ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ၿမိဳ႕ျပအိမ္ရာအေဆာက္အအုံမ်ားတြင္ ေျမပုိင္ဆိုင္မႈ၊ အိမ္ခန္းပိုင္ဆိုင္မႈမ်ားႏွင့္ ပတ္သက္သည့္ အျငင္းပြားမႈမ်ား ေလွ်ာ့နည္းေစေရးအတြက္ ဥပေဒတစ္ရပ္ျပဌာန္းသြားရန္ စီစဥ္ေနေၾကာင္း ျမန္မာႏုိင္ငံလိုင္စင္ရ ကန္ထရိုက္တာ အသင္းမွ သိရသည္။

ယင္းအတြက္ ျမန္မာႏုိင္ငံလိုင္စင္ရကန္ထရိုက္တာမ်ားအသင္းက တိုက္ခန္းအိမ္ရာအေဆာက္အအုံ ဆိုင္ရာ ဥပေဒ (အဆိုျပဳဥပေဒၾကမ္း) ေဆြးေႏြးပြဲကုိ ဒီဇင္ဘာလ ၂၆ ရက္က ျမန္မာႏုိင္ငံေဆာက္လုပ္ေရး လုပ္ငန္းရွင္ မ်ား အသင္းတြင္ ျပဳလုပ္ခဲ့သည္။

အဆိုပါဥပေဒၾကမ္းႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ လိုင္စင္ရကန္ထရိုက္တာမ်ားအသင္းမွ အလုပ္အမႈေဆာင္ ဦးနႏၵေက်ာ္က “ တိုက္ခန္းတစ္ခန္းကို ေငြေၾကး ရာဂဏန္း၊ ေထာင္ဂဏန္းေပး၀ယ္ၿပီး သူတို႔မွာ ပိုင္ဆိုင္မႈ အေထာက္အထားမရွိပါဘူး။ တကယ့္ တကယ္ႏွစ္ျပည့္လို႔ ျပန္ဖ်က္တဲ့အခါ၊ ေနာက္တခါ ျပန္ဖ်က္တာ မဟုတ္ပဲနဲ႔ တခါျပန္ေရာင္းတဲ့အခါ အဲဒီအခါမွာ သူတို႔က ပိုင္ဆိုင္မႈမရွိတဲ့အခါၾကေတာ့ သူတို႔ကို ဥပေဒအရ ပိုင္ဆိုင္ေၾကာင္းထုတ္ေပးေစခ်င္တယ္။ ထုတ္ေပးႏုိင္မယ္ဆိုရင္ သူတို႔အေနနဲ႔ အိမ္ပုိင္ဆိုင္လာမယ္။ ဒီထက္ပိုျမင့္လာရင္သူတို႔က တျခားႏိုင္ငံေတြ လိုေပါ့ ေနအိမ္ တိုက္ခန္း၀ယ္တဲ့အခါမွာ ဘဏ္အေပါင္နဲ႔၀ယ္ လို႔ရတယ္။ သုံးရာတန္ တိုက္ခန္းကို တစ္ရာရွိရင္ တစ္ရာေပးမယ္။ က်န္တဲ့ႏွစ္ရာကုိ ဘဏ္မွာ ေပါင္ၿပီးျပန္ ဆပ္မယ္။ အဲလိုဆိုရင္ လူေနမႈအဆင့္အတန္းျမင့္လာမယ္“ ဟု ေျပာသည္။

ယင္းဥပေဒအား အတည္ျပဳျပဌာန္းႏုိင္ေရးအတြက္ အိမ္ရာက႑ႏွင့္ ဆက္ႏြယ္ေနသည့္ ေဆာက္လုပ္ေရး ၀န္ႀကီးဌာန၊ ျမန္မာႏုိင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းႏွင့္ အဆိုျပဳဥပေဒၾကမ္း အား တင္သြင္းသည့္ ျမန္မာႏုိင္ငံ လိုင္စင္ရကန္ထရိုက္တာမ်ားအသင္းမွ တာ၀န္ရွိသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ၿမိဳ႔ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထိန္က “အဓိကေတာ့ အိမ္ရာက႑မွာ ကြန္ဒုိ စုေပါင္းအိမ္ရာအေဆာက္အအုံဆုိင္ရာ ဥပေဒေတြ ထြက္လာတယ္။ ထြက္လာၿပီးေတာ့ ဒီဥပေဒထဲမွာ အႀကဳံးမ၀င္တဲ့ အေဆာက္အအုံေတြရွိတယ္။ ဒီအေဆာက္အအုံေတြကုိလည္း ခုိင္မာတဲ့ အာမခံခ်က္ကေလးေတြ ေပၚေပါက္လာဖို႔အတြက္ကုိ အဖြဲ႕အစည္းေတြကေနၿပီးေတာ့ အဆိုျပဳလာတဲ့အတြက္ ဒီဥပေဒေလးကလည္း ကၽြန္ေတာ္တို႔ ႏုိင္ငံေတာ္ အတြက္ေရာ ျပည္သူေတြအတြက္ေရာ အိမ္ရာက႑အတြက္ေရာ လိုအပ္တဲ့ဥပေဒတစ္ရပ္ျဖစ္တဲ့အတြက္ ေၾကာင့္ မို႔လို႔ ေဆြးေႏြးတာျဖစ္ပါတယ္" ဟုဆိုသည္။

