္။ ဒါေပမယ့္ ဘာသာေရးနဲ႕ ပါတ္သတ္ရင္ ဘာဆိုဘာမွ မသိ.. စိတ္လည္းမ၀င္စား.. ကိုယ့္အဘုိး၊ အဘြား၊ အေဖ၊ အေမေတြက ဗုဒၶဘာသာေတြ ျဖစ္လို႕သာ မိရိုးဖလာ ဗုဒၶဘာသာ ျဖစ္လာရတယ္။ တရားစာေပလည္းမဖတ္၊ တရားလည္းမနာ၊ သံဃာေတာ္ ျမတ္ေတြဆီ တရားေတြ ေမးျမန္းရမွန္းလည္းမသိ၊ ကုသိုလ္ဆိုတာကို ဘယ္လိုမွ စိတ္မ၀င္စားပါဘူး။ လူ႕ဘ၀ရဲ႕ အႏွစ္သာရကို လံုး၀နားမလည္ပဲနဲ႕ စီးပြားေတြ မတရားတဲ့နည္းနဲ႕ ရေအာင္ရွာပါတယ္။ ဘယ္သူဘာျဖစ္ျဖစ္ ကိုယ္ေကာင္းစားရင္ျပီးေရာ လိမ္ညာျပီးေတာ့ စီးပြားေတြ ရွာပါတယ္.. ရလာတဲ့ ဥစၥာပစၥည္းကိုလည္း ကုသိုလ္ျဖစ္ေစမယ့္ ေနရာေတြမွာ အသံုးမျပဳဘဲ အကုသုိလ္ ျဖစ္မယ့္ ေနရာေတြမွာသာ သံုးျဖဳန္းျပစ္ပါတယ္။ ေနာက္ဆံုး မေကာင္းတဲ့ အသက္ေမြး၀မ္းေၾကာင္း နဲ႕ လုပ္ကိုင္တဲ့အတြက္ ရာဇ၀တ္မူသင့္ျပီး ေထာင္က်တဲ့ဘ၀ကို ေရာက္ရပါတယ္။
 ေထာင္က်ေတာ့လည္း ကၽြန္လို တိရိစၦာန္လို အခိုင္းခံရ..။ ေထာင္က်သြားျပီဆိုေတာ့.. သူတို႕ေတြဟာ ငရဲျပည္မွာ ငရဲက်တဲ့သူေတြလိုပါပဲ.. ဒါန၊သီလ၊ဘာ၀နာ ဆိုတဲ့ ကုုသိုလ္တရားေတြ ဘယ္လိုမွ လုပ္ခြင့္ မရၾကပါဘူး။ လူ႕ဘ၀ကိုသာ ရလာတယ္.. လူ႕ဘ၀ရဲ႕ အႏွစ္သာရကို ဘာတစ္ခုမွ သိမသြားလိုက္ရဘဲ.. ငရဲသားအျဖစ္မ်ိဳးနဲ႕ ဘ၀ကို ဆင္းရဲပင္ပန္းစြာ ေပးဆပ္ျပီး ေနထုိင္သြားပါတယ္။ ဒီလိုလူမ်ိဳးကိုေတာ့ ဘုရားရွင္က လူ႕ငရဲသားလုိ႕ ေဟာၾကားခဲ့ပါတယ္။

