ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တိုင္းမ္မဂၢဇင္း၏ ၂၀၁၇ ၾသဇာအလႊမ္းမိုးဆုံး ပုဂၢိဳလ္ေနာက္ဆုံးအ ဆင့္ ဆန္ခါတင္စာရင္းကို အင္န္ဘီ စီ႐ုပ္သံက တနလၤာေန႔တြင္ ေဖာ္ ထုတ္တင္ျပခဲ့သည္။ တိုင္းမ္မဂၢဇင္း သည္ ၁၉၂၇ ကတည္းက ႏွစ္တစ္ႏွစ္အတြင္း သတင္းမ်ားမွ အေကာင္းဘက္ကျဖစ္ျဖစ္၊ အဆိုးဘက္ကျဖစ္ျဖစ္ ၾသဇာသက္ေရာက္မႈ အလႊမ္းမိုးႏုိင္ဆုံးသူတစ္ဦး (သို႔မဟုတ္) အုပ္စုတစ္စုကို ေရြးခ်ယ္ေဖာ္ထုတ္သတ္မွတ္ခဲ့သည္။

မၾကာေသးမီႏွစ္မ်ားအတြင္း တိုင္းမ္မဂၢဇင္း၏ ၾသဇာလႊမ္းမိုးမႈ အရွိဆုံးပုဂၢိဳလ္ေနာက္ဆုံးအဆင့္ ဆန္ခါတင္စာရင္းတြင္ ဟီလာရီကလင္တန္၊ ေဖ့စ္ဘြတ္ခ္ဆုိရွယ္မီဒီယာ အမႈေဆာင္အရာရွိ မက္ခ္ဇူကာဘက္၊ ႐ုရွားသမၼတ ပူတင္ႏွင့္ အဆိုေတာ္ ဘီယြန္ေစးတို႔ ပါ၀င္သည္။ အဖဲြ႕အစည္းမ်ားအေနျဖင့္ လူမည္းအခြင့္အေရးလႈပ္ရွားသူမ်ားအဖဲြ႕၊လူေတြ၏မ်ဳိး႐ုိးဗီဇကို ေျပာင္းလဲေသာ နည္းပညာ ကို အသုံးျပဳေရးလႈပ္ရွားသူ သိပၸံ ပညာရွင္တို႔ပါ၀င္သည္။

ယခုႏွစ္ ဆန္ခါတင္စာရင္း တြင္ ပါ၀င္သူမ်ားသည္ ေအာက္ပါအတုိင္းျဖစ္ၿပီး အကၡရာစဥ္အ လုိက္စီထားျခင္းျဖစ္သည္။

အေမဇုန္အြန္လုိင္းေစ်း သူေဌး ဂ်က္ဖ္ဘီ႐ိုစ္

ယခုႏွစ္ ကမၻာေက်ာ္ အ ေမဇုန္အြန္လုိင္းေစ်းပိုင္ရွင္ ဂ်က္ဖ္ ဘီ႐ိုစ္က ယခုႏွစ္ကမၻာတြင္ အ ခ်မ္းသာဆုံး အမ်ဳိးသားျဖစ္လာ ခဲ့သည္။ သူ၏အေမဇုန္အြန္လုိင္း ေစ်းနယ္ပယ္ကိုလည္း တစ္ကမၻာ လုံးေရာက္ေအာင္ ဆက္လက္ တိုးခ်ဲ႕ေနသည္။

စိတ္ကူးယဥ္အိပ္မက္မက္သူမ်ား

စိတ္ကူးယဥ္အိပ္မက္မက္ သူမ်ားဆုိသည္က တရား၀င္ေန ထုိင္ခြင့္ မရွိဘဲ အေမရိကကို ေရႊ႕ ေျပာင္းအေျခခ်သူ မိဘမ်ား၏ ေခၚလာမႈေၾကာင့္ ငယ္စဥ္ကေလး ဘ၀ကတည္းက အေမရိကကို ေရာက္ေနသူမ်ားျဖစ္သည္။

သမၼတ ထရန္႔အစိုးရအဖဲြ႕က သူတို႔ေတြကို ခြင့္ျပဳထားေသာ ယခင္သမၼတအုိဘားမား၏ အစီ အစဥ္ကို အဆုံးသတ္ရန္ျပင္ဆင္ ေနသည္။ သူတုိ႔ေတြ အေမရိ ကန္မွာ တရား၀င္ေနထုိင္ခြင့္ ရွိ၊ မရွိ ျပႆနာကုိ မေျဖရွင္းႏုိင္ပါ က အစိုးရအုပ္ခ်ဳပ္ေရးယႏၲရား မ်ား ရပ္ေအာင္ဖိအားေပးမည္ဟု ဒီမုိကရက္အခ်ဳိ႕က ၿခိမ္းေျခာက္ ထားသည္။

