ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေျခဗလာနဲ႕ လမ္းေလ်ွာက္ျခင္းက အားလုံးထဲ ေပ်ာ္ဖို႔အေကာင္းဆုံး ခံစားမႈတစ္ခု ျဖစ္ပါတယ္။ သို႔မဟုတ္ ေႏြရာသီရက္ေတြမွာ ညွပ္ဖိနပ္စီးျခင္း၊ သုိ႔မဟုတ္ ကမ္းေျခမွာ ေျခဗလာ လမ္းေလွ်ာက္ျခင္းနဲ႔ လိႈင္းစီးျခင္း တို႔ကို လုပ္ေဆာင္ရတာ ႏွစ္သက္သေဘာက်သူ မ်ားစြာရိွၾကေပမယ့္ ေျခဖဝါး အက္ကြဲျခင္းက ဒါေတြ မလုပ္ေဆာင္ဖုိ႔ တားျမစ္ထားပါတယ္။ ေျခဖဝါး အက္ကြဲျခင္းျပသနာ ေက်ာ္လႊားေစမယ့္ ရုိးရွင္းေသာ ေဆးနည္း (၂) ခု ရိွပါတယ္။

သံပုယုိသီး

သံပုယိုရည္က အေရာင္ခြ်တ္ပစၥည္းအျဖစ္ အသုုံးျပဳရုံမက အေရျပားကို ျဖဴေဖြးေစျခင္းနဲ႔ ေျခဖဝါး အက္ကြဲျခင္း ကုသျခင္းအတြက္ အထူးေကာင္းမြန္တဲ့ အရာတစ္ခုလည္း ျဖစ္ပါတယ္။ သံပုယိုသီးကို ႏွစ္ျခမ္းလွီးျပီး တစ္ျခမ္း ယူပါ။ အဲဒီ သံပုယိုသီး တစ္ျခမ္းေလးကို အရည္ညွစ္ထုတ္ရင္း ေျခဖဝါးအက္ကြဲေၾကာင္းထဲ ဝင္ေအာင္ ပြတ္လိမ္းေပးပါ။ ၅ မိနစ္ခန္႔ လုပ္ေပးရပါမယ္။ ေနာက္ ႏူးညံ့တဲ့ အဝတ္စေလး သုိ႔မဟုတ္ စုတ္တံေလးနဲ႔ ညင္သာစြာ ပြတ္ေပးပါတယ္။ ေရျဖင့္ ျပန္ေဆးေပးရပါမယ္။ ေနာက္ သံပုယိုသီးတစ္လုံး ညွစ္ထည့္ထားတဲ့ ေရေႏြးပုံးငယ္ေလး တစ္ခုထဲမွာလည္း ေျခေထာက္ကို စိမ္ေပးႏုိင္ပါတယ္။ ေျခေထာက္ကို ၁၅-၂၀ မိနစ္ေလာက္ စိမ္ေပးပါ။ ဒါကို တစ္ပတ္ ၂-၃ ၾကိမ္ လုပ္ေပးပါ။ သံပုယိုရည္ကို ၾကိတ္ေျခထားတဲ့ သေဘၤာသီးပ်စ္ရည္နဲ႔ ေရာစပ္ျပီး ေျခဖဝါး အက္ကြဲရာေတြမွာ လိမ္းေပးႏုိင္ပါတယ္။ ၁၅-၂၀ မိနစ္ၾကာျပီးေနာက္ ရိုးရိုးေရနဲ႔ ေဆးေၾကာေပးပါ။

ငွက္ေပ်ာသီးနဲ႔ ေထာပတ္သီးရည္ပ်စ္ပ်စ္

လြယ္ကူျပီး ေဘးဥပဒ္ေတြမရိွတဲ့ ေနာက္နည္းလမ္းတစ္ခုက ငွက္ေပ်ာသီးနဲ႔ ေထာပတ္သီးျဖင့္ ျပဳလုပ္တဲ့ အရည္ပ်စ္ပ်စ္ေလးကို လိမ္းေပးျခင္း ျဖစ္ပါတယ္။ ေထာပတ္သီးမွာလည္း essential oils ၊ vitamins နဲ႔ အသားေရ ထိန္းသိမ္း ျပဳျပင္ေပးတဲ့ အဆီေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ငွက္ေပ်ာ္သီးက်ေတာ့ အလွဆီကဲ့သုိ႔ စြမ္းေဆာင္ေပးျပီး အသားေရကို ပိုမိုႏူးညံ့ေခ်ာေမြ႔ေစပါတယ္။ ငွက္ေပ်ာသီးမွည့္ (၁) လုံး နဲ႔ ေထာပတ္သီး တစ္ျခမ္းကို ေရာၾကိတ္ျပီး ပန္းကန္တစ္ခုမွာ ေျပာင္းထည့္ပါ။ ရလာတဲ့ အရည္ပ်စ္ပ်စ္ေလးကို အက္ကြဲေနတဲ့ ေျခဖဝါးကို လိမ္းက်ံျပီး ၁၅-၂၀ မိနစ္ထားပါ။ ျပီးေနာက္ ေရေႏြးနဲ႔ ေဆးခ်ေပးပါ။ ဒီအတုိင္း ပုံမွန္ လုပ္ေပးရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithoolwin
#Unicode Version#
ခြေဗလာနဲ့ လမ်းလျှောက်ခြင်းက အားလုံးထဲ ပျော်ဖို့အကောင်းဆုံး ခံစားမှုတစ်ခု ဖြစ်ပါတယ်။ သို့မဟုတ် နွေရာသီရက်တွေမှာ ညှပ်ဖိနပ်စီးခြင်း၊ သို့မဟုတ် ကမ်းခြေမှာ ခြေဗလာ လမ်းလျှောက်ခြင်းနဲ့ လှိုင်းစီးခြင်း တို့ကို လုပ်ဆောင်ရတာ နှစ်သက်သဘောကျသူ များစွာရှိကြပေမယ့် ခြေဖဝါး အက်ကွဲခြင်းက ဒါတွေ မလုပ်ဆောင်ဖို့ တားမြစ်ထားပါတယ်။ ခြေဖဝါး အက်ကွဲခြင်းပြသနာ ကျော်လွှားစေမယ့် ရိုးရှင်းသော ဆေးနည်း (၂) ခု ရှိပါတယ်။

