စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေယာက်္ားေတြအေၾကာင္း ဘယ္ေလာက္သိၾကလဲ ေကာင္မေလးတို႔

တကယ္ေတာ့ မိန္းကေလးေတြမွ မဟုတ္ပါဘူး။ ေယာက္်ားေလးေတြစိတ္ကလည္း နားလည္ရခက္တဲ့အမ်ိဳးထဲမွာ ပါပါတယ္။ သူတို႔ဟာ တစ္ခါတစ္ေလ မိန္းကေလးေတြထက္ ပိုၿပီး လွ်ိဳ႕၀ွက္ဟန္ေဆာင္တတ္ၾကပါေသးတယ္။ အခ်စ္ဦးမို႔ရူးရူးမူးမူးျဖစ္ေနမယ့္ ဆယ္ေက်ာ္သက္ေကာင္မေလးေတြကို အဓိက ေျပာျပခ်င္တာပါ။ ဒါ အခ်စ္အေၾကာင္းေျပာျပမွာ မဟုတ္ဘူးေနာ္။ နားလည္ရခက္ခဲၿပီး ေယာက္်ားေလးေတြ ေျပာျပေလ့မရွိတဲ့သူတို႔အေၾကာင္းေတြေပါ့။

အမွန္အတိုင္းေျပာျပရရင္ ေယာက္်ားကတိ ဆိုတဲ့စကားေလးတစ္ခြန္း ျမန္မာဘာသာမွာ ရွိေနေပမယ့္လည္း သူတို႔ဟာ တကယ္ေတာ့ ကတိပ်က္မွာကို သိပ္မေၾကာက္တတ္ၾကပါဘူး။ ဒါက ေယာက္်ားေလးေတြအားလံုးကို မဆိုလိုပါဘူးေနာ္။ ေယဘူယ်ေယာက္်ားေလးေတြရဲ႕ ပံုစံကိုပဲ ေျပာျပေနတာပါ။ အထူးသျဖင့္ မိန္းကေလးေတြနဲ႔ပတ္သက္လို႔ေပါ့။ မိန္းကေလးေတြကသာ အခ်စ္မွာ ရူးရူးမူးမူးျဖစ္တတ္ၾကတာ။ ေယာက္်ားေလးေတြကေတာ့ မိသားစုနဲ႔ သူငယ္ခ်င္းေတြအေပၚမွာ ပိုပါတယ္။ ေနာက္ၿပီး မိသားစုနဲ႔ သူငယ္ခ်င္းေတြၾကားထဲမွာ သင္နဲ႔ယွဥ္လာတဲ့အခါ သင့္အေပၚထားတဲ့ ကတိေတြကို ဖ်က္ပစ္ဖို႔ သူတို႔သိပ္၀န္မေလးၾကပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ ေယာက္်ားေလးေတြဟာ မိန္းကေလးေတြေလာက္ အခ်စ္ရူးမဟုတ္ၾကလို႔ပါပဲ။

ေနာက္ၿပီး မိန္းကေလးေတြက သူတို႔ကိုသူတို႔ မိတ္ကပ္လိမ္းမွလွတယ္လို႔ ထင္ၾကပါတယ္။ မိတ္ကပ္မလိမ္းထားရင္ အျပင္မထြက္ရဲၾကဘူး။ ခ်စ္သူနဲ႔ မိတ္ကပ္မလိမ္းထားပဲ သြားေတြ႕မယ္ဆိုရင္ မလွဘူးထင္ၾကေတာ့မွာပဲလို႔ မိန္းကေလးေတြ ေတြးတတ္ၾကပါတယ္။ တကယ္ေတာ့ ေယာက္်ားေလးေတြက သင့္ အလိုက္ေဆာင္ၿပီး ေဆးဆိုးပန္းရိုက္မ်က္ႏွာေလးကို လွတယ္လို႔သာေျပာခ်င္ေျပာပါလိမ့္မယ္။ သင့္ရဲ႕ မိတ္ကပ္မလိမ္းထားတဲ့မ်က္ႏွာကို သူတို႔ ထိုးထြင္းသိျမင္ႏိုင္စြမ္းရွိၾကပါတယ္။ ေနာက္ၿပီး မ်က္ႏွာေျပာင္ေလးနဲ႔ သဘာ၀အလွကို ပိုခ်စ္ၾကပါတယ္။ မိတ္ကပ္ကေတာ့ လိမ္းရမွာပါပဲ။ ဒါေပမယ့္ မိတ္ကပ္မပါတိုင္းလည္း ယံုၾကည္မႈေပ်ာက္ဆံုးစရာမလိုအပ္ပါဘူး။

