ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သူမ်ားေျပာတိုင္းယံုမွာလားဆိုတာ သူမ်ားေတြရဲ႕ ေျပာစကားေတြတိုင္း ယံုတတ္သူေတြကိုပါ။ ဘာေၾကာင့္ သူတို႔ေတြဟာ သူမ်ားေျပာတိုင္း ယံုတတ္ၾကသလဲဆို ေျပာဆိုတဲ့အေၾကာင္း ၊ အေျပာခံရသူရဲ႕ အေၾကာင္းေတြဟာ သူတို႔အတြက္ ယံုခ်င္စရာေကာင္းေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။ တနည္းအားျဖင့္ သူတို႔ဟာ အေျပာခံရတဲ့ တဘက္သားအေပၚ ယံုၾကည္ခ်က္ လံုးဝမထားႏိုင္လို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ သူတို႔ဟာ တကယ့္ကို ဆင္ျခင္ဥာဏ္နည္းပါးလြန္းၾကတဲ့အတြက္ ၊ သံုးသပ္ႏိုင္စြမ္းလည္း နည္းပါးလြန္းၾကတဲ့အတြက္ သူမ်ားေျပာသမၽွ ယံုေနၾကတာပါ။

သူမ်ားေျပာတိုင္း ယံုတာမ်ိဳးမဟုတ္ဘဲ သူမ်ားေျပာစကားေတြဟာ အေျပာခံရတဲ့သူနဲ႔ အေၾကာင္းအရာကို ျပန္သံုးသပ္စရာမလိုေအာင္ ကိုယ့္အတြက္ ယံုခ်င္စဖြယ္ျဖစ္ေနခဲ့လို႔ပါပဲ။ အထူးသျဖင့္ ကိုယ္ယံုၾကည္အားကိုးတဲ့သူက ေျပာလာရင္ ၊ ခင္မင္လြန္းတဲ့သူက ေျပာလာရင္၊ အႀကီးအကဲေတြက ေျပာလာရင္ မွန္တယ္ ၊ မွားတယ္ သံုးသပ္အားနည္းၿပီး ပစ္ယံုမိတတ္ၾကတာမ်ားတယ္။ ဒါဟာမွားသလား။

ကၽြန္မကိုေမးလာရင္ျဖင့္ မွားတယ္လို႔ေျဖမွာပါ။ ဘယ္သူမဆို ေျပာမွား ၊ အထင္မွား ၊ အျမင္မွား နဲ႔ အလုပ္မွားေတြ ဘဝမွာ ႀကံဳဖူးၾကတယ္။ ဒါကိုလက္ခံရင္ျဖင့္ ကိုယ့္ကိုလာေျပာတဲ့သူဟာလည္း မမွားႏိုင္ဘူးလားဆိုတဲ့ သံသယကိုလက္ကိုင္ထားလို႔ အေကာင္းဆံုးစကားလံုးေရြးခ်ယ္ၿပီး ျဖစ္ရပ္ကို ျပန္သံုးသပ္မိမွာပါ။ အထူးသျဖင့္ မွားတယ္လို႔ အေျပာခံရတဲ့ တဘက္သားကို ငဲ့ညႇာစာနာစိတ္ကေလးနဲ႔ျဖစ္ျဖစ္ သူ႔ဘက္က မသိမသာရပ္တည္လို႔ အေျခအေနကို အျပန္ျပန္အလွန္လွန္ သံုးသပ္မိမွာပါ။

ဆက္ဆံေရးအမ်ားစုမွာ တတိယယူ (ၾကားလူ)ေတြေၾကာင့္ ကေမာက္ကမ ျဖစ္ရတာေတြဟာ ပိုမ်ားတယ္လို႔ လက္ခံၾကေလမလား။ ဒါကို လက္ခံၾကရင္ျဖင့္ ၾကားလူနဲ႔ၾကားစကားဆိုတာကို ယံုသင့္ ၊ မယံုသင့္ ခ်င့္ခ်ိန္မွာပါ။ ပစ္ယံုၿပီး အေျပာခံရသူအေပၚ တဘက္နားနဲ႔ အျပစ္ေတြ တင္ေနတာမ်ိဳးလည္း ေရွာင္မိမွာပါ။ အမွန္ျဖစ္သင့္တာက တျခားသူေတြ ေျပာတာကိုလည္း နားေထာင္ရမွာျဖစ္သလို ကိုယ္ကဘာမွ စလမ္းေၾကာင္းလုပ္ အျပစ္ေျပာတာမ်ိဳးမဟုတ္ဘဲ အမွားလုပ္သူလို႔ စြပ္စြဲခံရသူရဲ႕ စကားကိုလည္း အဆံုးအထိ သည္းခံနားေထာင္ေပးသင့္တာပါ။ နားဟာ ႏွစ္ဖက္ရွိတာမို႔ တဖက္တည္းရဲ႕ အေျပာစကားေတြကိုခ်ည္း နားမေယာင္သင့္ဘူးေလ။

