လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

Myanmar Idol Season-2 ၏ Winner ဆုရွင္ သားငယ္က ပထမဆံုးတစ္ကိုယ္ေတာ္အ ေခြကို ျပင္ဆင္ေနၿပီး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ထြက္ရွိရန္ ၾကန္႔ ၾကာေနေၾကာင္း အဆိုေတာ္သား ငယ္က ေျပာသည္။

‘‘အဆိုအတီး အကုန္ၿပီးသြား ပါၿပီ။ ထြက္ဖို႔ပဲက်န္ေတာ့တာပါ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အ သစ္ေတြဆိုခ်င္တယ္။ ဒါေပမဲ့ ကိုယ္ကအေနာက္မွာ မိခင္တပ္ ရင္း Myanmar Idol နဲ႔တိုင္ပင္ရ တယ္၊  ေဆြးေႏြးရတယ္ဆိုေတာ့ တစ္ကိုယ္တည္းသမား လိုမ်ိဳး ေတာ့ သြားလုပ္လို႔မရဘူး။ ဒါက လည္း ကြၽန္ေတာ္တို႔အေပၚမွာ ေကာင္းမြန္တဲ့ ထိန္းခ်ဳပ္မႈတစ္ခု လုပ္ေပးတာဆိုေတာ့ ၾကန္႔ၾကာေန တဲ့ အပိုင္းေလးေတြျဖစ္ေနတာပါ’’ ဟု ၎ကေျပာသည္။

သီခ်င္းအသစ္ကို ေမွ်ာ္လင့္ ေနသည့္ ပရိသတ္မ်ားအတြက္ ကိုယ္ပိုင္သီခ်င္း မရွိိေသးေသာ ေၾကာင့္ ၿငီးေငြ႕လာမည္ကို စိုးရိမ္ ၿပီး တစ္ကိုယ္ေတာ္အေခြ ထြက္ ခ်င္ေနၿပီဟု ၎ကေျပာသည္။

‘‘ၿပိဳင္ပြဲကလာတဲ့သူျဖစ္တဲ့ အတြက္၊ ၿပိဳင္ပြဲမွာလည္းသီခ်င္းအမ်ိဳးအစား အမ်ားႀကီးဆိုခဲ့ရတဲ့သူျဖစ္တဲ့အတြက္ ပရိသတ္ေတြ လည္း ေက်နပ္ေအာင္ သီခ်င္းအ မ်ိဳးအစားအစံု ထည့္ထားပါ တယ္။ ကြၽန္ေတာ္သီခ်င္းသိပ္မ ေရးတတ္တဲ့အတြက္ ကိုယ္တိုင္ ေရးသီခ်င္းေတြေတာ့ မပါပါဘူး’’ ဟု သားငယ္က ေျပာသည္။

လက္ရွိတြင္ တီးၿပီးဆိုၿပီး သား ၁၄ ပုဒ္ထဲမွ အႀကိဳက္ဆံုးသီ ခ်င္းမ်ား ျပန္ေရြးမည္ျဖစ္ၿပီး ေတး ေရးမ်ားအေနျဖင့္ ကိုျမင့္၊ လင္း လင္း၊ ညီမင္းခိုင္၊ သာဒီးလူႏွင့္ အျခားေသာေတးေရးမ်ား ပါဝင္ မည္ျဖစ္သည္။

၂၀၁၇ သည္ ၎ကိုအဆို ေတာ္တစ္ေယာက္ျဖစ္ေစခဲ့သည့္ ႏွစ္ျဖစ္ေသာေၾကာင့္ ၂၀၁၈ တြင္လည္း ဆက္လက္ကံေကာင္းခ်င္ ေၾကာင္း ဆိုသည္။

