စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အာရွေဒသတြင္းရွိိႏိုင္ငံ ေပါင္း ခုနစ္ႏိုင္ငံမွ ကြန္ပ်ဴတာ တ ကၠသိုလ္ေက်ာင္းသား၊ ေက်ာင္း သူ ၁၈၀ ခန္႔သည္ ကြန္ပ်ဴတာ ပ႐ိုဂရမ္ကုတ္ ေရးသားျခင္းကို ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္၌ လာေရာက္ယွဥ္ၿပိဳင္ေနသည္။


ျမန္မာအပါအဝင္ ထိုင္း၊ စင္ကာပူ၊ ဂ်ပန္၊ တိုင္ေပ၊ အင္ဒို နီးရွား၊ ဗီယက္နမ္တို႔မွ ကြန္ပ်ဴ တာတကၠသိုလ္ ေက်ာင္းသား၊ေက်ာင္းသူမ်ားသည္ ဒီဇင္ဘာ ၉ ရက္မွ ၁၀ ရက္အထိ ရန္ကုန္ ကြန္ပ်ဴတာတကၠသိုလ္တြင္ ကြန္ပ်ဴ တာပ႐ိုဂရမ္ကုတ္ေရးသားျခင္း ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

ယင္းၿပိဳင္ပြဲကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ ဒုတိယအႀကိမ္ က်င္းပျခင္းျဖစ္ေၾကာင္း၊ ျပည္ တြင္း ကြန္ပ်ဴတာတကၠသိုလ္ ၁၄ ခုမွ ေက်ာင္းသား၊ ေက်ာင္းသူ ၁၂၄ ဦး ပါဝင္ယွဥ္ၿပိဳင္ေနေၾကာင္း ရန္ကုန္ ကြန္ပ်ဴတာတကၠသိုလ္ ပါေမာကၡေဒၚခိုင္မိုးႏြယ္က ေျပာ သည္။

ေဒသတြင္းၿပိဳင္ပြဲမွထူးခြၽန္ ၿပိဳင္ပြဲဝင္အသင္းသည္ ကမၻာ့အ ဆင့္ ကြန္ပ်ဴတာပ႐ိုဂရမ္ကုတ္ ေရးသားျခင္းၿပိဳင္ပြဲသို႔ ဝင္ေရာက္ ခြင့္ရမည္ျဖစ္သည္။ ကြန္ပ်ဴတာ ပ႐ိုဂရမ္ကုတ္ေရးသားျခင္း ၿပိဳင္ ပြဲကို ႏိုင္ငံေပါင္း ၁၂၀ ရွိ တကၠ သိုလ္ေပါင္း ၂,၇၀၀ ေက်ာ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သည္ ေဒသအလိုက္ အဆင့္ဆင့္ ယွဥ္ၿပိဳင္ျခင္းျဖစ္သည္။

‘‘ဒီၿပိဳင္ပြဲမွာ ဆုသံုးဆုေပးမွာ ပါ။ ဘယ္ေလာက္ေပးမယ္ဆိုတာ ေတာ့ မဆံုးျဖတ္ရေသးဘူး’’ ဟု ေဒၚခိုင္မိုးႏြယ္က ေျပာသည္။ ၂၀၁၆ အာရွေဒသတြင္း ကြန္ ပ်ဴတာပ႐ိုဂရမ္ကုတ္ ေရးသား ျခင္းၿပိဳင္ပြဲတြင္ ထိုင္းႏိုင္ငံက ပထမ ဆုရရွိခဲ့သည္။

ၿပိဳင္ပြဲကို အေမရိကန္အေျခ စိုက္ နည္းပညာဆိုင္ရာအဖြဲ႕အ စည္း Association computing Machinety (ACM) ႏွင့္ Baylor တကၠသိုလ္အေျခစိုက္ ICPC အဖြဲ႕တို႔က ပံ့ပိုးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အာရှဒေသတွင်းရှိနိုင်ငံ ပေါင်း ခုနစ်နိုင်ငံမှ ကွန်ပျူတာ တ က္ကသိုလ်ကျောင်းသား၊ ကျောင်း သူ ၁၈၀ ခန့်သည် ကွန်ပျူတာ ပရိုဂရမ်ကုတ် ရေးသားခြင်းကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ လာရောက်ယှဉ်ပြိုင်နေသည်။


မြန်မာအပါအဝင် ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ တိုင်ပေ၊ အင်ဒို နီးရှား၊ ဗီယက်နမ်တို့မှ ကွန်ပျူ တာတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများသည် ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူ တာပရိုဂရမ်ကုတ်ရေးသားခြင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည် တွင်း ကွန်ပျူတာတက္ကသိုလ် ၁၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၂၄ ဦး ပါဝင်ယှဉ်ပြိုင်နေကြောင်း ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခဒေါ်ခိုင်မိုးနွယ်က ပြော သည်။

ဒေသတွင်းပြိုင်ပွဲမှထူးချွန် ပြိုင်ပွဲဝင်အသင်းသည် ကမ္ဘာ့အ ဆင့် ကွန်ပျူတာပရိုဂရမ်ကုတ် ရေးသားခြင်းပြိုင်ပွဲသို့ ဝင်ရောက် ခွင့်ရမည်ဖြစ်သည်။ ကွန်ပျူတာ ပရိုဂရမ်ကုတ်ရေးသားခြင်း ပြိုင် ပွဲကို နိုင်ငံပေါင်း ၁၂၀ ရှိ တက္က သိုလ်ပေါင်း ၂,၇၀၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူများ သည် ဒေသအလိုက် အဆင့်ဆင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

‘‘ဒီပြိုင်ပွဲမှာ ဆုသုံးဆုပေးမှာ ပါ။ ဘယ်လောက်ပေးမယ်ဆိုတာ တော့ မဆုံးဖြတ်ရသေးဘူး’’ ဟု ဒေါ်ခိုင်မိုးနွယ်က ပြောသည်။ ၂၀၁၆ အာရှဒေသတွင်း ကွန် ပျူတာပရိုဂရမ်ကုတ် ရေးသား ခြင်းပြိုင်ပွဲတွင် ထိုင်းနိုင်ငံက ပထမ ဆုရရှိခဲ့သည်။

ပြိုင်ပွဲကို အမေရိကန်အခြေ စိုက် နည်းပညာဆိုင်ရာအဖွဲ့အ စည်း Association computing Machinety (ACM) နှင့် Baylor တက္ကသိုလ်အခြေစိုက် ICPC အဖွဲ့တို့က ပံ့ပိုးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top