သူတို႔မွာ လွ်ိဳ႕၀ွက္ခ်က္တစ္ခုရွိပါေသးတယ္။ ေၾကာက္တဲ့အခ်ိန္မွာ ပိုၿပီးရဲရင့္သေယာင္ ဟန္ေဆာင္ေနတတ္တဲ့အစြမ္းပါပဲ။ ေယာက္်ားေလးဆုိတာနဲ႔ ကမာၻေပၚမွာ အားကိုးစရာသတၱ၀ါမ်ားလို႔ လူေတြျမင္ၾကတဲ့အဆံုး သူတို႔ဟာ ပိုေၾကာက္ေလ ပိုရဲရင့္ျပၾကေလပါပဲ။ တကယ္ေတာ့ သူတို႔လည္း ေၾကာက္တတ္ပါတယ္။ ၀မ္းနည္းတတ္ပါတယ္။ အားငယ္တတ္ပါတယ္။ လူပဲေနာ္။ ဘာသားနဲ႔ထုထားတာမို႔လို႔လဲ။ ဒါေပမယ့္ သူတို႔ဟာ သူတို႔ခ်စ္ခင္ႏွစ္သက္ရတဲ့သူေတြကို စိတ္အားျမင့္တင္ဖို႔နဲ႔ အကာအကြယ္ေပးႏိုင္ဖို႔အတြက္ကို ဟန္ေဆာင္တတ္ၾကသူေတြပဲ ျဖစ္ပါတယ္ေနာ္။

ေယာက္်ားေလးေတြက ထူးျခားတဲ့ပံုစံတစ္ခုရွိပါေသးတယ္။ အဲဒါဘာလဲဆိုရင္ ဘာမွမရွိတဲ့ပံုစံပါ။ တစ္ခါတစ္ေလ ဘာမွမေတြးပဲ တကယ္တကယ့္ကို မိန္းကေလးေတြနားမလည္ႏိုင္ေလာက္ေအာင္ကို ဘာအေတြးမွမရွိတဲ့ အခ်ိန္ေတြ သူတို႔မွာ ရွိပါတယ္။ မိန္းကေလးေတြအေနနဲ႔ကေတာ့ အိပ္လည္းေတြး၊ စားလည္းေတြ၊ သြားလည္းေတြးေနတတ္ၾကေပမယ့္ သူတို႔ကေတာ့ တစ္ခါတစ္ေလ ဘာမွမေတြးတတ္ၾကပါဘူး။ သူတို႔ကို သင္ “ကို ဘာေတြေတြးေနလဲ” လို႔ ေမးတဲ့အခ်ိန္မွာ သူတို႔က “ဘာမွေတြးမေနပါဘူး” လို႔ ျပန္ေျဖတဲ့အခါ မေက်နပ္မျဖစ္ၾကနဲ႔ေနာ္။ တကယ္ကို ဘာမွမေတြးတဲ့ ထူးျခားတဲ့အခ်ိန္တစ္ခု ေယာက္်ားေလးေတြမွာ ရွိေနပါတယ္။

ေနာက္တစ္ခုကေတာ့ သူတို႔အတြက္ တစ္ေယာက္တည္းအခ်ိန္ဆိုတာေလး လိုအပ္တယ္ဆိုတာပါပဲ။ မိန္းကေလးေတြဟာ တစ္ေယာက္တည္းေနရတာကို သိပ္သေဘာက်ေလ့မရွိတတ္ပါဘူး။ မ်ားေသာအားျဖင့္ မိသားစုနဲ႔အခ်ိန္မျဖဳန္းရင္ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းေနတတ္တာမ်ိဳး ရွိပါတယ္။ ဒါေပမယ့္ ေယာက္်ားေလးေတြကေတာ့ မိန္းကေလးေတြထက္ ပိုၿပီး တစ္ေယာက္တည္းအခ်ိန္ျဖဳန္းရတာကို သေဘာက်ေလ့ရွိၾကပါတယ္။ တစ္ေယာက္တည္း ေလွ်ာက္သြားတတ္ၾကသလို တစ္ေယာက္တည္း TV ၾကည့္တတ္ပါတယ္။ တစ္ေယာက္တည္းအခ်ိန္က သူတို႔အတြက္ ပိုၿပီးလိုအပ္ၾကပါတယ္။

