iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ့အလွတရားမွာ ၾကည္လင္လွပေနတဲ့အသားအေရလည္း က႑တစ္ခုအေနနဲ့ပါ၀င္ပါတယ္။ဒီလိုလွပစိုေျပတဲ့ အသားအေရကို ပိုင္ဆိုင္ဖို့တိုတာလည္း ေန့စဥ္ဂရုစိုက္ေနဖို့လိုပါတယ္။ဒီတစ္ခါမွာေတာ့ သင့္မ်က္နွာနဲ့နွာေခါင္းတ၀ိုက္က ဆား၀က္ျခံ၊အမဲစက္ေတြကို ဖယ္ရွားေပးနိုင္မယ့္ သဘာ၀နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။    ။
1.ေရွာက္သီး+ပ်ားရည္+သၾကား

ေရွာက္သီးကိုထက္ျခမ္းျခမ္းျပီး ျခမ္းထားတဲ့အေပၚကေန ပ်ားရည္ေလာင္းလိုက္ပါ။ထို့ေနာက္ အေပၚကေန သၾကားအနည္းငယ္ကို အနွံျဖဴးလိုက္ပါ။အဆင့္ဆင့္ျပီးသြားျပီဆိုရင္ေတာ့ ဒီသဘာ၀spongeနဲ့ လိုအပ္တဲ့ေနရာေတြမွာ စက္၀ိုင္းပံုသ႑ာန္ေရြ့ေရြ့ျပီး ညင္သာစြာနွိပ္နယ္ေပးပါ။ဒီနည္းေလးကို တစ္ပတ္မွာ တစ္ၾကိမ္ထက္ေတာ့ ပိုျပီးအသံုးမျပဳပါနဲ့။
2.အုန္းဆီ+အျခားဆီမ်ား

ခြက္တစ္ခြက္ထဲမွာ ခြက္ရဲ့၄ပံု၁ပံုစာ အုန္းဆီထည့္ျပီး ေရွာက္ရည္၊သံလြင္ဆီ၊လက္ဖက္ဆီ ၁၀စက္ထပ္ေပါင္းထည့္ျပီး ေခ်ာမြတ္ေနသည့္တိုင္ေအာင္ မျပတ္ေမြွေပးပါ။ထို့ေနာက္ ဂြမ္းဆို့လံုးနဲ့ ထိုအရည္ထဲကိုနွစ္ျပီး မနက္၊ည မ်က္နွာသစ္ျပီးတိုင္း သင့္အသားအေရကိုလူးေပးပါ။ေရာစပ္ထားတဲ့ဘူးကိုလည္း လံုေအာင္အဖံုးပိတ္ျပီး အခန္းအပူခ်ိန္မွာ ထားပါ။
3.သစ္ဂ်ပိုး+ေကြကာမွဳန္႔

သစ္ဂ်ပိုးမွဳန့္နဲ့ေကြကာမွဳန့္ တစ္ဇြန္းစီဆတူေရာစပ္ျပီး ေရေႏြးအနည္းငယ္ထည့္ျပီး ေသခ်ာေလးေမြွေပးပါ။ထူရဗ်စ္ခရင္မ္ၾကီးျဖစ္လာျပီဆိုရင္ေတာ့ သင့္ရဲ့လက္ညိွဳးေလးနဲ့ေကာ္ယူျပီး မ်က္နွာတ၀ိုက္ကို ၁မိနစ္ခန့္ စက္၀ိုင္းပံုစံ ညင္သာစြာ လိမ္းက်ံေပးပါ။ထို့ေနာက္ ေရေအးနဲ့မ်က္နွာကို သန့္စင္ေဆးေၾကာလိုက္ပါ။ဒီနည္းေလးကိုေတာ့ တစ္လမွာ နွစ္ၾကိမ္ထက္ ပိုအသံုးမျပဳသင့္ပါဘူး။
4.မီးေသြး+စိမ္းညိွဳ့ေရာင္ရြွံ့ေစး

