စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အမႈစစ္ေဆးေနတာ တစ္ႏွစ္ေက်ာ္ရွိၿပီ ျဖစ္ပါတယ္။
အိမ္အကူမိန္းကေလး ႏွစ္ဦးကို ႏွိပ္စက္တယ္လုိ႔ စြပ္စြဲခံထားရတဲ့ အင္း၀အပ္ခ်ဳပ္ဆိုင္အမႈကုိ ဒီဇင္ဘာ ၁၅ ရက္မွ အၿပီးသတ္ အမိန္႔ခ်မွတ္ေတာ့မယ္လုိ႔ သိရပါတယ္။
အဆိုပါအမႈကုိ ဒီဇင္ဘာ ၁ ရက္က အေနာက္ပုိင္းခ႐ုိင္တရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ရာမွာ တရားလုိ၊ တရားၿပိဳင္ႏွစ္ဖက္ေရွ႕ေနေတြက တရားသူႀကီးထံ ေလွ်ာက္လဲခ်က္ တင္သြင္းခဲ့တာ ျဖစ္ပါတယ္။
အင္း၀အပ္ခ်ဳပ္ဆိုင္ မိသားစု၀င္ ေဒၚတင္သူဇာ၊ ဦးကုိလတ္နဲ႔ ကိုတင္မင္းလတ္တို႔ရဲ႕ ေရွ႕ေနေတြတရားခြင္ကုိ မလာေတာ့လို႔ သူတို႔ သံုးဦးအတြက္ ေလွ်ာက္လဲခ်က္ကုိ ကုိတင္မင္းလတ္ကုိယ္တိုင္ေရးၿပီး တင္သြင္းခဲ့တယ္လုိ႔ သိရပါတယ္။

အင္း၀အပ္ခ်ဳပ္ဆုိင္အမႈကုိ ၂၀၁၆ စက္တင္ဘာကစတင္ၿပီး တစ္ပတ္ကုိ ႐ုံးခ်ိန္းႏွစ္ခ်ိန္းနဲ႔ စစ္ေဆးခဲ့ရာ တစ္ႏွစ္ေက်ာ္ၾကာ ျမင့္ၿပီျဖစ္ပါတယ္။
အင္း၀အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္ ေဒၚတင္သူဇာ၊ သမီးငယ္ မစုမြန္လတ္၊ သား ကုိတင္မင္းလတ္နဲ႔ သမက္ဦးရာဇာထြန္းတို႔ကုိ ကေလးသူငယ္ ဆိုင္ရာဥပေဒပုဒ္မ၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မအပါအ၀င္ ပုဒ္မေလးခုနဲ႔ စြဲခ်က္တင္ထားပါတယ္။
ဒါ့အျပင္ အင္း၀အပ္ခ်ဳပ္ ဆိုင္မိသားစုရဲ႕ သမီးႀကီးေဒၚသီရိလတ္နဲ႔ ေဒၚတင္သူဇာရဲ႕ခင္ပြန္းဦးကုိလတ္ကုိ လူကုန္ကူးမႈမွာ အားေပးအားေျမႇာက္မႈ၊ ပူးေပါင္း ႀကံစည္မႈ၊ အျပင္းအထန္နာက်င္ေစမႈမွာ အားေပးအားေျမႇာက္ျပဳမႈ၊ ပူးေပါင္းႀကံစည္မႈ ပုဒ္မ ၃၂၅/ ၁၁၄ တို႔နဲ႔ စြဲခ်က္တင္စစ္ေဆး ေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အမှုစစ်ဆေးနေတာ တစ်နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။
အိမ်အကူမိန်းကလေး နှစ်ဦးကို နှိပ်စက်တယ်လို့ စွပ်စွဲခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင်အမှုကို ဒီဇင်ဘာ ၁၅ ရက်မှ အပြီးသတ် အမိန့်ချမှတ်တော့မယ်လို့ သိရပါတယ်။
အဆိုပါအမှုကို ဒီဇင်ဘာ ၁ ရက်က အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ တရားလို၊ တရားပြိုင်နှစ်ဖက်ရှေ့နေတွေက တရားသူကြီးထံ လျှောက်လဲချက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ဒေါ်တင်သူဇာ၊ ဦးကိုလတ်နဲ့ ကိုတင်မင်းလတ်တို့ရဲ့ ရှေ့နေတွေတရားခွင်ကို မလာတော့လို့ သူတို့ သုံးဦးအတွက် လျှောက်လဲချက်ကို ကိုတင်မင်းလတ်ကိုယ်တိုင်ရေးပြီး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို ၂၀၁၆ စက်တင်ဘာကစတင်ပြီး တစ်ပတ်ကို ရုံးချိန်းနှစ်ချိန်းနဲ့ စစ်ဆေးခဲ့ရာ တစ်နှစ်ကျော်ကြာ မြင့်ပြီဖြစ်ပါတယ်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ သမီးငယ် မစုမွန်လတ်၊ သား ကိုတင်မင်းလတ်နဲ့ သမက်ဦးရာဇာထွန်းတို့ကို ကလေးသူငယ် ဆိုင်ရာဥပဒေပုဒ်မ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မအပါအဝင် ပုဒ်မလေးခုနဲ့ စွဲချက်တင်ထားပါတယ်။
ဒါ့အပြင် အင်းဝအပ်ချုပ် ဆိုင်မိသားစုရဲ့ သမီးကြီးဒေါ်သီရိလတ်နဲ့ ဒေါ်တင်သူဇာရဲ့ခင်ပွန်းဦးကိုလတ်ကို လူကုန်ကူးမှုမှာ အားပေးအားမြှောက်မှု၊ ပူးပေါင်း ကြံစည်မှု၊ အပြင်းအထန်နာကျင်စေမှုမှာ အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၂၅/ ၁၁၄ တို့နဲ့ စွဲချက်တင်စစ်ဆေး နေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top