iMyanmarHouse.com - Best Property Website for Myanmar
×





ကျနော့်ဘဝရဲ့


Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
အဆိုတော် လင်းလင်းကတော့ ဂီတလောကမှာဆိုရင် ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ပါ။ သူ့ရဲ့သီချင်းတွေက သာမန်သီချင်းသက်သက်ဆိုတာမျိုးထက် ပိုတဲ့ တွေးစရာတွေအများကြီးပါတဲ့သီချင်းမျိုးတွေ များပါတယ်။ ဂီတလောကမှာလည်း ပုံမှန်လေးသွားနေတဲ့ လင်းလင်းကတော့ ပုရိသတွေ အချင်းအချင်းအားကျနေရသူဖြစ်ပြီး သူ့ရဲ့ ဇနီးချောလေး ချစ်သုဝေကိုလည်း အမျိုးသမီးထုက အားကျနေကြပါတယ်။

လင်းလင်း၊ ချစ်သုဝေနဲ့ သမီးအမြွှာလေးတို့ပါဝင်တဲ့ မိသားစုလေးကတော့ အရမ်းကို ချစ်စရာကောင်းပြီး လူတိုင်းအားကျရတဲ့ မိသားစုလေးပါ။ ဂီတကို ချစ်တာခြင်းလည်းတူတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ ဘာသာခြားဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိတာကို တွေ့ရပါတယ်။

လင်းလင်းတစ်ယောက် ခရစ်စမတ်မှာ မော်လမြိုင်ကို သီချင်းသွားဆိုခဲ့ပါတယ်။ မော်လမြိုင်ပွဲကအပြန်မှာတော့ သမီးလေးတွေနဲ့ ဇနီးရဲ့ပုံကို သူ့ messenger ထဲ ရောက်လာကြောင်းကို…

“မော်လမြိုင်ပွဲကအပြန်
မက်စင်ဂျာထဲကို ရောက်လာတဲ့
ကျနော့်ဘဝရဲ့
လေးကြောင်းမျဉ်း စာအုပ်ကလေးတွေ…” ဆိုပြီး တင်ထားတာပါတယ်။ ဇနီးနဲ့သမီးလေးတွေကို လေးကြောင်းမျဉ်းစာအုပ်လေးတွေ ဆိုပြီး တင်စားခဲ့တာပါ။

from လင်းလင်းနဲ့ချစ်သုဝေရဲ့ fb

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top