ယင္းဥပေဒေပၚထြက္လာပါက တိုက္ခန္း အိမ္ရာ အေဆာက္အအုံ၏ အိမ္ခန္းမ်ားကို ဥပေဒႏွင့္အညီ တရား၀င္ ပိုင္ဆိုင္လက္ရွိထားခြင့္၊ အက်ိဳးခံစားခြင့္ႏွင့္ စနစ္တက်လႊဲေျပာင္းခြင့္မ်ား ရရွိေစရန္ ရည္ရြယ္ထားေၾကာင္း သိရ သည္။

လက္ရွိ အိမ္းခန္း၀ယ္ယူရာတြင္ ျဖစ္ေပၚေနသည့္ ျပသာနာမ်ားႏွင့္ ပတ္သက္ၿပီး ျမန္မာႏိုင္ငံေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးရွိန္၀င္းက " အခုေလာေလာဆယ္ အေျခအေနမွာ တခ်ိဳ႕ကိစၥေတြမွာ ေျဖရွင္းလို႔ မရတဲ့ ကိစၥေလးေတြရွိတယ္။ အိမ္ရွင္၊ အိမ္ငွားနဲ႔ျဖစ္တဲ့ ျပသာနာ ေတြ အိမ္ခန္းပိုင္ဆိုင္မႈနဲ႔ ပတ္သက္တဲ့အျငင္းပြားတဲ့ျပသာနာေတြ၊ အိမ္ခန္းပိုင္ဆိုင္ ၿပီးေတာ့ အိမ္ခန္းကို ေရာင္း၀ယ္တ့ဲအခါမွာ အိမ္ရွင္နဲ႔ အိမ္ငွားၾကားထဲမွာ နာမည္ေျပာင္းခဆိုတဲ့ျပသာနာေတြ အမ်ားႀကီးပါ။ တရားရုံးမွာလည္း မလိုလားအပ္ပဲနဲ႔ အမႈအခင္းေတြ အမ်ားႀကီးျဖစ္ေနတာကို ေတြ႔ရွိရတာျဖစ္ပါတယ္။ " ဟု ဆိုသည္။

ယင္းဥပေဒထြက္ေပၚလာပါက လက္ရွိျဖစ္ေပၚေနေသာ အိမ္ခန္းပို္င္ဆိုင္မႈအား စနစ္တက် သတ္မွတ္ျပဌာန္း ႏုိင္မည္ ျဖစ္သည့္အတြက္ အိမ္ရွင္၊ အိမ္ငွားမ်ားအၾကား ျဖစ္ေပၚေနသည့္ျပသာနာမ်ား အပါအ၀င္ အိမ္ခန္း ပိုင္ဆိုင္မႈ ျပသာနာမ်ားအား ေျဖရွင္းေပးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
မြို့ပြအိမ်ရာအဆောက်အအုံများတွင် မြေပိုင်ဆိုင်မှု၊ အိမ်ခန်းပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် အငြင်းပွားမှုများ လျှော့နည်းစေရေးအတွက် ဥပဒေတစ်ရပ်ပြဌာန်းသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ အသင်းမှ သိရသည်။

ယင်းအတွက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းက တိုက်ခန်းအိမ်ရာအဆောက်အအုံ ဆိုင်ရာ ဥပဒေ (အဆိုပြုဥပဒေကြမ်း) ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၆ ရက်က မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များ အသင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းမှ အလုပ်အမှုဆောင် ဦးနန္ဒကျော်က “ တိုက်ခန်းတစ်ခန်းကို ငွေကြေး ရာဂဏန်း၊ ထောင်ဂဏန်းပေးဝယ်ပြီး သူတို့မှာ ပိုင်ဆိုင်မှု အထောက်အထားမရှိပါဘူး။ တကယ့် တကယ်နှစ်ပြည့်လို့ ပြန်ဖျက်တဲ့အခါ၊ နောက်တခါ ပြန်ဖျက်တာ မဟုတ်ပဲနဲ့ တခါပြန်ရောင်းတဲ့အခါ အဲဒီအခါမှာ သူတို့က ပိုင်ဆိုင်မှုမရှိတဲ့အခါကြတော့ သူတို့ကို ဥပဒေအရ ပိုင်ဆိုင်ကြောင်းထုတ်ပေးစေချင်တယ်။ ထုတ်ပေးနိုင်မယ်ဆိုရင် သူတို့အနေနဲ့ အိမ်ပိုင်ဆိုင်လာမယ်။ ဒီထက်ပိုမြင့်လာရင်သူတို့က တခြားနိုင်ငံတွေ လိုပေါ့ နေအိမ် တိုက်ခန်းဝယ်တဲ့အခါမှာ ဘဏ်အပေါင်နဲ့ဝယ် လို့ရတယ်။ သုံးရာတန် တိုက်ခန်းကို တစ်ရာရှိရင် တစ်ရာပေးမယ်။ ကျန်တဲ့နှစ်ရာကို ဘဏ်မှာ ပေါင်ပြီးပြန် ဆပ်မယ်။ အဲလိုဆိုရင် လူနေမှုအဆင့်အတန်းမြင့်လာမယ်“ ဟု ပြောသည်။

