၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ဒီေကာင္မေလး ဆက္စီက်တယ္ဆုိတဲ့ စကား၊ အဲ့ဒီအမ်ိဳးသမီးက အရမ္းဆက္စီက်တာပဲ ဆုိတာမ်ိဳး အျပင္ေလာကမွာ ခဏခဏကို ၾကားရမွာပါ။ ဒါေပမယ့္ ဆက္စီက်တယ္ဆုိတာ ဘယ္လိုအရာမ်ားပါလဲ။ ညိႈ႕အားျပင္းျပင္းနဲ႕ သူမရဲ႕ ရင္သားေလးကို သူတစ္ပါးျမင္ေအာင္ နည္းနည္းေလး လွပ္ျပထားတာကို ေျပာတာမ်ားလား။ စကတ္တုိေလး ၀တ္ျပီး အားလံုးေရွ႔မွာ ဖ်တ္ဖ်တ္လတ္လတ္ လမ္းေလ်ွာက္ျပေနတာမ်ိဳးလား။ ဘယ္လိုအရာမ်ိဳးကိုမ်ား ဆက္စီက်တယ္လို႕ ထင္ျမင္ေစပါသလဲ တကယ္ေတာ့ မိန္းမတစ္ေယာက္၊ ေကာင္မေလးတစ္ေယာက္ကို ဆက္စီက်တယ္လို႕ ျမင္ေစဖုိ႕ဆုိတာ အားလံုးထင္ထားတဲ့အရာေတြထက္ အမ်ားႀကီးပိုပါတယ္။ တကယ္ေတာ့ အမ်ိဳးသမီးတစ္ဦးကို ဆက္စီက်ေစတဲ့ အရာေတြက ဒီ (၇)မ်ိဳးသာ ျဖစ္ပါတယ္။

၁။ ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိျခင္း

လူတစ္ေယာက္မွာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိျခင္းဟာ အဓိကေသာ့ခ်က္တစ္ခုပါ။ လူဟာ ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိတဲ့အခါ သူ႕ရဲ႕လမ္းေလ်ွာက္ပံု၊ေျပာဆုိျပဳမူပံု၊ အၾကည့္၊ အျပံဳးစတဲ့အရာအားလံုးဟာ ေျပာင္းလဲသြားပါတယ္။ အဲ့ဒီယံုၾကည္မႈကပဲ အဲ့ဒီလူကို ပိုဆြဲေဆာင္မႈရွိေအာင္ လုပ္ေပးလုိက္တာပါပဲ။ ေအာင္ျမင္မႈကိုေတာင္ သူက ယူေဆာင္လာႏိုင္ပါေသးတယ္။ ဒီေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ့္ကိုကုိယ္ယံုၾကည္မႈ ရွိလာတာနဲ႕အမွ် ဆက္စီက်လာတာပါပဲ။

၂။ရည္မွန္းခ်က္ႀကီးတာ

ရည္မွန္းခ်က္ရွိျခင္းဟာ လူတစ္ေယာက္ဘယ္ကိုသြားရမလဲဆိုတာကို လမ္းညႊန္းေပးေနျခင္းပါ။ သူဟာ ဆက္စီက်ပါတယ္။ ကိုယ္သြားမယ့္လမ္း၊ ကိုယ္သြားခ်င္တဲ့ ပန္းတုိင္းကို တည့္မတ္စြာ သြားေနတဲ့သူတစ္ေယာက္ေလာက္ ဆက္စီက်တဲ့သူ ဘယ္သူရွိဦးမွာလဲ။

၃။စိတ္အားထက္သန္တာ

ဘ၀အတြက္၊ အျခားလူတစ္ေယာက္အတြက္၊ ကိုယ္စိတ္၀င္စားတဲ့အရာအတြက္၊ ကိုယ့္၀ါသနာအတြက္၊ အႏုုပညာ၊ ျမဴးဇစ္ စတာေတြကို စိတ္အားထက္သန္စြာ လုပ္ေဆာင္ဖန္တီးတတ္တဲ့သူဟာ အျခားတစ္ေယာက္ အျမင္မွာေတာ့ တကယ္ကို ဆက္စီက်ပါတယ္။

၄။ၾကင္နာတတ္တဲ့ စိတ္မ်ိဳးရွိတာ

ဒီလို ကိုယ္ေကာင္းရင္ျပီးေရာဆုိတဲ့ ေမာ္ဒန္ေခတ္ႀကီးထဲမွာ ၾကင္နာတတ္တဲ့စိတ္ထားမ်ိဳးရွိတာ၊ သူတစ္ပါးကို ၾကင္ၾကင္နာနာ ဆက္ဆံတတ္တဲ့စိတ္မ်ိဳးရွိသူဟာ တစ္ပါးသူအတြက္ တကယ့္ကို ဆြဲေဆာင္မႈရွိပါတယ္။