ဒါက ေယာက္်ားေလးအားလံုးကိုေတာ့ မဆိုလိုပါဘူးေနာ္။ ေတာ္ေတာ္မ်ားမ်ားက ဒီလိုအေလ့အက်င့္ေလးေတြ အနည္းနဲ႔အမ်ား ရွိၾကပါတယ္။ မမႀကီးေတြကေတာ့ နားလည္သေဘာေပါက္ၿပီးသားဆိုေပမယ့္ ဆယ္ေက်ာ္သက္ညီမေလးေတြအေနနဲ႔ကေတာ့ ဘာမွမသိျဖစ္ေနမွာဆိုးလို႔ပါ။ ေယာက္်ားေလးေတြက ဒီလိုရွိတတ္ပါတယ္လို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ယောကျ်ားတွေအကြောင်း ဘယ်လောက်သိကြလဲ ကောင်မလေးတို့

တကယ်တော့ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေစိတ်ကလည်း နားလည်ရခက်တဲ့အမျိုးထဲမှာ ပါပါတယ်။ သူတို့ဟာ တစ်ခါတစ်လေ မိန်းကလေးတွေထက် ပိုပြီး လျှို့ဝှက်ဟန်ဆောင်တတ်ကြပါသေးတယ်။ အချစ်ဦးမို့ရူးရူးမူးမူးဖြစ်နေမယ့် ဆယ်ကျော်သက်ကောင်မလေးတွေကို အဓိက ပြောပြချင်တာပါ။ ဒါ အချစ်အကြောင်းပြောပြမှာ မဟုတ်ဘူးနော်။ နားလည်ရခက်ခဲပြီး ယောက်ျားလေးတွေ ပြောပြလေ့မရှိတဲ့သူတို့အကြောင်းတွေပေါ့။

အမှန်အတိုင်းပြောပြရရင် ယောက်ျားကတိ ဆိုတဲ့စကားလေးတစ်ခွန်း မြန်မာဘာသာမှာ ရှိနေပေမယ့်လည်း သူတို့ဟာ တကယ်တော့ ကတိပျက်မှာကို သိပ်မကြောက်တတ်ကြပါဘူး။ ဒါက ယောက်ျားလေးတွေအားလုံးကို မဆိုလိုပါဘူးနော်။ ယေဘူယျယောက်ျားလေးတွေရဲ့ ပုံစံကိုပဲ ပြောပြနေတာပါ။ အထူးသဖြင့် မိန်းကလေးတွေနဲ့ပတ်သက်လို့ပေါ့။ မိန်းကလေးတွေကသာ အချစ်မှာ ရူးရူးမူးမူးဖြစ်တတ်ကြတာ။ ယောက်ျားလေးတွေကတော့ မိသားစုနဲ့ သူငယ်ချင်းတွေအပေါ်မှာ ပိုပါတယ်။ နောက်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကြားထဲမှာ သင်နဲ့ယှဉ်လာတဲ့အခါ သင့်အပေါ်ထားတဲ့ ကတိတွေကို ဖျက်ပစ်ဖို့ သူတို့သိပ်ဝန်မလေးကြပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ယောက်ျားလေးတွေဟာ မိန်းကလေးတွေလောက် အချစ်ရူးမဟုတ်ကြလို့ပါပဲ။

နောက်ပြီး မိန်းကလေးတွေက သူတို့ကိုသူတို့ မိတ်ကပ်လိမ်းမှလှတယ်လို့ ထင်ကြပါတယ်။ မိတ်ကပ်မလိမ်းထားရင် အပြင်မထွက်ရဲကြဘူး။ ချစ်သူနဲ့ မိတ်ကပ်မလိမ်းထားပဲ သွားတွေ့မယ်ဆိုရင် မလှဘူးထင်ကြတော့မှာပဲလို့ မိန်းကလေးတွေ တွေးတတ်ကြပါတယ်။ တကယ်တော့ ယောက်ျားလေးတွေက သင့် အလိုက်ဆောင်ပြီး ဆေးဆိုးပန်းရိုက်မျက်နှာလေးကို လှတယ်လို့သာပြောချင်ပြောပါလိမ့်မယ်။ သင့်ရဲ့ မိတ်ကပ်မလိမ်းထားတဲ့မျက်နှာကို သူတို့ ထိုးထွင်းသိမြင်နိုင်စွမ်းရှိကြပါတယ်။ နောက်ပြီး မျက်နှာပြောင်လေးနဲ့ သဘာဝအလှကို ပိုချစ်ကြပါတယ်။ မိတ်ကပ်ကတော့ လိမ်းရမှာပါပဲ။ ဒါပေမယ့် မိတ်ကပ်မပါတိုင်းလည်း ယုံကြည်မှုပျောက်ဆုံးစရာမလိုအပ်ပါဘူး။