မီးေသြးမွဳန့္ဇြန္း၀က္စာ၊ရြံ့ေစး၁ဇြန္းနဲ့ေရေႏြးဇြန္း၀က္စာတို့ကို ေရာစပ္ျပီး ေခ်ာမြတ္ျပီး တသားတည္းျဖစ္သြားသည့္တိုင္ေအာင္ ေမြွေပးပါ။ထို့ေနာက္ ေဖာ့တံုး(သို့)သြားပြတ္တံနဲ့ မ်က္နွာကိုလိမ္းက်ံျပီး ကပ္ထားပါ။လံုး၀ေျခာက္ေသြ့သြားတဲ့ထိ မိနစ္အနည္းငယ္ထားထားျပီး ေရေအးနဲ့ေသခ်ာေဆးေၾကာလိုက္ပါ။ဒီနည္းေလးကို တစ္ပတ္မွာ တစ္ၾကိမ္(သို့)နွစ္ၾကိမ္အသံုးျပဳေပးရုံနဲ့တင္ ေခ်ြးေပါက္၊ဆား၀က္ျခံေတြအတြက္ စိတ္ခ်ရပါျပီ။
5.အုန္းဆီ+ေကာ္ဖီအနည္

အုန္းဆီခြက္၀က္စာနဲ့ေကာ္ဖီအနည္ခြက္၀က္စာေရာစပ္ျပီး သင့္မ်က္နွာကို စက္၀ိုင္းပံုစံ ညင္သာစြာနွိပ္နယ္ေပးပါ။ထို့ေနာက္ မ်က္နွာေပၚ၅မိနစ္ခန့္ထားထားျပီး ေရေအးနဲ့ေဆးေၾကာလိုက္ပါ။တစ္ပတ္တစ္ၾကိမ္ ျပဳလုပ္ေပးနိုင္ပါတယ္။က်န္ရွိေသးတဲ့mixtureကိုလည္း အေအးခန္းထဲမွာ ေသခ်ာစြာသိမ္းဆည္းထားပါ။
6.ေကြကာအုပ္+ပ်ား၇ည္+ဒိန္ခ်ဥ္+သံလြင္ဆီ

ခြက္ရဲ့ပံု၁ပံုစာေကြကာအုပ္၊ဒိန္ခ်ဥ္၂ဇြန္း၊ပ်ားရည္၂ဇြန္းနဲ့သံလြင္ဆီ၂ဇြန္းတို့ကို သမသြားေအာင္ ၾကိတ္စက္နဲ့ၾကိတ္ေပးပါ။ထိုၾကိတ္ထားတဲ့အေရာအေနွာကို သင့္ရဲ့မ်က္နွာေျပာင္ေပၚမွာလိမ္းက်ံျပီး ၂မိနစ္ခန့္ ပြတ္ေပးပါ။ေနာက္ေရေႏြးနဲ့ေဆးေၾကာလိုက္ပါ။ဒါမွမဟုတ္ရင္လည္း မပြတ္ပဲ ၅မိနစ္ကေန၇မိနစ္ခန့္ကပ္ထားျခင္းအားျဖင့္ maskအေနနဲ့လည္း အသံုးျပဳနိုင္ပါတယ္။
7.Vaseline+plastic wrap

ဒီနည္းေလးကို အသံုးျပဳဖို့ အသင့္ေတာ္ဆံုးအခ်ိန္ကေတာ့ ေရခ်ိဳးျပီးေနာက္ ျဖစ္ပါတယ္။သင္လိုအပ္တဲ့ေနရာတ၀ိုက္မွာ Vaselineကိုလိမ္းေပးျပီး ပလတ္စတစ္စနဲ့ထပ္ပတ္လိုက္ပါ။ထိုအေနအထားအေပၚမွာပဲ ေရေႏြးစိမ္ထားတဲ့တဘက္စနဲ့ ထပ္အုပ္ျပီး ျပန္ေအးသြားသည့္တိုင္ေအာင္ ထိုအတိုင္းထားထားပါ။ထို့ေနာက္ မ်က္နွာေပၚမွာ က်န္ရွိေနတဲ့ Vaselineေတြကို tissueနဲ့သုတ္ပစ္ျပီး ေခ်ြးေပါက္၊ဆား၀က္ျခံရွိေနတဲ့ေနရာတ၀ိုက္ကို အသာအယာညွစ္ေပးျခင္းအားျဖင့္ ဖုန္မွဳန့္အညစ္အေၾကးေတြနဲ့အတူ အလိုအေလ်ာက္ဖယ္ထုတ္ျပီးသားျဖစ္သြားမွာပါ။ေနာက္ဆံုးအဆင့္အေနနဲ့ကေတာ့ သင့္ရဲ့အသားအေရေပၚမွာ လိုးရွင္းလူးေပးထားရုံပါ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
လူတစ်ယောက်ရဲ့အလှတရားမှာ ကြည်လင်လှပနေတဲ့အသားအရေလည်း ကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပါတယ်။ဒီလိုလှပစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့တိုတာလည်း နေ့စဉ်ဂရုစိုက်နေဖို့လိုပါတယ်။ဒီတစ်ခါမှာတော့ သင့်မျက်နှာနဲ့နှာခေါင်းတဝိုက်က ဆားဝက်ခြံ၊အမဲစက်တွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။    ။

