ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မေန႔က ကြၽန္ေတာ္႔ ကားနဲ႔လိုက္လာတဲ႔ဆရာေတာ္ပါဖားေအာက္ေတာရက လိုက္လာတာ၈ နာရီ ၄၅ ေလာက္ ေမာ္လၿမိဳင္ေရာက္ေတာ့ကားဘယ္အခ်ိန္ျပန္ထြက္မလဲတဲ႔၉ နာရီဆိုေတာ့ Ok တဲ႔ သပိတ္ပိုက္ၿပီးကားေပၚကဆင္းကားဝင္းထဲမွာဆြမ္းခံၿပီးကားေပၚမွာပဲ ဆြမ္းဘုန္းေပးတယ္ေန႔လည္၁၂နာရီမွာ လူတစ္ေယာက္ဖုန္းဆက္တယ္အျမန္လမ္း ၁၈ မိုင္၃ ဖာလုံမွာရပ္ေပးပါတဲ႔ဆရာေတာ္က ပိုက္ဆံမကိုင္ပါဘူးတဲ႔ေသခ်ာဂရုစိုက္ေပးပါတဲ႔အဲ႔နားကေတာထဲမွာ တရားဆက္အားထုတ္မွာမို႔ပါတဲကားေပၚကဆင္းေတာ့ မနက္ကသူအလွဴ ခံလို႔ရတဲ႔မုန္႔ေတြ မယူသြားဘူး က်ေနာ့္ကိုစြန္႔ခဲ႔႔တယ္For you to eat တဲ႔ကြၽန္ေတာ္ ကန္ေတာ့ ေတာ့ ဆုေပးသြားတယ္။

ဘယ္နိုင္ငံသားလဲဘြဲ႕အမည္ဘာလဲဘယ္နွဝါရၿပီလဲမေမးလိုက္ဘူးေမးစရာမွမလိုတာဗုဒၶ ဘုရားရွင္ရဲ႕ သားေတာ္ အစစ္ေလ။

Credit _ ဒကာ​တစ္​​ေယာက္​ တင္​ထားတာ

ဘုန္​းႀကီး​ေတြ ပိုက္​ဆံမပါဘဲဘယ္​လိုခရီးသြားလဲဆိုတာ သိသြားရ​ေအာင္​ပါ။

“ဘုရားစရိတ္ႏွင့္ လူမႈ၀န္ထမ္းလုပ္ငန္း မလုပ္မိပါေစနဲ႔”

ဖားေအာက္ ဆရာေတာ္ဘုရားႀကီးရဲ့ မဟာ၀ိဟာရ ေက်ာင္းတိုက္ (ေမွာ္ဘီ) မွ ကိုရင္ႏွင့္ သံဃာအပါး ၁၂၀၀ အား (03/11/16) ရက္မွာ မိန္႔ၾကားေသာ ၾသ၀ါဒစကား

(ဆုေတာင္းေပးတဲ့ တစ္ပိုဒ္နဲ႔ ၾသ၀ါဒစကား အစပိုင္း ေျပာထားတဲ့ အနည္းငယ္ကို အသံမရွင္းလို႔ ခ်န္လွပ္ထားခဲ့ပါတယ္။)

ေက်ာင္းေတြမွာ ကိုရင္ေလးေတြ မရွိေတာ့ ဘာျဖစ္မလဲ၊ ေက်ာင္းေတြမွာ ကိုရင္ေလးေတြ မရွိေတာ့ ရဟန္းျဖစ္မည့္ပုဂၢိဳလ္ေတြ နည္းလာမယ္။ ဒီႏွစ္ဆိုလို႔ရွိရင္ ရဟန္းသံဃာ ငါးသိန္းခန္႔ ရွိရာကေန ေလးသိန္းေက်ာ္ပဲ ရွိေတာ့တယ္လို႔ သတင္းၾကားပါတယ္။ (နာမည္ မရွင္း) ေလွ်ာက္ထားတာက သံဃမွတ္ပံုတင္ကို လူမွတ္ပံုတင္အျဖစ္ မွတ္ပံုတင္ဌာနမွာ လာေျပာင္းသြားတဲ့ ပုဂၢိဳလ္ ေလးေသာင္းေက်ာ္ခန္႔ ရွိတယ္ဆိုၿပီး တင္ထားပါတယ္ေနာ့္။ သာသနာမွာ သံဃာအေရအတြက္ နည္းပါးလာေနၿပီး တခ်ိန္တည္းမွာ ကိုရင္ေလးေတြ သာသနာမွာ အေရအတြက္ နည္းပါးလာပါတယ္။ ကိုရင္ေလးေတြ သာသနာမွာ အေရအတြက္ နည္းပါးလာတဲ့အတြက္အေၾကာင့္ ရဟန္းသံဃာ အေရအတြက္ဟာလည္း တေျဖးေျဖးနည္းပါးလာျခင္း ျဖစ္ပါတယ္ေနာ့္။ အခုလို ေက်ာင္းတိုက္မွာ ကိုရင္ေလးေတြကို အခုလို မ်ားစြာေတြ႔ရတဲ့အတြက္ စိတ္ထဲမွာ အင္မတန္၀မ္းေျမာက္ ၾကည္ႏူးမိပါတယ္။ ဆက္လက္၍ ႀကိဳးစားၾကပါလို႔ တိုက္တြန္းပါတယ္ေနာ့္။