သူတို့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ ကြောက်တဲ့အချိန်မှာ ပိုပြီးရဲရင့်သယောင် ဟန်ဆောင်နေတတ်တဲ့အစွမ်းပါပဲ။ ယောက်ျားလေးဆိုတာနဲ့ ကမ္ဘာပေါ်မှာ အားကိုးစရာသတ္တဝါများလို့ လူတွေမြင်ကြတဲ့အဆုံး သူတို့ဟာ ပိုကြောက်လေ ပိုရဲရင့်ပြကြလေပါပဲ။ တကယ်တော့ သူတို့လည်း ကြောက်တတ်ပါတယ်။ ဝမ်းနည်းတတ်ပါတယ်။ အားငယ်တတ်ပါတယ်။ လူပဲနော်။ ဘာသားနဲ့ထုထားတာမို့လို့လဲ။ ဒါပေမယ့် သူတို့ဟာ သူတို့ချစ်ခင်နှစ်သက်ရတဲ့သူတွေကို စိတ်အားမြင့်တင်ဖို့နဲ့ အကာအကွယ်ပေးနိုင်ဖို့အတွက်ကို ဟန်ဆောင်တတ်ကြသူတွေပဲ ဖြစ်ပါတယ်နော်။

ယောက်ျားလေးတွေက ထူးခြားတဲ့ပုံစံတစ်ခုရှိပါသေးတယ်။ အဲဒါဘာလဲဆိုရင် ဘာမှမရှိတဲ့ပုံစံပါ။ တစ်ခါတစ်လေ ဘာမှမတွေးပဲ တကယ်တကယ့်ကို မိန်းကလေးတွေနားမလည်နိုင်လောက်အောင်ကို ဘာအတွေးမှမရှိတဲ့ အချိန်တွေ သူတို့မှာ ရှိပါတယ်။ မိန်းကလေးတွေအနေနဲ့ကတော့ အိပ်လည်းတွေး၊ စားလည်းတွေ၊ သွားလည်းတွေးနေတတ်ကြပေမယ့် သူတို့ကတော့ တစ်ခါတစ်လေ ဘာမှမတွေးတတ်ကြပါဘူး။ သူတို့ကို သင် “ကို ဘာတွေတွေးနေလဲ” လို့ မေးတဲ့အချိန်မှာ သူတို့က “ဘာမှတွေးမနေပါဘူး” လို့ ပြန်ဖြေတဲ့အခါ မကျေနပ်မဖြစ်ကြနဲ့နော်။ တကယ်ကို ဘာမှမတွေးတဲ့ ထူးခြားတဲ့အချိန်တစ်ခု ယောက်ျားလေးတွေမှာ ရှိနေပါတယ်။

နောက်တစ်ခုကတော့ သူတို့အတွက် တစ်ယောက်တည်းအချိန်ဆိုတာလေး လိုအပ်တယ်ဆိုတာပါပဲ။ မိန်းကလေးတွေဟာ တစ်ယောက်တည်းနေရတာကို သိပ်သဘောကျလေ့မရှိတတ်ပါဘူး။ များသောအားဖြင့် မိသားစုနဲ့အချိန်မဖြုန်းရင် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေတတ်တာမျိုး ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကတော့ မိန်းကလေးတွေထက် ပိုပြီး တစ်ယောက်တည်းအချိန်ဖြုန်းရတာကို သဘောကျလေ့ရှိကြပါတယ်။ တစ်ယောက်တည်း လျှောက်သွားတတ်ကြသလို တစ်ယောက်တည်း TV ကြည့်တတ်ပါတယ်။ တစ်ယောက်တည်းအချိန်က သူတို့အတွက် ပိုပြီးလိုအပ်ကြပါတယ်။

ဒါက ယောက်ျားလေးအားလုံးကိုတော့ မဆိုလိုပါဘူးနော်။ တော်တော်များများက ဒီလိုအလေ့အကျင့်လေးတွေ အနည်းနဲ့အများ ရှိကြပါတယ်။ မမကြီးတွေကတော့ နားလည်သဘောပေါက်ပြီးသားဆိုပေမယ့် ဆယ်ကျော်သက်ညီမလေးတွေအနေနဲ့ကတော့ ဘာမှမသိဖြစ်နေမှာဆိုးလို့ပါ။ ယောက်ျားလေးတွေက ဒီလိုရှိတတ်ပါတယ်လို့။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top