ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကမၻာ့စီးပြားေရးဖိုရမ္​(World Economic Forum) ဟာ ကမၻာလွည့္ခရီးသြားလာေရး က႑မွာ ကမၻာတဝွမ္းလံုးက ႏိုင္ငံေပါင္း (၁၃၆) ႏိုင္ငံကို ႏႈိင္းယွဥ္ခဲ့ၿပီး ခရီးသြားလုပ္ငန္းအတြက္ အႏၱရာယ္အမ်ားဆံုး ျဖစ္ႏို္င္ေျခ႐ွိတဲ့ ႏိုင္ငံေတြကို ထုတ္ျပန္ႏိုင္ခဲ့ပါတယ္။ အဲဒီထဲမွာ ျပည္တြင္းစစ္ျဖစ္ေနတဲ့ ႏုိင္ငံေတြပါဝင္သလို ႏိုင္ငံေရးအယူဝါဒ ကြဲျပားမႈေတြေၾကာင့္ သူပုန္ထေနတဲ့ ႏိုင္ငံေတြလည္း ပါဝင္ပါတယ္။ အဲဒီ ႏိုင္ငံေတြကေတာ့...
၂၀။ ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံ

ႏိုင္ငံေနရာအႏွံ႔အျပားမွာ စစ္တပ္ရယ္၊ လက္နက္ကိုင္ေတြရယ္၊ ေရာင္စံုသူပုန္ေတြရယ္ လက္နက္ကိုင္စီနဲ႔ တေျဗာင္းေျဗာင္း ေဆာ္ေနၾကတဲ့ ႏိုင္ငံကေတာ့ ကြန္ဂိုႏုိင္ငံပါ။ ၿပီးေတာ့ သူတို႔ ပစ္ေနခတ္ေနၾကတာဟာလည္း ေတာ္ေတာ္ေလးျပင္းထန္ပါတယ္။ ႏိုင္ငံတဝွမ္းမွာ ကြန္ဂိုစစ္တပ္က တပ္ျဖန္႔ထားတဲ့အတြက္ ကမၻာလွည့္ခရီးသြားေတြဟာ သြားေလရာမွာ စစ္တပ္ဖြဲ႕ေတြ၊ တင့္ကားေတြ၊ ရဟတ္ယာဥ္ေတြကို ေတြ႕ျမင္ရမွာပါ။
၁၉။ ထိုင္း

ထိုင္းႏိုင္ငံေတာင္ပိုင္းက ယာလာျပည္နယ္ (Yala) ၊ ပတၱနီျပည္နယ္ (Pattani) ၊ နရသီဝပ္ျပည္နယ္ (Narathiwat) တို႔ဟာ ထိုင္းႏိုင္ငံမွာ အႏၱရာယ္အမ်ားဆံုး ေဒသေတြပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၁၃) ႏွစ္အတြင္းမွာ အၾကမ္းဖက္မႈေၾကာင့္ လူေသမႈေပါင္း (၆၅၀၀) ေပၚေပါက္ခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီေနရာေတြထဲမွာ မဲ႐ွယ္ေလာလည္း ထုတ္ထားပါတယ္။
၁၈။ ဂ်ေမကာ

ဂ်ေမကာႏိုင္ငံအတြက္ ခရီးသြားလမ္းညႊန္တစ္ခုမွ မ႐ွိသလို ႏုိင္ငံရဲ႕ေနရာတခ်ိဳ႕မွာ အၾကမ္းဖက္မႈေတြနဲ႔ ပစ္ခတ္မႈေတြက ဆက္လက္ျဖစ္ပြားေနပါေသးတယ္။ အထူးသျဖင့္ Kingston နဲ႔ Montego ပင္လယ္ေအာ္တို႔ပဲ ျဖစ္ပါတယ္။ အဲဒီေနရာက အပန္းေျဖစခန္းေတြကို အလည္သြားတဲ့ ခရီးသည္ေတြအေနနဲ႔ အၾကမ္းဖက္မႈေတြၾကားမွာ ပိတ္မိႏိုင္ပါတယ္။
၁၇။ ေတာင္အာဖရိက

ေတာင္အာရိကႏုိင္ငံမွာ ရာဇဝတ္မႈ ျဖစ္ပြားမႈႏႈန္းက ျမင့္မားလြန္းေတာ့ နယ္ခံေတြေတာင္မွ သီးသန္႔လံုျခံဳေရးေတြ ငွားထားရပါတယ္။ မုဒိန္းက်င့္မႈနဲ႔ လုယက္သတ္ျဖတ္မႈေတြက မၾကာခဏဆုိသလို ျဖစ္ပြားေနၿပီး ေက်းလက္ေဒသနဲ႔ အစြန္က်တဲ့ ၿမိဳ႕ငယ္ေလးေတြမွာ ျဖစ္ပြားမႈႏႈန္း ပိုမိုျမင့္မားပါတယ္။
၁၆။ ဂြာတီမာလာ

မကၠစီကိုႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ဂြာတီမာလာႏိုင္ငံ နယ္စပ္ဟာ တစ္ႏုိင္ငံလံုးမွာ အႏၱရာယ္အမ်ားဆံုး ေနရာတစ္ခုျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ နယ္စပ္မွာ မူးယစ္ေဆးဝါးနဲ႔ လူေမွာင္ခိုမႈေတြ မၾကာခဏ ဆိုသလို ျဖစ္ပြားေနလို႔ပါပဲ။ ၿပီးခဲ့တဲ့ႏွစ္က စစ္တမ္းအရဆိုရင္ ႏိုင္ငံဟာ လက္တင္အေမရိကနဲ႔ ကာေရဘီယံပင္လယ္တလႊားမွာ လူသတ္မႈအျမင့္မားဆံုးမွာ နံပါတ္ (၅) ခ်ိတ္ပါတယ္။ ကားခိုးမႈ၊ ဓားျပမႈနဲ႔ ခါးပိုက္ႏႈိက္မႈေတြလည္း ျဖစ္ပြားပါေသးတယ္။
၁၅။ ခ်က္ဒ္

Isis, အယ္လ္ကိုင္ဒါးနဲ႔ Boko Haram စတဲ့ အၾကမ္းဖက္အဖြဲ႔ အမ်ားအျပားဟာ ခ်က္ဒ္ႏိုင္ငံထဲမွာ လႈပ္႐ွားေနၾကပါတယ္။ အဲဒီအၾကမ္းဖက္အဖြဲ႕ေတြဟာ နယ္ခံပုဂၢိဳလ္ေတြကိုသာမက လံုျခံဳေရးစစ္တပ္ေတြနဲ႔ ႏိုင္ငံျခားသားေတြကိုပါ ပစ္မွတ္ထားပါတယ္။ ေနရာတကာမွာ ဗံုးေထာင္ထားတာမို႔ လစ္ဗ်ားတို႔၊ ဆူဒန္တို႔နဲ႔ ထိစပ္ေနတဲ့ နယ္ျခားစည္းမ်ဥ္းေတြနားမွာ သြားလာတာလည္း အလြန္အႏၱရာယ္မ်ားပါတယ္။
၁၄။ ဘဂၤလားေဒ့႐ွ္

အၾကမ္းဖက္အဖြဲ႕ေတြရဲ႕ ခ်ိန္းေျခာက္မႈေတြအျပင္ ဆိုး႐ြားတဲ့ရာသီဥတုကလည္း ဘဂၤလားေဒ့႐ွ္ကို ခ်ိန္းေျခာက္ေနပါတယ္။ ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ ရာသီဥတုအေျခအေနေတြက ႏိုင္ငံကို သဘာဝ ေဘးအႏၱရာယ္အမ်ားဆံုး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ေစခဲ့ပါတယ္။ ဒီအာ႐ွႏိုင္ငံေလးဟာ မုန္တိုင္းေတြ၊ ေရလွ်ံေရႀကီးမႈေတြ၊ ငလ်င္ေတြ မၾကာခဏဆိုသလို ၾကံဳေတြ႕ရပါတယ္။
၁၃။ မာလီ

မာလီႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ဘာမာကိုၿမိဳ႕မွာ အၾကမ္းဖက္မႈအႏၱရာယ္ေတြ အလြန္ႀကီးမားပါတယ္။ ဒါတင္မကေသးပါဘူး။ မာလီႏိုင္ငံရဲ႕ ေျမာက္ပိုင္းနဲ႔ အလည္ပိုင္းမွာလည္း အၾကမ္းဖက္မႈမ်ားစြာ ျဖစ္ပြားပါေသးတယ္။ ၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလတုန္းကဆို ဘာမာကိုၿမိဳ႕က Radisson ဟိုတယ္မွာ လူေတာ္ေတာ္မ်ားမ်ား ဓားစာခံအျဖစ္ ဖမ္းဆီးသတ္ျဖတ္ခံရဖူးပါတယ္။
၁၂။ လက္ဘႏြန္

