ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အငွားယာဥ္စီးနင္းသည့္ အမ်ဳိးသမီးတစ္ဦးထံမွ ေရႊထည္ပစၥည္း၊ ဖုန္းႏွင့္ ေငြမ်ား အပါအ၀င္ စုစုေပါင္းက်ပ္သိန္း ၅၀ ေက်ာ္ဖိုး လုယက္သူႏွစ္ဦးကို ႏွစ္လခန္႔အၾကာတြင္ ဖမ္းမိခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦးကေျပာၾကားသည္။

လုယက္ခံရသူ အမ်ဳိးသမီး သည္ ေအာက္တိုဘာဒုတိယပတ္၊ နံနက္အေစာပိုင္းက လိႈင္ၿမိဳ႕နယ္ ဘာတာမွတ္တိုင္မွ လသာၿမိဳ႕နယ္ သံေစ်းသို႔သြားရန္ အငွားယာဥ္တစ္စီး ငွားရမ္းစီးနင္းခဲ့ၿပီး ယာဥ္ေပၚတြင္ ယာဥ္ေမာင္းအပါအ၀င္ အျခားအမ်ဳိးသမီးတစ္ဦးပါ လိုက္ပါလာေၾကာင္း ၎ကဆက္လက္ ရွင္းျပသည္။


ဒဂံုၿမိဳ႕နယ္ အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္းေရွ႕အေရာက္တြင္ ယာဥ္ကို ရပ္တန္႔ကာ ခရီးသည္အမ်ဳိးသမီးထံ မွ ေရႊဆြဲႀကိဳးတစ္ကံုး၊ ေလာ့ကတ္ သီးတစ္ခု၊ စိန္လက္စြပ္ႏွင့္ ေရႊ လက္စြပ္တစ္ကြင္းစီ၊ လက္ကိုင္ ဖုန္း အပါအ၀င္ က်ပ္ငါးသိန္းကိုဓားေထာက္ လုယက္ခဲ့ေၾကာင္း ရဲအရာရွိကေျပာၾကားသည္။

ထို႔ေနာက္ ခရီးသည္အမ်ဳိး သမီးကို လမ္းမေတာ္ၿမိဳ႕နယ္ ေဆးတကၠသိုလ္(၁)ေဘးရွိ လမ္းသြယ္အတြင္း ကားေပၚမွ ဆင္း ခိုင္းကာ ေမာင္းႏွင္ထြက္ေျပးခဲ့ ေၾကာင္း ရဲအရာရွိက ဆက္လက္ ေျပာၾကားသည္။

 ခရီးသည္အမ်ဳိးသမီးထံမွ က်ပ္သိန္း ၅၀ ေက်ာ္ လုယက္ သူသည္ လွည္းကူးၿမိဳ႕နယ္ တိုးခ်ဲ႕ရပ္ကြက္ေန အသက္(၃၂) ႏွစ္အရြယ္ ရဲ၀င္းထြန္းဆိုသူျဖစ္ၿပီး ၎ႏွင့္အတူ လုယက္မႈက်ဴးလြန္ရာတြင္ ပါ၀င္သည့္ အမ်ဳိးသမီး သည္ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္း (၅၆)ရပ္ကြက္ေန (၂၆)ႏွစ္အရြယ္ မီကိုျဖစ္ေၾကာင္း ဒဂံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦးကေျပာ သည္။

 လုယက္ခံရသည့္ အမ်ဳိး သမီး ငွားရမ္းစီးနင္းသည့္ အငွား ယာဥ္နံပါတ္မွတစ္ဆင့္ စံုစမ္းရာ အဆိုပါယာဥ္သည္ ဗဟန္းၿမိဳ႕ နယ္ မင္းလမ္းရွိ ပစ္တိုင္းေထာင္ အငွားယာဥ္ဂိတ္တြင္ ဂိတ္ထိုး သည္ကိုသိရၿပီး ထိုမွတစ္ဆင့္ လုယက္သူမ်ားကို စံုစမ္းခဲ့ေၾကာင္း ၎ကေျပာသည္။

 လုယက္မႈက်ဴးလြန္သည့္ ရဲ၀င္းထြန္းကို လိႈင္သာယာၿမိဳ႕ နယ္ (၁၂)ရပ္ကြက္ရွိ ၎၏ ဦးေလးေတာ္စပ္သူ ေနအိမ္၌ ဒီဇင္ဘာလဆန္းတြင္ ဖမ္းမိခဲ့ၿပီး မီကိုအား မဂၤလာဒံုၿမိဳ႕နယ္မွ ဖမ္းဆီး မိခဲ့ေၾကာင္း ရဲအရာရွိက ေျပာ သည္။

ဖမ္းမိသူႏွစ္ဦးသည္ အငွား ယာဥ္ အႀကိဳ၊ အပို႔လုပ္စဥ္ ရင္းႏွီး ခဲ့ၿပီး ေအာက္တိုဘာ ၈ ရက္ ည၁၂ နာရီတြင္ ရဲ၀င္းထြန္းက မမီ ကိုအား ဖုန္းဆက္ေခၚ၍ အငွား ယာဥ္ျဖင့္ ခရီးသည္မ်ားကို ပို႔ ေဆာင္ေပးခဲ့သည္။

