×

သူမရဲ႕စိတ္ထဲမွာ သင္နဲ႔ အႀကိဳက္ဆံုးေဘာလံုးသမားေတြသာ လႊမ္းမိုးထားတာပါ။ တျခားလူေနာက္ ပါသြားမွာ သိပ္မစိုးရိမ္ပါနဲ႔။

အလွအပကို ႏွစ္သက္တဲ့ ေကာင္မေလးထက္ ေဘာလံုးပြဲေတြၾကည့္ရတာ ပိုသေဘာက်တဲ့ ေကာင္မေလးတစ္ေယာက္ေလာက္နဲ႔မ်ား သိကၽြမ္းပါသလား။ သိကၽြမ္း႐ံုသာမက ခ်စ္သူပါျဖစ္ခြင့္ရထားတယ္ဆုိရင္ေတာ့ သင္က အေတာ္ကို ေပ်ာ္႐ႊင္ေနရမယ့္လူပါပဲ။ ကိုယ္က ေယာက္်ားေလးပီပီ ေဘာလံုးပြဲႀကိဳက္တာကို နားလည္ေပးဖို႔ဆုိတာ ေဘာလံုးပြဲေတြကို ႏွစ္သက္အားေပးတဲ့ ေကာင္မေလးေတြသာ တတ္ႏိုင္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆုိေတာ့

၁။ ခ်ဳပ္ေႏွာင္မႈနည္းပါး

ေဘာလံုးပြဲဆုိတာမ်ိဳးက ေဘာ္ဒါေတြနဲ႔ ဘီယာေလးစုပ္ရင္း အားပါးတရ ေအာ္ဟစ္အားေပးမွ ပိုၿပီး အရသာ႐ွိတာေလ။ ညဘက္ အေပါင္းအသင္းေတြနဲ႔ ေဘာလံုးပြဲသြားၾကည့္တာကိုလည္း သူမက ရစ္မွာမဟုတ္ပါဘူး။ တခါတေလဆို သူေတာင္ ကိုယ့္ေဘးမွာထုိင္ၿပီး အတူတူၾကည့္ဦးမွာပါ။

၂။ ႐ုပ္ရည္ထက္ စိတ္ကိုဦးစားေပး

ေယာက္်ားေလးပီပီ ေကာင္မေလးေခ်ာေခ်ာေလးေတြကိုျမင္တုိင္း ေငးမိမွာေပါ့။ ဒါေပမဲ့ ကိုယ့္ခ်စ္သူေလးကိုေတာ့ စိတ္ရင္းနဲ႔ခ်စ္မိတာ ေသခ်ာပါတယ္။ ေဘာလံုးပြဲႀကိဳက္တဲ့ ေကာင္မေလးေတြက ညဥ့္နက္ေအာင္ ေဘာပြဲၾကည့္လို႔ မနက္ဘက္ အိပ္ေရးမဝ ၊ မလွမပ ျဖစ္ရတယ္ေလ။ ဒါေလးကိုမွ ခ်စ္ေနမိတယ္ဆုိေတာ့ ကိုယ္က သူမရဲ႕႐ုပ္ရည္ထက္ စိတ္ကိုခ်စ္တယ္ဆုိတာ ေသခ်ာပါတယ္။

၃။ ေဘာ္ဒီမိုက္မိုက္

ေဘာလံုးပြဲၾကည့္ရတာ အ႐ူးအမူးႀကိဳက္တယ္ဆုိရင္ ေဘာလံုးကန္ဖုိ႔ကိုလည္း စိတ္အားထန္သန္လာတာခ်ည္းပါပဲ။ ဒီေတာ့ သူမကသာ ေဘာလံုးကန္ရတာ ဝါသနာပါသူဆုိရင္ အဆီပိုေတြမရွိ၊ ခပ္ေတာင့္ေတာင့္ေဘာ္ဒီေလး ျဖစ္ေနမွာေပါ့။

၄။ ကိုယ့္အေပၚသစၥာ႐ွိ

သူမရဲ႕စိတ္က ေဘာလံုးသမားေတြဆီမွာပဲ ႐ွိေနတာဆုိေတာ့ ႐ိုနယ္လ္ဒို၊ ႐ြန္ေနး၊ မက္ဆီတုိ႔ဆိုတာ သင့္ေကာင္မေလးကို လာလုမယ့္လူေတြ မဟုတ္ပါဘူး။ အခ်ိန္ျပည့္ ေခါင္းထဲမွာ ေဘာလံုးအေၾကာင္းပဲေတြးေနေတာ့ တျခားလူေနာက္ ပါသြားမွာ သိပ္မစိုးရိမ္ပါနဲ႔။ သူမရဲ႕စိတ္ထဲမွာ သင္နဲ႔ အႀကိဳက္ဆံုးေဘာလံုးသမားေတြသာ လႊမ္းမိုးထားတာပါ။

၅။ ပိုရင္းႏွီးတယ္

တျခားစံုတြဲေတြထက္ ပိုၿပီး ရင္းရင္းႏွီးႏွီးလည္း ႐ွိပါတယ္။ ေျပာစရာ႐ွိရင္ ပြင့္ပြင့္လင္းလင္းေျပာၿပီး ပတ္ခၽြဲႏွပ္ခၽြဲေတြ မလုပ္တတ္ေတာ့ ကိုယ္နဲ႔ ေဘာ္ဒါလိုလည္း ေပါင္းလို႔ရတယ္ေလ။ ကိစၥတစ္ခုခုရွိလို႔ တိုင္ပင္ၾကည့္တဲ့အခါ ကိုယ့္အတြက္ အေကာင္းဆံုးအၾကံဉာဏ္ေတြ ေပးမယ့္ ေကာင္မေလးမ်ိဳး ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