ျမတ္စြာဘုရား ဆိုဆံုးမေတာ္မူတဲ့ တရားက အလံုးစံုေသာ မေကာင္းမႈဟူသမွ်ကို မျပဳလုပ္ျခင္း၊ အရဟတၱမဂ္တိုင္ေအာင္ေသာ ကုသိုလ္တရားေတြကို ျပည့္စံုေအာင္ ျဖည့္က်င့္ျခင္း ဆိုတဲ့ ဤႏွစ္ရပ္က ျမတ္စြာဘုရား ေပးထားတဲ့ တာ၀န္ျဖစ္ပါတယ္ေနာ့္။ သာသနာမွာ ေနတာက ျမတ္စြာဘုရား ေကၽြးေမြးထားတဲ့ ဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ ေဆးဆိုတဲ့ ပစၥည္းေလးပါးကို သံုးစြဲၿပီး မွီတင္းေနထိုင္ၾကရတာ ျဖစ္တယ္။ ဒါကို သီလ၀ိသုဒၶိအ႒ကထာႀကီးက ဘုရားရွင္ရဲ့စရိတ္နဲ႔ လူမႈ၀န္ထမ္း လုပ္ငန္းေတြ လုပ္မေနၾကနဲ႔ ဒီလိုလည္း ဆံုးမထားပါတယ္ေနာ့္။ ဘုရားစရိတ္နဲ႔ လူမႈ၀န္ထမ္း လုပ္ငန္းေတြ မလုပ္မိေအာင္ ႀကိဳးစားၾကပါ။ ဘုန္းႀကီးတို႔ ဘုရားသာသနာမွာ လုပ္ရမည့္တာ၀န္က စာေပက်မး္ဂန္ သင္ၾကား၊ ပို႔ခ်ျခင္းဆိုတဲ့ လုပ္ငန္းတာ၀န္ကတခု၊ ၀ိပႆနာ တရားဘာ၀နာ က်င့္ၾကံႀကိဳးကုတ္ ပြားမ်ားအားထုတ္ျခင္း ဆိုတဲ့ လုပ္ငန္းကတခု ဒီတာ၀န္ႏွစ္ခုပဲ ရွိပါတယ္။ အဲဒီတာ၀န္ ႏွစ္ခုကို မလုပ္ဘဲ တျခားအပိုအလုပ္ေတြ ေလွ်ာက္လုပ္ေနမယ္ဆိုရင္ ဘုရားစရိတ္နဲ႔ လူမႈ၀န္ထမ္း လုပ္ငန္းေတြကို ျပဳလုပ္ေနျခင္းပဲ ျဖစ္ပါတယ္ေနာ့္။ အဲဒီလို ဘုရားစရိတ္နဲ႔ လူမႈ၀န္ထမ္း လုပ္ငန္းေတြကို မလုပ္မိေအာင္ ႀကိဳးစားၾကပါေနာ့္။

