လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ဒါရုိက္တာစတီးလ္ကေတာ့ ခုိးဆုိးလုႏႈိက္ရုပ္ရွင္ဇာတ္ကားႀကီးေအာင္ျမင္ခဲ့ၿပီးေနာက္ ေတာက်ီးကန္း(သုိ႔မဟုတ္) ခုိးဆုိးလုႏႈိက္ ၂ ရုပ္ရွင္ ဇာတ္ကား ကုိလည္းပရိသတ္အႀကိဳက္ျဖစ္ေအာင္ ႀကိဳးႀကိဳးစားစားရုိက္ကူးခဲ့ရတဲ့ အမွတ္တရေတြကုိ အခုလုိေျပာျပခဲ့ပါတယ္။

'' ဒီဇာတ္ကားရုိက္တုန္းကလည္း အမွတ္တရေတြက အမ်ားႀကီးပါ ကၽြန္ေတာ္တုိ႔အသက္ေတြနဲ႔ ရင္းခဲ့ရတာေတြလည္းပါတယ္။ ကၽြန္ေတာ္တုိ႔ အဖြဲ႕ထဲက တစ္ေယာက္ဆုိရင္ ေက်ာက္ေတာင္ေပၚကေန ျပဳတ္က်ၿပီးေတာ့ လက္က်ဳိးသြားခဲ့တယ္။ အခုထိသူ အလုပ္မဆင္းႏုိင္ေတာ့ပါဘူး သူ႔ကုိလည္း ကၽြန္ေတာ္တုိ႔က ေထာက္ပ့ံေပးခဲ့တယ္။ မုိး ကုမၼဏီကေရာ ေထာက္ပံ့ေၾကးေတြေပးခဲ့တယ္။ ကၽြန္ေတာ္လည္း ေျခေထာက္ က်ဳိး သြားတယ္ ကုန္ကားႀကီးေပၚကေန ျပဳတ္က်တာ ကုိခင္လႈိင္ဆုိရင္လည္း ထိပ္ကုိ သံခၽြန္ႀကီးေပါက္ၿပီးဝင္သြားတာ ကုိျမင့္ျမတ္ဆုိရင္လည္း လက္ေခါက္သြားတယ္၊ ဒီလုိအခက္အခဲေလးေတြရွိပါတယ္'' လုိ႔ ဆုိပါတယ္။

အသက္အႏၱရာယ္မ်ားတဲ့ ဇာတ္ဝင္ခန္းေတြရွိတာေၾကာင့္ ဂရုတစုိက္လုပ္ျဖစ္ခဲ့ရတဲ့ အခက္အခဲအေၾကာင္းကုိလည္း ေျပာျပခဲ့ပါေသးတယ္။

'' အသက္အႏၱရာယ္မ်ားတဲ့ ဟာမ်ဳိးဆုိရင္ ကုိျမင့္ျမတ္ဝိတ္နဲ႔ မလုပ္ႏုိင္တာ ကၽြန္ေတာ္တုိ႔က ဒါရုိက္ေရွာ့ရုိက္ခ်င္တာ သစ္ပင္အျမင့္ႀကီး ကုိ ရွာထား ရတာ တာခ်ီလိတ္သြားတဲ့လမ္းေပၚက သစ္ပင္ႀကီးေပၚကေနတုိက္ရုိက္ခုန္ဆင္းေစခ်င္တဲ့အတြက္ေၾကာင့္ သူမလုပ္ရဲေတာ့ ေနာက္တစ္ေယာက္ ကုိလုပ္ရတယ္။ အဲ့ဒီကားႀကီးထြက္သြားတဲ့အခ်ိန္မွာ ဟုိလူက တန္းလန္းႀကီးက်န္ခဲ့တာ အ့ဲဒီမွာအခက္အခဲျဖစ္ခဲ့တာ ေလးေတြရွိတယ္'' လုိ႔ ဒါရုိက္တာ စတီးလ္က ေျပာပါတယ္။