သူမရဲ့စိတ်ထဲမှာ သင်နဲ့ အကြိုက်ဆုံးဘောလုံးသမားတွေသာ လွှမ်းမိုးထားတာပါ။ တခြားလူနောက် ပါသွားမှာ သိပ်မစိုးရိမ်ပါနဲ့။

အလှအပကို နှစ်သက်တဲ့ ကောင်မလေးထက် ဘောလုံးပွဲတွေကြည့်ရတာ ပိုသဘောကျတဲ့ ကောင်မလေးတစ်ယောက်လောက်နဲ့များ သိကျွမ်းပါသလား။ သိကျွမ်းရုံသာမက ချစ်သူပါဖြစ်ခွင့်ရထားတယ်ဆိုရင်တော့ သင်က အတော်ကို ပျော်ရွှင်နေရမယ့်လူပါပဲ။ ကိုယ်က ယောက်ျားလေးပီပီ ဘောလုံးပွဲကြိုက်တာကို နားလည်ပေးဖို့ဆိုတာ ဘောလုံးပွဲတွေကို နှစ်သက်အားပေးတဲ့ ကောင်မလေးတွေသာ တတ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့

၁။ ချုပ်နှောင်မှုနည်းပါး

ဘောလုံးပွဲဆိုတာမျိုးက ဘော်ဒါတွေနဲ့ ဘီယာလေးစုပ်ရင်း အားပါးတရ အော်ဟစ်အားပေးမှ ပိုပြီး အရသာရှိတာလေ။ ညဘက် အပေါင်းအသင်းတွေနဲ့ ဘောလုံးပွဲသွားကြည့်တာကိုလည်း သူမက ရစ်မှာမဟုတ်ပါဘူး။ တခါတလေဆို သူတောင် ကိုယ့်ဘေးမှာထိုင်ပြီး အတူတူကြည့်ဦးမှာပါ။

၂။ ရုပ်ရည်ထက် စိတ်ကိုဦးစားပေး

ယောက်ျားလေးပီပီ ကောင်မလေးချောချောလေးတွေကိုမြင်တိုင်း ငေးမိမှာပေါ့။ ဒါပေမဲ့ ကိုယ့်ချစ်သူလေးကိုတော့ စိတ်ရင်းနဲ့ချစ်မိတာ သေချာပါတယ်။ ဘောလုံးပွဲကြိုက်တဲ့ ကောင်မလေးတွေက ညဉ့်နက်အောင် ဘောပွဲကြည့်လို့ မနက်ဘက် အိပ်ရေးမဝ ၊ မလှမပ ဖြစ်ရတယ်လေ။ ဒါလေးကိုမှ ချစ်နေမိတယ်ဆိုတော့ ကိုယ်က သူမရဲ့ရုပ်ရည်ထက် စိတ်ကိုချစ်တယ်ဆိုတာ သေချာပါတယ်။

၃။ ဘော်ဒီမိုက်မိုက်

ဘောလုံးပွဲကြည့်ရတာ အရူးအမူးကြိုက်တယ်ဆိုရင် ဘောလုံးကန်ဖို့ကိုလည်း စိတ်အားထန်သန်လာတာချည်းပါပဲ။ ဒီတော့ သူမကသာ ဘောလုံးကန်ရတာ ဝါသနာပါသူဆိုရင် အဆီပိုတွေမရှိ၊ ခပ်တောင့်တောင့်ဘော်ဒီလေး ဖြစ်နေမှာပေါ့။

၄။ ကိုယ့်အပေါ်သစ္စာရှိ

သူမရဲ့စိတ်က ဘောလုံးသမားတွေဆီမှာပဲ ရှိနေတာဆိုတော့ ရိုနယ်လ်ဒို၊ ရွန်နေး၊ မက်ဆီတို့ဆိုတာ သင့်ကောင်မလေးကို လာလုမယ့်လူတွေ မဟုတ်ပါဘူး။ အချိန်ပြည့် ခေါင်းထဲမှာ ဘောလုံးအကြောင်းပဲတွေးနေတော့ တခြားလူနောက် ပါသွားမှာ သိပ်မစိုးရိမ်ပါနဲ့။ သူမရဲ့စိတ်ထဲမှာ သင်နဲ့ အကြိုက်ဆုံးဘောလုံးသမားတွေသာ လွှမ်းမိုးထားတာပါ။

၅။ ပိုရင်းနှီးတယ်

တခြားစုံတွဲတွေထက် ပိုပြီး ရင်းရင်းနှီးနှီးလည်း ရှိပါတယ်။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး ပတ်ချွဲနှပ်ချွဲတွေ မလုပ်တတ်တော့ ကိုယ်နဲ့ ဘော်ဒါလိုလည်း ပေါင်းလို့ရတယ်လေ။ ကိစ္စတစ်ခုခုရှိလို့ တိုင်ပင်ကြည့်တဲ့အခါ ကိုယ့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေ ပေးမယ့် ကောင်မလေးမျိုး ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top