ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသမီးေတြရဲ႕စိတ္ကို နားလည္ဖို႔ အခက္ဆံုးပဲလို႔ အမ်ိဳးသားအမ်ားစုကေျပာၾကတယ္။ တကယ္ေတာ့လည္း ဟုတ္ပါတယ္။ အမ်ိဳးသမီးေတြရဲ႕စိတ္ဆိုတာကို အမ်ိဳးသမီးအခ်င္းခ်င္းကပဲ ပိုနားလည္ႏိုင္ပါတယ္။ တခါတေလက်ေတာ့ အမ်ိဳးသမီးအခ်င္းခ်င္းထက္ သူမကို အရိပ္လိုၾကည့္ေနတတ္တဲ့ သူမရဲ႕လက္တြဲေဖာ္က သူမရဲ႕စိတ္ကို သူမထက္ေတာင္ ပိုနားလည္တတ္တာမ်ိဳးလည္း ေတြ႔ရတတ္တယ္။

အမ်ိဳးသမီးေတြ “ဟင့္အင္း” ေျပာလို႔ ဒါ “ဟင့္အင္း”လို႔ ဆိုလိုတယ္ဆိုၿပီး ယတိျပတ္ေကာက္ခ်က္မခ်လိုက္နဲ႔။ အဲဒီ “ဟင့္အင္း” ဟာ “အင္း” ဆိုတဲ့ အဓိပၸါယ္ ေဆာင္ေနတာမ်ိဳးလည္းရွိတယ္။ “အင္း” လို႔ဆိုတိုင္းလည္း သူမက “အင္း”လို႔ ဆိုလိုတာမဟုတ္ဘူး။တခါတေလ အရြဲ႕တိုက္ခ်င္စိတ္ေၾကာင့္ပဲျဖစ္ျဖစ္ ၊ လတ္တေလာျဖစ္ေပၚလာတဲ့ အေၾကာင္းေၾကာင္းေတြေၾကာင့္ သူမက ဒီလိုစကားထြက္လာတာ ။ ဒါအတည္မဟုတ္ဘူး။ တခါတေလ သူမေျပာစကားေတြကို ဆန္႔က်င္ဘက္ သေဘာေကာက္လို႔ ေျပာဆို ၊ ျပဳမူလုပ္ကိုင္ပါမွ သူမရဲ႕ အဓိကဆိုလိုရင္းကို လုပ္ေဆာင္တာ။ ဒီလိုမွမဟုတ္ရင္ ကိြဳင္ႀကီးႀကီးတက္ႏိုင္တယ္။

အမ်ိဳးသမီးေတြရဲ႕ ဆိုလိုရင္းကို နားလည္ဖို႔ဆိုရင္ အရင္ဆံုးသူမရဲ႕မ်က္ႏွာထား ၊ သူမရဲ႕ေလသံအနိမ့္အျမင့္ ၊ ဆင္တူယိုးမွား ျဖစ္ပ်က္ခဲ့ဖူးတဲ့ အျဖစ္အပ်က္ေတြ ၊ လတ္တေလာ သူမ ခံစားေနရတဲ့ ခံစားခ်က္နဲ႔ အေတြးေတြကို အနီးစပ္ဆံုး နားလည္ေအာင္ အျပန္ျပန္အလွန္လွန္ သံုးသပ္ၿပီးပါမွ သူမဟာ တကယ္ဘာဆိုလိုတယ္လို႔ နားလည္ႏိုင္မွာျဖစ္ပါတယ္။

ဥပမာ – စားလက္စ အစားအစာကို သူမစားဖို႔ခ်န္ထားရဦးမလားလို႔ ကိုယ္ကေမးတယ္ထားပါေတာ့။ သူမက “ခ်န္မေနနဲ႔ အကုန္စားလိုက္”ေျပာလို႔  အကုန္မစားနဲ႔။ အကုန္စားလိုက္ၿပီဆိုရင္ သူမနဲ႔ ကြိဳင္ႀကီးႀကီးတက္ႏိုင္တယ္။ သူမက ကိုယ္မစားခင္ကတည္းက သူမကို စားဦးမလားလို႔ အလိုက္တသိ ေမးတာမ်ိဳး ၊ သူမစားဖို႔ အလိုက္တသိဖယ္ထားတာမ်ိဳး လိုခ်င္ခဲ့တာ မရခဲ့တာမို႔ ကိုယ္မေမးခင္ကတည္းက ေကာက္ေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ မေမးခင္ကတည္းက ေကာက္ေနတာမို႔ ကိုယ္ေမးတဲ့အခ်ိန္မွာ ဒီလိုအေျဖမ်ိဳးေျဖတာျဖစ္ႏိုင္တယ္။

