လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

 ေလဖိအားနည္း ရပ္၀န္း အရွိန္ေၾကာင့္ ေဒသအခ်ဳိ႕ အ ေအးအနည္းငယ္ ေလ်ာ့က်ႏုိင္ ေသာ္လည္း ဒီဇင္ဘာ ၈ ရက္ ေနာက္ပိုင္း အေအးပိုလာႏုိင္ ေၾကာင္း မိုးေလ၀သႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက သတိေပးသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အ ပါအ၀င္ ျမန္မာႏုိင္ငံေဒသအမ်ား စု၌ ယခင္လမ်ားထက္ေအးေန ေသာ္လည္း ပုံမွန္အေအးခ်ိန္သာ ျဖစ္ေၾကာင္း ၎ကေျပာသည္။


‘‘အခုက ေအးေနေပမယ့္ ပုံမွန္အေျခအေနပါ။ ေလဖိအား နည္းရပ္၀န္းရွိေနလုိ႔လည္း အပူ ခ်ိန္အနည္းငယ္ ျပန္ျမင့္လာႏုိင္ပါ ေသးတယ္။ လက္ရွိတုိင္းတာခ်က္ အရေတာ့ ေလဖိအားနည္းရပ္၀န္း က ဒီဇင္ဘာ ၈ ရက္ေလာက္မွာ ပ်က္ျပယ္ႏုိင္တယ္။ အဲဒီေနာက္ ပိုင္း ပိုေအးလာႏုိင္ပါတယ္’’’ဟု ၎ကေျပာသည္။

 ကပၸလီပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္း ရပ္၀န္းသည္ ေနာက္ ၂၄ နာရီအ တြင္း ပိုမိုအားေကာင္းလာကာ မုန္တုိင္းငယ္အျဖစ္သို႔ ေရာက္ရွိ ႏုိင္ၿပီး ဒီဇင္ဘာ ၈ ရက္တြင္ အိႏိၵယႏုိင္ငံကမ္းေျခသုိ႔ ၀င္ ေရာက္ႏုိင္ေၾကာင္း ၎ကေျပာ ၾကားသည္။

 ေဆာင္းကာလေရာက္ေန ေသာ္လည္း ျမန္မာႏုိင္ငံေဒသအမ်ားစုတြင္ ႏုိ၀င္ဘာလလယ္ခန္႔ အထိ မေအးခဲ့ဘဲ ႏုိ၀င္ဘာ ၂၀ ရက္ ေနာက္ပိုင္းမွစကာ အနည္းငယ္ေအးလာခဲ့သည္။ မေကြးတုိင္းေဒသႀကီး မေကြးၿမိဳ႕တြင္ ႏုိ၀င္ဘာ ၂၈ ရက္က ေန႔အပူခ်ိန္ ၅၁ ဒသမ ၈ ဒီဂရီဖာရင္ဟုိက္ (၁၀ ဒသမ၄ ဒီဂရီစင္တီဂရိတ္) အထိ ေအးခဲ့ၿပီး အေအးမွတ္စံခ်ိန္သစ္တင္ ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 လေဖိအားနည်း ရပ်ဝန်း အရှိန်ကြောင့် ဒေသအချို့ အ အေးအနည်းငယ် လျော့ကျနိုင် သော်လည်း ဒီဇင်ဘာ ၈ ရက် နောက်ပိုင်း အအေးပိုလာနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးသည်။

လက်ရှိတွင် ရန်ကုန်မြို့အ ပါအဝင် မြန်မာနိုင်ငံဒေသအများ စု၌ ယခင်လများထက်အေးနေ သော်လည်း ပုံမှန်အအေးချိန်သာ ဖြစ်ကြောင်း ၎င်းကပြောသည်။


‘‘အခုက အေးနေပေမယ့် ပုံမှန်အခြေအနေပါ။ လေဖိအား နည်းရပ်ဝန်းရှိနေလို့လည်း အပူ ချိန်အနည်းငယ် ပြန်မြင့်လာနိုင်ပါ သေးတယ်။ လက်ရှိတိုင်းတာချက် အရတော့ လေဖိအားနည်းရပ်ဝန်း က ဒီဇင်ဘာ ၈ ရက်လောက်မှာ ပျက်ပြယ်နိုင်တယ်။ အဲဒီနောက် ပိုင်း ပိုအေးလာနိုင်ပါတယ်’’’ဟု ၎င်းကပြောသည်။

 ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် နောက် ၂၄ နာရီအ တွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပြီး ဒီဇင်ဘာ ၈ ရက်တွင် အိန္ဒိယနိုင်ငံကမ်းခြေသို့ ဝင် ရောက်နိုင်ကြောင်း ၎င်းကပြော ကြားသည်။

 ဆောင်းကာလရောက်နေ သော်လည်း မြန်မာနိုင်ငံဒေသအများစုတွင် နိုဝင်ဘာလလယ်ခန့် အထိ မအေးခဲ့ဘဲ နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းမှစကာ အနည်းငယ်အေးလာခဲ့သည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် နိုဝင်ဘာ ၂၈ ရက်က နေ့အပူချိန် ၅၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက် (၁၀ ဒသမ၄ ဒီဂရီစင်တီဂရိတ်) အထိ အေးခဲ့ပြီး အအေးမှတ်စံချိန်သစ်တင် ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top