တခါမွား ၊ ႏွစ္ခါမွား ၊ အခါခါမွားဖူးေပမယ့္ ဒီတခါ သူမမွားတာလည္း ျဖစ္ေနႏိုင္ပါတယ္။ အေျခအေနမွန္ကို သိဖို႔ ၊ မွန္မွန္ကန္ကန္ သံုးသပ္ႏိုင္ဖို႔ဆိုရင္ မွားခဲ့ဖူးသူကိုလည္း ေျပာဆိုခြင့္ (ေနာက္ဆံုးအႀကိမ္ျဖစ္ျဖစ္) ေပးလိုက္ပါ။ သူ႔စကားေတြ နားေထာင္ခ်ိန္မွာ ကိုယ့္ရဲ႕ အထင္အျမင္ေတြကို ေဘးခ်ိတ္ၿပီးမွ နားေထာင္ပါ။ ၿပီးရင္ အေျခအေနမွန္ကို ကိုယ့္ဦးေႏွာက္နဲ႔ မွန္မွန္ကန္ကန္ သံုးသပ္ၿပီးမွ ဆက္ေျပာဆိုသင့္ပါတယ္။ မမွားသင့္ဘဲ မွားသြားတဲ့ အမွားေတြထဲမွာ အထင္လြဲ ၊ အျမင္လြဲနဲ႔ ဆံုးျဖတ္လိုက္တဲ့ အမွားေတြက အဆိုးဆံုးပဲ။ ဘာျဖစ္လို႔လဲဆို ငါဆံုးျဖတ္တာ မွားသြားၿပီလို႔ သိသြားတဲ့တေန႔မွာ ေနာင္တနဲ႔ ႏွစ္ခါ ပူေလာင္ရလို႔ပါပဲ။

ဆံုးျဖတ္တယ္ဆိုတဲ့ေနရာမွာလည္း လတ္တေလာကို မၾကည့္ဘဲ ေရရွည္စဥ္းစား ဆံုးျဖတ္ရမွာျဖစ္ပါတယ္။ လတ္တေလာကိုသာ ၾကည့္ၿပီး ဆံုးျဖတ္ရင္ လတ္တေလာပဲ တခဏတာ ေျပလည္သြားမွာပါ။ တခဏတာပဲ ရွင္းလင္းသြားမွာပါ။ ခဏေန ျပန္႐ႈပ္မွာပဲေလ။ ကိုယ္က အရွည္ကိုၾကည့္ၿပီးမွ မရွင္းခဲ့ဘဲ။ ဆိုလိုတာက ဒီလူနဲ႔ အဆင္မေျပလို႔ ေျဖရွင္းတဲ့အခါ ေျဖရွင္းတဲ့နည္းလမ္းဟာ ကာလရွည္အတြက္ အေကာင္းဆံုးေရြးခ်ယ္ေျဖရွင္းမႈ ျဖစ္သင့္ပါတယ္။ တဒဂၤေလးအတြက္ မစဥ္းစား ၊ မဆံုးျဖတ္သင့္ဘူး။ ဒါဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္မဟုတ္လို႔ပါ။

ဥပမာ …. ကိုယ့္ကေလးကို ဆရာမက သူမ်ားပစၥည္းခိုးတယ္လို႔ မိဘကို ေျပာဆိုလာတဲ့ အေျခအေနမ်ိဳးပါ။ ဆရာမဆိုေတာ့ ယံုၾကည္စရာေကာင္းတဲ့သူ အေျခအေနမွာရွိတယ္။ ျဖစ္တဲ့ အျဖစ္အပ်က္ဟာလည္း ေက်ာင္းခန္းထဲမွာ (ကိုယ့္မျမင္ကြယ္ရာမွာ) ျဖစ္ပ်က္တဲ့ျဖစ္ရပ္။ ဒီလိုအေျခအေနမွာ မိဘအမ်ားစုက ဘယ္လိုဆံုးျဖတ္မလဲ။