ကိုယ္အကုန္စားလိုက္မိလို႔ကေတာ့ မသိမသာ ေကာက္ေနတဲ့ သူမစိတ္ဟာ ပိုေကာက္ေကြးၿပီး အျခားမဆိုင္တဲ့အရာေပၚမွာ ထြက္ေပါက္ေပးလို႔ ဘာမဟုတ္တာေလးနဲ႔ ကိုယ့္ရန္ရွာႏိုင္ပါတယ္။ ဘာမဟုတ္တာေလးနဲ႔ ကြိဳင္အႀကီးႀကီးရွာတတ္တယ္လို႔မထင္နဲ႔။ အဲဒီဘာမဟုတ္တာေလးမတိုင္မီကတည္းက သူမဟာ ေကာက္ေကြးေနၿပီးသားျဖစ္ေနလို႔သာ ဒီဘာမဟုတ္တာေလးနဲ႔ ကြိဳင္တက္ေနတာပါ။

ဒါေၾကာင့္ သူမနဲ႔ အေမးအေျဖလုပ္တာမ်ိဳး ၊ စကားေျပာတာမ်ိဳး ၊ သူမ စကားဦးသန္းတဲ့ စကားေတြမွာ  အရင္ဆံုးသူမရဲ႕မ်က္ႏွာထား ၊ သူမရဲ႕ေလသံအနိမ့္အျမင့္ ၊ ဆင္တူယိုးမွား ျဖစ္ပ်က္ခဲ့ဖူးတဲ့ အျဖစ္အပ်က္ေတြ ၊ လတ္တေလာ သူမ ခံစားေနရတဲ့ ခံစားခ်က္နဲ႔ အေတြးေတြကို အနီးစပ္ဆံုး နားလည္ေအာင္ အျပန္ျပန္အလွန္လွန္ သံုးသပ္ၿပီး အေကာင္းဆံုး တုန္႔ျပန္ေျဖဆို လုပ္ကိုင္ပါမွ သူမရဲ႕ စိတ္ေက်နပ္မႈကို ရႏိုင္တယ္။

အမ်ိဳးသမီးေတြအလိုခ်င္ဆံုးဆႏၵက သူမအေလးထားသူရဲ႕ အလိုက္တသိဂ႐ုစိုက္မႈေလးေတြပါ။ အဲဒီလိုေျပာလို႔ အၾကင္နာေပးတာခ်ည္းပဲလားလို႔ မထင္လိုက္နဲ႔။ အလိုက္တသိဂ႐ုစိုက္မႈဆိုတဲ့အထဲမွာ ခ်ိဳသာစြာေျပာဆိုဆက္ဆံတာ ၊ သူမကိုအၿမဲသတိတရျဖစ္ေနတတ္တာ ၊ ဒီလိုသတိရတာကိုလည္း သူမ သိေစဖို႔ စာတိုပို႔တာ ၊ တန္ဖိုးနည္းကေန တန္ဖိုးႀကီးတာေတြအထိ ဘာေလးပဲျဖစ္ျဖစ္ အမွတ္တရေလးေတြ ဝယ္ေပးတတ္တာ ၊ အမွတ္တရေလးေတြ လုပ္ေပးတတ္တာ ၊ သူမနဲ႔ သူမခ်စ္ခင္သူေတြကိုလည္း တန္ဖိုးထားဆက္ဆံတာေတြကအစ ပါဝင္ေနပါတယ္။

