ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

Heavy Project တစ္ခုျဖစ္တယ္လို႕ သိရပါတယ္။မတြဲဖူးတဲ့ အဓိက မင္းသားႏွစ္လက္နဲ႕ တြဲၿပီး ဇာတ္လမ္းတစ္ခုရိုက္ဖို႕ သားညီက စီစဥ္ေနတယ္လို႕ သိရပါတယ္။ အဲ့ဒီဇာတ္ကားဟာ ေငြကုန္ေၾကးၾက ေတာ္ေတာ္မ်ားမယ့္ ဇာတ္ကားလည္း ျဖစ္သလို ျပႆနာ မ်ိဳးစံု တက္မယ့္ ဇာတ္ကားလည္း ျဖစ္တယ္လို႕ သားညီက သူ႕ရဲ႕ ေ့ဖစ္ဘြတ္မွာ ေရးသားထားပါတယ္။
အျပဳသေဘာဆိုေပမယ့္လည္း ေတာ္ေတာ္ကို ရွင္းျပရမယ့္ ကားတစ္ကားျဖစ္သလို အေျခအေနမေကာင္းရင္လည္း ေထာင္ထဲ ဝင္ခ်င္လည္း ဝင္သြားရႏိုင္တယ္လို႕ ေျပာထားပါတယ္။

“ဇာတ္လမ္းတစ္ခုရိုက္ဖို႔စီစဥ္ၾကတယ္ မတြဲဖူးတဲ႔အဓိကမင္းသားႏွစ္လက္တြဲဖို႔ဆံုးျဖတ္ၾကတယ္။
ေငြကုန္ေၾကးၾကေတာ္ေတာ္မ်ားမယ့္ကားလည္းျဖစ္တယ္။ ျပႆနာေတြမ်ိဳးစံုတက္မယ့္ကားလည္းျဖစ္တယ္။ အျပဳသေဘာဆိုေပမယ္
ေတာ္ေတာ္ရွင္းျပရမယ့္ ကားလည္းျဖစ္တယ္။ အေျခအေနမေကာင္းရင္ အထဲဝင္ခ်င္လည္း ဝင္သြားရႏိုင္တယ္ ။ခက္ခက္ခဲခဲ ခမ္းခမ္းနားနား Location ေတြလည္းပါမယ္။
ရိုက္ကူးဖို႕ သံုးေလးလေတာ့အသာေလးျပင္ဆင္ရလိမ့္မယ္။ပင္ပန္းမယ္ အဆဲခံရမယ္ အတိုက္အခိုက္ေတြရွိလာလိမ့္မယ္။
ကဲ သားညီ
အဲ႔ေလာက္ေတာင္ျဖစ္ေနရင္ မင္းဘာလို႔ အဲ႔ဒီကားကို ရိုက္ဖို႔လက္ခံလိုက္တာလဲလို႔ ေမးလာၾကလိမ့္မယ္ …
ေျဖစရာ တစ္ခြန္းပဲရွိပါတယ္ …လိုအပ္လို႔ပါပဲ …
သားညီ ။” ဆိုၿပီး သူ႕ရဲ႕ ေျပာျပထားပါတယ္။

ပရိသတ္ေတြ အေနနဲ႕ေတာ့ သားညီတြဲရိုက္မယ့္ မင္းသားႏွစ္လက္က ဘယ္သူေတြလဲ ဆိုတာ သိခ်င္ေနၾကသလို သူ႕ရဲ႕ စြန္႕စားမႈကိုလည္း အားေပးေနတာ ေတြ႕ရပါတယ္။
သားညီဟာ အႏုပညာေလာကထဲမွာ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႕ ပရိသတ္ေတြနဲ႕ ရင္းႏွီးခဲ့သူ တစ္ဦးျဖစ္ၿပီး အကိုျဖစ္သူ ေဒြးဆံုးပါးသြားၿပီးေနာက္ သားညီဟာလည္း အႏုပညာနယ္ပယ္မွာ မေတြ႕ရသေလာက္ ျဖစ္သြားခဲ့ပါေသးတယ္။