ဘာတာ၀န္ လုပ္ရမလဲ၊ ဂႏၳာဓုရ စာေပက်မ္းဂန္ သင္ၾကားပို႔ခ်ျခင္းဆိုတဲ့ တာ၀န္တခု၊ ၀ိပႆ နာဓုရ ဘာ၀နာေတြကို ေအာင္ေအာင္ျမင္ျမင္ တကယ္လက္ေတြ႔ က်င့္ၾကံႀကိဳးကုပ္ ပြားမ်ားအားထုတ္ျခင္းဆိုတဲ့ တာ၀န္ကတခု ဒီတာ၀န္ ႏွစ္ခုကိုသာ သာသနာေတာ္မွာ ေနထိုင္ၿပီးေတာ့ ေဆာင္ရြက္ဖို႔ဆိုတာ မေမ့ၾကပါနဲ႔ေနာ့္။ ဒီေန႔ ၾသ၀ါဒကို ဒီေနရာမွာပဲ ရပ္ဆိုင္းၿပီးေတာ့ ဆက္လက္ၿပီး က်င့္ၾကံႀကိဳးကုပ္ ပြားမ်ားအားထုတ္ ႏိုင္ၾကပါေစလို႔ တိုက္တြန္းပါတယ္။

Credit – ဦး ခႏၱီသာရ

“အားလံုးကို သိရင္ အားလံုးကို ခြင့္လႊတ္ႏိုင္တယ္”

‘To know all is to forgive all’

ဒါ သိပ္အေရးႀကီးတယ္။ တရားနာပရိသတ္ေတြ ခြင့္လႊတ္ႏိုင္ၾကရဲ႕လား။ ခြင့္လႊတ္ႏိုင္တဲ့ ဒကာႀကီးကလည္း ခြင့္လႊတ္ႏိုင္တယ္လို႔ေျဖတယ္၊ ဘာမွ မေျပာဘဲ ျပံဳးေနတဲ့ ဒကာမႀကီးေတြက ခြင့္မလႊတ္ႏိုင္ေသးပါဘူးဘုရားလို႔ အသံတိတ္ အေျဖေပးေနၾကပံုရတယ္ေနာ္။

ခြင့္လႊတ္ႏိုင္တဲ့ ပုဂၢိဳလ္ေတြက ဆက္ၿပီး ခြင့္လႊတ္ႏိုင္ေအာင္ ႀကိဳးစားၾကပါ။ ခြင့္လႊတ္ႏိုင္ေအာင္ ေလ့က်င့္ေနတဲ့ ပုဂၢိဳလ္ေတြလည္းဆက္ၿပီး ေလ့က်င့္ၾကပါ။ ခြင့္မလႊတ္ႏိုင္ေသးတဲ့ ပုဂၢိဳလ္ေတြလည္းခြင့္လႊတ္ႏိုင္ေအာင္ ႀကိဳးစားၾကေပါ့။

ခြင့္မလႊတ္ႏိုင္ရင္ ကိုယ္ပဲ ဆင္းရဲတာပါ။

ဘ၀ရတာ ဒုကၡကို ရတာပါ။ သို႔ေသာ္လည္း ပစၥဳပၸန္ အားထုတ္ျပဳျပင္မႈလို႔ ေခၚတဲ့စိတ္ကို ထိန္းသိမ္းျပဳျပင္မႈရွိရင္ ခ်မ္းသာျခင္းကိုရႏိုင္ပါတယ္။ စိတ္ကို ထိန္းသိမ္းႏိုင္ရင္, ယဥ္ေက်းေအာင္ လုပ္ႏိုင္ရင္ခ်မ္းသာကို ရပါတယ္။

စိတ္ကို မထိန္းသိမ္းတဲ့အတြက္ ဆင္းရဲဖို႔ ျဖစ္သြားမယ္ဆိုရင္မေကာင္းဘူး။ ခြင့္မလႊတ္ႏိုင္ျခင္းတည္းဟူေသာ အေၾကာင္းေၾကာင့္မိမိ ဆင္းရဲဖို႔ ျဖစ္တယ္ဆိုရင္ ခြင့္လႊတ္ႏိုင္ေအာင္ ႀကိဳးစားရမယ္။ ဒါမွ မိမိ ဘ၀ အဓိပၸာယ္ရွိမယ္၊ တန္ဖိုးရွိမယ္ေနာ္။