ဒီလို အလိုက္တသိဂ႐ုစိုက္မႈေလးေတြေပးတာကို သူမက သမီးရည္းစားေတြ မျဖစ္ခင္ကတည္းက ခံစားခ်င္တာ ကေလးေတြရလို႔ အိုသြားတဲ့အထိ ဒီလိုခံစားခ်င္တဲ့စိတ္ဟာ ေျပာင္းလဲမသြားဘူး။ ဒါကိုက အမ်ိဳးသမီးေတြရဲ႕ မေျပာင္းလဲေသာ ေတာင့္တမႈမ်ိဳးျဖစ္တယ္။ အရင္က ဒါေတြ သည္းသည္းလႈပ္လုပ္ျပခဲ့လို႔ သူမရဲ႕ခ်စ္ျခင္းေမတၱာေတြ သိမ္းက်ံဳးယူထားႏိုင္ခဲ့ၿပီး လက္ထပ္ေပါင္းသင္းၿပီးၿပီ ၊ သားသမီးေတြလည္းရၿပီ ၊ အိမ္ေထာင္သက္လည္း ရၿပီဆိုၿပီး ဒါေတြမလိုေတာ့ပါဘူးလို႔ မထင္လိုက္နဲ႔။ ဒါေတြမရရွိေတာ့ရင္ သူမကို သူမလက္တြဲေဖာ္က မခ်စ္ေတာ့ဘူးဆိုတဲ့စိတၱဇ သူမမွာ မသိမသာကေန အခ်ိန္ၾကာလာတာနဲ႔အမၽွ သိသိသာသာ ဝင္လာၿပီ။

ဒီထဲကမွ လက္တြဲေဖာ္ဟာ အေခၚအေဝၚေတြေျပာင္း ၊ အခ်ိဳးေတြေျပာင္းေနတယ္ဆိုရင္ေတာ့ သူမကိုအရင္လိုမခ်စ္ေတာ့ဘူးလို႔ ထင္ေနတဲ့စိတၱဇပိုခိုင္မာလာခဲ့ၿပီ။ ဒီလိုဆိုရင္ အသစ္ေတြ႔ေနလား ၊ေနာက္ကြယ္မွာ ေဖာက္ျပန္ေနသလားလို႔ စစ္ဟယ္ေဆးဟယ္နဲ႔ မသိမသာတမ်ိဳး ၊ သိသိသာသာတမ်ိဳး မ်က္စိေဒါက္ေထာက္ ၾကည့္လာေတာ့မွာ။

တခုခုမ်ား အျမင္မေတြ႔တာေတြေပၚၾကည့္ ေျပာမၿပီးေတာ့ဘူး။ ဒီအခါ အိမ္ေထာင္ဖက္က နားညည္းလာတာနဲ႔အမၽွ သူမရဲ႕စကားလံုးေတြနဲ႔ေဝးရာ ေရွာင္ရင္း ေရွာင္ရင္း သူမကိုပါ ေရွာင္လာေတာ့ သူမရဲ႕စိတၱဇနဲ႔ ပူေလာင္မႈေတြဟာ တိုးသထက္တိုးလာတတ္တယ္။ ဒီလိုနဲ႔ အိမ္ေထာင္ေရးအဆင္မေျပမႈေတြဟာ တိုးသထက္တိုးလာၿပီး အိမ္ေထာင္ေရးသာယာမႈဟာ နည္းသထက္ နည္းလာတာပါ။

အမ်ိဳးသမီးေတြရဲ႕ စိတ္ႏွလံုးကိုအၿမဲ သိမ္းက်ံဳးဆြဲေဆာင္ၿပီး ခ်စ္ျခင္းေမတၱာေတြ ထိန္းသိမ္းထားဖို႔ဆိုရင္ သူမရဲ႕ ေကာင္းကြက္ေတြကို ေရြးေျပာၿပီး ဒါေၾကာင့္ ပိုခ်စ္ေနရတယ္လို႔သာေျပာပါ။ အိမ္ေထာင္သက္ရလာလို႔ ၊ သားသမီးေတြရွိလာလို႔ ပံုပ်က္လာတဲ့သူမက သူမပံုပ်က္လာတယ္ဆိုတာ ကိုယ့္ဆီက အတိအလင္းမေျပာလည္း သူမကိုယ္သူမ သိပါတယ္။