သူမ်ားေျပာတိုင္းယံုတတ္တဲ့မိဘ (ကေလးအေပၚယံုၾကည္ခ်က္မထားႏိုင္တဲ့မိဘ)က ဟုတ္ကဲ့ပါဆရာမ ၊ ေနာင္ဒီလိုမလုပ္ေအာင္ ကၽြန္မေကာင္းေကာင္း ဆံုးမပါ့မယ္လို႔ ဆရာမကို ကတိေပးမယ္။ ကေလးကို ဆရာမေရွ႕ ဒီလိုလုပ္ရေကာင္းလား ဆူပူႀကိမ္းေမာင္း႐ိုက္ႏွက္ႏိုင္သလို လမ္းတေလၽွာက္နဲ႔ အိမ္မွာလည္း ကေလးဟာ အဆူခံ၊ အ႐ိုက္ခံ ၊ ဒဏ္ေပးခံရႏိုင္တယ္။ ဒီလိုသြန္သင္ဆံုးမခံရတဲ့ကေလးဟာ ဒီတႀကိမ္မွာ သူမခိုးဦးေတာ့ ေနာင္အႀကိမ္ေတြမွာ သူခိုးေတာ့မယ္။ မလုပ္လည္း အဆူခံ ၊ အ႐ိုက္ခံ ၊ ဒဏ္ေပးခံရမယ့္အတူတူ  တန္ေအာင္လုပ္မယ္ဆိုတဲ့စိတ္ေၾကာင့္ ကေလးဟာ ကိုယ္ဆံုးမသြန္သင္မႈမတတ္လို႔ ဆိုးတဲ့ဘက္ ေရာက္သြားႏိုင္ပါတယ္။

သူမ်ားေျပာရင္ယံုတတ္တဲ့မိဘ (ကေလးအေပၚသူလုပ္ေလမလား သံသယရွိတဲ့မိဘ)က ဆရာမဟာ လိမ္ေျပာမွာေတာ့မဟုတ္ဘူးဆိုတဲ့စိတ္နဲ႔ ကေလးမွားတာပဲျဖစ္မွာပါလို႔ ကေလးအေပၚ အျပစ္ပံုခ်လိုက္တတ္တယ္။ သူတို႔ဟာ ကေလးအေပၚ ေနာင္ဒီလိုမလုပ္ရဘူး။ အခုေတာ့ ဒီေလာက္ပဲဆံုးမမယ္ ၊ ေနာင္ဒီလိုအသံမ်ိဳး ထပ္ၾကားရရင္ ၊ ထပ္တိုင္ခံထိရင္ ဒီ့ထက္ပိုဆိုးမယ္ဆိုတာမ်ိဳးနဲ႔ ကေလးကို ၿခိမ္းေျခာက္ဆံုးမမယ္။ ဆူေကာင္းဆူ ၊ ႐ိုက္ေကာင္း႐ိုက္ ၊ ဒဏ္ေပးေကာင္း ေပးမယ္။ တကယ္လို႔မ်ား ကေလးဟာ ဒီအမွားကို မလုပ္ခဲ့ရင္ ေျပာခဲ့တဲ့ဆရာမနဲ႔ ကိုယ့္ကိုအျပစ္တင္ဒဏ္ေပးတဲ့ မိဘအေပၚ မေက်နပ္စိတ္ေတြဝင္သြားမယ္။ ေကာင္းဖို႔ထက္ ဆိုးဖို႔ပိုအားသာသြားႏိုင္တယ္။

မိမိကေလးအေပၚနဲ႔ မိမိရဲ႕ သြန္သင္ဆံုးမမႈမွာ ယံုၾကည္ခ်က္အျပည့္ရွိတဲ့မိဘကို ဒီလိုမ်ိဳး ဆရာမေျပာလာရင္ ဒီလိုမိဘမ်ိဳးေတြက ဒီအျဖစ္အပ်က္အေပၚ ဆရာမဟာ ဘယ္ေလာက္ေသခ်ာမႈရွိသလဲ ၊ ကေလးခိုးတာကို ဆရာမမ်က္ျမင္ေတြ႔ခဲ့တာလား ၊ တျခားလူေျပာလို႔သိတာလားဆိုတာကို အရင္ေမးျမန္းမွာပါ။ ဆရာမက မ်က္စိနဲ႔တပ္အပ္ေတြ႔ခဲ့တယ္လို႔ ေျပာရင္ေတာင္ အိမ္ေရာက္ရင္ ကေလးကို ကၽြန္မျပန္ေမးၿပီး ေနာင္ဒီလိုမလုပ္ဖို႔ ဆံုးမပါ့မယ္။ အရင္ကလည္း ဒီလိုမလုပ္ဖို႔ ဆံုးမထားတာမို႔ ဒီလိုလုပ္က်င့္ ကေလးမွာ မရွိခဲ့ဘူးဆိုတာ ကၽြန္မအသိဆံုးျဖစ္ပါတယ္လို႔ ကေလးဘက္က ကာကြယ္ေျပာဆိုမွာျဖစ္ပါတယ္။ အိမ္ေရာက္မွ ကေလးကို ေသခ်ာေမးၿပီး မွန္မွန္ကန္ကန္ ေျပာဆိုဆံုးမတာမ်ိဳး လုပ္မွာပါ။