ဘာေၾကာင့္ ခြင့္လႊတ္ဖို႔ လိုသလဲ၊

ခြင့္လႊတ္ျခင္းဆိုတာ သူေတာ္ေကာင္းတို႔ရဲ႕ ခြန္အား ျဖစ္လို႔ပဲ။ လူမိုက္တို႔ရဲ႕ ခြန္အားက ခြင့္လႊတ္ျခင္း မဟုတ္ဘူး၊ တုန္႔ျပန္ျခင္း ကလဲ့စားေခ်ျခင္းပဲ။

မိုးနဲ႔ေျမႀကီးမဆံုႏိုင္သလို သူေတာ္ေကာင္းတို႔ရဲ႕ တရားနဲ႔မသူေတာ္တို႔ရဲ႕တရားဆံုႏိုင္ဖို႔လမ္း ဘယ္ေသာအခါမွ မရွိဘူး။ အၿပိဳင္သြားေနတဲ့ မ်ဥ္းႏွစ္ေၾကာင္းနဲ႔သိပ္တူတယ္။

ဒါေၾကာင့္ ပညာရွိတို႔ရဲ႕ ခြန္အားလို႔ ေခၚတဲ့ ခြင့္လႊတ္ျခင္း ခြန္အားမိမိမွာ တည္တံ့လာေအာင္ ႀကိဳးစားဖို႔ လုိတယ္။

ဘယ္အခါမွာ ခြင့္လႊတ္လာႏိုင္မလဲ။

‘To know all is to forgive all’

“အားလံုးကို သိရင္ အားလံုးကို ခြင့္လႊတ္ႏိုင္တယ္”။

ဒါ ျမတ္စြာဘုရားရွင္ရဲ႕ ဂုဏ္တစ္မ်ဳိးပါ။ ဘုရားရွင္က အားလံုးကိုသိေတာ့ အားလံုးကို ခြင့္လႊတ္ႏိုင္တယ္ေနာ္။

ဘုန္းႀကီးတို႔တစ္ေတြက အားလံုးကို မသိေတာ့ အားလံုးကို ခြင့္မလႊတ္ႏိုင္ဘူး။သို႔ေသာ္လည္း ခြင့္လႊတ္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ ခြင့္လည္း ခြင့္လႊတ္ေနပါတယ္လို႔ ေျပာမယ္ဆိုရင္ ေျပာႏိုင္ပါတယ္။

ကိုယ့္ကိုယ္ကို တန္ဖိုးရွိေအာင္ ေနခ်င္တယ္၊ တန္ဖိုးမဲ့ မျဖစ္ေအာင္ျပဳခ်င္တယ္၊ေလးေလးနက္နက္နဲ႔ ေနခ်င္တဲ့အတြက္ ခြင့္လႊတ္ႏိုင္ဖို႔ ႀကိဳးစားရပါတယ္။ နည္းနည္းသိရင္ နည္းနည္း ခြင့္လႊတ္ႏိုင္တယ္္ေနာ္။ မ်ားမ်ားသိရင္ မ်ားမ်ား ခြင့္လႊတ္ႏိုင္တဲ့အတြက္ မ်ားမ်ားသိေအာင္ ႀကိဳးစားေနရပါတယ္။

မိမိရဲ႕ မိတ္ေဆြအေၾကာင္း အားနည္းခ်က္ အားသာခ်က္ေတြ သိလာတဲ့အခါသေဘာထားမွန္တဲ့သူ ျဖစ္ရင္ အားနည္းခ်က္ အေပၚမွာလည္း ခြင့္လႊတ္ႏုိင္တယ္။ အားသာခ်က္အေပၚမွာလည္း ၀မ္းသာႏိုင္တယ္ေနာ္၊ ၀မ္းမသာႏိုင္ျခင္းကို သေဘာထားမမွန္ျခင္းလို႔ ေျပာႏိုင္တယ္။ ခြင့္မလႊတ္ႏိုင္ျခင္းကိုလည္း သေဘာထားမမွန္ျခင္းလို႔ ေျပာႏိုင္သလို ခြင့္မလႊတ္ျခင္းကို အေပၚယံ ဆက္ဆံမႈလို႔လည္း ေျပာႏိုင္တယ္။

ခြင့္လႊတ္ျခင္း မပါတဲ့ ဆက္ဆံေရးဟာ ဘယ္လို ေလးနက္မလဲ။ တစ္ေယာက္ကိုတစ္ေယာက္ အက်ဳိးေဆာင္ႏိုင္ဖို႔ ခက္သြားတယ္ေနာ္။