ခုေနာက္ပိုင္းမွာေတာ့ အႏုပညာေလာကထဲ ျပန္လည္ဝင္ေရာက္လာတဲ့ သားညီဟာ ယခင္ကလို သရုပ္ေဆာင္ပိုင္းတင္မက ဒါရိုက္တာဘက္ကိုပါ အားႀကိဳးမာန္တက္နဲ႕ႀကိဳးစားလာတာကိုေတြ႕ရပါတယ္။ အခုဆိုရင္ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားကို ဒါရုိက္တာ လုပ္လာၿပီျဖစ္ကာ ဒါရုိက္တစ္ေယာက္အေနနဲ႕ ပရိသတ္ေတြကပါ လက္ခံလာၾကတာကိုလည္း ေတြ႕ရပါတယ္။


သားညီအေနနဲ႕ သရုပ္ေဆာင္ ဘဝမွာ ဖန္တီးခြင့္မရတာေလးေတြကို ဒါရိုက္တာ ဘဝမွာ ဖန္တီးခြင့္ရလာတယ္လို႕လည္း ယခင္က အင္တာဗ်ဴးေတြမွာ ေျဖဆိုဖူးပါတယ။္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
Heavy Project တစ်ခုဖြစ်တယ်လို့ သိရပါတယ်။မတွဲဖူးတဲ့ အဓိက မင်းသားနှစ်လက်နဲ့ တွဲပြီး ဇာတ်လမ်းတစ်ခုရိုက်ဖို့ သားညီက စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားဟာ ငွေကုန်ကြေးကြ တော်တော်များမယ့် ဇာတ်ကားလည်း ဖြစ်သလို ပြဿနာ မျိုးစုံ တက်မယ့် ဇာတ်ကားလည်း ဖြစ်တယ်လို့ သားညီက သူ့ရဲ့ ေ့ဖစ်ဘွတ်မှာ ရေးသားထားပါတယ်။
အပြုသဘောဆိုပေမယ့်လည်း တော်တော်ကို ရှင်းပြရမယ့် ကားတစ်ကားဖြစ်သလို အခြေအနေမကောင်းရင်လည်း ထောင်ထဲ ဝင်ချင်လည်း ဝင်သွားရနိုင်တယ်လို့ ပြောထားပါတယ်။

“ဇာတ်လမ်းတစ်ခုရိုက်ဖို့စီစဉ်ကြတယ် မတွဲဖူးတဲ့အဓိကမင်းသားနှစ်လက်တွဲဖို့ဆုံးဖြတ်ကြတယ်။
ငွေကုန်ကြေးကြတော်တော်များမယ့်ကားလည်းဖြစ်တယ်။ ပြဿနာတွေမျိုးစုံတက်မယ့်ကားလည်းဖြစ်တယ်။ အပြုသဘောဆိုပေမယ်
တော်တော်ရှင်းပြရမယ့် ကားလည်းဖြစ်တယ်။ အခြေအနေမကောင်းရင် အထဲဝင်ချင်လည်း ဝင်သွားရနိုင်တယ် ။ခက်ခက်ခဲခဲ ခမ်းခမ်းနားနား Location တွေလည်းပါမယ်။
ရိုက်ကူးဖို့ သုံးလေးလတော့အသာလေးပြင်ဆင်ရလိမ့်မယ်။ပင်ပန်းမယ် အဆဲခံရမယ် အတိုက်အခိုက်တွေရှိလာလိမ့်မယ်။
ကဲ သားညီ
အဲ့လောက်တောင်ဖြစ်နေရင် မင်းဘာလို့ အဲ့ဒီကားကို ရိုက်ဖို့လက်ခံလိုက်တာလဲလို့ မေးလာကြလိမ့်မယ် …
ဖြေစရာ တစ်ခွန်းပဲရှိပါတယ် …လိုအပ်လို့ပါပဲ …
သားညီ ။” ဆိုပြီး သူ့ရဲ့ ပြောပြထားပါတယ်။

ပရိသတ်တွေ အနေနဲ့တော့ သားညီတွဲရိုက်မယ့် မင်းသားနှစ်လက်က ဘယ်သူတွေလဲ ဆိုတာ သိချင်နေကြသလို သူ့ရဲ့ စွန့်စားမှုကိုလည်း အားပေးနေတာ တွေ့ရပါတယ်။
သားညီဟာ အနုပညာလောကထဲမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေနဲ့ ရင်းနှီးခဲ့သူ တစ်ဦးဖြစ်ပြီး အကိုဖြစ်သူ ဒွေးဆုံးပါးသွားပြီးနောက် သားညီဟာလည်း အနုပညာနယ်ပယ်မှာ မတွေ့ရသလောက် ဖြစ်သွားခဲ့ပါသေးတယ်။

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။


သားညီအနေနဲ့ သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ။်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top