(၂) လူ႕တိရစၧာန္
လူ႕တိရိစၧာန္ ဆိုတာကေတာ့..။ ဒီအခ်က္ကေတာ့ ရွင္းပါတယ္..။ တိရစၧာန္လိုပါပဲ.. အိပ္တယ္ စားတယ္ ကာမဂုဏ္ ခံစားတယ္.. ဒါန၊ သီလ၊ ဘာ၀နာဆိုတဲ့ ကုသိုလ္တရားေတြ ဘာမွမလုပ္ပါဘူး။ စီးပြားေတြေတာ့ ႀကီးပြားေအာင္ရွာပါရဲ႕..။ ဒါေပမယ့္ ရရွိလာတဲ့ ေငြေၾကးကို အိပ္၊ စား၊ ကာမ ဆိုတဲ့ သံုးခုအတြက္ပဲ အသံုးခ်တယ္။ ဒီသံုးခုကလြဲရင္ ကုသိုလ္အလုပ္ ဘာမွ မလုပ္ပါဘူး။ အဲ့လို လူစားမ်ိဳးကိုေတာ့ ဘုရားရွင္က လူအစစ္ မဟုတ္ပါဘူးတဲ့.. လူ႕တိရစၧာန္လို႕ ေဟာၾကားခဲ့ပါတယ္။ ဆရာေတာ္ အရွင္ဇ၀န ေဟာျပဆံုးမထားတဲ့ စာသားေလးနဲ႕ လူနဲ႕တိရစၧာန္ ခြဲျခားတာေလးကို ေဖာ္ျပလိုပါတယ္..

လူနဲ႕တိရစၧာန္ ျခားနားဟန္ ႏွစ္တန္သိရမည္
အိပ၊္ စား၊ ကာမ သိရံုမွ် မွတ္ၾကလူမပီ
အကုသိုလ္ပါယ္ ကုသုိလ္ဆြယ္ တကယ္လူပီသည္
လူမပီက အပါယ္က် ဒုကၡမလြတ္ျပီ
လူပီေနက ခ်မ္းသာရ ေရာက္ရနိဗၺာန္ဆီ တဲ့။

(၃) လူ႕ျပိတၱာ
လူ႕ျပိတၱာ ဆိုတာကေတာ့..။ ၿပိတၱာလို႕ ဆိုလုိက္ျပီဆိုရင္ကို တေစၧ၊ သရဲ၊ မွင္စာ၊ ဥစၥာေစာင့္ အားလံုးဟာ ၿပိတၱာထဲမွာ ပါပါတယ္။ ၿပိတၱာေတြဟာ သူတို႕၀မ္းေရးကို တစ္သက္လံုး ပင္ပန္းဆင္းရဲစြာနဲ႕ ရွာစားၾကရတာပါ။ ေနာက္ျပီး ဘယ္ေတာ့မွလည္း အစား၀တယ္ဆိုတာ မရွိပါဘူး။ ျပီးေတာ့ သူတို႕ဟာ ေကာင္းေကာင္းမြန္မြန္ မစားရဘဲနဲ႕ လူေတြေထြးတဲ့ တံေတြးေတြ ႏွပ္ေတြ သလိပ္ေတြ ေကာက္စားရတာပါ။ ၀မ္းေရးတစ္ခုကိုပဲ ရွာစားၾကရင္းနဲ႕ ေသသြားၾကရတာပါ။ ဘာကုသုိလ္မွလည္း လုပ္သြားလို႕ မရလိုက္ပါဘူး။ ဒီလိုပါပဲ.. တခ်ိဳ႕ လူသားအခ်ိဳ႕ဟာလည္း ဆင္းရဲပင္ပန္းစြာ ဘ၀ကို ျဖတ္သန္း ရပါတယ္။ ဆင္းရဲပင္ပန္းတာနဲ႕ အမွ် ကုသိုလ္တရားေတြေမ့ျပီး ၀မ္းေရးတစ္ခု အတြက္ပဲ လံုးပန္းၾကပါတယ္။ ၀မ္း၀ရံုတမယ္ စားရတဲ့အတြက္လည္း ဘာဒါနမွ လုပ္မသြားႏုိင္ပါဘူး.. ဘာကုသိုလ္မွလည္း လုုပ္မသြားႏုိင္ပါဘူး။ ဆင္းရဲဒုကၡေတြ မ်ားတဲ့အတြက္ ၀မ္းေရးရွာျပီး ဘ၀ကို နိဂံုးခ်ဳပ္ သြားၾကရပါတယ္။ ဒီလိုမ်ိဳး.. ဆင္းရဲဒုကၡေပါင္း မ်ားစြာနဲ႕ ၀မ္းေရးတစ္ခုပဲရွာျပီး ကုသိုလ္အလုပ္ လုပ္မသြားတဲ့ လူမ်ိဳးက်ေတာ့ ဘုရားရွင္က ေဟာၾကား ထားခဲ့ပါတယ္။ လူ႕ျပိတၱာပါတဲ့။