လက္ဘႏြန္ျပည္တြင္းမွာ အၾကမ္းဖက္အဖြဲ႕ေတြ လႈပ္႐ွားေနတဲ့အတြက္ အေသခံဗံုးခြဲျခင္းလိုမ်ိဳး အၾကမ္းဖက္တိုက္ဖက္မႈေတြဟာ တိုင္းျပည္ေနရာ အႏွံ႔အျပားမွာ ျဖစ္ပြားေနပါတယ္။ ဆႏၵျပပြဲေတြ၊ ပဋိပကၡေတြ အျမဲလိုလုိ ျဖစ္ပြားေနတဲ့အတြက္ ကင္မရာတစ္လံုးကိုင္ၿပီး ေလွ်ာက္သြားေနတဲ့ ကမၻာလွည့္ခရီးသြားေတြအတြက္ အႏၱရာယ္မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔မရပါဘူး။
၁၁။ ဖိလစ္ပိုင္

Manila Casino မွာ ၿပီးခဲ့တဲ့လပိုင္းေတြတုန္းက ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ျပန္ေပးဆြဲမႈေတြနဲ႔ ပစ္ခတ္သတ္ျဖတ္မႈေတြက Sulu Archipelago ေဒသနဲ႔ Sulu ပင္လယ္ေတာင္ပိုင္းမွာ ေတာက္ေလွ်ာက္ ျဖစ္ပြားလာပါတယ္။ အဲဒီလို ျပန္ေပးဆြဲမႈေတြရဲ႕ ပစ္မွတ္ေတြထဲမွာ ႏိုင္ငံျခားသားေတြလည္း ပါဝင္ပါတယ္။

ဆက္လက္ေဖာ္ျပပါမည္

Source: Independent UK
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) ဟာ ကမ္ဘာလှည့်ခရီးသွားလာရေး ကဏ္ဍမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံပေါင်း (၁၃၆) နိုင်ငံကို နှိုင်းယှဉ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေပါဝင်သလို နိုင်ငံရေးအယူဝါဒ ကွဲပြားမှုတွေကြောင့် သူပုန်ထနေတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီ နိုင်ငံတွေကတော့...
၂၀။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ

နိုင်ငံနေရာအနှံ့အပြားမှာ စစ်တပ်ရယ်၊ လက်နက်ကိုင်တွေရယ်၊ ရောင်စုံသူပုန်တွေရယ် လက်နက်ကိုင်စီနဲ့ တဗြောင်းဗြောင်း ဆော်နေကြတဲ့ နိုင်ငံကတော့ ကွန်ဂိုနိုင်ငံပါ။ ပြီးတော့ သူတို့ ပစ်နေခတ်နေကြတာဟာလည်း တော်တော်လေးပြင်းထန်ပါတယ်။ နိုင်ငံတဝှမ်းမှာ ကွန်ဂိုစစ်တပ်က တပ်ဖြန့်ထားတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေဟာ သွားလေရာမှာ စစ်တပ်ဖွဲ့တွေ၊ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေကို တွေ့မြင်ရမှာပါ။
၁၉။ ထိုင်း

ထိုင်းနိုင်ငံတောင်ပိုင်းက ယာလာပြည်နယ် (Yala) ၊ ပတ္တနီပြည်နယ် (Pattani) ၊ နရသီဝပ်ပြည်နယ် (Narathiwat) တို့ဟာ ထိုင်းနိုင်ငံမှာ အန္တရာယ်အများဆုံး ဒေသတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၃) နှစ်အတွင်းမှာ အကြမ်းဖက်မှုကြောင့် လူသေမှုပေါင်း (၆၅၀၀) ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနေရာတွေထဲမှာ မဲရှယ်လောလည်း ထုတ်ထားပါတယ်။
၁၈။ ဂျမေကာ

ဂျမေကာနိုင်ငံအတွက် ခရီးသွားလမ်းညွှန်တစ်ခုမှ မရှိသလို နိုင်ငံရဲ့နေရာတချို့မှာ အကြမ်းဖက်မှုတွေနဲ့ ပစ်ခတ်မှုတွေက ဆက်လက်ဖြစ်ပွားနေပါသေးတယ်။ အထူးသဖြင့် Kingston နဲ့ Montego ပင်လယ်အော်တို့ပဲ ဖြစ်ပါတယ်။ အဲဒီနေရာက အပန်းဖြေစခန်းတွေကို အလည်သွားတဲ့ ခရီးသည်တွေအနေနဲ့ အကြမ်းဖက်မှုတွေကြားမှာ ပိတ်မိနိုင်ပါတယ်။
၁၇။ တောင်အာဖရိက

