ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခိုးဆိုးလုႏွိုက္ (2) ျဖစ္တဲ့ ေတာက်ီးကန္းဇာတ္ကားဟာ ယခုဆိုရင္ေတာ့ ပရိသတ္ေရွ႕ေမွာက္ကိုေရာက္ရွိေနပါျပီ။ ပရိသတ္ၾကီးကပဲ ဒီဇာတ္ကားကို ၾကည့္ရွု ေဝဖန္ေပးရမွာပါ။ ဒီဇာတ္ကားကေတာ့ မုိးရုပ္ရွင္ထုတ္လုပ္ေရးကေန ရိုက္ကူးထားတဲ့ဇာတ္ကားျဖစ္ျပီး ကိုခင္လွိဳင္၊ ျမင့္ျမတ္နဲ႔ ထူးျခား မိုးေဟကိုတို႔က ပါဝင္သရုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။ ပထမကားျဖစ္တဲ့ ခိုးဆိုးလုႏွိုက္ (၁) တုန္းကလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ၾကီးကိုေအာင္ျမင္သြားခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားထဲမွာ မိုးထုတ္လုပ္ေရးပိုင္ရွင္ျဖစ္တဲ့ မင္းသမီးမိုးေဟကိုက ပါဝင္သရုပ္ေဆာင္ထားျပီးေတာ့ သူမရဲ႕ဇာတ္ကားကိုလည္း လာေရာက္အားေပးၾကဖို႔ဖိတ္ေခၚထားပါတယ္။ ျမင့္ျမတ္ကေတာ့ ျမန္မာ့ဗီဒီယို/ရုပ္ရွင္ေလာကမွာ သရုပ္ေဆာင္ပီျပင္မွုအေကာင္းဆံုးလို႔ေျပာရေလာက္ေအာင္ ပရိသတ္ကေပးတဲ့ဆုကို ရရွိထားသူပါ။ ဒီဇာတ္ကားနဲ႔ပတ္သက္ျပီးေတာ့ ထူးျခားကေတာ့

‘ကိုခင္လွိုင္က ျမင့္ျမတ္ကိုသတ္လိုက္တဲ့အခ်ိန္ ျမင့္ျမတ္လုပ္တဲ့ အိုက္တင္ေတြဆို အရမ္းၾကက္သီးေတြထသြားတယ္’ လို႔အႏုပညာရွင္အခ်င္းခ်င္းကေတာင္ ခ်ီးက်ဴးလိုက္ရတဲ့စကားကို Sunday Journal ရဲ႕အင္တာဗ်ဴးမွာေျပာျပခဲ့တာပဲျဖစ္ပါတယ္။

ျမင့္ျမတ္ရဲ႕ပရိသတ္ေတြရွိၾကရင္ ထူးျခားေတာင္မွၾကက္သီးထသြားရေလာက္တဲ့ဇာတ္ဝင္ခန္းကို လက္မလႊတ္သြားရေအာင္ သြားၾကည့္ဖို႔ေတာ့ တိုက္တြန္းလိုက္ပါရေစေနာ္။

Photos-Myint Myat & Htoo Char Facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ခိုးဆိုးလုနှိုက် (2) ဖြစ်တဲ့ တောကျီးကန်းဇာတ်ကားဟာ ယခုဆိုရင်တော့ ပရိသတ်ရှေ့မှောက်ကိုရောက်ရှိနေပါပြီ။ ပရိသတ်ကြီးကပဲ ဒီဇာတ်ကားကို ကြည့်ရှု ဝေဖန်ပေးရမှာပါ။ ဒီဇာတ်ကားကတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ကိုခင်လှိုင်၊ မြင့်မြတ်နဲ့ ထူးခြား မိုးဟေကိုတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ပထမကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် (၁) တုန်းကလည်း ပရိသတ်တွေကြား တော်တော်ကြီးကိုအောင်မြင်သွားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ မိုးထုတ်လုပ်ရေးပိုင်ရှင်ဖြစ်တဲ့ မင်းသမီးမိုးဟေကိုက ပါဝင်သရုပ်ဆောင်ထားပြီးတော့ သူမရဲ့ဇာတ်ကားကိုလည်း လာရောက်အားပေးကြဖို့ဖိတ်ခေါ်ထားပါတယ်။ မြင့်မြတ်ကတော့ မြန်မာ့ဗီဒီယို/ရုပ်ရှင်လောကမှာ သရုပ်ဆောင်ပီပြင်မှုအကောင်းဆုံးလို့ပြောရလောက်အောင် ပရိသတ်ကပေးတဲ့ဆုကို ရရှိထားသူပါ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ ထူးခြားကတော့

‘ကိုခင်လှိုင်က မြင့်မြတ်ကိုသတ်လိုက်တဲ့အချိန် မြင့်မြတ်လုပ်တဲ့ အိုက်တင်တွေဆို အရမ်းကြက်သီးတွေထသွားတယ်’ လို့အနုပညာရှင်အချင်းချင်းကတောင် ချီးကျူးလိုက်ရတဲ့စကားကို Sunday Journal ရဲ့အင်တာဗျူးမှာပြောပြခဲ့တာပဲဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ပရိသတ်တွေရှိကြရင် ထူးခြားတောင်မှကြက်သီးထသွားရလောက်တဲ့ဇာတ်ဝင်ခန်းကို လက်မလွှတ်သွားရအောင် သွားကြည့်ဖို့တော့ တိုက်တွန်းလိုက်ပါရစေနော်။

Photos-Myint Myat & Htoo Char Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top