သံပုယိုသီး

သံပုယိုရည်က အရောင်ချွတ်ပစ္စည်းအဖြစ် အသုုံးပြုရုံမက အရေပြားကို ဖြူဖွေးစေခြင်းနဲ့ ခြေဖဝါး အက်ကွဲခြင်း ကုသခြင်းအတွက် အထူးကောင်းမွန်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သံပုယိုသီးကို နှစ်ခြမ်းလှီးပြီး တစ်ခြမ်း ယူပါ။ အဲဒီ သံပုယိုသီး တစ်ခြမ်းလေးကို အရည်ညှစ်ထုတ်ရင်း ခြေဖဝါးအက်ကွဲကြောင်းထဲ ဝင်အောင် ပွတ်လိမ်းပေးပါ။ ၅ မိနစ်ခန့် လုပ်ပေးရပါမယ်။ နောက် နူးညံ့တဲ့ အဝတ်စလေး သို့မဟုတ် စုတ်တံလေးနဲ့ ညင်သာစွာ ပွတ်ပေးပါတယ်။ ရေဖြင့် ပြန်ဆေးပေးရပါမယ်။ နောက် သံပုယိုသီးတစ်လုံး ညှစ်ထည့်ထားတဲ့ ရေနွေးပုံးငယ်လေး တစ်ခုထဲမှာလည်း ခြေထောက်ကို စိမ်ပေးနိုင်ပါတယ်။ ခြေထောက်ကို ၁၅-၂၀ မိနစ်လောက် စိမ်ပေးပါ။ ဒါကို တစ်ပတ် ၂-၃ ကြိမ် လုပ်ပေးပါ။ သံပုယိုရည်ကို ကြိတ်ခြေထားတဲ့ သင်္ဘောသီးပျစ်ရည်နဲ့ ရောစပ်ပြီး ခြေဖဝါး အက်ကွဲရာတွေမှာ လိမ်းပေးနိုင်ပါတယ်။ ၁၅-၂၀ မိနစ်ကြာပြီးနောက် ရိုးရိုးရေနဲ့ ဆေးကြောပေးပါ။

ငှက်ပျောသီးနဲ့ ထောပတ်သီးရည်ပျစ်ပျစ်

လွယ်ကူပြီး ဘေးဥပဒ်တွေမရှိတဲ့ နောက်နည်းလမ်းတစ်ခုက ငှက်ပျောသီးနဲ့ ထောပတ်သီးဖြင့် ပြုလုပ်တဲ့ အရည်ပျစ်ပျစ်လေးကို လိမ်းပေးခြင်း ဖြစ်ပါတယ်။ ထောပတ်သီးမှာလည်း essential oils ၊ vitamins နဲ့ အသားရေ ထိန်းသိမ်း ပြုပြင်ပေးတဲ့ အဆီတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျော်သီးကျတော့ အလှဆီကဲ့သို့ စွမ်းဆောင်ပေးပြီး အသားရေကို ပိုမိုနူးညံ့ချောမွေ့စေပါတယ်။ ငှက်ပျောသီးမှည့် (၁) လုံး နဲ့ ထောပတ်သီး တစ်ခြမ်းကို ရောကြိတ်ပြီး ပန်းကန်တစ်ခုမှာ ပြောင်းထည့်ပါ။ ရလာတဲ့ အရည်ပျစ်ပျစ်လေးကို အက်ကွဲနေတဲ့ ခြေဖဝါးကို လိမ်းကျံပြီး ၁၅-၂၀ မိနစ်ထားပါ။ ပြီးနောက် ရေနွေးနဲ့ ဆေးချပေးပါ။ ဒီအတိုင်း ပုံမှန် လုပ်ပေးရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top