ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရန္ျဖစ္စကားမ်ားေနခ်ိန္မွာ တစ္စံုတစ္ေယာက္ကို စကားလံုးတစ္လံုးတည္းနဲ႔ အေသသတ္လို႔ရတယ္ဆုိရင္ ယံုမလား။ စိတ္ဆိုးေနခ်ိန္မွာ စကားေတြက မထိန္းႏိုင္ေတာ့ဘူးေလ။ အဲ့လိုနဲ႔ပဲ ၿပီးဆံုးသြားရတဲ့ ဇာတ္လမ္းေတြ အမ်ားႀကီး႐ွိခဲ့ဖူးတယ္။ ခ်စ္သူနဲ႔ ရန္ျဖစ္ေနခ်ိန္မွာ ေရွာင္သင့္တာေတြကိုေရွာင္မွ FA ဘဝ ျပန္ေရာက္မယ့္ အေျခအေနကို ေရွာင္လႊဲႏိုင္မွာပါ။

၁။ ေဘးလူဆြဲမထည့္နဲ႔

သမီးရည္းစားေတြ ရန္ျဖစ္ၿပီဆို သူ႕ဘာသာ ေနေနတဲ့ ေဘးလူေတြကို ဆြဲထည့္တာ။ ဟိုလူ႔တုိင္၊ ဒီလူ႔တုိင္နဲ႔ လုပ္တတ္လား။ ကိုယ္ေတြၾကားက ျပႆနာကို ကိုယ္ေတြပဲ မ်က္ႏွာခ်င္းဆုိင္ရွင္းပါ။ ေဘးလူေတြဆြဲထည့္ရင္ သူတုိ႔လည္းစိတ္ညစ္တယ္။ လူမ်ားလာ စကားေတြပုိရႈပ္လာရင္ ပိုဆိုးမွာ။

၂။ အၾကမ္းမဖက္ရ

ကိုယ္ထိလက္ေရာက္ မက်ဴးလြန္မိပါေစနဲ႔။ ေဒါသစိတ္နဲ႔ဆုိေတာ့ ေျခလြန္လက္လြန္ျဖစ္သြားတတ္တယ္။ ကိုယ္ခ်စ္တဲ့လူက ကုိယ့္ကိုနာက်င္ေအာင္လုပ္တဲ့အခါ ခံစားရတဲ့ ၀မ္းနည္းနာက်င္မႈက ေသရာပါပဲ။

၃။ လမ္းခြဲစကားမေျပာေၾကး

ဘယ္ေတာ့မွ မေျပာမိပါေစနဲ႔။ ခဏတျဖဳတ္ ရန္ျဖစ္စကားမ်ားတာနဲ႔ လမ္းခြဲစရာလား။ ထစ္ခနဲဆို ျပတ္မယ္ ျဖတ္မယ္ခ်ည္း ခဏခဏေျပာေနရင္ ဟိုက တကယ္ျဖတ္သြားမွ ရင္ကြဲပက္လက္ျဖစ္ၿပီး က်န္ေနရဦးမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
ရန်ဖြစ်စကားများနေချိန်မှာ တစ်စုံတစ်ယောက်ကို စကားလုံးတစ်လုံးတည်းနဲ့ အသေသတ်လို့ရတယ်ဆိုရင် ယုံမလား။ စိတ်ဆိုးနေချိန်မှာ စကားတွေက မထိန်းနိုင်တော့ဘူးလေ။ အဲ့လိုနဲ့ပဲ ပြီးဆုံးသွားရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့ဖူးတယ်။ ချစ်သူနဲ့ ရန်ဖြစ်နေချိန်မှာ ရှောင်သင့်တာတွေကိုရှောင်မှ FA ဘဝ ပြန်ရောက်မယ့် အခြေအနေကို ရှောင်လွှဲနိုင်မှာပါ။

၁။ ဘေးလူဆွဲမထည့်နဲ့

သမီးရည်းစားတွေ ရန်ဖြစ်ပြီဆို သူ့ဘာသာ နေနေတဲ့ ဘေးလူတွေကို ဆွဲထည့်တာ။ ဟိုလူ့တိုင်၊ ဒီလူ့တိုင်နဲ့ လုပ်တတ်လား။ ကိုယ်တွေကြားက ပြဿနာကို ကိုယ်တွေပဲ မျက်နှာချင်းဆိုင်ရှင်းပါ။ ဘေးလူတွေဆွဲထည့်ရင် သူတို့လည်းစိတ်ညစ်တယ်။ လူများလာ စကားတွေပိုရှုပ်လာရင် ပိုဆိုးမှာ။

၂။ အကြမ်းမဖက်ရ

ကိုယ်ထိလက်ရောက် မကျူးလွန်မိပါစေနဲ့။ ဒေါသစိတ်နဲ့ဆိုတော့ ခြေလွန်လက်လွန်ဖြစ်သွားတတ်တယ်။ ကိုယ်ချစ်တဲ့လူက ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့အခါ ခံစားရတဲ့ ဝမ်းနည်းနာကျင်မှုက သေရာပါပဲ။

၃။ လမ်းခွဲစကားမပြောကြေး

ဘယ်တော့မှ မပြောမိပါစေနဲ့။ ခဏတဖြုတ် ရန်ဖြစ်စကားများတာနဲ့ လမ်းခွဲစရာလား။ ထစ်ခနဲဆို ပြတ်မယ် ဖြတ်မယ်ချည်း ခဏခဏပြောနေရင် ဟိုက တကယ်ဖြတ်သွားမှ ရင်ကွဲပက်လက်ဖြစ်ပြီး ကျန်နေရဦးမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
#Unicode Version#

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top