တောင်အာရိကနိုင်ငံမှာ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းက မြင့်မားလွန်းတော့ နယ်ခံတွေတောင်မှ သီးသန့်လုံခြုံရေးတွေ ငှားထားရပါတယ်။ မုဒိန်းကျင့်မှုနဲ့ လုယက်သတ်ဖြတ်မှုတွေက မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ကျေးလက်ဒေသနဲ့ အစွန်ကျတဲ့ မြို့ငယ်လေးတွေမှာ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားပါတယ်။
၁၆။ ဂွာတီမာလာ

မက္ကစီကိုနိုင်ငံနဲ့ ထိစပ်နေတဲ့ ဂွာတီမာလာနိုင်ငံ နယ်စပ်ဟာ တစ်နိုင်ငံလုံးမှာ အန္တရာယ်အများဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နယ်စပ်မှာ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေလို့ပါပဲ။ ပြီးခဲ့တဲ့နှစ်က စစ်တမ်းအရဆိုရင် နိုင်ငံဟာ လက်တင်အမေရိကနဲ့ ကာရေဘီယံပင်လယ်တလွှားမှာ လူသတ်မှုအမြင့်မားဆုံးမှာ နံပါတ် (၅) ချိတ်ပါတယ်။ ကားခိုးမှု၊ ဓားပြမှုနဲ့ ခါးပိုက်နှိုက်မှုတွေလည်း ဖြစ်ပွားပါသေးတယ်။
၁၅။ ချက်ဒ်

Isis, အယ်လ်ကိုင်ဒါးနဲ့ Boko Haram စတဲ့ အကြမ်းဖက်အဖွဲ့ အများအပြားဟာ ချက်ဒ်နိုင်ငံထဲမှာ လှုပ်ရှားနေကြပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့တွေဟာ နယ်ခံပုဂ္ဂိုလ်တွေကိုသာမက လုံခြုံရေးစစ်တပ်တွေနဲ့ နိုင်ငံခြားသားတွေကိုပါ ပစ်မှတ်ထားပါတယ်။ နေရာတကာမှာ ဗုံးထောင်ထားတာမို့ လစ်ဗျားတို့၊ ဆူဒန်တို့နဲ့ ထိစပ်နေတဲ့ နယ်ခြားစည်းမျဉ်းတွေနားမှာ သွားလာတာလည်း အလွန်အန္တရာယ်များပါတယ်။
၁၄။ ဘင်္ဂလားဒေ့ရှ်

အကြမ်းဖက်အဖွဲ့တွေရဲ့ ချိန်းခြောက်မှုတွေအပြင် ဆိုးရွားတဲ့ရာသီဥတုကလည်း ဘင်္ဂလားဒေ့ရှ်ကို ချိန်းခြောက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရာသီဥတုအခြေအနေတွေက နိုင်ငံကို သဘာဝ ဘေးအန္တရာယ်အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်စေခဲ့ပါတယ်။ ဒီအာရှနိုင်ငံလေးဟာ မုန်တိုင်းတွေ၊ ရေလျှံရေကြီးမှုတွေ၊ ငလျင်တွေ မကြာခဏဆိုသလို ကြုံတွေ့ရပါတယ်။
၁၃။ မာလီ

မာလီနိုင်ငံရဲ့မြို့တော် ဘာမာကိုမြို့မှာ အကြမ်းဖက်မှုအန္တရာယ်တွေ အလွန်ကြီးမားပါတယ်။ ဒါတင်မကသေးပါဘူး။ မာလီနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလည်ပိုင်းမှာလည်း အကြမ်းဖက်မှုများစွာ ဖြစ်ပွားပါသေးတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းကဆို ဘာမာကိုမြို့က Radisson ဟိုတယ်မှာ လူတော်တော်များများ ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရဖူးပါတယ်။
၁၂။ လက်ဘနွန်

လက်ဘနွန်ပြည်တွင်းမှာ အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့အတွက် အသေခံဗုံးခွဲခြင်းလိုမျိုး အကြမ်းဖက်တိုက်ဖက်မှုတွေဟာ တိုင်းပြည်နေရာ အနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ အမြဲလိုလို ဖြစ်ပွားနေတဲ့အတွက် ကင်မရာတစ်လုံးကိုင်ပြီး လျှောက်သွားနေတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။
၁၁။ ဖိလစ်ပိုင်

Manila Casino မှာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ပြန်ပေးဆွဲမှုတွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေက Sulu Archipelago ဒေသနဲ့ Sulu ပင်လယ်တောင်ပိုင်းမှာ တောက်လျှောက် ဖြစ်ပွားလာပါတယ်။ အဲဒီလို ပြန်ပေးဆွဲမှုတွေရဲ့ ပစ်မှတ်တွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်

Source: Independent UK

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top