ရဲ၀င္းထြန္းႏွင့္ မီကိုတို႔ႏွစ္ဦးကို ဒဂံုၿမိဳ႕မရဲစခန္းက လုယက္မႈပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္ကာ အျခားျပစ္မႈက်ဴးလြန္သူမ်ား ရွိ၊ မရွိ ဆက္လက္ စစ္ေဆးေနေၾကာင္း ဒဂံုၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦး ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အငှားယာဉ်စီးနင်းသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်ပစ္စည်း၊ ဖုန်းနှင့် ငွေများ အပါအဝင် စုစုပေါင်းကျပ်သိန်း ၅၀ ကျော်ဖိုး လုယက်သူနှစ်ဦးကို နှစ်လခန့်အကြာတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောကြားသည်။

လုယက်ခံရသူ အမျိုးသမီး သည် အောက်တိုဘာဒုတိယပတ်၊ နံနက်အစောပိုင်းက လှိုင်မြို့နယ် ဘာတာမှတ်တိုင်မှ လသာမြို့နယ် သံဈေးသို့သွားရန် အငှားယာဉ်တစ်စီး ငှားရမ်းစီးနင်းခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အခြားအမျိုးသမီးတစ်ဦးပါ လိုက်ပါလာကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။


ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့အရောက်တွင် ယာဉ်ကို ရပ်တန့်ကာ ခရီးသည်အမျိုးသမီးထံ မှ ရွှေဆွဲကြိုးတစ်ကုံး၊ လော့ကတ် သီးတစ်ခု၊ စိန်လက်စွပ်နှင့် ရွှေ လက်စွပ်တစ်ကွင်းစီ၊ လက်ကိုင် ဖုန်း အပါအဝင် ကျပ်ငါးသိန်းကိုဓားထောက် လုယက်ခဲ့ကြောင်း ရဲအရာရှိကပြောကြားသည်။

ထို့နောက် ခရီးသည်အမျိုး သမီးကို လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ်(၁)ဘေးရှိ လမ်းသွယ်အတွင်း ကားပေါ်မှ ဆင်း ခိုင်းကာ မောင်းနှင်ထွက်ပြေးခဲ့ ကြောင်း ရဲအရာရှိက ဆက်လက် ပြောကြားသည်။

 ခရီးသည်အမျိုးသမီးထံမှ ကျပ်သိန်း ၅၀ ကျော် လုယက် သူသည် လှည်းကူးမြို့နယ် တိုးချဲ့ရပ်ကွက်နေ အသက်(၃၂) နှစ်အရွယ် ရဲဝင်းထွန်းဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သည့် အမျိုးသမီး သည် ဒဂုံမြို့သစ်တောင်ပိုင်း (၅၆)ရပ်ကွက်နေ (၂၆)နှစ်အရွယ် မီကိုဖြစ်ကြောင်း ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြော သည်။

 လုယက်ခံရသည့် အမျိုး သမီး ငှားရမ်းစီးနင်းသည့် အငှား ယာဉ်နံပါတ်မှတစ်ဆင့် စုံစမ်းရာ အဆိုပါယာဉ်သည် ဗဟန်းမြို့ နယ် မင်းလမ်းရှိ ပစ်တိုင်းထောင် အငှားယာဉ်ဂိတ်တွင် ဂိတ်ထိုး သည်ကိုသိရပြီး ထိုမှတစ်ဆင့် လုယက်သူများကို စုံစမ်းခဲ့ကြောင်း ၎င်းကပြောသည်။

 လုယက်မှုကျူးလွန်သည့် ရဲဝင်းထွန်းကို လှိုင်သာယာမြို့ နယ် (၁၂)ရပ်ကွက်ရှိ ၎င်း၏ ဦးလေးတော်စပ်သူ နေအိမ်၌ ဒီဇင်ဘာလဆန်းတွင် ဖမ်းမိခဲ့ပြီး မီကိုအား မင်္ဂလာဒုံမြို့နယ်မှ ဖမ်းဆီး မိခဲ့ကြောင်း ရဲအရာရှိက ပြော သည်။

ဖမ်းမိသူနှစ်ဦးသည် အငှား ယာဉ် အကြို၊ အပို့လုပ်စဉ် ရင်းနှီး ခဲ့ပြီး အောက်တိုဘာ ၈ ရက် ည၁၂ နာရီတွင် ရဲဝင်းထွန်းက မမီ ကိုအား ဖုန်းဆက်ခေါ်၍ အငှား ယာဉ်ဖြင့် ခရီးသည်များကို ပို့ ဆောင်ပေးခဲ့သည်။

ရဲဝင်းထွန်းနှင့် မီကိုတို့နှစ်ဦးကို ဒဂုံမြို့မရဲစခန်းက လုယက်မှုပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ အခြားပြစ်မှုကျူးလွန်သူများ ရှိ၊ မရှိ ဆက်လက် စစ်ဆေးနေကြောင်း ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top