×

ရုရွားနိုင္ငံ အေနာက္ပိုင္းမွာရွိတဲ့ Lebedyan ျမိဳ႕က Gribanov ဆိုသူ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕သူငယ္ခ်င္းေတြၾကားမွာ မိန္းမႏိုင္ေၾကာင္းျပခ်င္တဲ့အတြက္ ဇနီးျဖစ္သူကို ႏွိပ္စက္ခဲ့ၿပီး သက္ေသျပႏိုင္ဖို႔ ဗီဒီယိုမွတ္တမ္းပါတင္ထားခဲ့ပါတယ္။

ဇနီးျဖစ္သူဟာ ခင္ပြန္းသည္ရဲ႕ ျပင္ထန္စြာႏွိပ္စက္မႈေၾကာင့္ သတိျပန္မလည္ေတာ့တဲ့ ‘ကိုမာ’ ေရာဂါဝင္ခဲ့ၿပီး ေျခာက္ရက္ေျမာက္ေန႔မွာ ေဆးရံုေပၚမွာပဲ ေသဆံုးသြားခဲ့ပါတယ္။ မိန္းမျဖစ္သူက သူ႔ကိုကြာရွင္းမယ္လို႔ ေျပာတဲ့အတြက္ အခုလိုလုပ္ခဲ့ေၾကာင္း ေျဖာင့္ခ်က္ေပးခဲ့ျပီး ေနာက္မွာေတာ့ တရားရံုးမွ Gribanov ကို ေထာင္ဒဏ္ ၁၆ နွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ႏွိပ္စက္ခံထားရတဲ့ အမ်ိဳးသမီးကို ေဆးရံုပို႔တဲ့အခ်ိန္မွာေတာ့ ျပင္းထန္တဲ့ အမာရြတ္ေတြ၊ အတြင္းပိုင္း ေသြးယိုတာေတြန႔ဲ  အရိုးေတာ္ေတာ္မ်ားမ်ားက်ိဳးေနတာကို ေတြ႔ရတယ္လို႔ သူမကို ကုခဲ့တဲ့ဆရာ၀န္က ဆိုပါတယ္။ သူမဟာ ေဆးရံုေရာက္ေနစဥ္မွာပဲ ကိုမာ၀င္ခဲ့ျပီး ေနာက္ဆံုးမွာေတာ့ ျပန္မနိုးလာေတာ့ဘဲ ေျခာက္ရက္ အၾကာမွာေသသြားခဲ့တယ္လို႔ ဆိုပါတယ္။

သူမရဲ႕ ရင္းနွီးတဲ့သူငယ္ခ်င္းတစ္ဦးကေတာ့ Gribanov ကို သူမသူငယ္ခ်င္း ခံစားရသလိုမ်ိဳး တထပ္တည္း ခံစားေစ ခ်င္္တယ္လို႔ သတင္းဌာနကို ေျပာခဲ့ပါတယ္။ Gribanov ဟာသူမကို နာရီေပါင္းမ်ားစြာ ကန္ေက်ာက္ျပီး ထိုးၾကိတ္ခဲ့ပါတယ္။

သူမရဲ႕ အကိုနဲ႔ အေဖကိုလည္း သူ႕ကိုမတားဖို႔ ျခိမ္းေျခာက္ခဲ့ပါတယ္။ သူ႔ကိုဖမ္းခဲ့တဲ့ ရဲအရာရွိကေတာ့ အစပိုင္းမွာ ဒီလူဟာ သူ႔မိန္းမကို အၾကမ္းဖက္မႈနဲ႕အဖမ္းခံရတာပါ၊ ဒါေပမဲ့ သူမ ေသျပီးတဲ့ေနာက္မွာေတာ့ စြပ္စြဲခ်က္ေတြ ေျပာင္းသြားတယ္။ သူဟာ သူ႕ရဲ႕အမွားကို ၀န္ခံခဲ့ၿပီး သူ႔မွာလည္း အေၾကာင္းျပခ်က္ရွိလို႔ပါလို႔ ေျပာပါခဲ့တယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ရုရှားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ Lebedyan မြို့က Gribanov ဆိုသူ အမျိုးသားတစ်ဦးဟာ သူ့ရဲ့သူငယ်ချင်းတွေကြားမှာ မိန်းမနိုင်ကြောင်းပြချင်တဲ့အတွက် ဇနီးဖြစ်သူကို နှိပ်စက်ခဲ့ပြီး သက်သေပြနိုင်ဖို့ ဗီဒီယိုမှတ်တမ်းပါတင်ထားခဲ့ပါတယ်။

ဇနီးဖြစ်သူဟာ ခင်ပွန်းသည်ရဲ့ ပြင်ထန်စွာနှိပ်စက်မှုကြောင့် သတိပြန်မလည်တော့တဲ့ ‘ကိုမာ’ ရောဂါဝင်ခဲ့ပြီး ခြောက်ရက်မြောက်နေ့မှာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ မိန်းမဖြစ်သူက သူ့ကိုကွာရှင်းမယ်လို့ ပြောတဲ့အတွက် အခုလိုလုပ်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့ပြီး နောက်မှာတော့ တရားရုံးမှ Gribanov ကို ထောင်ဒဏ် ၁၆ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

နှိပ်စက်ခံထားရတဲ့ အမျိုးသမီးကို ဆေးရုံပို့တဲ့အချိန်မှာတော့ ပြင်းထန်တဲ့ အမာရွတ်တွေ၊ အတွင်းပိုင်း သွေးယိုတာတွေနဲ့  အရိုးတော်တော်များများကျိုးနေတာကို တွေ့ရတယ်လို့ သူမကို ကုခဲ့တဲ့ဆရာဝန်က ဆိုပါတယ်။ သူမဟာ ဆေးရုံရောက်နေစဉ်မှာပဲ ကိုမာဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ ပြန်မနိုးလာတော့ဘဲ ခြောက်ရက် အကြာမှာသေသွားခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦးကတော့ Gribanov ကို သူမသူငယ်ချင်း ခံစားရသလိုမျိုး တထပ်တည်း ခံစားစေ ချင်တယ်လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။ Gribanov ဟာသူမကို နာရီပေါင်းများစွာ ကန်ကျောက်ပြီး ထိုးကြိတ်ခဲ့ပါတယ်။

သူမရဲ့ အကိုနဲ့ အဖေကိုလည်း သူ့ကိုမတားဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သူ့ကိုဖမ်းခဲ့တဲ့ ရဲအရာရှိကတော့ အစပိုင်းမှာ ဒီလူဟာ သူ့မိန်းမကို အကြမ်းဖက်မှုနဲ့အဖမ်းခံရတာပါ၊ ဒါပေမဲ့ သူမ သေပြီးတဲ့နောက်မှာတော့ စွပ်စွဲချက်တွေ ပြောင်းသွားတယ်။ သူဟာ သူ့ရဲ့အမှားကို ဝန်ခံခဲ့ပြီး သူ့မှာလည်း အကြောင်းပြချက်ရှိလို့ပါလို့ ပြောပါခဲ့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top