ပတ္တီဂ်န္ကင္စ္

၀မ္ဒါး၀ူးမန္း႐ုပ္ရွင္ကို ႐ုိက္ ကူးသူ ဒါ႐ုိက္တာ ပတ္တီဂ်န္ ကင္စ္သည္ ယခုႏွစ္မွာ အဆုိပါကားကို ၀င္ေငြအေကာင္းဆုံးစံခ်ိန္သစ္ ခ်ဳိးေအာင္႐ိုက္ႏုိင္သူ ျဖစ္သည္။

 ပက္တီသည္ ပထမဆုံး ေအာင္ျမင္သည့္ အမ်ဳိးသမီးသူရဲ ေကာင္း ဇာတ္ကားမ်ဳိးကို ႐ုိက္ကူး သူအမ်ဳိးသမီး ဒါ႐ုိက္တာျဖစ္လာ ၿပီး သူ၏ဇာတ္ကားသည္ ႐ုံတင္ သည့္ ပထမပတ္မွာပင္ ေဒၚလာ သန္း ၁၀၀ ရခဲ့သည္။ လူအမ်ား ေမွ်ာ္လင့္ေနေသာ အမ်ဳိးသမီး သူရဲေကာင္း၀မ္ဒါး၀ူးမန္း ႐ုပ္ရွင္ ဒုတိယကား ႐ုိက္ကူးရန္ သူက သေဘာတူ လက္မွတ္ေရးထုိးထားသည္။

ကင္ဂ်ဳံအန္

တုိက္ႀကီးမ်ားကို ျဖတ္ေက်ာ္ ပစ္လႊတ္ႏုိင္သည့္ တာေ၀းပစ္ဒုံး က်ည္မ်ားကို အဆက္မျပတ္စမ္း သပ္ျပျခင္းျဖင့္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္က အ ေမရိကန္တို႔၏ စိတ္ထဲကို ႏ်ဴကလီးယားစစ္ပဲြ ၿခိမ္းေျခာက္မႈမ်ား အသစ္တစ္ဖန္ ျပန္လည္စတင္ေန သည္။ သူ႔ကို ေရာ့ကတ္လူသားဟု  နာ မည္ေျပာင္ေခၚေသာ သမၼတ ထရန္႔ကို ျပန္လည္တုံ႔ျပန္ျပျခင္း ျဖစ္သည္။

ေကာလင္းေကပါနစ္ခ္

 ဆန္ဖရန္ စစၥကို နာမည္ ေက်ာ္ အေမရိကန္ေဘာလုံး အား ကစားသမား ေကာလင္းသည္ ႏုိင္ငံေတာ္သီခ်င္းဆုိခ်ိန္တြင္ လူမ်ဳိးေရးခဲြျခားမႈႏွင့္ ရဲမ်ား၏ ရက္စက္ စြာ ႏွိမ္နင္းမႈမ်ားကို ဆႏၵျပသည့္ အေနျဖင့္ ဒူးေထာက္မႈကို စတင္ခဲ့ သည္။

 ထုိ႔ေၾကာင့္ ယခုႏွစ္အားက စားရာသီ၌ သူ႔ကိုဘယ္အသင္းက မွ မေခၚေတာ့ေပ။ တခ်ဳိ႕အားက စားသမားမ်ားက ယခုထိႏုိင္ငံ ေတာ္သီခ်င္းဖြင့္ခ်ိန္မွာ ဒူးေထာက္ေနေသးသျဖင့္ သမၼတထရန္႔ဆီက ျပစ္တင္မႈမ်ားရွိေသာ္လည္း ယခုႏွစ္တြင္ ဆႏၵျပမႈက ပိုမိုႀကီးထြားလာ၏။