(၄) လူ႕ ပရမတၱ ပါပဲ
ေနာက္ဆံုး လူစစ္စစ္ကေတာ့ လူ႕ ပရမတၱပါ။ လူ႔ပရမတၳ ဆိုတာကေတာ့ စီးပြားေရးကို သမာအာဇီ၀ က်က်ရွာတယ္။ မတရားတာဆို ဘာတစ္ခုမွ မလုပ္ပါဘူး။ ေကာင္းတဲ့ သမာအာဇီ၀လုပ္ငန္းနဲ႕ စီးပြားကို သမာသမက္က်က် ရွာေဖြတယ္။ ဒီအခ်က္ထဲမွာ သမာအာဇီ၀အေၾကာင္း ေျပာမယ္ဆိုေတာ့ မိစၧာအာဇီ၀ဆိုတာေလး ေျပာျပလိုပါတယ္။ မိစၧာအာဇီ၀ (၅)မ်ိဳးရွိပါတယ္။ အဲ့ဒါေတြကေတာ့
(၁) သတၱ၀ါေတြ ေသေစႏုိင္ေသာ လက္နက္မ်ား ကုန္ကူးျခင္း၊
(၂) သတၱ၀ါေတြ ေသေစႏုိင္ေသာ အဆိပ္မ်ား ကုန္ကူးျခင္း၊
(၃) သားငါးမ်ား ကုန္ကူးျခင္း၊
(၄) အရက္ေသစာမ်ား ကုန္ကူးျခင္း၊
(၅) ကၽြန္အျဖစ္၊ ျပည့္တန္ဆာအျဖစ္ အသံုးျပဳရန္လူမ်ား ကုန္ကူးျခင္း ဆိုတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။
ဒီအထဲက လြတ္သြားၿပီ ဆိုၿပီးလည္း သမာအာဇီ၀က်ျပီလို႕ ယူစလို႕ မရပါဘူး။ မိမိသူတစ္ပါး ႏွစ္ဦးစလံုး နစ္နာေစမယ့္ စီးပြားမ်ိဳးဆိုရင္လည္း မိစၧာအာဇီ၀ ျဖစ္ပါတယ္။
 ဥပမာ.. စားေသာက္ ကုန္ဆိုင္ဖြင့္ျပီး ပစၥည္းေစ်းေတြ မတန္တဆ ေစ်းတင္တာေတြ..
ပစၥည္းအတုကို အစစ္ဆိုျပီးေတာ့ ေရာင္းတာေတြ..
 ေနာက္ျပီး သူတစ္ပါးေတြကို လိမ္ညာျပီး မေကာင္းတာကို
အေကာင္းပါလို႕ ေျပာျပီး ေရာင္းတဲ့ဟာေတြ..
ဒါေတြ အားလံုးဟာ ဒီမိစၧာအာဇီ၀ထဲမွာ အက်ံဳး၀င္ပါတယ္။ ဒီေလာက္ဆို အားလံုးကို ခ်ဲ႕ေတြးလို႕ ရေလာက္ပါျပီ။ ကဲ.. လူ႕ပရမတၱ အေၾကာင္းေလး ဆက္ရေအာင္။ လူ႕ပရမတၱကေတာ့ စီးပြားရွာရတဲ့ အေၾကာင္းကို ေသခ်ာနားလည္တယ္လုိ႕
 ေျပာလို႕ရပါတယ္။ သူကေတာ့ စီးပြားရွာရတာကို ဘယ္လို နားလည္လည္းဆိုေတာ့.. ဒီစီးပြားရွာရတဲ့ အေၾကာင္းကိုက ဒါနျပဳဖို႕.. သာသနာကို အက်ိဳးျပဳဖို႕ ဆိုတဲ့ ရည္ရြယ္ခ်က္.. ေနာက္ျပီး… ဒီဥစၥာေတြဟာ တစ္ဘ၀ပဲ သံုးရတယ္ဆိုတာ သိျပီးေတာ့ သံသရာထိပါေအာင္ ယူသြားတတ္တဲ့သူပါ။ လူ႕ဘ၀ရဲ႕ အႏွစ္သာရကို နားလည္ၿပီးေတာ့ မိမိသူတစ္ပါး အက်ိဳးရွိေအာင္ လုပ္ေဆာင္ သြားတဲ့လူ…။ အဲ့လိုမ်ိဳး စီးပြားေရာ ကုသိုလ္ေရာ ႏွစ္မ်ိဳးလံုးတိုးပြားေအာင္ ၾကိဳးစားျပီး ဘ၀ကိုအက်ိဳးရွိရွိ အသံုးခ်တဲ့ လူကိုေတာ့ … ဘုရားရွင္က လူ႕ပရမတၳလို႕ ေဟာျပ ဆံုးမထားပါတယ္။

