iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕အသားအေရက ဘယ္အမ်ိဳးအစားထဲမွာပါဝင္လဲ ဆိုတာကို မိမိအသားအေရနဲ႔ ကိုက္ညီမႈရွိမယ့္ အသားအေရထိန္းသိမ္းနည္းေတြ၊ အလွကုန္ပစၥည္းေတြကို ေသခ်ာေရြးခ်ယ္အသံုးျပဳ နုိင္မွာပါ။ အဆီျပန္တဲ့ အသားအေရလား၊ ေျခာက္ေသြ႔တဲ့အသားအေရလားဆုိတာကို မသိဘဲနဲ႔ ေတြ႔ရာအလွကုန္ ပစၥည္းေတြကို သံုးေနမိမယ္ဆိုရင္ေတာ့ အသားအေရပ်က္စီးႏုိင္ေခ်မ်ားသြားပါၿပီ။ ဒီလိုမျဖစ္ရေလေအာင္ မိမိရဲ႕ အသားအေရက ဘယ္လိုအမ်ိဳးအစားလဲ ဆုိတာကို ေလ့လာၾကည့္လိုက္ရေအာင္။

(၁) ပံုမွန္အသားအေရ

အသားအေရႏူးညံ႔ေခ်ာေမြ႔ေနၿပီးေတာ့ ေခၽြးေပါက္က်ယ္ေတြမရွိဘူးဆိုရင္ေတာ့ ေယဘူယ်အားျဖင့္ ပံုမွန္အသား အေရလုိ႔ သတ္မွတ္ႏုိင္ပါတယ္။ မ်က္ႏွာကေျခာက္ေသြ႔ေနတာမ်ိဳးလည္း မဟုတ္ဘဲ အစိုဓာတ္ရွိေနပါတယ္။ မ်က္ႏွာအစိုဓာတ္ရွိေနတဲ့အတြက္ေၾကာင့္လည္း မိတ္ကပ္တာရွည္မခံတာ၊ မိိတ္ကပ္ကြက္တာမ်ိဳးလည္း ျဖစ္မေနဘဲ ပံုမွန္အတုိင္းေလး ျဖစ္ေနတယ္ဆိုရင္ေတာ့ သင္က ပံုမွန္အသားအေရကို ပိုင္ဆိုင္ထားတဲ့သူပါ။ ဒါ့ေၾကာင့္ အလွ ကုန္ပစၥည္းမ်ားကို ေရြးခ်ယ္တဲ့အခါမွာ ပ်က္စီးမႈမရွိတဲ့အသားအေရ ျဖစ္တာမို႔လို႔ ဓာတုပစၥည္းမ်ားစြာပါဝင္တဲ့ အလွကုန္ေတြကို အသံုးမျပဳဘဲ သဘာဝအတိုင္းလွပေနေစမယ့္ အလွကုန္ပစၥည္းမ်ားကို ေရြးခ်ယ္လိုက္ပါ။

(၂) အဆီျပန္တဲ့အသားအေရ

မိတ္ကပ္လိမ္းလိုက္တိုင္း အၿမဲတမ္းလိုလို အဆီျပန္ေနၿပီး ဟိုကြက္ဒီကြက္ျဖစ္ေနတယ္ ဆိုရင္ေတာ့ သင္က အဆီျပန္တဲ့အသားအေရပိုင္ရွင္ပါ။ အထူးသျဖင့္ ႏွာေခါင္းနဲ႔ ႏွာေခါင္းေဘးတစ္ဝို္က္က ပါးျပင္ေပၚမွာ အဆီေတြ ျပန္ေနၿပီး ေခၽြးေပါက္မ်ားက ပံုမွန္ထက္က်ယ္ေနတတ္ပါတယ္။ ဒီေခၽြးေပါက္က်ယ္ေတြက တစ္ဆင့္ ဝက္ၿခံ၊ အမည္းစက္ေတြ ထြက္ေပၚလာတတ္ပါတယ္။ ဒါ့ေၾကာင့္ အလွကုန္ပစၥည္းေတြကို Oil free နဲ႔ water base မိတ္ကပ္မ်ားကို ေရြးခ်ယ္အသံုးျပဳသင့္ပါတယ္။