Me Too လႈပ္ရွားမႈ

အမ်ဳိးသမီးမ်ားအေနျဖင့္ လိင္ပိုင္ဆုိင္ရာ အႏုိင္က်င့္ေစာ္ ကားမႈမ်ားကို ေဖာ္ထုတ္ဖို႔အား ေပးသည့္ ဆုိရွယ္မီဒီယာေပၚက #Me Too လႈပ္ရွားမႈသည္ ေဟာလိ၀ုဒ္က ႐ုပ္ရွင္ထုတ္လုပ္သူ ဟာေဗး၀ိုင္စတိန္းကို အမ်ဳိးသမီးမ်ား အေပၚ မေတာ္တေရာ္ ဆက္ဆံ မႈမ်ား လုပ္ခဲ့သူအျဖစ္ စြပ္စဲြမႈမ်ား အမ်ားအျပား ထြက္ခဲ့ၿပီး ေနာက္  ေပၚေပါက္ခဲ့သည္။

ထို႔ေနာက္ လုပ္ငန္းခြင္တြင္ အမ်ဳိးသမီးမ်ားအေပၚ မေတာ္တ ေရာ္ ျပဳက်င့္မႈႏွင့္ပတ္သက္ၿပီး ေဟာလိ၀ုဒ္၊ မီဒီယာ၊ စီးပြားေရး ႏွင့္ ႏုိင္ငံေရးနယ္ပယ္က အမ်ဳိး သားေခါင္းေဆာင္မ်ားကို ျပစ္တင္စြပ္စဲြရန္ တြန္းအားေပးသလုိ ျဖစ္ေစခဲ့သည္။

ေရာဘတ္မူလာ

အက္ဖ္ဘီအုိင္၏ ၫႊန္ၾကား ေရးမွဴး ဂ်ိမ္းစ္ကိုမီကို သမၼတ ထရန္႔က ရာထူးျဖဳတ္ခ်ၿပီးေနာက္  အထူးစစ္ေဆးေရးေကာင္စီ အဖဲြ႕ အႀကီးအကဲအျဖစ္ ခန္႔အပ္ခံရသူ ေရာဘတ္မူလာက ၂၀၁၆ အေမရိကန္သမၼတ ေရြးေကာက္ပဲြတြင္ ႐ုရွႏုိင္ငံပါ၀င္ပတ္သက္မႈ ရွိ၊ မရွိစစ္ေဆးေနသူျဖစ္သည္။ ယခုအခ်ိန္အထိ သူကလူေလးဦးကို အေရးယူဖို႔ ေဖာ္ထုတ္ခဲ့ၿပီး ျဖစ္ သည္။

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာ မက္ဘင္ဆလာမန္

အသက္(၃၂)ႏွစ္အရြယ္ ေဆာ္ဒီဘုရင္ ဆာလမန္၏ သား ေတာ္ အိမ္ေရွ႕မင္းသား မိုဟာ မက္ဆာလာမန္သည္ မၾကာေသး မီက အက်င့္ပ်က္ျခစားသည္ဟု စြပ္စဲြၿပီး ေဆာ္ဒီစီးပြားေရးလုပ္ငန္း ရွင္အေတာ္မ်ားမ်ားႏွင့္ ဘုရင့္ ေဆြေတာ္ မ်ဳိးေတာ္မ်ားကို ၿဖိဳခြင္း ၿပီး အက်ယ္ခ်ဳပ္ဖမ္းဆီးထား သည္။ သည္အျဖစ္အပ်က္ကို အေတာ္မ်ားမ်ားက မင္းသား၏ အာဏာကိုခုိင္မာေအာင္ လုပ္ သည့္ လုပ္ေဆာင္မႈဟု ျမင္ၾက သည္။

ထရန္႔

ယခင္ ၂၀၁၆ ၏ ၾသဇာတ္ လႊမ္းမိုးႏုိင္ဆုံး ပုဂၢိဳလ္ အေမရိကန္ သမၼတထရန္႔သည္ သမၼတအျဖစ္ တာ၀န္ယူခဲ့သည္မွာ တစ္ႏွစ္ရွိ ၿပီ ျဖစ္သည္။ သူသည္ က်န္းမာေရးေစာင့္ေရွာက္မႈကေန လူ၀င္မႈေရးရာ မူ၀ါဒ၊ သဘာ၀၀န္းက်င္ ကေန အခြန္ေဆာင္မႈအထိ ယခင္သမၼတအုိဘားမားလုပ္ခဲ့သည့္ အရာမ်ားကို ဖ်က္ပစ္ဖို႔ ႀကိဳးစားေန သည္။

 အျငင္းပြားရန္ျဖစ္မႈမ်ားႏွင့္ ျပႆနာတက္စရာ တြစ္တာပို႔စ္မ်ားတင္ျခင္းကို ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္သည္။