ဒီေလာက္ဆိုရင္ ကၽြန္ေတာ္တို႕ေတြဟာ လူေလးမ်ိဳးအေၾကာင္း သိသြားပါၿပီ။ သိသြားျပီဆိုရင္ ကိုယ္ဟာ ဘယ္လိုလူထဲမွာ ပါတယ္ဆိုတာကို စဥ္းစားဆင္ျခင္လိုက္ပါ။ စဥ္းစားၿပီးၿပီ ဆိုတာနဲ႕.. လူေလးမ်ိဳးထဲမွာ ဘုရားရွင္ သာဓုေခၚတဲ့ လူ႕ပရမတၳစစ္စစ္ ျဖစ္ေအာင္ ၾကိဳးစားဖို႕ လိုပါတယ္။ လူ႕ဘ၀ရဲ႕ အႏွစ္သာရကို တကယ္နားလည္ၿပီးေတာ့… လူ႕ပရမတၳစစ္စစ္ျဖစ္ေအာင္ ၾကိဳးစားရင္း.. တဆင့္ထက္တဆင့္ ျမင့္သထက္ျမင့္ေအာင္ ၾကိဳစားက်င့္ၾကံရင္းျဖင့္ မဂ္ဖိုလ္နိဗၺာန္ကို အျမန္ဆံုး တက္လွမ္းႏုိင္ၾကပါေစ…။။။

ဖိုးသူေတာ္(www.phothutaw.com)
Credit:buddhismbeams

#Unicode Version#
လူ.. လူချင်း.. တူတာတောင်မှ လေးမျိုးခွဲခြား ထားပါတယ်။ လူအများစု ကတော့ ထင်ကြမယ်..။ ဘာတွေများ ကွဲသလဲပေါ့..။ ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးကတော့ တော်တော်လေးကို ကွဲပါတယ်။ စာဖတ်သူလည်း လူလေးမျိုး ဆိုတာကို သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီး
 ကောင်းသထက် ကောင်းအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့.. အပါယ်တံခါး ပိတ်ဖို့.. ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာလေး ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးနဲ့ တိုက်ကြည့်ကြရအောင်..။ အရင်ဆုံး လူလေးမျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်..။

လူ(၄)မျိုးက ဘာတွေလဲဆိုတော့…
(၁) လူ့ငရဲသား
(၂) လူ့တိရစ္ဆာန်
(၃) လူ့ပြိတ္တာ
(၄) လူ့ ပရမတ္တ ပါပဲ။