ဆရာမအေျပာလည္း အေၾကာင္းေၾကာင္းေၾကာင့္ မွားႏိုင္တယ္ဆိုတဲ့သံသယ ၊ ကေလးဟာလည္း မွားႏိုင္တယ္ဆိုတဲ့ ႏွစ္ဘက္မၽွတ မွန္ကန္တဲ့ သေဘာထားကို ရင္ဝယ္ပိုက္ၿပီး အျဖစ္မွန္ကို ႏွစ္ဘက္စကား ေသခ်ာနားေထာင္ၿပီးမွ ကိုယ့္ကေလးကို ကိုယ့္ဘက္ပါလာေအာင္ ကိုယ့္ဆိုဆံုးမမႈနဲ႔သူ႔စာရိတၱ ၿမဲၿမံေနေအာင္ အားေပးရင္း၊ ေထာက္ခံရင္း မေကာင္းတာေတြ မလုပ္မိဖို႔ ပညာရွိရွိ ဆံုးမသြားမွာပါ။

တျခားသူအေျပာေၾကာင့္ ဆရာမက ကိုယ့္ကေလးခိုးတယ္လို႔ စြပ္စြဲလာခဲ့တာမ်ိဳးဆိုရင္ ၾကားလူက ႏွစ္ေယာက္ေတာင္ ျဖစ္သြားၿပီ။ အဲဒီတျခားသူဆိုတာ ကိုယ့္ကေလးကို ေခ်ာက္တြန္းလိုစိတ္ရွိသူလည္း ျဖစ္ႏိုင္တယ္ ၊ ဆရာမလည္းမွားႏိုင္တယ္ ၊ ကိုယ့္ကေလးဟာလည္း မွားႏိုင္တယ္ဆိုတဲ့ အသိစိတ္ကေလးနဲ႔ အျဖစ္အပ်က္ကို ေသခ်ာနားေထာင္ သံုးသပ္ၿပီးမွ အရင္အျဖစ္ေတြ ၊ကိုယ့္ဆိုဆံုးမမႈေတြနဲ႔ ကေလးရဲ႕ ပင္ကိုယ္စာရိတၱအခံကိုၾကည့္ ဆံုးျဖတ္ဆံုးမရမွာပါ။

သားသမီးယံုလို႔ စံုလံုးကန္းဆိုတဲ့ စကားလည္းရွိသလို ကိုယ့္သားသမီးကို အုပ္ထိန္းသူမိဘ အထူးသျဖင့္ မိခင္ထက္ ဘယ္သူက ပိုသိနားလည္ႏိုင္မလဲေနာ္။ ကိုယ့္သားသမီးကိုေတာင္ ကိုယ္ကယံုၾကည္မႈ မေပးႏိုင္ရင္ ဘယ္သူက ယံုၾကည္ေပးမွာလဲ။ ဒါေၾကာင့္ မွန္တယ္၊ မွားတယ္ဆိုတာ အသာထားလို႔  အားနည္းတဲ့ ကိုယ့္သားသမီးကို လူအမ်ားေရွ႕ အရွက္ရေအာင္ ေျပာဆို ၊ ဆူပူ ၊ ႐ိုက္ႏွက္ဆံုးမတာမ်ိဳးေတြကို မိဘအုပ္ထိန္းသူေတြက ေရွာင္သင့္ပါတယ္။

တကယ္လို႔မ်ား အမွားလုပ္တယ္လို႔ အေျပာခံရတဲ့သူဟာ ကိုယ့္ခ်စ္သူ ၊ အိမ္ေထာင္ဘက္ ၊ မိဘေမာင္ႏွမနဲ႔ အရင္းအခ်ာလို ယံုၾကည္ခ်စ္ခင္ရသူေတြ ျဖစ္ေနရင္ေရာ ဘယ္လိုဆံုးျဖတ္မွာလဲ။ လူေတြ၊ အေျခအေနေတြ ကြာျခားေနေပမယ့္ မွန္ကန္စြာ ဆံုးျဖတ္ေျဖရွင္းရမယ့္ နည္းနာကေတာ့ ႐ိုးရွင္းစြာတနည္းပဲရွိပါတယ္။