မသိခ်င္ေယာင္ေဆာင္ၿပီး သူမဝလာသလား ၊ ပံုပ်က္လာသလား ၊ ဝလာၿပီထင္တယ္ ၊ အရင္လိုမလွေတာ့ဘူးစသျဖင့္ စကားဦးသန္းလာရင္ ဝိတ္ေလၽွာ့ပါဦးတို႔ ၊ ဟုတ္တယ္ ဝေနတယ္တို႔ ၊ ကိုယ့္ကိုယ္ကိုသိရင္ဘာလုပ္သင့္တယ္တို႔ သူမစကားနဲ႔ လိုက္ေလ်ာညီေထြရွိေအာင္ေတာင္ ေနာက္ေနာက္ေျပာင္ေျပာင္ မေျပာမိေစနဲ႔ေလ။ သူမေဒါသူပုန္ထသြားတာ ၊ စိတ္ထဲ ေကြးေကာက္သြားတာကို ခ်က္ခ်င္းေတာ့ ကိုယ္ျမင္ရမွာမဟုတ္ဘူး။ ဒါေပမယ့္ ကိုယ္တိုင္က သူမကို ဆိုက္ကိုဝင္သြားေစတယ္။

ဘယ္လိုဆိုက္ကိုလဲဆိုေတာ့ သူမပံုပ်က္လာတာ ကိုယ္လက္ခံလိုက္ၿပီမို႔ အမိုက္စားေလးေတြနဲ႔ သူမကြယ္ရာမွာ ကိုယ္ေဖာက္ျပန္ေနႏိုင္တယ္ဆိုတဲ့ ဆိုက္ကိုေပးလိုက္တာပါ။ ဒီဆိုက္ကိုဝင္သြားရင္ ေဖ်ာက္ရခက္တယ္။ ဒီသံသယေတြကို ေခ်ဖ်က္ရခက္တာမို႔ ဘယ္ေတာ့မွ သူမပံုပ်က္သြားတာကို ကိုယ္ကသိေၾကာင္း ၊ ဟုတ္ေၾကာင္း သံေယာင္ေတာင္မလိုက္မိေစနဲ႔ေလ။

ဝလာတယ္လို႔ သူမကိုယ္သူမေျပာေနရင္ေတာင္ ဝလာလည္း ကိုယ့္မိန္းမမို႔ ခ်စ္ၿပီးသားဆိုတာေလးနဲ႔ သူမစိတ္ႏွလံုးကို သိမ္းသြင္းႏိုင္ပါေစ ၊ ပံုပ်က္လာတယ္လို႔ သူမေျပာေပမယ့္ သူမရဲ႕ ဟင္းလက္ရာေတြဟာ ကိုယ့္အတြက္ တသက္စြဲမက္ေနေစတာမို႔ ဒီမယားဟာ အေကာင္းဆံုးလို႔ ေျပာျဖစ္ပါေစ ၊ အိုလာၿပီလို႔ သူမေျပာရင္ေတာင္ ဘယ္သူမွ ငယ္သြားတာမ်ိဳးမရွိဘူးဆိုတာနဲ႔ သူမကို ေျဖသိမ့္တတ္ပါေစေလ။

ကိုယ့္အမ်ိဳးသမီးေတြ ကိုယ္နဲ႔အတူရွိေနခ်ိန္ေတြမွာ အရင္နဲ႔မတူ တမူထူးလို႔  အလွေတြျပင္လာတာမ်ိဳး ၊ ဆံပင္ေတြပံုစံေျပာင္းညႇပ္တာ ၊ ေကာက္တာ ၊ ေျဖာင့္တာမ်ိဳးေတြ လုပ္လာရင္ သူမရဲ႕မေျပာင္းလဲေသးတဲ့ ကိုယ္အလွ ၊ စိတ္အလွေတြကို ရွာႀကံေျပာတတ္ပါေစ။ အမ်ိဳးသမီးေတြဟာ သူတို႔မလွေတာ့ဘူးဆိုတာသိေပမယ့္ ကိုယ္ကမ်ား သူမ အလွကို ရွာေဖြျမင္လို႔ေျပာတတ္မယ္ဆိုရင္ သူမက သူမလက္တြဲေဖာ္ဟာ သူမကို အရင္လိုပဲခ်စ္တုန္း ၊ သူမဟာ ကိုယ့္အိမ္ေထာင္ဘက္အေပၚ အရင္လိုပဲ ဆြဲေဆာင္မႈရွိတုန္းလို႔ ဂုဏ္ယူေနတတ္ၾကတာပါ။