1.ရှောက်သီး+ပျားရည်+သကြား

ရှောက်သီးကိုထက်ခြမ်းခြမ်းပြီး ခြမ်းထားတဲ့အပေါ်ကနေ ပျားရည်လောင်းလိုက်ပါ။ထို့နောက် အပေါ်ကနေ သကြားအနည်းငယ်ကို အနှံဖြူးလိုက်ပါ။အဆင့်ဆင့်ပြီးသွားပြီဆိုရင်တော့ ဒီသဘာဝspongeနဲ့ လိုအပ်တဲ့နေရာတွေမှာ စက်ဝိုင်းပုံသဏ္ဍာန်ရွေ့ရွေ့ပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ဒီနည်းလေးကို တစ်ပတ်မှာ တစ်ကြိမ်ထက်တော့ ပိုပြီးအသုံးမပြုပါနဲ့။

2.အုန်းဆီ+အခြားဆီများ

ခွက်တစ်ခွက်ထဲမှာ ခွက်ရဲ့၄ပုံ၁ပုံစာ အုန်းဆီထည့်ပြီး ရှောက်ရည်၊သံလွင်ဆီ၊လက်ဖက်ဆီ ၁၀စက်ထပ်ပေါင်းထည့်ပြီး ချောမွတ်နေသည့်တိုင်အောင် မပြတ်မွှေပေးပါ။ထို့နောက် ဂွမ်းဆို့လုံးနဲ့ ထိုအရည်ထဲကိုနှစ်ပြီး မနက်၊ည မျက်နှာသစ်ပြီးတိုင်း သင့်အသားအရေကိုလူးပေးပါ။ရောစပ်ထားတဲ့ဘူးကိုလည်း လုံအောင်အဖုံးပိတ်ပြီး အခန်းအပူချိန်မှာ ထားပါ။

3.သစ်ဂျပိုး+ကွေကာမှုန့်

သစ်ဂျပိုးမှုန့်နဲ့ကွေကာမှုန့် တစ်ဇွန်းစီဆတူရောစပ်ပြီး ရေနွေးအနည်းငယ်ထည့်ပြီး သေချာလေးမွှေပေးပါ။ထူရဗျစ်ခရင်မ်ကြီးဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့လက်ညှိုးလေးနဲ့ကော်ယူပြီး မျက်နှာတဝိုက်ကို ၁မိနစ်ခန့် စက်ဝိုင်းပုံစံ ညင်သာစွာ လိမ်းကျံပေးပါ။ထို့နောက် ရေအေးနဲ့မျက်နှာကို သန့်စင်ဆေးကြောလိုက်ပါ။ဒီနည်းလေးကိုတော့ တစ်လမှာ နှစ်ကြိမ်ထက် ပိုအသုံးမပြုသင့်ပါဘူး။