နားႏွစ္ဖက္ရွိတာမို႔ ကိုယ့္ခံစားမႈေတြ ၊ အေတြးေတြ ၊ အထင္ေတြ အသာထားၿပီး ႏွစ္ဘက္စကားကို ႏွစ္ဘက္နားနဲ႔ စိတ္ေအးေအးထားၿပီး နားေထာင္ပါ။ ျဖစ္ခဲ့ဖူးတာေတြ ၊ ျဖစ္ေနတာေတြ ၊ ျဖစ္ႏိုင္တာေတြကို မွန္ကန္စြာ သံုးသပ္ဆင္ျခင္ၿပီးမွ ေျပာသင့္တဲ့စကားကိုေျပာပါ။ ေရရွည္ေတြးေခၚေမၽွာ္ျမင္ၿပီးမွ ဆံုးျဖတ္သင့္တာကို ဆံုးျဖတ္ပါ။ လက္သည္းပိုးကိုက္တာေလးကို လက္တဘက္လံုးျဖတ္ပစ္စရာမလုိတဲ့ အေျခအေနဆိုတာ မွန္ကန္စြာ သံုးသပ္ႏိုင္ပါမွ လက္တစ္ဘက္ကို တသက္တာ မဆံုး႐ံႈးမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရတု (Burmesehearts.com)

# Unicode Version ျဖင့္ ဖတ္ပါ #
သူများပြောတိုင်းယုံမှာလားဆိုတာ သူများတွေရဲ့ ပြောစကားတွေတိုင်း ယုံတတ်သူတွေကိုပါ။ ဘာကြောင့် သူတို့တွေဟာ သူများပြောတိုင်း ယုံတတ်ကြသလဲဆို ပြောဆိုတဲ့အကြောင်း ၊ အပြောခံရသူရဲ့ အကြောင်းတွေဟာ သူတို့အတွက် ယုံချင်စရာကောင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် သူတို့ဟာ အပြောခံရတဲ့ တဘက်သားအပေါ် ယုံကြည်ချက် လုံးဝမထားနိုင်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ဟာ တကယ့်ကို ဆင်ခြင်ဉာဏ်နည်းပါးလွန်းကြတဲ့အတွက် ၊ သုံးသပ်နိုင်စွမ်းလည်း နည်းပါးလွန်းကြတဲ့အတွက် သူများပြောသမျှ ယုံနေကြတာပါ။

သူများပြောတိုင်း ယုံတာမျိုးမဟုတ်ဘဲ သူများပြောစကားတွေဟာ အပြောခံရတဲ့သူနဲ့ အကြောင်းအရာကို ပြန်သုံးသပ်စရာမလိုအောင် ကိုယ့်အတွက် ယုံချင်စဖွယ်ဖြစ်နေခဲ့လို့ပါပဲ။ အထူးသဖြင့် ကိုယ်ယုံကြည်အားကိုးတဲ့သူက ပြောလာရင် ၊ ခင်မင်လွန်းတဲ့သူက ပြောလာရင်၊ အကြီးအကဲတွေက ပြောလာရင် မှန်တယ် ၊ မှားတယ် သုံးသပ်အားနည်းပြီး ပစ်ယုံမိတတ်ကြတာများတယ်။ ဒါဟာမှားသလား။

ကျွန်မကိုမေးလာရင်ဖြင့် မှားတယ်လို့ဖြေမှာပါ။ ဘယ်သူမဆို ပြောမှား ၊ အထင်မှား ၊ အမြင်မှား နဲ့ အလုပ်မှားတွေ ဘဝမှာ ကြုံဖူးကြတယ်။ ဒါကိုလက်ခံရင်ဖြင့် ကိုယ့်ကိုလာပြောတဲ့သူဟာလည်း မမှားနိုင်ဘူးလားဆိုတဲ့ သံသယကိုလက်ကိုင်ထားလို့ အကောင်းဆုံးစကားလုံးရွေးချယ်ပြီး ဖြစ်ရပ်ကို ပြန်သုံးသပ်မိမှာပါ။ အထူးသဖြင့် မှားတယ်လို့ အပြောခံရတဲ့ တဘက်သားကို ငဲ့ညှာစာနာစိတ်ကလေးနဲ့ဖြစ်ဖြစ် သူ့ဘက်က မသိမသာရပ်တည်လို့ အခြေအနေကို အပြန်ပြန်အလှန်လှန် သုံးသပ်မိမှာပါ။

