ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံမွာ မဂၤလာပြဲက်င္းပဖို႔ ၅ ရက္ေလာက္သာ လိုေတာ့တဲ့အခ်ိန္မွာ သတို႔သမီးေလာင္းတဦးဟာ ေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရၿပီး သတို႔သားေလာင္းကို သံသယနဲ႔ ရဲက ဖမ္းဆီးထားတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၉ ရက္ေန႔ မနက္ခင္းအေစာပိုင္းက သာဆဲခ႐ိုင္၊ ဆာလြီ က်န္းမာေရးျမႇင့္တင္ေရးေဆး႐ုံ ဝန္ထမ္းအိမ္ရာထဲမွာ ျဖစ္ခဲ့တာလို႔ ခ်န္ဖြန္ရဲဌာနမွ ရဲခ်ဳပ္ ဆြန္ထီခ်ိဳင္ အဝပ္တနာကူလ္သက္ပ္က ေျပာပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ေသဆုံးသူ သတို႔သမီးေလာင္း ႏြန္တီယာ ခ႐ိုဂ်ာတူရက္ဟာ သြားဘက္ဆိုင္ရာ ေဆးဝန္ထမ္းတဦးျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ သတို႔သားေလာင္း ႐ြန္နခ်ိဳင္ ပန္ခ်ာ့တ္ကေတာ့ ခ႐ိုင္လွ်ပ္စစ္႐ုံးဝန္ထမ္းတဦးျဖစ္ကာ လာမယ့္ ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ မဂၤလာပြဲက်င္းပဖို႔ စီစဥ္ထားခဲ့ၾကတာလို႔ ဆိုပါတယ္။

ရဲေတြက ႐ြန္နခ်ိဳင္ကို သံသယနဲ႔ ဖမ္းဆီးခဲ့ၿပီး တညလုံး စစ္ေမးခဲ့ခ်ိန္မွာေတာ့ သူက သတ္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုထားခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဒါေပမယ့္ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ အေၾကာင္းရင္း အေသးစိတ္ကိုေတာ့ ရွင္းရွင္းလင္းလင္း မသိႏိုင္ေသးဘဲ ဒီျဖစ္ရပ္မွာ ေနာက္ထပ္ အမ်ိဳးသမီးတဦးပါ ပါဝင္ပတ္သက္ေနႏိုင္တယ္လို႔ ရဲေတြက သံသယရွိေနၾကပါတယ္။

သတို႔သားေလာင္းဟာ မဂၤလာပြဲမတိုင္ခင္မွာ တျခားအမ်ိဳးသမီးတဦးနဲ႔ အတူရွိေနခဲ့တာကို သတို႔သမီးေလာင္းက ေတြ႕ရွိခဲ့ရာက ဒီဇာတ္လမ္းစတင္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ရဲစုံစမ္းစစ္ေဆးေရးဌာက ဆိုပါတယ္။

သူတို႔ ၂ ဦးဟာ ဒီကိစၥေၾကာင့္ စကားမ်ား ကေတာက္ကဆျဖစ္ခဲ့ၾကကာ သတို႔သမီးက သူ႔ရဲ႕ဖခင္ျဖစ္သူကို ဒီအေၾကာင္းေတြ ဖြင့္ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

သူဟာ သတို႔သားေလာင္းရဲ႕ ခုလိုအျပဳအမူေတြကို သတိမျပဳမိခဲ့ဘဲ သူတို႔မဂၤလာပြဲမွာ ျပႆနာတခုခုေတာ့ ရွိေနၿပီလို႔ ဖခင္ကို ေျပာခဲ့တာပါ။

ဒါေပမယ့္ အေၾကာင္းအရာ အေသးစိတ္ကိုေတာ့ သမီးျဖစ္သူက မေျပာျပခဲ့ဘူးလို႔ ဖခင္ျဖစ္သူ ခ်ာအိုက ေျပာပါတယ္။