စီက်င္းပင္

တ႐ုတ္သမၼတ စီက်င္းပင္ သည္ ေနာက္ထပ္ငါးႏွစ္သက္ တမ္းတာ၀န္ထပ္မံထမ္းေဆာင္ရ မည္ျဖစ္သည္။ သူ႔နာမည္ကုိ ကြန္ ျမဴနစ္ပါတီ အေျခခံဥပေဒထဲပင္ ထည့္သြင္းျခင္းပင္ ခံရသူ ျဖစ္ သည္။  ထုိ႔ေၾကာင့္ သူကတ႐ုတ္ အစိုးရသစ္ကိုေအာင္ျမင္စြာ ဦး ေဆာင္ႏုိင္သည့္အျပင္ သူသည္ ဆယ္စုႏွစ္မ်ားအတြင္း တ႐ုတ္ ႏုိင္ငံ၏ အာဏာအရွိဆုံး ေခါင္း ေဆာင္တစ္ဦးျဖစ္လာခဲ့သည္။

အထက္ေဖာ္ျပပါ ပုဂၢိဳလ္ မ်ားအနက္ တစ္ဦးကို ၂၀၁၇ ၾသဇာအႀကီးမားဆုံး ပုဂၢိဳလ္အျဖစ္ အေမရိကန္စံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ နံနက္ ၇ နာရီတြင္ တိုင္းမ္မဂၢဇင္း က ေၾကညာမည္ျဖစ္သည္။

ကိုးကား-တိုင္းမ္မဂၢဇင္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၇ သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်နောက်ဆုံးအ ဆင့် ဆန်ခါတင်စာရင်းကို အင်န်ဘီ စီရုပ်သံက တနင်္လာနေ့တွင် ဖော် ထုတ်တင်ပြခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း သည် ၁၉၂၇ ကတည်းက နှစ်တစ်နှစ်အတွင်း သတင်းများမှ အကောင်းဘက်ကဖြစ်ဖြစ်၊ အဆိုးဘက်ကဖြစ်ဖြစ် သြဇာသက်ရောက်မှု အလွှမ်းမိုးနိုင်ဆုံးသူတစ်ဦး (သို့မဟုတ်) အုပ်စုတစ်စုကို ရွေးချယ်ဖော်ထုတ်သတ်မှတ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ်နောက်ဆုံးအဆင့် ဆန်ခါတင်စာရင်းတွင် ဟီလာရီကလင်တန်၊ ဖေ့စ်ဘွတ်ခ်ဆိုရှယ်မီဒီယာ အမှုဆောင်အရာရှိ မက်ခ်ဇူကာဘက်၊ ရုရှားသမ္မတ ပူတင်နှင့် အဆိုတော် ဘီယွန်စေးတို့ ပါဝင်သည်။ အဖွဲ့အစည်းများအနေဖြင့် လူမည်းအခွင့်အရေးလှုပ်ရှားသူများအဖွဲ့၊လူတွေ၏မျိုးရိုးဗီဇကို ပြောင်းလဲသော နည်းပညာ ကို အသုံးပြုရေးလှုပ်ရှားသူ သိပ္ပံ ပညာရှင်တို့ပါဝင်သည်။

ယခုနှစ် ဆန်ခါတင်စာရင်း တွင် ပါဝင်သူများသည် အောက်ပါအတိုင်းဖြစ်ပြီး အက္ခရာစဉ်အ လိုက်စီထားခြင်းဖြစ်သည်။

အမေဇုန်အွန်လိုင်းဈေး သူဌေး ဂျက်ဖ်ဘီရိုစ်

ယခုနှစ် ကမ္ဘာကျော် အ မေဇုန်အွန်လိုင်းဈေးပိုင်ရှင် ဂျက်ဖ် ဘီရိုစ်က ယခုနှစ်ကမ္ဘာတွင် အ ချမ်းသာဆုံး အမျိုးသားဖြစ်လာ ခဲ့သည်။ သူ၏အမေဇုန်အွန်လိုင်း ဈေးနယ်ပယ်ကိုလည်း တစ်ကမ္ဘာ လုံးရောက်အောင် ဆက်လက် တိုးချဲ့နေသည်။

စိတ်ကူးယဉ်အိပ်မက်မက်သူများ

စိတ်ကူးယဉ်အိပ်မက်မက် သူများဆိုသည်က တရားဝင်နေ ထိုင်ခွင့် မရှိဘဲ အမေရိကကို ရွှေ့ ပြောင်းအခြေချသူ မိဘများ၏ ခေါ်လာမှုကြောင့် ငယ်စဉ်ကလေး ဘဝကတည်းက အမေရိကကို ရောက်နေသူများဖြစ်သည်။