(၃) ေျခာက္ေသြ႔တဲ့အသားအေရပိုင္ရွင္

အသားေရက စိုျပည္မႈမရွိဘဲ မြဲေျခာက္ေျခာက္ျဖစ္ေနမယ္၊ အေရျပားဖတ္ေတြ လန္ေနမယ္ဆိုရင္ ေတာ့ ေျခာက္ ေသြ႔တဲ့ အသားအေရ ျဖစ္ေနလို႔ပါ။ ေခၽြးေပါက္က်ဥ္းေနၿပီး မ်က္ႏွာျပင္ရဲ႕ T Zone ေနရာေတြမွာ အဆီျပန္ေနမယ္ ဆုိရင္ေတာ့ ေျခာက္ေသြ႔တဲ့ အသားအေရပိုင္ရွင္ပါ။ မိတ္ကပ္လိမ္းတဲ့အခါမွာလည္း အသားအေရနဲ႔ စြဲမေနဘဲ ေျခာက္ကပ္ကပ္ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ မိတ္ကပ္ေရြးခ်ယ္တဲ့အခါမွာ water base ေတြကို ေရွာင္ၾကဥ္ သင့္ပါတယ္။

(၄) sensitive ျဖစ္တဲ့အသားအေရပိုင္ရွင္

အလွကုန္ပစၥည္းေတာ္ေတာ္မ်ားမ်ားနဲ႔ ဓာတ္မတည့္ျခင္းနဲ႔ မ်က္ႏွာသစ္ေဆးေျပာင္းသံုးရင္ေတာင္ အသားအေရနီျမန္း လာမယ္၊ ဝက္ၿခံေတြထြက္ေနတယ္ဆုိရင္ေတာ့ သင့္အသားအေရက အထိခုိက္မခံတဲ့ sensitive အသားအေရပါပဲ။ sensitive အသားအေရပိုင္ရွင္ေတြအေနနဲ႔ မ်က္ႏွာကိုု သန္႔ရွင္းစင္ၾကယ္ေအာင္ မထားဘူးဆိုရင္ ဝက္ၿခံ၊ အမည္း စက္မ်ား ထြက္ေပၚလာႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ေကာင္းမြန္တဲ့ အသားအေရထိန္းသိမ္းနည္းမ်ားကို မၾကာခဏ ျပဳလုပ္ေပးဖုိ႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
အကိုယ့်ရဲ့အသားအရေက ဘယ်အမျိုးအစားထဲမှာပါဝင်လဲ ဆိုတာကို မိမိအသားအရေနဲ့ ကိုက်ညီမှုရှိမယ့် အသားအရေထိန်းသိမ်းနည်းတွေ၊ အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်အသုံးပြု နိုင်မှာပါ။ အဆီပြန်တဲ့ အသားအရေလား၊ ခြောက်သွေ့တဲ့အသားအရေလားဆိုတာကို မသိဘဲနဲ့ တွေ့ရာအလှကုန် ပစ္စည်းတွေကို သုံးနေမိမယ်ဆိုရင်တော့ အသားအရေပျက်စီးနိုင်ချေများသွားပါပြီ။ ဒီလိုမဖြစ်ရလေအောင် မိမိရဲ့ အသားအရေက ဘယ်လိုအမျိုးအစားလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