ႏြန္တီယာ ေသဆုံးမႈဟာ အဲဒီေန႔ မနက္အေစာပိုင္း ၁ နာရီေလာက္မွာ ေသနတ္နဲ႔ ပစ္ခံခဲ့ရၿပီး ေသဆုံးေနတာကို လုပ္ေဖာ္ကိုင္ဘက္ေတြက ေတြ႕ရွိခဲ့ၾကတာ ျဖစ္ပါတယ္။

သူ႔ရဲ႕တာဝန္ခ်ိန္မွာ အခ်ိန္မီ ေရာက္မလာခဲ့လို႔ လုပ္ေဖာ္ကိုင္ဘက္ေတြက ေမးျမန္းခဲ့ၾကၿပီး သူ႔အခန္းကို ေရာက္လာခဲ့ခ်ိန္မွာ အခန္းထဲက ေသြးေတြ စီးထြက္ေနခဲ့တာကို ေတြ႕ခဲ့ရတာပါ။

အဲဒီေနာက္မွာမွ တံခါးကိုခ်ိဳးဖ်က္ ဝင္ေရာက္ခဲ့ၾကခ်ိန္မွာေတာ့ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးေနခဲ့တဲ့ ႏြန္တီယာကို ေတြ႕ရွိခဲ့ၾကၿပီး ရဲေတြကို အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

အခန္းတြင္း စီစီတီဗြီကင္မရာမွာေတာ့ မ်က္ႏွာဖုံးတပ္ ႐ုပ္ဖ်က္ထားတဲ့ အမ်ိဳးသားတဦးဟာ ၁ နာရီအခ်ိန္မွာ ဝင္ေရာက္လာခဲ့ၿပီး မိနစ္ ၂၀ အၾကာမွာ ျပန္ထြက္သြားခဲ့ၾကတာကို ေတြ႕ရွိခဲ့ၾကတာပါ။

သတို႔သားေလာင္း ႐ြန္နခ်ိဳင္ရဲ႕ အခန္းတြင္းကို စစ္ေဆးရွာေဖြရာမွာလည္း ႐ုပ္သံကင္မရာထဲ ဖမ္းယူရရွိထားတဲ့ အမ်ိဳးသား ဝတ္ဆင္ထားတဲ့အဝတ္နဲ႔ တူညီတဲ့ အဝတ္ေတြကို ေတြ႕ခဲ့ရတာမို႔ သူ႔ကို ဖမ္းဆီးခဲ့တာပါ။

လက္ရွိမွာေတာ့ ဒီအမႈကို ဆက္လက္စုံစမ္း စစ္ေဆးေနဆဲျဖစ္ကာ အေသးစိတ္ အေျခအေနေတြကိုေတာ့ မသိႏိုင္ေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှာ မင်္ဂလာပွဲကျင်းပဖို့ ၅ ရက်လောက်သာ လိုတော့တဲ့အချိန်မှာ သတို့သမီးလောင်းတဦးဟာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး သတို့သားလောင်းကို သံသယနဲ့ ရဲက ဖမ်းဆီးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ခင်းအစောပိုင်းက သာဆဲခရိုင်၊ ဆာလွီ ကျန်းမာရေးမြှင့်တင်ရေးဆေးရုံ ဝန်ထမ်းအိမ်ရာထဲမှာ ဖြစ်ခဲ့တာလို့ ချန်ဖွန်ရဲဌာနမှ ရဲချုပ် ဆွန်ထီချိုင် အဝပ်တနာကူလ်သက်ပ်က ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် သေဆုံးသူ သတို့သမီးလောင်း နွန်တီယာ ခရိုဂျာတူရက်ဟာ သွားဘက်ဆိုင်ရာ ဆေးဝန်ထမ်းတဦးဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် သတို့သားလောင်း ရွန်နချိုင် ပန်ချာ့တ်ကတော့ ခရိုင်လျှပ်စစ်ရုံးဝန်ထမ်းတဦးဖြစ်ကာ လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားခဲ့ကြတာလို့ ဆိုပါတယ်။