ေလးနက္တဲ့ ဆက္ဆံေရးမွန္ရင္ ခြင့္လႊတ္ျခင္း ပါရမယ္။အေပၚယံ မဆံတဲ့ ဆက္ဆံေရးမွန္ရင္ ခြင့္လႊတ္ျခင္း ပါရမယ္။အဓိပၸာယ္ရွိတဲ့ ဆက္ဆံေရးမွန္ရင္ ခြင့္လႊတ္ျခင္း ပါရမယ္။ဒါေၾကာင့္ ခြင့္လႊတ္ႏိုင္ဖို႔ ဘုန္းႀကီးတို႔အားလံုး ႀကိဳးစားရမယ္။ခြင့္လႊတ္ႏိုင္တဲ့အခါ ရင့္က်က္လာတယ္ေနာ္။

ေလာကမွာ ပုဂၢိဳလ္အမ်ဳိးမ်ဳိး ရွိတယ္ေနာ္၊သူတစ္ပါးကို ခြင့္မလႊတ္ႏိုင္တဲ့ ပုဂၢိဳလ္၊မိမိကိုယ္ကို ခြင့္မလႊတ္ႏိုင္တဲ့ ပုဂၢိဳလ္၊မိမိကိုယ္ကိုလည္း ခြင့္လႊတ္ႏိုင္တယ္ သူတစ္ပါးကိုလည္း ခြင့္လႊတ္ႏိုင္တဲ့ပုဂၢိဳလ္ဆိုၿပီး ရွိတယ္ေနာ္။

ဒီပုဂၢိဳလ္ေတြထဲမွာ မိမိကိုယ္ကိုေရာ သူတစ္ပါးကိုေရာ ခြင့္လႊတ္ႏိုင္တဲ့ သူကေတာ့ အေကာင္းဆံုးပဲ။ မိမိကိုယ္ကိုလည္း ခြင့္လႊတ္ႏိုင္ရမယ္၊ သူတစ္ပါးကိုလည္း ခြင့္လႊတ္ႏိုင္ရမယ္။

အရွင္ေရဝတ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဖားေအာက္ေတာရ

# Unicode Version ျဖင့္ ဖတ္ပါ #
မနေ့က ကျွန်တော့် ကားနဲ့လိုက်လာတဲ့ဆရာတော်ပါဖားအောက်တောရက လိုက်လာတာ၈ နာရီ ၄၅ လောက် မော်လမြိုင်ရောက်တော့ကားဘယ်အချိန်ပြန်ထွက်မလဲတဲ့၉ နာရီဆိုတော့ Ok တဲ့ သပိတ်ပိုက်ပြီးကားပေါ်ကဆင်းကားဝင်းထဲမှာဆွမ်းခံပြီးကားပေါ်မှာပဲ ဆွမ်းဘုန်းပေးတယ်နေ့လည်၁၂နာရီမှာ လူတစ်ယောက်ဖုန်းဆက်တယ်အမြန်လမ်း ၁၈ မိုင်၃ ဖာလုံမှာရပ်ပေးပါတဲ့ဆရာတော်က ပိုက်ဆံမကိုင်ပါဘူးတဲ့သေချာဂရုစိုက်ပေးပါတဲ့အဲ့နားကတောထဲမှာ တရားဆက်အားထုတ်မှာမို့ပါတဲကားပေါ်ကဆင်းတော့ မနက်ကသူအလှူ ခံလို့ရတဲ့မုန့်တွေ မယူသွားဘူး ကျနော့်ကိုစွန့်ခဲ့တယ်For you to eat တဲ့ကျွန်တော် ကန်တော့ တော့ ဆုပေးသွားတယ်။

ဘယ်နိုင်ငံသားလဲဘွဲ့အမည်ဘာလဲဘယ်နှဝါရပြီလဲမမေးလိုက်ဘူးမေးစရာမှမလိုတာဗုဒ္ဓ ဘုရားရှင်ရဲ့ သားတော် အစစ်လေ။

Credit _ ဒကာတစ်ယောက် တင်ထားတာ

ဘုန်းကြီးတွေ ပိုက်ဆံမပါဘဲဘယ်လိုခရီးသွားလဲဆိုတာ သိသွားရအောင်ပါ။

“ဘုရားစရိတ်နှင့် လူမှုဝန်ထမ်းလုပ်ငန်း မလုပ်မိပါစေနဲ့”