ဆက်ဆံရေးအများစုမှာ တတိယယူ (ကြားလူ)တွေကြောင့် ကမောက်ကမ ဖြစ်ရတာတွေဟာ ပိုများတယ်လို့ လက်ခံကြလေမလား။ ဒါကို လက်ခံကြရင်ဖြင့် ကြားလူနဲ့ကြားစကားဆိုတာကို ယုံသင့် ၊ မယုံသင့် ချင့်ချိန်မှာပါ။ ပစ်ယုံပြီး အပြောခံရသူအပေါ် တဘက်နားနဲ့ အပြစ်တွေ တင်နေတာမျိုးလည်း ရှောင်မိမှာပါ။ အမှန်ဖြစ်သင့်တာက တခြားသူတွေ ပြောတာကိုလည်း နားထောင်ရမှာဖြစ်သလို ကိုယ်ကဘာမှ စလမ်းကြောင်းလုပ် အပြစ်ပြောတာမျိုးမဟုတ်ဘဲ အမှားလုပ်သူလို့ စွပ်စွဲခံရသူရဲ့ စကားကိုလည်း အဆုံးအထိ သည်းခံနားထောင်ပေးသင့်တာပါ။ နားဟာ နှစ်ဖက်ရှိတာမို့ တဖက်တည်းရဲ့ အပြောစကားတွေကိုချည်း နားမယောင်သင့်ဘူးလေ။

တခါမှား ၊ နှစ်ခါမှား ၊ အခါခါမှားဖူးပေမယ့် ဒီတခါ သူမမှားတာလည်း ဖြစ်နေနိုင်ပါတယ်။ အခြေအနေမှန်ကို သိဖို့ ၊ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ဆိုရင် မှားခဲ့ဖူးသူကိုလည်း ပြောဆိုခွင့် (နောက်ဆုံးအကြိမ်ဖြစ်ဖြစ်) ပေးလိုက်ပါ။ သူ့စကားတွေ နားထောင်ချိန်မှာ ကိုယ့်ရဲ့ အထင်အမြင်တွေကို ဘေးချိတ်ပြီးမှ နားထောင်ပါ။ ပြီးရင် အခြေအနေမှန်ကို ကိုယ့်ဦးနှောက်နဲ့ မှန်မှန်ကန်ကန် သုံးသပ်ပြီးမှ ဆက်ပြောဆိုသင့်ပါတယ်။ မမှားသင့်ဘဲ မှားသွားတဲ့ အမှားတွေထဲမှာ အထင်လွဲ ၊ အမြင်လွဲနဲ့ ဆုံးဖြတ်လိုက်တဲ့ အမှားတွေက အဆိုးဆုံးပဲ။ ဘာဖြစ်လို့လဲဆို ငါဆုံးဖြတ်တာ မှားသွားပြီလို့ သိသွားတဲ့တနေ့မှာ နောင်တနဲ့ နှစ်ခါ ပူလောင်ရလို့ပါပဲ။

ဆုံးဖြတ်တယ်ဆိုတဲ့နေရာမှာလည်း လတ်တလောကို မကြည့်ဘဲ ရေရှည်စဉ်းစား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လတ်တလောကိုသာ ကြည့်ပြီး ဆုံးဖြတ်ရင် လတ်တလောပဲ တခဏတာ ပြေလည်သွားမှာပါ။ တခဏတာပဲ ရှင်းလင်းသွားမှာပါ။ ခဏနေ ပြန်ရှုပ်မှာပဲလေ။ ကိုယ်က အရှည်ကိုကြည့်ပြီးမှ မရှင်းခဲ့ဘဲ။ ဆိုလိုတာက ဒီလူနဲ့ အဆင်မပြေလို့ ဖြေရှင်းတဲ့အခါ ဖြေရှင်းတဲ့နည်းလမ်းဟာ ကာလရှည်အတွက် အကောင်းဆုံးရွေးချယ်ဖြေရှင်းမှု ဖြစ်သင့်ပါတယ်။ တဒင်္ဂလေးအတွက် မစဉ်းစား ၊ မဆုံးဖြတ်သင့်ဘူး။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ပါ။

ဥပမာ …. ကိုယ့်ကလေးကို ဆရာမက သူများပစ္စည်းခိုးတယ်လို့ မိဘကို ပြောဆိုလာတဲ့ အခြေအနေမျိုးပါ။ ဆရာမဆိုတော့ ယုံကြည်စရာကောင်းတဲ့သူ အခြေအနေမှာရှိတယ်။ ဖြစ်တဲ့ အဖြစ်အပျက်ဟာလည်း ကျောင်းခန်းထဲမှာ (ကိုယ့်မမြင်ကွယ်ရာမှာ) ဖြစ်ပျက်တဲ့ဖြစ်ရပ်။ ဒီလိုအခြေအနေမှာ မိဘအများစုက ဘယ်လိုဆုံးဖြတ်မလဲ။