ကၠဳတၳိယစိတ္အေၾကာင္းကို ေျပာရမယ္ဆိုရင္ေတာ့ အမ်ားႀကီးေပါ့။ ေျပာလို႔လည္းကုန္မွာမဟုတ္သလို ေျပာလို႔လည္းမၿပီးႏိုင္ဘူးေလ။ ဒါေပမယ့္အထက္ကအေၾကာင္းအရာေလးေတြကိုသာ သတိထားၿပီး ကိုယ့္ခ်စ္သူ ၊ ၾကင္သူ ၊ အိမ္သူသက္ထားနဲ႔ ဆက္ဆံသြားမယ္ဆိုရင္ သူမရဲ႕ေန႔စဥ္ေျပာဆိုဆက္ဆံေရးေတြမွာ အထိုက္အေလ်ာက္ တိုးတက္ေျပာင္းလဲၿပီး သာယာတဲ့ဆက္ဆံေရးဘက္ကို ဦးတည္လာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရတု (Burmesehearts.com)

# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေရဲ့စိတ်ကို နားလည်ဖို့ အခက်ဆုံးပဲလို့ အမျိုးသားအများစုကပြောကြတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ အမျိုးသမီးတွေရဲ့စိတ်ဆိုတာကို အမျိုးသမီးအချင်းချင်းကပဲ ပိုနားလည်နိုင်ပါတယ်။ တခါတလေကျတော့ အမျိုးသမီးအချင်းချင်းထက် သူမကို အရိပ်လိုကြည့်နေတတ်တဲ့ သူမရဲ့လက်တွဲဖော်က သူမရဲ့စိတ်ကို သူမထက်တောင် ပိုနားလည်တတ်တာမျိုးလည်း တွေ့ရတတ်တယ်။

အမျိုးသမီးတွေ “ဟင့်အင်း” ပြောလို့ ဒါ “ဟင့်အင်း”လို့ ဆိုလိုတယ်ဆိုပြီး ယတိပြတ်ကောက်ချက်မချလိုက်နဲ့။ အဲဒီ “ဟင့်အင်း” ဟာ “အင်း” ဆိုတဲ့ အဓိပ္ပါယ် ဆောင်နေတာမျိုးလည်းရှိတယ်။ “အင်း” လို့ဆိုတိုင်းလည်း သူမက “အင်း”လို့ ဆိုလိုတာမဟုတ်ဘူး။တခါတလေ အရွဲ့တိုက်ချင်စိတ်ကြောင့်ပဲဖြစ်ဖြစ် ၊ လတ်တလောဖြစ်ပေါ်လာတဲ့ အကြောင်းကြောင်းတွေကြောင့် သူမက ဒီလိုစကားထွက်လာတာ ။ ဒါအတည်မဟုတ်ဘူး။ တခါတလေ သူမပြောစကားတွေကို ဆန့်ကျင်ဘက် သဘောကောက်လို့ ပြောဆို ၊ ပြုမူလုပ်ကိုင်ပါမှ သူမရဲ့ အဓိကဆိုလိုရင်းကို လုပ်ဆောင်တာ။ ဒီလိုမှမဟုတ်ရင် ကွိုင်ကြီးကြီးတက်နိုင်တယ်။

အမျိုးသမီးတွေရဲ့ ဆိုလိုရင်းကို နားလည်ဖို့ဆိုရင် အရင်ဆုံးသူမရဲ့မျက်နှာထား ၊ သူမရဲ့လေသံအနိမ့်အမြင့် ၊ ဆင်တူယိုးမှား ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ၊ လတ်တလော သူမ ခံစားနေရတဲ့ ခံစားချက်နဲ့ အတွေးတွေကို အနီးစပ်ဆုံး နားလည်အောင် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးပါမှ သူမဟာ တကယ်ဘာဆိုလိုတယ်လို့ နားလည်နိုင်မှာဖြစ်ပါတယ်။