သမ္မတ ထရန့်အစိုးရအဖွဲ့က သူတို့တွေကို ခွင့်ပြုထားသော ယခင်သမ္မတအိုဘားမား၏ အစီ အစဉ်ကို အဆုံးသတ်ရန်ပြင်ဆင် နေသည်။ သူတို့တွေ အမေရိ ကန်မှာ တရားဝင်နေထိုင်ခွင့် ရှိ၊ မရှိ ပြဿနာကို မဖြေရှင်းနိုင်ပါ က အစိုးရအုပ်ချုပ်ရေးယန္တရား များ ရပ်အောင်ဖိအားပေးမည်ဟု ဒီမိုကရက်အချို့က ခြိမ်းခြောက် ထားသည်။

ပတ်တီဂျန်ကင်စ်

ဝမ်ဒါးဝူးမန်းရုပ်ရှင်ကို ရိုက် ကူးသူ ဒါရိုက်တာ ပတ်တီဂျန် ကင်စ်သည် ယခုနှစ်မှာ အဆိုပါကားကို ဝင်ငွေအကောင်းဆုံးစံချိန်သစ် ချိုးအောင်ရိုက်နိုင်သူ ဖြစ်သည်။

 ပက်တီသည် ပထမဆုံး အောင်မြင်သည့် အမျိုးသမီးသူရဲ ကောင်း ဇာတ်ကားမျိုးကို ရိုက်ကူး သူအမျိုးသမီး ဒါရိုက်တာဖြစ်လာ ပြီး သူ၏ဇာတ်ကားသည် ရုံတင် သည့် ပထမပတ်မှာပင် ဒေါ်လာ သန်း ၁၀၀ ရခဲ့သည်။ လူအများ မျှော်လင့်နေသော အမျိုးသမီး သူရဲကောင်းဝမ်ဒါးဝူးမန်း ရုပ်ရှင် ဒုတိယကား ရိုက်ကူးရန် သူက သဘောတူ လက်မှတ်ရေးထိုးထားသည်။

ကင်ဂျုံအန်

တိုက်ကြီးများကို ဖြတ်ကျော် ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံး ကျည်များကို အဆက်မပြတ်စမ်း သပ်ပြခြင်းဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အ မေရိကန်တို့၏ စိတ်ထဲကို နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုများ အသစ်တစ်ဖန် ပြန်လည်စတင်နေ သည်။ သူ့ကို ရော့ကတ်လူသားဟု  နာ မည်ပြောင်ခေါ်သော သမ္မတ ထရန့်ကို ပြန်လည်တုံ့ပြန်ပြခြင်း ဖြစ်သည်။

ကောလင်းကေပါနစ်ခ်

 ဆန်ဖရန် စစ္စကို နာမည် ကျော် အမေရိကန်ဘောလုံး အား ကစားသမား ကောလင်းသည် နိုင်ငံတော်သီချင်းဆိုချိန်တွင် လူမျိုးရေးခွဲခြားမှုနှင့် ရဲများ၏ ရက်စက် စွာ နှိမ်နင်းမှုများကို ဆန္ဒပြသည့် အနေဖြင့် ဒူးထောက်မှုကို စတင်ခဲ့ သည်။

 ထို့ကြောင့် ယခုနှစ်အားက စားရာသီ၌ သူ့ကိုဘယ်အသင်းက မှ မခေါ်တော့ပေ။ တချို့အားက စားသမားများက ယခုထိနိုင်ငံ တော်သီချင်းဖွင့်ချိန်မှာ ဒူးထောက်နေသေးသဖြင့် သမ္မတထရန့်ဆီက ပြစ်တင်မှုများရှိသော်လည်း ယခုနှစ်တွင် ဆန္ဒပြမှုက ပိုမိုကြီးထွားလာ၏။

Me Too လှုပ်ရှားမှု

အမျိုးသမီးများအနေဖြင့် လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့်စော် ကားမှုများကို ဖော်ထုတ်ဖို့အား ပေးသည့် ဆိုရှယ်မီဒီယာပေါ်က #Me Too လှုပ်ရှားမှုသည် ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိုင်စတိန်းကို အမျိုးသမီးများ အပေါ် မတော်တရော် ဆက်ဆံ မှုများ လုပ်ခဲ့သူအဖြစ် စွပ်စွဲမှုများ အများအပြား ထွက်ခဲ့ပြီး နောက်  ပေါ်ပေါက်ခဲ့သည်။