(၁) ပုံမှန်အသားအရေ

အသားအရေနူးညံ့ချောမွေ့နေပြီးတော့ ချွေးပေါက်ကျယ်တွေမရှိဘူးဆိုရင်တော့ ယေဘူယျအားဖြင့် ပုံမှန်အသား အရေလို့ သတ်မှတ်နိုင်ပါတယ်။ မျက်နှာကခြောက်သွေ့နေတာမျိုးလည်း မဟုတ်ဘဲ အစိုဓာတ်ရှိနေပါတယ်။ မျက်နှာအစိုဓာတ်ရှိနေတဲ့အတွက်ကြောင့်လည်း မိတ်ကပ်တာရှည်မခံတာ၊ မိတ်ကပ်ကွက်တာမျိုးလည်း ဖြစ်မနေဘဲ ပုံမှန်အတိုင်းလေး ဖြစ်နေတယ်ဆိုရင်တော့ သင်က ပုံမှန်အသားအရေကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါ့ကြောင့် အလှ ကုန်ပစ္စည်းများကို ရွေးချယ်တဲ့အခါမှာ ပျက်စီးမှုမရှိတဲ့အသားအရေ ဖြစ်တာမို့လို့ ဓာတုပစ္စည်းများစွာပါဝင်တဲ့ အလှကုန်တွေကို အသုံးမပြုဘဲ သဘာဝအတိုင်းလှပနေစေမယ့် အလှကုန်ပစ္စည်းများကို ရွေးချယ်လိုက်ပါ။

(၂) အဆီပြန်တဲ့အသားအရေ

မိတ်ကပ်လိမ်းလိုက်တိုင်း အမြဲတမ်းလိုလို အဆီပြန်နေပြီး ဟိုကွက်ဒီကွက်ဖြစ်နေတယ် ဆိုရင်တော့ သင်က အဆီပြန်တဲ့အသားအရေပိုင်ရှင်ပါ။ အထူးသဖြင့် နှာခေါင်းနဲ့ နှာခေါင်းဘေးတစ်ဝိုက်က ပါးပြင်ပေါ်မှာ အဆီတွေ ပြန်နေပြီး ချွေးပေါက်များက ပုံမှန်ထက်ကျယ်နေတတ်ပါတယ်။ ဒီချွေးပေါက်ကျယ်တွေက တစ်ဆင့် ဝက်ခြံ၊ အမည်းစက်တွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် အလှကုန်ပစ္စည်းတွေကို Oil free နဲ့ water base မိတ်ကပ်များကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

(၃) ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်

အသားရေက စိုပြည်မှုမရှိဘဲ မွဲခြောက်ခြောက်ဖြစ်နေမယ်၊ အရေပြားဖတ်တွေ လန်နေမယ်ဆိုရင် တော့ ခြောက် သွေ့တဲ့ အသားအရေ ဖြစ်နေလို့ပါ။ ချွေးပေါက်ကျဉ်းနေပြီး မျက်နှာပြင်ရဲ့ T Zone နေရာတွေမှာ အဆီပြန်နေမယ် ဆိုရင်တော့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်ပါ။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အသားအရေနဲ့ စွဲမနေဘဲ ခြောက်ကပ်ကပ်ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ရွေးချယ်တဲ့အခါမှာ water base တွေကို ရှောင်ကြဉ် သင့်ပါတယ်။

(၄) sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်

အလှကုန်ပစ္စည်းတော်တော်များများနဲ့ ဓာတ်မတည့်ခြင်းနဲ့ မျက်နှာသစ်ဆေးပြောင်းသုံးရင်တောင် အသားအရေနီမြန်း လာမယ်၊ ဝက်ခြံတွေထွက်နေတယ်ဆိုရင်တော့ သင့်အသားအရေက အထိခိုက်မခံတဲ့ sensitive အသားအရေပါပဲ။ sensitive အသားအရေပိုင်ရှင်တွေအနေနဲ့ မျက်နှာကိုု သန့်ရှင်းစင်ကြယ်အောင် မထားဘူးဆိုရင် ဝက်ခြံ၊ အမည်း စက်များ ထွက်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကောင်းမွန်တဲ့ အသားအရေထိန်းသိမ်းနည်းများကို မကြာခဏ ပြုလုပ်ပေးဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top