ဖားအောက် ဆရာတော်ဘုရားကြီးရဲ့ မဟာဝိဟာရ ကျောင်းတိုက် (မှော်ဘီ) မှ ကိုရင်နှင့် သံဃာအပါး ၁၂၀၀ အား (03/11/16) ရက်မှာ မိန့်ကြားသော သြဝါဒစကား

(ဆုတောင်းပေးတဲ့ တစ်ပိုဒ်နဲ့ သြဝါဒစကား အစပိုင်း ပြောထားတဲ့ အနည်းငယ်ကို အသံမရှင်းလို့ ချန်လှပ်ထားခဲ့ပါတယ်။)

ကျောင်းတွေမှာ ကိုရင်လေးတွေ မရှိတော့ ဘာဖြစ်မလဲ၊ ကျောင်းတွေမှာ ကိုရင်လေးတွေ မရှိတော့ ရဟန်းဖြစ်မည့်ပုဂ္ဂိုလ်တွေ နည်းလာမယ်။ ဒီနှစ်ဆိုလို့ရှိရင် ရဟန်းသံဃာ ငါးသိန်းခန့် ရှိရာကနေ လေးသိန်းကျော်ပဲ ရှိတော့တယ်လို့ သတင်းကြားပါတယ်။ (နာမည် မရှင်း) လျှောက်ထားတာက သံဃမှတ်ပုံတင်ကို လူမှတ်ပုံတင်အဖြစ် မှတ်ပုံတင်ဌာနမှာ လာပြောင်းသွားတဲ့ ပုဂ္ဂိုလ် လေးသောင်းကျော်ခန့် ရှိတယ်ဆိုပြီး တင်ထားပါတယ်နော့်။ သာသနာမှာ သံဃာအရေအတွက် နည်းပါးလာနေပြီး တချိန်တည်းမှာ ကိုရင်လေးတွေ သာသနာမှာ အရေအတွက် နည်းပါးလာပါတယ်။ ကိုရင်လေးတွေ သာသနာမှာ အရေအတွက် နည်းပါးလာတဲ့အတွက်အကြောင့် ရဟန်းသံဃာ အရေအတွက်ဟာလည်း တဖြေးဖြေးနည်းပါးလာခြင်း ဖြစ်ပါတယ်နော့်။ အခုလို ကျောင်းတိုက်မှာ ကိုရင်လေးတွေကို အခုလို များစွာတွေ့ရတဲ့အတွက် စိတ်ထဲမှာ အင်မတန်ဝမ်းမြောက် ကြည်နူးမိပါတယ်။ ဆက်လက်၍ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်နော့်။

မြတ်စွာဘုရား ဆိုဆုံးမတော်မူတဲ့ တရားက အလုံးစုံသော မကောင်းမှုဟူသမျှကို မပြုလုပ်ခြင်း၊ အရဟတ္တမဂ်တိုင်အောင်သော ကုသိုလ်တရားတွေကို ပြည့်စုံအောင် ဖြည့်ကျင့်ခြင်း ဆိုတဲ့ ဤနှစ်ရပ်က မြတ်စွာဘုရား ပေးထားတဲ့ တာဝန်ဖြစ်ပါတယ်နော့်။ သာသနာမှာ နေတာက မြတ်စွာဘုရား ကျွေးမွေးထားတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို သုံးစွဲပြီး မှီတင်းနေထိုင်ကြရတာ ဖြစ်တယ်။ ဒါကို သီလဝိသုဒ္ဓိအဋ္ဌကထာကြီးက ဘုရားရှင်ရဲ့စရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေ လုပ်မနေကြနဲ့ ဒီလိုလည်း ဆုံးမထားပါတယ်နော့်။ ဘုရားစရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေ မလုပ်မိအောင် ကြိုးစားကြပါ။ ဘုန်းကြီးတို့ ဘုရားသာသနာမှာ လုပ်ရမည့်တာဝန်က စာပေကျမ်းဂန် သင်ကြား၊ ပို့ချခြင်းဆိုတဲ့ လုပ်ငန်းတာဝန်ကတခု၊ ဝိပဿနာ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း ဆိုတဲ့ လုပ်ငန်းကတခု ဒီတာဝန်နှစ်ခုပဲ ရှိပါတယ်။ အဲဒီတာဝန် နှစ်ခုကို မလုပ်ဘဲ တခြားအပိုအလုပ်တွေ လျှောက်လုပ်နေမယ်ဆိုရင် ဘုရားစရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေကို ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်နော့်။ အဲဒီလို ဘုရားစရိတ်နဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေကို မလုပ်မိအောင် ကြိုးစားကြပါနော့်။