ေတာက်ီးကန္းရုပ္ရွင္ဇာတ္ကားႀကီးကုိ မုိးရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာ စတီးလ္(ေဒြးေမတၱာ) ကရုိက္ကူးပုံေဖာ္ထားတာ ျဖစ္ၿပီး သရုပ္ေဆာင္ ျမင့္ျမတ္၊ ခင္လႈိင္၊ ထူးျခား နဲ႔ မုိးေဟကုိ  တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိ ဒီဇင္ဘာလ ၂၂ ရက္ေန႔မွ စၿပီးရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ျပသသြားမယ္လုိ႔ သိရပါတယ္။

photo: Duwun, မုိးရုပ္ရွင္ထုတ္လုပ္ေရး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ဒါရိုက်တာစတီးလ်ကတော့ ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်ခဲ့ပြီးနောက် တောကျီးကန်း(သို့မဟုတ်) ခိုးဆိုးလုနှိုက် ၂ ရုပ်ရှင် ဇာတ်ကား ကိုလည်းပရိသတ်အကြိုက်ဖြစ်အောင် ကြိုးကြိုးစားစားရိုက်ကူးခဲ့ရတဲ့ အမှတ်တရတွေကို အခုလိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားရိုက်တုန်းကလည်း အမှတ်တရတွေက အများကြီးပါ ကျွန်တော်တို့အသက်တွေနဲ့ ရင်းခဲ့ရတာတွေလည်းပါတယ်။ ကျွန်တော်တို့ အဖွဲ့ထဲက တစ်ယောက်ဆိုရင် ကျောက်တောင်ပေါ်ကနေ ပြုတ်ကျပြီးတော့ လက်ကျိုးသွားခဲ့တယ်။ အခုထိသူ အလုပ်မဆင်းနိုင်တော့ပါဘူး သူ့ကိုလည်း ကျွန်တော်တို့က ထောက်ပံ့ပေးခဲ့တယ်။ မိုး ကုမ္မဏီကရော ထောက်ပံ့ကြေးတွေပေးခဲ့တယ်။ ကျွန်တော်လည်း ခြေထောက် ကျိုး သွားတယ် ကုန်ကားကြီးပေါ်ကနေ ပြုတ်ကျတာ ကိုခင်လှိုင်ဆိုရင်လည်း ထိပ်ကို သံချွန်ကြီးပေါက်ပြီးဝင်သွားတာ ကိုမြင့်မြတ်ဆိုရင်လည်း လက်ခေါက်သွားတယ်၊ ဒီလိုအခက်အခဲလေးတွေရှိပါတယ်'' လို့ ဆိုပါတယ်။

အသက်အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းတွေရှိတာကြောင့် ဂရုတစိုက်လုပ်ဖြစ်ခဲ့ရတဲ့ အခက်အခဲအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အသက်အန္တရာယ်များတဲ့ ဟာမျိုးဆိုရင် ကိုမြင့်မြတ်ဝိတ်နဲ့ မလုပ်နိုင်တာ ကျွန်တော်တို့က ဒါရိုက်ရှော့ရိုက်ချင်တာ သစ်ပင်အမြင့်ကြီး ကို ရှာထား ရတာ တာချီလိတ်သွားတဲ့လမ်းပေါ်က သစ်ပင်ကြီးပေါ်ကနေတိုက်ရိုက်ခုန်ဆင်းစေချင်တဲ့အတွက်ကြောင့် သူမလုပ်ရဲတော့ နောက်တစ်ယောက် ကိုလုပ်ရတယ်။ အဲ့ဒီကားကြီးထွက်သွားတဲ့အချိန်မှာ ဟိုလူက တန်းလန်းကြီးကျန်ခဲ့တာ အဲ့ဒီမှာအခက်အခဲဖြစ်ခဲ့တာ လေးတွေရှိတယ်'' လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

တောကျီးကန်းရုပ်ရှင်ဇာတ်ကားကြီးကို မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ကရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ ထူးခြား နဲ့ မိုးဟေကို  တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စပြီးရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။

photo: Duwun, မိုးရုပ်ရှင်ထုတ်လုပ်ရေး

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top