လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

1.က်န္းမာေရးစစ္ခ်က္ေတြ လုပ္တဲ့အခါမွာ ဘာျပသနာေတြရွိလဲ ဆိုတာကို ရွာေဖြဖို႔အတြက္ ပံုမွန္အားျဖင့္ ေသြးဆဲလ္မ်ား စစ္ေဆးျခင္း၊ ေသြးတြင္းဓာတုဓာတ္ စစ္ေဆးျခင္း၊ ေသြးတြင္းအဆီပမာဏ စစ္ေဆးျခင္း စတာေတြကို စစ္ေဆးေလ့ရွိပါတယ္။ ဒီေသြးအေျဖေတြက ပံုမွန္အတိုင္း ျဖစ္တယ္ဆိုရင္ ေသြးအေျဖေအာက္မွာ ေျဖရွင္းခ်က္ အနည္းငယ္ပဲ ေရးထားၿပီး ဆရာဝန္ကလည္း ထူးထူးျခားျခား ေျပာျပမွာ မဟုတ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ကိုယ့္အေနနဲ႔ အေျဖကို သိခ်င္တယ္ဆိုရင္ ဆရာဝန္၊ ဆရာမနဲ႔ ေဆြးေႏြးတိုင္ပင္ပါ။ ၿပီးရင္ ကိုယ္အရင္က စစ္ထားတာနဲ႔တိုက္ၿပီး ေျပာင္းလဲမႈအနည္းငယ္ ရွိတယ္ဆိုရင္ ေမးလို႔ရပါတယ္။

2.ေသြးစစ္ေဆးတဲ့အခါမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးအတြက္ ပံုမွန္ပမာဏေတြ မတူၾကပါဘူး။

3.ပံုမွန္ပမာဏေတြက အသက္အရြယ္အလိုက္ ေျပာင္းလဲသြားတာရွိသလို တူတာမ်ိဳးလည္း ရွိပါတယ္။ ဥပမာ - ေသြးနီဥပမာဏဆိုရင္ အသက္အရြယ္အလိုက္ အေျပာင္းအလဲ ရွိပါတယ္။ ပံုမွန္ဆိုရင္ ကေလးေတြမွာ 11-13 g/dl ရွိၿပီး အရြယ္ေရာက္ၿပီး အမ်ိဳးသားေတြအတြက္ 14-17 g/dl နဲ႔ အမ်ိဳးသမီးေတြအတြက္ 12-15 g/dl ဆိုၿပီး ပမာဏေတြ မတူၾကပါဘူး။ ဒါေပမဲ့ ေသြးတြင္းအဆီဓာတ္ တိုင္းတာျခင္း (LDL) ကေတာ့ အသက္အရြယ္မေရြးအတြက္ ပံုမွွန္ပမာဏ<100mg/dl ပဲ ရွိသင့္ပါတယ္။

4.ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးတဲ့ စစ္ခ်က္ေတြမွာဆိုရင္ positive ဆိုတာ ေရာဂါပိုးရွိတာကို ဆိုလုိပါတယ္။

5.အမ်ားအားျဖင့္ ေဆးစစ္ခ်က္အေျဖမွာ negative ဆိုရင္ သတင္းေကာင္းပါပဲ။ negative ဆိုတာက ေသြးစစ္ၿပီး ရွာတဲ့ေရာဂါ ၫႊန္ျပတဲ့အရာျဖစ္ျဖစ္၊ ေရာဂါပိုးျဖစ္ျဖစ္ မရွိဘူးဆိုတာကို ျပပါတယ္။

6.တစ္ခါတေလမွာ အေျဖမွာမွားၿပီး positive လို႔ ထြက္ႏိုင္တဲ့အတြက္ တခ်ိဳ႕ေဆးစစ္ခ်က္ေတြက confirmation test လို႔ေခၚတဲ့ အေျဖကို အတည္ျပဳဖို႔အတြက္ ထပ္ၿပီးစစ္ဖို႔ လိုအပ္ပါတယ္။ ဥပမာ - HIV ပိုးကို ေသြးစစ္တဲ့အျပားေလးနဲ႔ပဲ စစ္တာက မွားယြင္းၿပီး positive လို႔ ထြက္တတ္တဲ့အတြက္ confirmation test ထပ္စစ္ဖို႔ လိုပါတယ္။