ဘာတာဝန် လုပ်ရမလဲ၊ ဂန္ထာဓုရ စာပေကျမ်းဂန် သင်ကြားပို့ချခြင်းဆိုတဲ့ တာဝန်တခု၊ ဝိပဿ နာဓုရ ဘာဝနာတွေကို အောင်အောင်မြင်မြင် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုပ် ပွားများအားထုတ်ခြင်းဆိုတဲ့ တာဝန်ကတခု ဒီတာဝန် နှစ်ခုကိုသာ သာသနာတော်မှာ နေထိုင်ပြီးတော့ ဆောင်ရွက်ဖို့ဆိုတာ မမေ့ကြပါနဲ့နော့်။ ဒီနေ့ သြဝါဒကို ဒီနေရာမှာပဲ ရပ်ဆိုင်းပြီးတော့ ဆက်လက်ပြီး ကျင့်ကြံကြိုးကုပ် ပွားများအားထုတ် နိုင်ကြပါစေလို့ တိုက်တွန်းပါတယ်။

Credit – ဦး ခန္တီသာရ

“အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်တယ်”

‘To know all is to forgive all’

ဒါ သိပ်အရေးကြီးတယ်။ တရားနာပရိသတ်တွေ ခွင့်လွှတ်နိုင်ကြရဲ့လား။ ခွင့်လွှတ်နိုင်တဲ့ ဒကာကြီးကလည်း ခွင့်လွှတ်နိုင်တယ်လို့ဖြေတယ်၊ ဘာမှ မပြောဘဲ ပြုံးနေတဲ့ ဒကာမကြီးတွေက ခွင့်မလွှတ်နိုင်သေးပါဘူးဘုရားလို့ အသံတိတ် အဖြေပေးနေကြပုံရတယ်နော်။

ခွင့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ဆက်ပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားကြပါ။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဆက်ပြီး လေ့ကျင့်ကြပါ။ ခွင့်မလွှတ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေလည်းခွင့်လွှတ်နိုင်အောင် ကြိုးစားကြပေါ့။

ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ဆင်းရဲတာပါ။

ဘဝရတာ ဒုက္ခကို ရတာပါ။ သို့သော်လည်း ပစ္စုပ္ပန် အားထုတ်ပြုပြင်မှုလို့ ခေါ်တဲ့စိတ်ကို ထိန်းသိမ်းပြုပြင်မှုရှိရင် ချမ်းသာခြင်းကိုရနိုင်ပါတယ်။ စိတ်ကို ထိန်းသိမ်းနိုင်ရင်, ယဉ်ကျေးအောင် လုပ်နိုင်ရင်ချမ်းသာကို ရပါတယ်။

စိတ်ကို မထိန်းသိမ်းတဲ့အတွက် ဆင်းရဲဖို့ ဖြစ်သွားမယ်ဆိုရင်မကောင်းဘူး။ ခွင့်မလွှတ်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့်မိမိ ဆင်းရဲဖို့ ဖြစ်တယ်ဆိုရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားရမယ်။ ဒါမှ မိမိ ဘ၀ အဓိပ္ပာယ်ရှိမယ်၊ တန်ဖိုးရှိမယ်နော်။

ဘာကြောင့် ခွင့်လွှတ်ဖို့ လိုသလဲ၊

ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတို့ရဲ့ ခွန်အား ဖြစ်လို့ပဲ။ လူမိုက်တို့ရဲ့ ခွန်အားက ခွင့်လွှတ်ခြင်း မဟုတ်ဘူး၊ တုန့်ပြန်ခြင်း ကလဲ့စားချေခြင်းပဲ။