(၁) လူ့ငရဲသား
လူ့ငရဲသား ဆိုတာကတော့…။ တချို့ လူတွေဟာ လူတော့ ဖြစ်လာကြပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ပါတ်သတ်ရင် ဘာဆိုဘာမှ မသိ.. စိတ်လည်းမဝင်စား.. ကိုယ့်အဘိုး၊ အဘွား၊ အဖေ၊ အမေတွေက ဗုဒ္ဓဘာသာတွေ ဖြစ်လို့သာ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာရတယ်။ တရားစာပေလည်းမဖတ်၊ တရားလည်းမနာ၊ သံဃာတော် မြတ်တွေဆီ တရားတွေ မေးမြန်းရမှန်းလည်းမသိ၊ ကုသိုလ်ဆိုတာကို ဘယ်လိုမှ စိတ်မဝင်စားပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရကို လုံးဝနားမလည်ပဲနဲ့ စီးပွားတွေ မတရားတဲ့နည်းနဲ့ ရအောင်ရှာပါတယ်။ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်ကောင်းစားရင်ပြီးရော လိမ်ညာပြီးတော့ စီးပွားတွေ ရှာပါတယ်.. ရလာတဲ့ ဥစ္စာပစ္စည်းကိုလည်း ကုသိုလ်ဖြစ်စေမယ့် နေရာတွေမှာ အသုံးမပြုဘဲ အကုသိုလ် ဖြစ်မယ့် နေရာတွေမှာသာ သုံးဖြုန်းပြစ်ပါတယ်။ နောက်ဆုံး မကောင်းတဲ့ အသက်မွေးဝမ်းကြောင်း နဲ့ လုပ်ကိုင်တဲ့အတွက် ရာဇဝတ်မူသင့်ပြီး ထောင်ကျတဲ့ဘဝကို ရောက်ရပါတယ်။
 ထောင်ကျတော့လည်း ကျွန်လို တိရိစ္ဆာန်လို အခိုင်းခံရ..။ ထောင်ကျသွားပြီဆိုတော့.. သူတို့တွေဟာ ငရဲပြည်မှာ ငရဲကျတဲ့သူတွေလိုပါပဲ.. ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ ကုုသိုလ်တရားတွေ ဘယ်လိုမှ လုပ်ခွင့် မရကြပါဘူး။ လူ့ဘဝကိုသာ ရလာတယ်.. လူ့ဘဝရဲ့ အနှစ်သာရကို ဘာတစ်ခုမှ သိမသွားလိုက်ရဘဲ.. ငရဲသားအဖြစ်မျိုးနဲ့ ဘဝကို ဆင်းရဲပင်ပန်းစွာ ပေးဆပ်ပြီး နေထိုင်သွားပါတယ်။ ဒီလိုလူမျိုးကိုတော့ ဘုရားရှင်က လူ့ငရဲသားလို့ ဟောကြားခဲ့ပါတယ်။

(၂) လူ့တိရစ္ဆာန်
လူ့တိရိစ္ဆာန် ဆိုတာကတော့..။ ဒီအချက်ကတော့ ရှင်းပါတယ်..။ တိရစ္ဆာန်လိုပါပဲ.. အိပ်တယ် စားတယ် ကာမဂုဏ် ခံစားတယ်.. ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ ဘာမှမလုပ်ပါဘူး။ စီးပွားတွေတော့ ကြီးပွားအောင်ရှာပါရဲ့..။ ဒါပေမယ့် ရရှိလာတဲ့ ငွေကြေးကို အိပ်၊ စား၊ ကာမ ဆိုတဲ့ သုံးခုအတွက်ပဲ အသုံးချတယ်။ ဒီသုံးခုကလွဲရင် ကုသိုလ်အလုပ် ဘာမှ မလုပ်ပါဘူး။ အဲ့လို လူစားမျိုးကိုတော့ ဘုရားရှင်က လူအစစ် မဟုတ်ပါဘူးတဲ့.. လူ့တိရစ္ဆာန်လို့ ဟောကြားခဲ့ပါတယ်။ ဆရာတော် အရှင်ဇဝန ဟောပြဆုံးမထားတဲ့ စာသားလေးနဲ့ လူနဲ့တိရစ္ဆာန် ခွဲခြားတာလေးကို ဖော်ပြလိုပါတယ်..