၅။ရိုးသားတာ

အမ်ိဳးသမီးတစ္ေယာက္ဟာ သူ႕ရဲ႔ရိုးသားတဲ့စိတ္ထားကို ဘာအတြက္မွ ေျပာင္းလဲမပစ္ဘူးဆိုရင္ ဒီရိုးသားမႈကေန အျခားအရာေတြကိုပါ ဆင့္ပြားပိုင္ဆုိင္ႏိုင္ပါတယ္။ သင္ဟာ ဖံုးကြယ္ဟန္ေဆာင္တတ္တယ္ဆုိရင္ သင့္မွာ ဆက္စီက်ဖုိ႕ မေျပာနဲ႕ ၊ တျဖည္းျဖည္းနဲ႕ကို လူ႔ခ်ဥ္ဖတ္ျဖစ္လာမွာပါ။ ဒီေတာ့ သင့္ခ်စ္သူကိုပဲျဖစ္ျဖစ္၊ သင္န႕ဲပတ္သက္ဆက္ဆံေနရတဲ့ဘယ္သူ႔ကုိမဆို ရိုးသားစြာ ဆက္ဆံျခင္းဟာ သင့္ကို ဆက္စီက်ေစတယ္ဆုိတာ မယံုမရွိပါနဲ႕။

၆။အဆင့္တစ္ခုရွိေနတာ

အဆင့္ရွိတယ္ဆုိတာ သင္၀တ္ထားတဲ့ အ၀တ္အစားေပၚက ေစ်းမဟုတ္ပါဘူး။ သင့္ကို သူတစ္ပါးက ဘယ္လိုဆက္ဆံၾကတယ္။ ဘယ္လို ေလးစားမႈၾကတယ္ဆုိတာ သင့္အဆင့္ကို ျပေနပါတယ္။ လူတစ္ေယာက္က ဘယ္လုိေနရာမွာ ေနထုိင္တဲ့သူျဖစ္ပါေစ။ ဘယ္လိုအ၀တ္အစားေကာင္းေတြ ၀တ္ဆင္ထားတဲ့သူျဖစ္ပါေစ။ သူ႕ရဲ႔အမူအက်င့္က မေကာင္းဘူးဆုိရင္ သူဟာ အဆင့္မရွိသူတစ္ေယာက္ပါပဲ။

၇။ဥာဏ္ရည္ဥာဏ္ေသြးျမင့္မားတာ

လူတစ္ေယာက္ကို ၾကည့္လုိက္ရင္ ထံုထံုထုိင္းထုိင္းပံုနဲ႕ ထက္ျမက္တဲ့သူကြာပါတယ္။ ဒီႏွစ္ဦးမွာ ဘယ္သူကပိုျပီး ဆက္စီက်မလဲဆုိတာ သင္စဥ္းစားၾကည့္လိုက္ပါ။ ဥာဏ္ရည္ဥာဏ္ေသြးထက္တယ္၊ စဥ္းစားဥာဏ္ရွိတဲ့ အမ်ိဳးသမီးေတြဟာ အျခားလူေတြအတြက္ေတာ့ ဆက္စီက်ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#
ဒီကောင်မလေး ဆက်စီကျတယ်ဆိုတဲ့ စကား၊ အဲ့ဒီအမျိုးသမီးက အရမ်းဆက်စီကျတာပဲ ဆိုတာမျိုး အပြင်လောကမှာ ခဏခဏကို ကြားရမှာပါ။ ဒါပေမယ့် ဆက်စီကျတယ်ဆိုတာ ဘယ်လိုအရာများပါလဲ။ ညှို့အားပြင်းပြင်းနဲ့ သူမရဲ့ ရင်သားလေးကို သူတစ်ပါးမြင်အောင် နည်းနည်းလေး လှပ်ပြထားတာကို ပြောတာများလား။ စကတ်တိုလေး ဝတ်ပြီး အားလုံးရှေ့မှာ ဖျတ်ဖျတ်လတ်လတ် လမ်းလျှောက်ပြနေတာမျိုးလား။ ဘယ်လိုအရာမျိုးကိုများ ဆက်စီကျတယ်လို့ ထင်မြင်စေပါသလဲ တကယ်တော့ မိန်းမတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို ဆက်စီကျတယ်လို့ မြင်စေဖို့ဆိုတာ အားလုံးထင်ထားတဲ့အရာတွေထက် အများကြီးပိုပါတယ်။ တကယ်တော့ အမျိုးသမီးတစ်ဦးကို ဆက်စီကျစေတဲ့ အရာတွေက ဒီ (၇)မျိုးသာ ဖြစ်ပါတယ်။

၁။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း

လူတစ်ယောက်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းဟာ အဓိကသော့ချက်တစ်ခုပါ။ လူဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့အခါ သူ့ရဲ့လမ်းလျှောက်ပုံ၊ပြောဆိုပြုမူပုံ၊ အကြည့်၊ အပြုံးစတဲ့အရာအားလုံးဟာ ပြောင်းလဲသွားပါတယ်။ အဲ့ဒီယုံကြည်မှုကပဲ အဲ့ဒီလူကို ပိုဆွဲဆောင်မှုရှိအောင် လုပ်ပေးလိုက်တာပါပဲ။ အောင်မြင်မှုကိုတောင် သူက ယူဆောင်လာနိုင်ပါသေးတယ်။ ဒီတော့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာတာနဲ့အမျှ ဆက်စီကျလာတာပါပဲ။