မိုးနဲ့မြေကြီးမဆုံနိုင်သလို သူတော်ကောင်းတို့ရဲ့ တရားနဲ့မသူတော်တို့ရဲ့တရားဆုံနိုင်ဖို့လမ်း ဘယ်သောအခါမှ မရှိဘူး။ အပြိုင်သွားနေတဲ့ မျဉ်းနှစ်ကြောင်းနဲ့သိပ်တူတယ်။

ဒါကြောင့် ပညာရှိတို့ရဲ့ ခွန်အားလို့ ခေါ်တဲ့ ခွင့်လွှတ်ခြင်း ခွန်အားမိမိမှာ တည်တံ့လာအောင် ကြိုးစားဖို့ လိုတယ်။

ဘယ်အခါမှာ ခွင့်လွှတ်လာနိုင်မလဲ။

‘To know all is to forgive all’

“အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်တယ်”။

ဒါ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တစ်မျိုးပါ။ ဘုရားရှင်က အားလုံးကိုသိတော့ အားလုံးကို ခွင့်လွှတ်နိုင်တယ်နော်။

ဘုန်းကြီးတို့တစ်တွေက အားလုံးကို မသိတော့ အားလုံးကို ခွင့်မလွှတ်နိုင်ဘူး။သို့သော်လည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားနေပါတယ်။ ခွင့်လည်း ခွင့်လွှတ်နေပါတယ်လို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေချင်တယ်၊ တန်ဖိုးမဲ့ မဖြစ်အောင်ပြုချင်တယ်၊လေးလေးနက်နက်နဲ့ နေချင်တဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရပါတယ်။ နည်းနည်းသိရင် နည်းနည်း ခွင့်လွှတ်နိုင်တယ်နော်။ များများသိရင် များများ ခွင့်လွှတ်နိုင်တဲ့အတွက် များများသိအောင် ကြိုးစားနေရပါတယ်။

မိမိရဲ့ မိတ်ဆွေအကြောင်း အားနည်းချက် အားသာချက်တွေ သိလာတဲ့အခါသဘောထားမှန်တဲ့သူ ဖြစ်ရင် အားနည်းချက် အပေါ်မှာလည်း ခွင့်လွှတ်နိုင်တယ်။ အားသာချက်အပေါ်မှာလည်း ဝမ်းသာနိုင်တယ်နော်၊ ဝမ်းမသာနိုင်ခြင်းကို သဘောထားမမှန်ခြင်းလို့ ပြောနိုင်တယ်။ ခွင့်မလွှတ်နိုင်ခြင်းကိုလည်း သဘောထားမမှန်ခြင်းလို့ ပြောနိုင်သလို ခွင့်မလွှတ်ခြင်းကို အပေါ်ယံ ဆက်ဆံမှုလို့လည်း ပြောနိုင်တယ်။

ခွင့်လွှတ်ခြင်း မပါတဲ့ ဆက်ဆံရေးဟာ ဘယ်လို လေးနက်မလဲ။ တစ်ယောက်ကိုတစ်ယောက် အကျိုးဆောင်နိုင်ဖို့ ခက်သွားတယ်နော်။

လေးနက်တဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။အပေါ်ယံ မဆံတဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။ဒါကြောင့် ခွင့်လွှတ်နိုင်ဖို့ ဘုန်းကြီးတို့အားလုံး ကြိုးစားရမယ်။ခွင့်လွှတ်နိုင်တဲ့အခါ ရင့်ကျက်လာတယ်နော်။

လောကမှာ ပုဂ္ဂိုလ်အမျိုးမျိုး ရှိတယ်နော်၊သူတစ်ပါးကို ခွင့်မလွှတ်နိုင်တဲ့ ပုဂ္ဂိုလ်၊မိမိကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့ ပုဂ္ဂိုလ်၊မိမိကိုယ်ကိုလည်း ခွင့်လွှတ်နိုင်တယ် သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုပြီး ရှိတယ်နော်။

ဒီပုဂ္ဂိုလ်တွေထဲမှာ မိမိကိုယ်ကိုရော သူတစ်ပါးကိုရော ခွင့်လွှတ်နိုင်တဲ့ သူကတော့ အကောင်းဆုံးပဲ။ မိမိကိုယ်ကိုလည်း ခွင့်လွှတ်နိုင်ရမယ်၊ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်ရမယ်။

အရှင်ရေဝတ

ဖိုးသူတော် (www.phothutaw.com)
Credit: ဖားအောက်တောရ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top