ရဲတွေက ရွန်နချိုင်ကို သံသယနဲ့ ဖမ်းဆီးခဲ့ပြီး တညလုံး စစ်မေးခဲ့ချိန်မှာတော့ သူက သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘဲ ဒီဖြစ်ရပ်မှာ နောက်ထပ် အမျိုးသမီးတဦးပါ ပါဝင်ပတ်သက်နေနိုင်တယ်လို့ ရဲတွေက သံသယရှိနေကြပါတယ်။

သတို့သားလောင်းဟာ မင်္ဂလာပွဲမတိုင်ခင်မှာ တခြားအမျိုးသမီးတဦးနဲ့ အတူရှိနေခဲ့တာကို သတို့သမီးလောင်းက တွေ့ရှိခဲ့ရာက ဒီဇာတ်လမ်းစတင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲစုံစမ်းစစ်ဆေးရေးဌာက ဆိုပါတယ်။

သူတို့ ၂ ဦးဟာ ဒီကိစ္စကြောင့် စကားများ ကတောက်ကဆဖြစ်ခဲ့ကြကာ သတို့သမီးက သူ့ရဲ့ဖခင်ဖြစ်သူကို ဒီအကြောင်းတွေ ဖွင့်ပြောခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ သတို့သားလောင်းရဲ့ ခုလိုအပြုအမူတွေကို သတိမပြုမိခဲ့ဘဲ သူတို့မင်္ဂလာပွဲမှာ ပြဿနာတခုခုတော့ ရှိနေပြီလို့ ဖခင်ကို ပြောခဲ့တာပါ။

ဒါပေမယ့် အကြောင်းအရာ အသေးစိတ်ကိုတော့ သမီးဖြစ်သူက မပြောပြခဲ့ဘူးလို့ ဖခင်ဖြစ်သူ ချာအိုက ပြောပါတယ်။

နွန်တီယာ သေဆုံးမှုဟာ အဲဒီနေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီး သေဆုံးနေတာကို လုပ်ဖော်ကိုင်ဘက်တွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သူ့ရဲ့တာဝန်ချိန်မှာ အချိန်မီ ရောက်မလာခဲ့လို့ လုပ်ဖော်ကိုင်ဘက်တွေက မေးမြန်းခဲ့ကြပြီး သူ့အခန်းကို ရောက်လာခဲ့ချိန်မှာ အခန်းထဲက သွေးတွေ စီးထွက်နေခဲ့တာကို တွေ့ခဲ့ရတာပါ။

အဲဒီနောက်မှာမှ တံခါးကိုချိုးဖျက် ဝင်ရောက်ခဲ့ကြချိန်မှာတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေခဲ့တဲ့ နွန်တီယာကို တွေ့ရှိခဲ့ကြပြီး ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အခန်းတွင်း စီစီတီဗွီကင်မရာမှာတော့ မျက်နှာဖုံးတပ် ရုပ်ဖျက်ထားတဲ့ အမျိုးသားတဦးဟာ ၁ နာရီအချိန်မှာ ဝင်ရောက်လာခဲ့ပြီး မိနစ် ၂၀ အကြာမှာ ပြန်ထွက်သွားခဲ့ကြတာကို တွေ့ရှိခဲ့ကြတာပါ။

သတို့သားလောင်း ရွန်နချိုင်ရဲ့ အခန်းတွင်းကို စစ်ဆေးရှာဖွေရာမှာလည်း ရုပ်သံကင်မရာထဲ ဖမ်းယူရရှိထားတဲ့ အမျိုးသား ဝတ်ဆင်ထားတဲ့အဝတ်နဲ့ တူညီတဲ့ အဝတ်တွေကို တွေ့ခဲ့ရတာမို့ သူ့ကို ဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာတော့ ဒီအမှုကို ဆက်လက်စုံစမ်း စစ်ဆေးနေဆဲဖြစ်ကာ အသေးစိတ် အခြေအနေတွေကိုတော့ မသိနိုင်သေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top