လူနဲ့တိရစ္ဆာန် ခြားနားဟန် နှစ်တန်သိရမည်
အိပ၊် စား၊ ကာမ သိရုံမျှ မှတ်ကြလူမပီ
အကုသိုလ်ပါယ် ကုသိုလ်ဆွယ် တကယ်လူပီသည်
လူမပီက အပါယ်ကျ ဒုက္ခမလွတ်ပြီ
လူပီနေက ချမ်းသာရ ရောက်ရနိဗ္ဗာန်ဆီ တဲ့။

(၃) လူ့ပြိတ္တာ
လူ့ပြိတ္တာ ဆိုတာကတော့..။ ပြိတ္တာလို့ ဆိုလိုက်ပြီဆိုရင်ကို တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဥစ္စာစောင့် အားလုံးဟာ ပြိတ္တာထဲမှာ ပါပါတယ်။ ပြိတ္တာတွေဟာ သူတို့ဝမ်းရေးကို တစ်သက်လုံး ပင်ပန်းဆင်းရဲစွာနဲ့ ရှာစားကြရတာပါ။ နောက်ပြီး ဘယ်တော့မှလည်း အစားဝတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ သူတို့ဟာ ကောင်းကောင်းမွန်မွန် မစားရဘဲနဲ့ လူတွေထွေးတဲ့ တံတွေးတွေ နှပ်တွေ သလိပ်တွေ ကောက်စားရတာပါ။ ဝမ်းရေးတစ်ခုကိုပဲ ရှာစားကြရင်းနဲ့ သေသွားကြရတာပါ။ ဘာကုသိုလ်မှလည်း လုပ်သွားလို့ မရလိုက်ပါဘူး။ ဒီလိုပါပဲ.. တချို့ လူသားအချို့ဟာလည်း ဆင်းရဲပင်ပန်းစွာ ဘဝကို ဖြတ်သန်း ရပါတယ်။ ဆင်းရဲပင်ပန်းတာနဲ့ အမျှ ကုသိုလ်တရားတွေမေ့ပြီး ဝမ်းရေးတစ်ခု အတွက်ပဲ လုံးပန်းကြပါတယ်။ ဝမ်းဝရုံတမယ် စားရတဲ့အတွက်လည်း ဘာဒါနမှ လုပ်မသွားနိုင်ပါဘူး.. ဘာကုသိုလ်မှလည်း လုုပ်မသွားနိုင်ပါဘူး။ ဆင်းရဲဒုက္ခတွေ များတဲ့အတွက် ဝမ်းရေးရှာပြီး ဘဝကို နိဂုံးချုပ် သွားကြရပါတယ်။ ဒီလိုမျိုး.. ဆင်းရဲဒုက္ခပေါင်း များစွာနဲ့ ဝမ်းရေးတစ်ခုပဲရှာပြီး ကုသိုလ်အလုပ် လုပ်မသွားတဲ့ လူမျိုးကျတော့ ဘုရားရှင်က ဟောကြား ထားခဲ့ပါတယ်။ လူ့ပြိတ္တာပါတဲ့။