၂။ရည်မှန်းချက်ကြီးတာ

ရည်မှန်းချက်ရှိခြင်းဟာ လူတစ်ယောက်ဘယ်ကိုသွားရမလဲဆိုတာကို လမ်းညွှန်းပေးနေခြင်းပါ။ သူဟာ ဆက်စီကျပါတယ်။ ကိုယ်သွားမယ့်လမ်း၊ ကိုယ်သွားချင်တဲ့ ပန်းတိုင်းကို တည့်မတ်စွာ သွားနေတဲ့သူတစ်ယောက်လောက် ဆက်စီကျတဲ့သူ ဘယ်သူရှိဦးမှာလဲ။

၃။စိတ်အားထက်သန်တာ

ဘဝအတွက်၊ အခြားလူတစ်ယောက်အတွက်၊ ကိုယ်စိတ်ဝင်စားတဲ့အရာအတွက်၊ ကိုယ့်ဝါသနာအတွက်၊ အနုုပညာ၊ မြူးဇစ် စတာတွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်ဖန်တီးတတ်တဲ့သူဟာ အခြားတစ်ယောက် အမြင်မှာတော့ တကယ်ကို ဆက်စီကျပါတယ်။

၄။ကြင်နာတတ်တဲ့ စိတ်မျိုးရှိတာ

ဒီလို ကိုယ်ကောင်းရင်ပြီးရောဆိုတဲ့ မော်ဒန်ခေတ်ကြီးထဲမှာ ကြင်နာတတ်တဲ့စိတ်ထားမျိုးရှိတာ၊ သူတစ်ပါးကို ကြင်ကြင်နာနာ ဆက်ဆံတတ်တဲ့စိတ်မျိုးရှိသူဟာ တစ်ပါးသူအတွက် တကယ့်ကို ဆွဲဆောင်မှုရှိပါတယ်။

၅။ရိုးသားတာ

အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ရိုးသားတဲ့စိတ်ထားကို ဘာအတွက်မှ ပြောင်းလဲမပစ်ဘူးဆိုရင် ဒီရိုးသားမှုကနေ အခြားအရာတွေကိုပါ ဆင့်ပွားပိုင်ဆိုင်နိုင်ပါတယ်။ သင်ဟာ ဖုံးကွယ်ဟန်ဆောင်တတ်တယ်ဆိုရင် သင့်မှာ ဆက်စီကျဖို့ မပြောနဲ့ ၊ တဖြည်းဖြည်းနဲ့ကို လူ့ချဉ်ဖတ်ဖြစ်လာမှာပါ။ ဒီတော့ သင့်ချစ်သူကိုပဲဖြစ်ဖြစ်၊ သင်နဲ့ပတ်သက်ဆက်ဆံနေရတဲ့ဘယ်သူ့ကိုမဆို ရိုးသားစွာ ဆက်ဆံခြင်းဟာ သင့်ကို ဆက်စီကျစေတယ်ဆိုတာ မယုံမရှိပါနဲ့။

၆။အဆင့်တစ်ခုရှိနေတာ

အဆင့်ရှိတယ်ဆိုတာ သင်ဝတ်ထားတဲ့ အဝတ်အစားပေါ်က ဈေးမဟုတ်ပါဘူး။ သင့်ကို သူတစ်ပါးက ဘယ်လိုဆက်ဆံကြတယ်။ ဘယ်လို လေးစားမှုကြတယ်ဆိုတာ သင့်အဆင့်ကို ပြနေပါတယ်။ လူတစ်ယောက်က ဘယ်လိုနေရာမှာ နေထိုင်တဲ့သူဖြစ်ပါစေ။ ဘယ်လိုအဝတ်အစားကောင်းတွေ ဝတ်ဆင်ထားတဲ့သူဖြစ်ပါစေ။ သူ့ရဲ့အမူအကျင့်က မကောင်းဘူးဆိုရင် သူဟာ အဆင့်မရှိသူတစ်ယောက်ပါပဲ။

၇။ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတာ

လူတစ်ယောက်ကို ကြည့်လိုက်ရင် ထုံထုံထိုင်းထိုင်းပုံနဲ့ ထက်မြက်တဲ့သူကွာပါတယ်။ ဒီနှစ်ဦးမှာ ဘယ်သူကပိုပြီး ဆက်စီကျမလဲဆိုတာ သင်စဉ်းစားကြည့်လိုက်ပါ။ ဉာဏ်ရည်ဉာဏ်သွေးထက်တယ်၊ စဉ်းစားဉာဏ်ရှိတဲ့ အမျိုးသမီးတွေဟာ အခြားလူတွေအတွက်တော့ ဆက်စီကျပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top