ယင်းဥပဒေအား အတည်ပြုပြဌာန်းနိုင်ရေးအတွက် အိမ်ရာကဏ္ဍနှင့် ဆက်နွယ်နေသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် အဆိုပြုဥပဒေကြမ်း အား တင်သွင်းသည့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က “အဓိကတော့ အိမ်ရာကဏ္ဍမှာ ကွန်ဒို စုပေါင်းအိမ်ရာအဆောက်အအုံဆိုင်ရာ ဥပဒေတွေ ထွက်လာတယ်။ ထွက်လာပြီးတော့ ဒီဥပဒေထဲမှာ အကြုံးမဝင်တဲ့ အဆောက်အအုံတွေရှိတယ်။ ဒီအဆောက်အအုံတွေကိုလည်း ခိုင်မာတဲ့ အာမခံချက်ကလေးတွေ ပေါ်ပေါက်လာဖို့အတွက်ကို အဖွဲ့အစည်းတွေကနေပြီးတော့ အဆိုပြုလာတဲ့အတွက် ဒီဥပဒေလေးကလည်း ကျွန်တော်တို့ နိုင်ငံတော် အတွက်ရော ပြည်သူတွေအတွက်ရော အိမ်ရာကဏ္ဍအတွက်ရော လိုအပ်တဲ့ဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ကြောင့် မို့လို့ ဆွေးနွေးတာဖြစ်ပါတယ်" ဟုဆိုသည်။

ယင်းဥပဒေပေါ်ထွက်လာပါက တိုက်ခန်း အိမ်ရာ အဆောက်အအုံ၏ အိမ်ခန်းများကို ဥပဒေနှင့်အညီ တရားဝင် ပိုင်ဆိုင်လက်ရှိထားခွင့်၊ အကျိုးခံစားခွင့်နှင့် စနစ်တကျလွှဲပြောင်းခွင့်များ ရရှိစေရန် ရည်ရွယ်ထားကြောင်း သိရ သည်။

လက်ရှိ အိမ်းခန်းဝယ်ယူရာတွင် ဖြစ်ပေါ်နေသည့် ပြသာနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက " အခုလောလောဆယ် အခြေအနေမှာ တချို့ကိစ္စတွေမှာ ဖြေရှင်းလို့ မရတဲ့ ကိစ္စလေးတွေရှိတယ်။ အိမ်ရှင်၊ အိမ်ငှားနဲ့ဖြစ်တဲ့ ပြသာနာ တွေ အိမ်ခန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့အငြင်းပွားတဲ့ပြသာနာတွေ၊ အိမ်ခန်းပိုင်ဆိုင် ပြီးတော့ အိမ်ခန်းကို ရောင်းဝယ်တဲ့အခါမှာ အိမ်ရှင်နဲ့ အိမ်ငှားကြားထဲမှာ နာမည်ပြောင်းခဆိုတဲ့ပြသာနာတွေ အများကြီးပါ။ တရားရုံးမှာလည်း မလိုလားအပ်ပဲနဲ့ အမှုအခင်းတွေ အများကြီးဖြစ်နေတာကို တွေ့ရှိရတာဖြစ်ပါတယ်။ " ဟု ဆိုသည်။

ယင်းဥပဒေထွက်ပေါ်လာပါက လက်ရှိဖြစ်ပေါ်နေသော အိမ်ခန်းပိုင်ဆိုင်မှုအား စနစ်တကျ သတ်မှတ်ပြဌာန်း နိုင်မည် ဖြစ်သည့်အတွက် အိမ်ရှင်၊ အိမ်ငှားများအကြား ဖြစ်ပေါ်နေသည့်ပြသာနာများ အပါအဝင် အိမ်ခန်း ပိုင်ဆိုင်မှု ပြသာနာများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top