4.မီးသွေး+စိမ်းညှို့ရောင်ရွှံ့စေး

မီးသွေးမှုန့်ဇွန်းဝက်စာ၊ရွံ့စေး၁ဇွန်းနဲ့ရေနွေးဇွန်းဝက်စာတို့ကို ရောစပ်ပြီး ချောမွတ်ပြီး တသားတည်းဖြစ်သွားသည့်တိုင်အောင် မွှေပေးပါ။ထို့နောက် ဖော့တုံး(သို့)သွားပွတ်တံနဲ့ မျက်နှာကိုလိမ်းကျံပြီး ကပ်ထားပါ။လုံးဝခြောက်သွေ့သွားတဲ့ထိ မိနစ်အနည်းငယ်ထားထားပြီး ရေအေးနဲ့သေချာဆေးကြောလိုက်ပါ။ဒီနည်းလေးကို တစ်ပတ်မှာ တစ်ကြိမ်(သို့)နှစ်ကြိမ်အသုံးပြုပေးရုံနဲ့တင် ချွေးပေါက်၊ဆားဝက်ခြံတွေအတွက် စိတ်ချရပါပြီ။

5.အုန်းဆီ+ကော်ဖီအနည်

အုန်းဆီခွက်ဝက်စာနဲ့ကော်ဖီအနည်ခွက်ဝက်စာရောစပ်ပြီး သင့်မျက်နှာကို စက်ဝိုင်းပုံစံ ညင်သာစွာနှိပ်နယ်ပေးပါ။ထို့နောက် မျက်နှာပေါ်၅မိနစ်ခန့်ထားထားပြီး ရေအေးနဲ့ဆေးကြောလိုက်ပါ။တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ကျန်ရှိသေးတဲ့mixtureကိုလည်း အအေးခန်းထဲမှာ သေချာစွာသိမ်းဆည်းထားပါ။

6.ကွေကာအုပ်+ပျား၇ည်+ဒိန်ချဉ်+သံလွင်ဆီ

ခွက်ရဲ့ပုံ၁ပုံစာကွေကာအုပ်၊ဒိန်ချဉ်၂ဇွန်း၊ပျားရည်၂ဇွန်းနဲ့သံလွင်ဆီ၂ဇွန်းတို့ကို သမသွားအောင် ကြိတ်စက်နဲ့ကြိတ်ပေးပါ။ထိုကြိတ်ထားတဲ့အရောအနှောကို သင့်ရဲ့မျက်နှာပြောင်ပေါ်မှာလိမ်းကျံပြီး ၂မိနစ်ခန့် ပွတ်ပေးပါ။နောက်ရေနွေးနဲ့ဆေးကြောလိုက်ပါ။ဒါမှမဟုတ်ရင်လည်း မပွတ်ပဲ ၅မိနစ်ကနေ၇မိနစ်ခန့်ကပ်ထားခြင်းအားဖြင့် maskအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

7.Vaseline+plastic wrap

ဒီနည်းလေးကို အသုံးပြုဖို့ အသင့်တော်ဆုံးအချိန်ကတော့ ရေချိုးပြီးနောက် ဖြစ်ပါတယ်။သင်လိုအပ်တဲ့နေရာတဝိုက်မှာ Vaselineကိုလိမ်းပေးပြီး ပလတ်စတစ်စနဲ့ထပ်ပတ်လိုက်ပါ။ထိုအနေအထားအပေါ်မှာပဲ ရေနွေးစိမ်ထားတဲ့တဘက်စနဲ့ ထပ်အုပ်ပြီး ပြန်အေးသွားသည့်တိုင်အောင် ထိုအတိုင်းထားထားပါ။ထို့နောက် မျက်နှာပေါ်မှာ ကျန်ရှိနေတဲ့ Vaselineတွေကို tissueနဲ့သုတ်ပစ်ပြီး ချွေးပေါက်၊ဆားဝက်ခြံရှိနေတဲ့နေရာတဝိုက်ကို အသာအယာညှစ်ပေးခြင်းအားဖြင့် ဖုန်မှုန့်အညစ်အကြေးတွေနဲ့အတူ အလိုအလျောက်ဖယ်ထုတ်ပြီးသားဖြစ်သွားမှာပါ။နောက်ဆုံးအဆင့်အနေနဲ့ကတော့ သင့်ရဲ့အသားအရေပေါ်မှာ လိုးရှင်းလူးပေးထားရုံပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top