န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×






Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
အမေရိကန်နိုင်ငံသား Josh ဆိုသူဟာ ရည်းစားသုံးယောက်ကို တစ်ပြိုင်နက်တည်း တွဲခဲ့ပါတယ်။ ဒီလိုတစ်ပြိုင်တည်း တွဲတဲ့အခါမှာလည်း နောက်ကွယ်မှာ တွဲခဲ့ခြင်းမဟုတ်ဘဲ ပေါ်ပေါ်တင်တင်တွဲခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ ရည်းစားသုံးယောက်ဖြစ်ကြတဲ့ Sarah, Alyssa နဲ့ Mary တို့ဟာလည်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိကြပြီး သူတို့အကြားမှာ ပွင့်လင်းတဲ့သဘောထားနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိတယ်လို့ ဆိုပါတယ်။

Josh ရဲ့ ပြောပြချက်အရဆိုရင်တော့ “Sarah နဲ့ ကျွန်တော်နဲ့ဟာ ချစ်သူတွေ အရင်ဖြစ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပွင့်လင်းတဲ့ သဘောထားရှိတဲ့ Open Relationship ပုံစံမျိုး တွဲခဲ့ကြပါတယ်။ အဲဒီ့နောက်မှာတော့ ကျွန်တော်တို့နဲ့ စိတ်သဘောထားချင်းတူတဲ့ Alyssa နဲ့တွေ့ခဲ့ပြီး သူမဟာလည်း ကျွန်တော်တို့အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်” လို့ဆိုပါတယ်။

နောက်ဆုံး ရည်းစားဖြစ်တဲ့ Mary ကတော့ သူတို့နဲ့ တစ်အိမ်တည်းမနေဘဲ အပြင်မှာ သပ်သပ်နေထိုင်ပါတယ်။ ဒီလိုမျိုး စုပေါင်းမိသားစုပုံစံတည်ဆောက်ရတာဟာ သူတို့အတွက် အလွန်အဆင်ပြေတယ်လို့ ဆိုပါတယ်။

Source – pthonlinemedia

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top