7.အေျဖမွားၿပီး negative လို႔လည္း ထြက္တတ္ပါေသးတယ္။ တစ္ခါတေလမွာ အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ့္မွာ ဒီေရာဂါရွိေနေပမယ့္ ေသြးအေျဖက မရွိဘူးလို႔ ျပတတ္တာမ်ိဳးလည္း ရွိပါတယ္။

8.ေနာက္တစ္ခ်က္ကေတာ့ ေသြးစစ္ခ်က္အေျဖေတြက ဓာတ္ခြဲခန္း တစ္ခုနဲ႔တစ္ခု မတူတာမ်ိဳးလည္း ရွိပါတယ္။

9.အေျဖက ပံုမွန္ပမာဏအတြင္းမွာ မရွိတိုင္းလည္း ေရာဂါရွိေနတယ္လို႔ ယူဆလို႔ မရပါဘူး။ ဓာတ္ခြဲခန္းက ထုတ္ေပးလိုက္တဲ့ ေသြးအေျဖက ပံုမွန္မဟုတ္တာနဲ႔ ေရာဂါရွိတယ္လို႔ မေျပာႏုိင္ပါဘူး။ အျခားအေၾကာင္းအရာေတြေၾကာင့္ အေျဖ ပံုမွန္မဟုတ္တာလည္း ျဖစ္ႏိုင္ပါတယ္။

10.ဓာတ္ခြဲခန္းေတြမွာ ေသြးအေျဖေတြ မမွန္ကန္တာက ျဖစ္ခဲေပမယ့္ ျဖစ္ေတာ့ျဖစ္ႏိုင္ပါတယ္။ ဥပမာ - ေသြးစစ္ဖို႔ ေသြးယူတဲ့အခါ ထည့္တဲ့ခြက္၊ ျပြန္မွားတာတို႔၊ ေသြးျပြန္လႈပ္နည္း မမွန္တာတို႔၊ အခ်ိန္အၾကာႀကီး သိုေလွာင္ထားတာ၊ ေသြးသိမ္းသင့္တဲ့အပူခ်ိန္မွာ မသိမ္းထားတာ စတဲ့အခ်က္ေတြေၾကာင့္ အေျဖအမွားေတြ ထြက္တတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
1.ကျန်းမာရေးစစ်ချက်တွေ လုပ်တဲ့အခါမှာ ဘာပြသနာတွေရှိလဲ ဆိုတာကို ရှာဖွေဖို့အတွက် ပုံမှန်အားဖြင့် သွေးဆဲလ်များ စစ်ဆေးခြင်း၊ သွေးတွင်းဓာတုဓာတ် စစ်ဆေးခြင်း၊ သွေးတွင်းအဆီပမာဏ စစ်ဆေးခြင်း စတာတွေကို စစ်ဆေးလေ့ရှိပါတယ်။ ဒီသွေးအဖြေတွေက ပုံမှန်အတိုင်း ဖြစ်တယ်ဆိုရင် သွေးအဖြေအောက်မှာ ဖြေရှင်းချက် အနည်းငယ်ပဲ ရေးထားပြီး ဆရာဝန်ကလည်း ထူးထူးခြားခြား ပြောပြမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ အဖြေကို သိချင်တယ်ဆိုရင် ဆရာဝန်၊ ဆရာမနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ပြီးရင် ကိုယ်အရင်က စစ်ထားတာနဲ့တိုက်ပြီး ပြောင်းလဲမှုအနည်းငယ် ရှိတယ်ဆိုရင် မေးလို့ရပါတယ်။