ထို့နောက် လုပ်ငန်းခွင်တွင် အမျိုးသမီးများအပေါ် မတော်တ ရော် ပြုကျင့်မှုနှင့်ပတ်သက်ပြီး ဟောလိဝုဒ်၊ မီဒီယာ၊ စီးပွားရေး နှင့် နိုင်ငံရေးနယ်ပယ်က အမျိုး သားခေါင်းဆောင်များကို ပြစ်တင်စွပ်စွဲရန် တွန်းအားပေးသလို ဖြစ်စေခဲ့သည်။

ရောဘတ်မူလာ

အက်ဖ်ဘီအိုင်၏ ညွှန်ကြား ရေးမှူး ဂျိမ်းစ်ကိုမီကို သမ္မတ ထရန့်က ရာထူးဖြုတ်ချပြီးနောက်  အထူးစစ်ဆေးရေးကောင်စီ အဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံရသူ ရောဘတ်မူလာက ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှနိုင်ငံပါဝင်ပတ်သက်မှု ရှိ၊ မရှိစစ်ဆေးနေသူဖြစ်သည်။ ယခုအချိန်အထိ သူကလူလေးဦးကို အရေးယူဖို့ ဖော်ထုတ်ခဲ့ပြီး ဖြစ် သည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာ မက်ဘင်ဆလာမန်

အသက်(၃၂)နှစ်အရွယ် ဆော်ဒီဘုရင် ဆာလမန်၏ သား တော် အိမ်ရှေ့မင်းသား မိုဟာ မက်ဆာလာမန်သည် မကြာသေး မီက အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲပြီး ဆော်ဒီစီးပွားရေးလုပ်ငန်း ရှင်အတော်များများနှင့် ဘုရင့် ဆွေတော် မျိုးတော်များကို ဖြိုခွင်း ပြီး အကျယ်ချုပ်ဖမ်းဆီးထား သည်။ သည်အဖြစ်အပျက်ကို အတော်များများက မင်းသား၏ အာဏာကိုခိုင်မာအောင် လုပ် သည့် လုပ်ဆောင်မှုဟု မြင်ကြ သည်။

ထရန့်

ယခင် ၂၀၁၆ ၏ သြဇာတ် လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် အမေရိကန် သမ္မတထရန့်သည် သမ္မတအဖြစ် တာဝန်ယူခဲ့သည်မှာ တစ်နှစ်ရှိ ပြီ ဖြစ်သည်။ သူသည် ကျန်းမာရေးစောင့်ရှောက်မှုကနေ လူဝင်မှုရေးရာ မူဝါဒ၊ သဘာ၀၀န်းကျင် ကနေ အခွန်ဆောင်မှုအထိ ယခင်သမ္မတအိုဘားမားလုပ်ခဲ့သည့် အရာများကို ဖျက်ပစ်ဖို့ ကြိုးစားနေ သည်။

 အငြင်းပွားရန်ဖြစ်မှုများနှင့် ပြဿနာတက်စရာ တွစ်တာပို့စ်များတင်ခြင်းကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

စီကျင်းပင်

တရုတ်သမ္မတ စီကျင်းပင် သည် နောက်ထပ်ငါးနှစ်သက် တမ်းတာဝန်ထပ်မံထမ်းဆောင်ရ မည်ဖြစ်သည်။ သူ့နာမည်ကို ကွန် မြူနစ်ပါတီ အခြေခံဥပဒေထဲပင် ထည့်သွင်းခြင်းပင် ခံရသူ ဖြစ် သည်။  ထို့ကြောင့် သူကတရုတ် အစိုးရသစ်ကိုအောင်မြင်စွာ ဦး ဆောင်နိုင်သည့်အပြင် သူသည် ဆယ်စုနှစ်များအတွင်း တရုတ် နိုင်ငံ၏ အာဏာအရှိဆုံး ခေါင်း ဆောင်တစ်ဦးဖြစ်လာခဲ့သည်။

အထက်ဖော်ပြပါ ပုဂ္ဂိုလ် များအနက် တစ်ဦးကို ၂၀၁၇ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီတွင် တိုင်းမ်မဂ္ဂဇင်း က ကြေညာမည်ဖြစ်သည်။

ကိုးကား-တိုင်းမ်မဂ္ဂဇင်း

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top