န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္ ႏုိင္ငံ စီခြ်မ္ခ႐ုိင္ ဝန္က်င္းၿမိဳ႕မွာ မိခင္ကုိသတ္ၿပီး ေခါင္းျဖတ္ခဲ့တဲ့ အသက္ ၁၃ ႏွစ္ သားကုိ ဖမ္းဆီးလိုက္တယ္လို႔ ဘီဘီစီသတင္းမွာ ဒီဇင္ဘာ ၈ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ေကာင္ေလးက မိခင္အား သတ္ျဖတ္ခဲ့တာကို ႐ုပ္သံ႐ုိက္ကူးၿပီး တ႐ုတ္ႏုိင္ငံမွာ လူသံုးမ်ားတဲ့ ဝီခ်က္ကေနတဆင့္ ႐ုပ္သံကုိ သူငယ္ခ်င္းေတြဆီပုိ႔ခဲ့ပါတယ္။ ေကာင္ေလးရဲ႕ သူငယ္ခ်င္းေတြထဲက တေယာက္က သူ႔ရဲ႕မိခင္ကုိ ႐ုပ္သံျပအၿပီး ရက္အနည္းငယ္အၾကာမွာ လူငယ္ကို ဖမ္းဆီးလိုက္တာပါ။

ေဒသခံရဲေတြက အမႈကို ဆက္လက္စံုစမ္းေနဆဲလုိ႔ အတည္ျပဳေျပာၾကားေပမယ့္ အေသးစိတ္ကိုေတာ့ ေျပာၾကားျခင္း မရွိပါဘူး။

အခင္းျဖစ္ပြားတာက ဒီဇင္ဘာလ ၃ ရက္ေန႔ညမွာ လူငယ္က မိခင္နဲ႔ ရန္ျဖစ္ၿပီး မိခင္ကို သတ္ခဲ့တာလုိ႔ ေဒသခံသတင္းအရင္းအျမစ္ေတြကို ကိုးကားၿပီး လြတ္လပ္တဲ့အာရွအသံက ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီေနာက္ လူငယ္က မိခင္ရဲ႕ဦးေခါင္းကိုျဖတ္ ေရပံုးထဲထည့္ၿပီး အိမ္အျပင္ဘက္က ေရေျမာင္းထဲ စြန္႔ပစ္ခဲ့တာလုိ႔ ဆုိပါတယ္။

လူငယ္ရဲ႕ သူငယ္ခ်င္းတဦးက သတ္ျဖတ္ခဲ့တဲ့ ဗီြဒီယုိ႐ုပ္သံကို သူ႔ရဲ႕မိဘေတြကို ျပသခဲ့တဲ့ ဒီဇင္ဘာလ ၆ ရက္ေန႔ မတုိင္ခင္အထိ လူသတ္မႈကို မသိရွိခဲ့ပါဘူး။ သူငယ္ခ်င္းရဲ႕ မိဘျဖစ္သူေတြကေတာ့ လူသတ္မႈအေၾကာင္း ရဲေတြကို ခ်က္ျခင္းအေၾကာင္းခဲ့တယ္လုိ႔ ဆုိပါတယ္။ လူငယ္ကို ေက်ာင္းမွာ ဖမ္းဆီးခဲ့တယ္လုိ႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
တရုတ် နိုင်ငံ စီချွမ်ခရိုင် ဝန်ကျင်းမြို့မှာ မိခင်ကိုသတ်ပြီး ခေါင်းဖြတ်ခဲ့တဲ့ အသက် ၁၃ နှစ် သားကို ဖမ်းဆီးလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာ ၈ ရက်နေ့က ဖော်ပြထားပါတယ်။

ကောင်လေးက မိခင်အား သတ်ဖြတ်ခဲ့တာကို ရုပ်သံရိုက်ကူးပြီး တရုတ်နိုင်ငံမှာ လူသုံးများတဲ့ ဝီချက်ကနေတဆင့် ရုပ်သံကို သူငယ်ချင်းတွေဆီပို့ခဲ့ပါတယ်။ ကောင်လေးရဲ့ သူငယ်ချင်းတွေထဲက တယောက်က သူ့ရဲ့မိခင်ကို ရုပ်သံပြအပြီး ရက်အနည်းငယ်အကြာမှာ လူငယ်ကို ဖမ်းဆီးလိုက်တာပါ။

ဒေသခံရဲတွေက အမှုကို ဆက်လက်စုံစမ်းနေဆဲလို့ အတည်ပြုပြောကြားပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

အခင်းဖြစ်ပွားတာက ဒီဇင်ဘာလ ၃ ရက်နေ့ညမှာ လူငယ်က မိခင်နဲ့ ရန်ဖြစ်ပြီး မိခင်ကို သတ်ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး လွတ်လပ်တဲ့အာရှအသံက ဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် လူငယ်က မိခင်ရဲ့ဦးခေါင်းကိုဖြတ် ရေပုံးထဲထည့်ပြီး အိမ်အပြင်ဘက်က ရေမြောင်းထဲ စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

လူငယ်ရဲ့ သူငယ်ချင်းတဦးက သတ်ဖြတ်ခဲ့တဲ့ ဗွီဒီယိုရုပ်သံကို သူ့ရဲ့မိဘတွေကို ပြသခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ မတိုင်ခင်အထိ လူသတ်မှုကို မသိရှိခဲ့ပါဘူး။ သူငယ်ချင်းရဲ့ မိဘဖြစ်သူတွေကတော့ လူသတ်မှုအကြောင်း ရဲတွေကို ချက်ခြင်းအကြောင်းခဲ့တယ်လို့ ဆိုပါတယ်။ လူငယ်ကို ကျောင်းမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top