2.သွေးစစ်ဆေးတဲ့အခါမှာ အမျိုးသားနဲ့ အမျိုးသမီးအတွက် ပုံမှန်ပမာဏတွေ မတူကြပါဘူး။

3.ပုံမှန်ပမာဏတွေက အသက်အရွယ်အလိုက် ပြောင်းလဲသွားတာရှိသလို တူတာမျိုးလည်း ရှိပါတယ်။ ဥပမာ - သွေးနီဥပမာဏဆိုရင် အသက်အရွယ်အလိုက် အပြောင်းအလဲ ရှိပါတယ်။ ပုံမှန်ဆိုရင် ကလေးတွေမှာ 11-13 g/dl ရှိပြီး အရွယ်ရောက်ပြီး အမျိုးသားတွေအတွက် 14-17 g/dl နဲ့ အမျိုးသမီးတွေအတွက် 12-15 g/dl ဆိုပြီး ပမာဏတွေ မတူကြပါဘူး။ ဒါပေမဲ့ သွေးတွင်းအဆီဓာတ် တိုင်းတာခြင်း (LDL) ကတော့ အသက်အရွယ်မရွေးအတွက် ပုံမှှန်ပမာဏ<100mg/dl ပဲ ရှိသင့်ပါတယ်။

4.ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတဲ့ စစ်ချက်တွေမှာဆိုရင် positive ဆိုတာ ရောဂါပိုးရှိတာကို ဆိုလိုပါတယ်။

5.အများအားဖြင့် ဆေးစစ်ချက်အဖြေမှာ negative ဆိုရင် သတင်းကောင်းပါပဲ။ negative ဆိုတာက သွေးစစ်ပြီး ရှာတဲ့ရောဂါ ညွှန်ပြတဲ့အရာဖြစ်ဖြစ်၊ ရောဂါပိုးဖြစ်ဖြစ် မရှိဘူးဆိုတာကို ပြပါတယ်။

6.တစ်ခါတလေမှာ အဖြေမှာမှားပြီး positive လို့ ထွက်နိုင်တဲ့အတွက် တချို့ဆေးစစ်ချက်တွေက confirmation test လို့ခေါ်တဲ့ အဖြေကို အတည်ပြုဖို့အတွက် ထပ်ပြီးစစ်ဖို့ လိုအပ်ပါတယ်။ ဥပမာ - HIV ပိုးကို သွေးစစ်တဲ့အပြားလေးနဲ့ပဲ စစ်တာက မှားယွင်းပြီး positive လို့ ထွက်တတ်တဲ့အတွက် confirmation test ထပ်စစ်ဖို့ လိုပါတယ်။

7.အဖြေမှားပြီး negative လို့လည်း ထွက်တတ်ပါသေးတယ်။ တစ်ခါတလေမှာ အကြောင်းကြောင်းကြောင့် ကိုယ့်မှာ ဒီရောဂါရှိနေပေမယ့် သွေးအဖြေက မရှိဘူးလို့ ပြတတ်တာမျိုးလည်း ရှိပါတယ်။

8.နောက်တစ်ချက်ကတော့ သွေးစစ်ချက်အဖြေတွေက ဓာတ်ခွဲခန်း တစ်ခုနဲ့တစ်ခု မတူတာမျိုးလည်း ရှိပါတယ်။

9.အဖြေက ပုံမှန်ပမာဏအတွင်းမှာ မရှိတိုင်းလည်း ရောဂါရှိနေတယ်လို့ ယူဆလို့ မရပါဘူး။ ဓာတ်ခွဲခန်းက ထုတ်ပေးလိုက်တဲ့ သွေးအဖြေက ပုံမှန်မဟုတ်တာနဲ့ ရောဂါရှိတယ်လို့ မပြောနိုင်ပါဘူး။ အခြားအကြောင်းအရာတွေကြောင့် အဖြေ ပုံမှန်မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။

10.ဓာတ်ခွဲခန်းတွေမှာ သွေးအဖြေတွေ မမှန်ကန်တာက ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဥပမာ - သွေးစစ်ဖို့ သွေးယူတဲ့အခါ ထည့်တဲ့ခွက်၊ ပြွန်မှားတာတို့၊ သွေးပြွန်လှုပ်နည်း မမှန်တာတို့၊ အချိန်အကြာကြီး သိုလှောင်ထားတာ၊ သွေးသိမ်းသင့်တဲ့အပူချိန်မှာ မသိမ်းထားတာ စတဲ့အချက်တွေကြောင့် အဖြေအမှားတွေ ထွက်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top