သူများပြောတိုင်းယုံတတ်တဲ့မိဘ (ကလေးအပေါ်ယုံကြည်ချက်မထားနိုင်တဲ့မိဘ)က ဟုတ်ကဲ့ပါဆရာမ ၊ နောင်ဒီလိုမလုပ်အောင် ကျွန်မကောင်းကောင်း ဆုံးမပါ့မယ်လို့ ဆရာမကို ကတိပေးမယ်။ ကလေးကို ဆရာမရှေ့ ဒီလိုလုပ်ရကောင်းလား ဆူပူကြိမ်းမောင်းရိုက်နှက်နိုင်သလို လမ်းတလျှောက်နဲ့ အိမ်မှာလည်း ကလေးဟာ အဆူခံ၊ အရိုက်ခံ ၊ ဒဏ်ပေးခံရနိုင်တယ်။ ဒီလိုသွန်သင်ဆုံးမခံရတဲ့ကလေးဟာ ဒီတကြိမ်မှာ သူမခိုးဦးတော့ နောင်အကြိမ်တွေမှာ သူခိုးတော့မယ်။ မလုပ်လည်း အဆူခံ ၊ အရိုက်ခံ ၊ ဒဏ်ပေးခံရမယ့်အတူတူ  တန်အောင်လုပ်မယ်ဆိုတဲ့စိတ်ကြောင့် ကလေးဟာ ကိုယ်ဆုံးမသွန်သင်မှုမတတ်လို့ ဆိုးတဲ့ဘက် ရောက်သွားနိုင်ပါတယ်။

သူများပြောရင်ယုံတတ်တဲ့မိဘ (ကလေးအပေါ်သူလုပ်လေမလား သံသယရှိတဲ့မိဘ)က ဆရာမဟာ လိမ်ပြောမှာတော့မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကလေးမှားတာပဲဖြစ်မှာပါလို့ ကလေးအပေါ် အပြစ်ပုံချလိုက်တတ်တယ်။ သူတို့ဟာ ကလေးအပေါ် နောင်ဒီလိုမလုပ်ရဘူး။ အခုတော့ ဒီလောက်ပဲဆုံးမမယ် ၊ နောင်ဒီလိုအသံမျိုး ထပ်ကြားရရင် ၊ ထပ်တိုင်ခံထိရင် ဒီ့ထက်ပိုဆိုးမယ်ဆိုတာမျိုးနဲ့ ကလေးကို ခြိမ်းခြောက်ဆုံးမမယ်။ ဆူကောင်းဆူ ၊ ရိုက်ကောင်းရိုက် ၊ ဒဏ်ပေးကောင်း ပေးမယ်။ တကယ်လို့များ ကလေးဟာ ဒီအမှားကို မလုပ်ခဲ့ရင် ပြောခဲ့တဲ့ဆရာမနဲ့ ကိုယ့်ကိုအပြစ်တင်ဒဏ်ပေးတဲ့ မိဘအပေါ် မကျေနပ်စိတ်တွေဝင်သွားမယ်။ ကောင်းဖို့ထက် ဆိုးဖို့ပိုအားသာသွားနိုင်တယ်။

မိမိကလေးအပေါ်နဲ့ မိမိရဲ့ သွန်သင်ဆုံးမမှုမှာ ယုံကြည်ချက်အပြည့်ရှိတဲ့မိဘကို ဒီလိုမျိုး ဆရာမပြောလာရင် ဒီလိုမိဘမျိုးတွေက ဒီအဖြစ်အပျက်အပေါ် ဆရာမဟာ ဘယ်လောက်သေချာမှုရှိသလဲ ၊ ကလေးခိုးတာကို ဆရာမမျက်မြင်တွေ့ခဲ့တာလား ၊ တခြားလူပြောလို့သိတာလားဆိုတာကို အရင်မေးမြန်းမှာပါ။ ဆရာမက မျက်စိနဲ့တပ်အပ်တွေ့ခဲ့တယ်လို့ ပြောရင်တောင် အိမ်ရောက်ရင် ကလေးကို ကျွန်မပြန်မေးပြီး နောင်ဒီလိုမလုပ်ဖို့ ဆုံးမပါ့မယ်။ အရင်ကလည်း ဒီလိုမလုပ်ဖို့ ဆုံးမထားတာမို့ ဒီလိုလုပ်ကျင့် ကလေးမှာ မရှိခဲ့ဘူးဆိုတာ ကျွန်မအသိဆုံးဖြစ်ပါတယ်လို့ ကလေးဘက်က ကာကွယ်ပြောဆိုမှာဖြစ်ပါတယ်။ အိမ်ရောက်မှ ကလေးကို သေချာမေးပြီး မှန်မှန်ကန်ကန် ပြောဆိုဆုံးမတာမျိုး လုပ်မှာပါ။