(၄) လူ့ ပရမတ္တ ပါပဲ
နောက်ဆုံး လူစစ်စစ်ကတော့ လူ့ ပရမတ္တပါ။ လူ့ပရမတ္ထ ဆိုတာကတော့ စီးပွားရေးကို သမာအာဇီ၀ ကျကျရှာတယ်။ မတရားတာဆို ဘာတစ်ခုမှ မလုပ်ပါဘူး။ ကောင်းတဲ့ သမာအာဇီဝလုပ်ငန်းနဲ့ စီးပွားကို သမာသမက်ကျကျ ရှာဖွေတယ်။ ဒီအချက်ထဲမှာ သမာအာဇီဝအကြောင်း ပြောမယ်ဆိုတော့ မိစ္ဆာအာဇီဝဆိုတာလေး ပြောပြလိုပါတယ်။ မိစ္ဆာအာဇီ၀ (၅)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့
(၁) သတ္တဝါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း၊
(၂) သတ္တဝါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း၊
(၃) သားငါးများ ကုန်ကူးခြင်း၊
(၄) အရက်သေစာများ ကုန်ကူးခြင်း၊
(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန်လူများ ကုန်ကူးခြင်း ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီအထဲက လွတ်သွားပြီ ဆိုပြီးလည်း သမာအာဇီဝကျပြီလို့ ယူစလို့ မရပါဘူး။ မိမိသူတစ်ပါး နှစ်ဦးစလုံး နစ်နာစေမယ့် စီးပွားမျိုးဆိုရင်လည်း မိစ္ဆာအာဇီ၀ ဖြစ်ပါတယ်။
 ဥပမာ.. စားသောက် ကုန်ဆိုင်ဖွင့်ပြီး ပစ္စည်းဈေးတွေ မတန်တဆ ဈေးတင်တာတွေ..
ပစ္စည်းအတုကို အစစ်ဆိုပြီးတော့ ရောင်းတာတွေ..
 နောက်ပြီး သူတစ်ပါးတွေကို လိမ်ညာပြီး မကောင်းတာကို
အကောင်းပါလို့ ပြောပြီး ရောင်းတဲ့ဟာတွေ..
ဒါတွေ အားလုံးဟာ ဒီမိစ္ဆာအာဇီဝထဲမှာ အကျုံးဝင်ပါတယ်။ ဒီလောက်ဆို အားလုံးကို ချဲ့တွေးလို့ ရလောက်ပါပြီ။ ကဲ.. လူ့ပရမတ္တ အကြောင်းလေး ဆက်ရအောင်။ လူ့ပရမတ္တကတော့ စီးပွားရှာရတဲ့ အကြောင်းကို သေချာနားလည်တယ်လို့
 ပြောလို့ရပါတယ်။ သူကတော့ စီးပွားရှာရတာကို ဘယ်လို နားလည်လည်းဆိုတော့.. ဒီစီးပွားရှာရတဲ့ အကြောင်းကိုက ဒါနပြုဖို့.. သာသနာကို အကျိုးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်.. နောက်ပြီး… ဒီဥစ္စာတွေဟာ တစ်ဘဝပဲ သုံးရတယ်ဆိုတာ သိပြီးတော့ သံသရာထိပါအောင် ယူသွားတတ်တဲ့သူပါ။ လူ့ဘဝရဲ့ အနှစ်သာရကို နားလည်ပြီးတော့ မိမိသူတစ်ပါး အကျိုးရှိအောင် လုပ်ဆောင် သွားတဲ့လူ…။ အဲ့လိုမျိုး စီးပွားရော ကုသိုလ်ရော နှစ်မျိုးလုံးတိုးပွားအောင် ကြိုးစားပြီး ဘဝကိုအကျိုးရှိရှိ အသုံးချတဲ့ လူကိုတော့ … ဘုရားရှင်က လူ့ပရမတ္ထလို့ ဟောပြ ဆုံးမထားပါတယ်။

ဒီလောက်ဆိုရင် ကျွန်တော်တို့တွေဟာ လူလေးမျိုးအကြောင်း သိသွားပါပြီ။ သိသွားပြီဆိုရင် ကိုယ်ဟာ ဘယ်လိုလူထဲမှာ ပါတယ်ဆိုတာကို စဉ်းစားဆင်ခြင်လိုက်ပါ။ စဉ်းစားပြီးပြီ ဆိုတာနဲ့.. လူလေးမျိုးထဲမှာ ဘုရားရှင် သာဓုခေါ်တဲ့ လူ့ပရမတ္ထစစ်စစ် ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ လူ့ဘဝရဲ့ အနှစ်သာရကို တကယ်နားလည်ပြီးတော့… လူ့ပရမတ္ထစစ်စစ်ဖြစ်အောင် ကြိုးစားရင်း.. တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင် ကြိုစားကျင့်ကြံရင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ဆုံး တက်လှမ်းနိုင်ကြပါစေ…။။။


ဖိုးသူတော်(www.phothutaw.com)
Credit:buddhismbeams
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top