‘‘သီခ်င္းေတြပဲ ဆိုခ်င္ပါ တယ္။ အေၾကာ္ပဲေၾကာ္တတ္တာ ပါ။ ဒါေပမဲ့ အေၾကာ္ေတာ့ ျပန္မ ေၾကာ္ခ်င္ေတာ့ဘူးေပါ့။ ဒီဘဝ ေရာက္ၿပီးမွေတာ့ သီခ်င္းေတြပဲ တစ္သက္လံုးဆိုေနခ်င္တယ္။ ဂီတအႏုပညာနဲ႔ပဲ အသက္ဆက္ ရွင္ခ်င္တယ္။ ဒီအတိုင္းေလး ဆက္ျဖစ္ဖို႔ပဲ ေမွ်ာ္လင့္တယ္။ ကိုယ္ကိုယ္တိုင္လည္း ဝမ္းစာ ျဖည့္ေနပါတယ္’’ ဟု သားငယ္က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
Myanmar Idol Season-2 ၏ Winner ဆုရှင် သားငယ်က ပထမဆုံးတစ်ကိုယ်တော်အ ခွေကို ပြင်ဆင်နေပြီး အကြောင်း အမျိုးမျိုးကြောင့် ထွက်ရှိရန် ကြန့် ကြာနေကြောင်း အဆိုတော်သား ငယ်က ပြောသည်။

‘‘အဆိုအတီး အကုန်ပြီးသွား ပါပြီ။ ထွက်ဖို့ပဲကျန်တော့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အ သစ်တွေဆိုချင်တယ်။ ဒါပေမဲ့ ကိုယ်ကအနောက်မှာ မိခင်တပ် ရင်း Myanmar Idol နဲ့တိုင်ပင်ရ တယ်၊  ဆွေးနွေးရတယ်ဆိုတော့ တစ်ကိုယ်တည်းသမား လိုမျိုး တော့ သွားလုပ်လို့မရဘူး။ ဒါက လည်း ကျွန်တော်တို့အပေါ်မှာ ကောင်းမွန်တဲ့ ထိန်းချုပ်မှုတစ်ခု လုပ်ပေးတာဆိုတော့ ကြန့်ကြာနေ တဲ့ အပိုင်းလေးတွေဖြစ်နေတာပါ’’ ဟု ၎င်းကပြောသည်။

သီချင်းအသစ်ကို မျှော်လင့် နေသည့် ပရိသတ်များအတွက် ကိုယ်ပိုင်သီချင်း မရှိသေးသော ကြောင့် ငြီးငွေ့လာမည်ကို စိုးရိမ် ပြီး တစ်ကိုယ်တော်အခွေ ထွက် ချင်နေပြီဟု ၎င်းကပြောသည်။

‘‘ပြိုင်ပွဲကလာတဲ့သူဖြစ်တဲ့ အတွက်၊ ပြိုင်ပွဲမှာလည်းသီချင်းအမျိုးအစား အများကြီးဆိုခဲ့ရတဲ့သူဖြစ်တဲ့အတွက် ပရိသတ်တွေ လည်း ကျေနပ်အောင် သီချင်းအ မျိုးအစားအစုံ ထည့်ထားပါ တယ်။ ကျွန်တော်သီချင်းသိပ်မ ရေးတတ်တဲ့အတွက် ကိုယ်တိုင် ရေးသီချင်းတွေတော့ မပါပါဘူး’’ ဟု သားငယ်က ပြောသည်။

လက်ရှိတွင် တီးပြီးဆိုပြီး သား ၁၄ ပုဒ်ထဲမှ အကြိုက်ဆုံးသီ ချင်းများ ပြန်ရွေးမည်ဖြစ်ပြီး တေး ရေးများအနေဖြင့် ကိုမြင့်၊ လင်း လင်း၊ ညီမင်းခိုင်၊ သာဒီးလူနှင့် အခြားသောတေးရေးများ ပါဝင် မည်ဖြစ်သည်။

၂၀၁၇ သည် ၎င်းကိုအဆို တော်တစ်ယောက်ဖြစ်စေခဲ့သည့် နှစ်ဖြစ်သောကြောင့် ၂၀၁၈ တွင်လည်း ဆက်လက်ကံကောင်းချင် ကြောင်း ဆိုသည်။

‘‘သီချင်းတွေပဲ ဆိုချင်ပါ တယ်။ အကြော်ပဲကြော်တတ်တာ ပါ။ ဒါပေမဲ့ အကြော်တော့ ပြန်မ ကြော်ချင်တော့ဘူးပေါ့။ ဒီဘဝ ရောက်ပြီးမှတော့ သီချင်းတွေပဲ တစ်သက်လုံးဆိုနေချင်တယ်။ ဂီတအနုပညာနဲ့ပဲ အသက်ဆက် ရှင်ချင်တယ်။ ဒီအတိုင်းလေး ဆက်ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ကိုယ်ကိုယ်တိုင်လည်း ဝမ်းစာ ဖြည့်နေပါတယ်’’ ဟု သားငယ်က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top