ဆရာမအပြောလည်း အကြောင်းကြောင်းကြောင့် မှားနိုင်တယ်ဆိုတဲ့သံသယ ၊ ကလေးဟာလည်း မှားနိုင်တယ်ဆိုတဲ့ နှစ်ဘက်မျှတ မှန်ကန်တဲ့ သဘောထားကို ရင်ဝယ်ပိုက်ပြီး အဖြစ်မှန်ကို နှစ်ဘက်စကား သေချာနားထောင်ပြီးမှ ကိုယ့်ကလေးကို ကိုယ့်ဘက်ပါလာအောင် ကိုယ့်ဆိုဆုံးမမှုနဲ့သူ့စာရိတ္တ မြဲမြံနေအောင် အားပေးရင်း၊ ထောက်ခံရင်း မကောင်းတာတွေ မလုပ်မိဖို့ ပညာရှိရှိ ဆုံးမသွားမှာပါ။

တခြားသူအပြောကြောင့် ဆရာမက ကိုယ့်ကလေးခိုးတယ်လို့ စွပ်စွဲလာခဲ့တာမျိုးဆိုရင် ကြားလူက နှစ်ယောက်တောင် ဖြစ်သွားပြီ။ အဲဒီတခြားသူဆိုတာ ကိုယ့်ကလေးကို ချောက်တွန်းလိုစိတ်ရှိသူလည်း ဖြစ်နိုင်တယ် ၊ ဆရာမလည်းမှားနိုင်တယ် ၊ ကိုယ့်ကလေးဟာလည်း မှားနိုင်တယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ အဖြစ်အပျက်ကို သေချာနားထောင် သုံးသပ်ပြီးမှ အရင်အဖြစ်တွေ ၊ကိုယ့်ဆိုဆုံးမမှုတွေနဲ့ ကလေးရဲ့ ပင်ကိုယ်စာရိတ္တအခံကိုကြည့် ဆုံးဖြတ်ဆုံးမရမှာပါ။

သားသမီးယုံလို့ စုံလုံးကန်းဆိုတဲ့ စကားလည်းရှိသလို ကိုယ့်သားသမီးကို အုပ်ထိန်းသူမိဘ အထူးသဖြင့် မိခင်ထက် ဘယ်သူက ပိုသိနားလည်နိုင်မလဲနော်။ ကိုယ့်သားသမီးကိုတောင် ကိုယ်ကယုံကြည်မှု မပေးနိုင်ရင် ဘယ်သူက ယုံကြည်ပေးမှာလဲ။ ဒါကြောင့် မှန်တယ်၊ မှားတယ်ဆိုတာ အသာထားလို့  အားနည်းတဲ့ ကိုယ့်သားသမီးကို လူအများရှေ့ အရှက်ရအောင် ပြောဆို ၊ ဆူပူ ၊ ရိုက်နှက်ဆုံးမတာမျိုးတွေကို မိဘအုပ်ထိန်းသူတွေက ရှောင်သင့်ပါတယ်။

တကယ်လို့များ အမှားလုပ်တယ်လို့ အပြောခံရတဲ့သူဟာ ကိုယ့်ချစ်သူ ၊ အိမ်ထောင်ဘက် ၊ မိဘမောင်နှမနဲ့ အရင်းအချာလို ယုံကြည်ချစ်ခင်ရသူတွေ ဖြစ်နေရင်ရော ဘယ်လိုဆုံးဖြတ်မှာလဲ။ လူတွေ၊ အခြေအနေတွေ ကွာခြားနေပေမယ့် မှန်ကန်စွာ ဆုံးဖြတ်ဖြေရှင်းရမယ့် နည်းနာကတော့ ရိုးရှင်းစွာတနည်းပဲရှိပါတယ်။

နားနှစ်ဖက်ရှိတာမို့ ကိုယ့်ခံစားမှုတွေ ၊ အတွေးတွေ ၊ အထင်တွေ အသာထားပြီး နှစ်ဘက်စကားကို နှစ်ဘက်နားနဲ့ စိတ်အေးအေးထားပြီး နားထောင်ပါ။ ဖြစ်ခဲ့ဖူးတာတွေ ၊ ဖြစ်နေတာတွေ ၊ ဖြစ်နိုင်တာတွေကို မှန်ကန်စွာ သုံးသပ်ဆင်ခြင်ပြီးမှ ပြောသင့်တဲ့စကားကိုပြောပါ။ ရေရှည်တွေးခေါ်မျှော်မြင်ပြီးမှ ဆုံးဖြတ်သင့်တာကို ဆုံးဖြတ်ပါ။ လက်သည်းပိုးကိုက်တာလေးကို လက်တဘက်လုံးဖြတ်ပစ်စရာမလိုတဲ့ အခြေအနေဆိုတာ မှန်ကန်စွာ သုံးသပ်နိုင်ပါမှ လက်တစ်ဘက်ကို တသက်တာ မဆုံးရှုံးမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရတု (Burmesehearts.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top