ဥပမာ – စားလက်စ အစားအစာကို သူမစားဖို့ချန်ထားရဦးမလားလို့ ကိုယ်ကမေးတယ်ထားပါတော့။ သူမက “ချန်မနေနဲ့ အကုန်စားလိုက်”ပြောလို့  အကုန်မစားနဲ့။ အကုန်စားလိုက်ပြီဆိုရင် သူမနဲ့ ကွိုင်ကြီးကြီးတက်နိုင်တယ်။ သူမက ကိုယ်မစားခင်ကတည်းက သူမကို စားဦးမလားလို့ အလိုက်တသိ မေးတာမျိုး ၊ သူမစားဖို့ အလိုက်တသိဖယ်ထားတာမျိုး လိုချင်ခဲ့တာ မရခဲ့တာမို့ ကိုယ်မမေးခင်ကတည်းက ကောက်နေတာမျိုးဖြစ်နိုင်ပါတယ်။ မမေးခင်ကတည်းက ကောက်နေတာမို့ ကိုယ်မေးတဲ့အချိန်မှာ ဒီလိုအဖြေမျိုးဖြေတာဖြစ်နိုင်တယ်။

ကိုယ်အကုန်စားလိုက်မိလို့ကတော့ မသိမသာ ကောက်နေတဲ့ သူမစိတ်ဟာ ပိုကောက်ကွေးပြီး အခြားမဆိုင်တဲ့အရာပေါ်မှာ ထွက်ပေါက်ပေးလို့ ဘာမဟုတ်တာလေးနဲ့ ကိုယ့်ရန်ရှာနိုင်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ ကွိုင်အကြီးကြီးရှာတတ်တယ်လို့မထင်နဲ့။ အဲဒီဘာမဟုတ်တာလေးမတိုင်မီကတည်းက သူမဟာ ကောက်ကွေးနေပြီးသားဖြစ်နေလို့သာ ဒီဘာမဟုတ်တာလေးနဲ့ ကွိုင်တက်နေတာပါ။

ဒါကြောင့် သူမနဲ့ အမေးအဖြေလုပ်တာမျိုး ၊ စကားပြောတာမျိုး ၊ သူမ စကားဦးသန်းတဲ့ စကားတွေမှာ  အရင်ဆုံးသူမရဲ့မျက်နှာထား ၊ သူမရဲ့လေသံအနိမ့်အမြင့် ၊ ဆင်တူယိုးမှား ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ၊ လတ်တလော သူမ ခံစားနေရတဲ့ ခံစားချက်နဲ့ အတွေးတွေကို အနီးစပ်ဆုံး နားလည်အောင် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီး အကောင်းဆုံး တုန့်ပြန်ဖြေဆို လုပ်ကိုင်ပါမှ သူမရဲ့ စိတ်ကျေနပ်မှုကို ရနိုင်တယ်။

အမျိုးသမီးတွေအလိုချင်ဆုံးဆန္ဒက သူမအလေးထားသူရဲ့ အလိုက်တသိဂရုစိုက်မှုလေးတွေပါ။ အဲဒီလိုပြောလို့ အကြင်နာပေးတာချည်းပဲလားလို့ မထင်လိုက်နဲ့။ အလိုက်တသိဂရုစိုက်မှုဆိုတဲ့အထဲမှာ ချိုသာစွာပြောဆိုဆက်ဆံတာ ၊ သူမကိုအမြဲသတိတရဖြစ်နေတတ်တာ ၊ ဒီလိုသတိရတာကိုလည်း သူမ သိစေဖို့ စာတိုပို့တာ ၊ တန်ဖိုးနည်းကနေ တန်ဖိုးကြီးတာတွေအထိ ဘာလေးပဲဖြစ်ဖြစ် အမှတ်တရလေးတွေ ဝယ်ပေးတတ်တာ ၊ အမှတ်တရလေးတွေ လုပ်ပေးတတ်တာ ၊ သူမနဲ့ သူမချစ်ခင်သူတွေကိုလည်း တန်ဖိုးထားဆက်ဆံတာတွေကအစ ပါဝင်နေပါတယ်။

ဒီလို အလိုက်တသိဂရုစိုက်မှုလေးတွေပေးတာကို သူမက သမီးရည်းစားတွေ မဖြစ်ခင်ကတည်းက ခံစားချင်တာ ကလေးတွေရလို့ အိုသွားတဲ့အထိ ဒီလိုခံစားချင်တဲ့စိတ်ဟာ ပြောင်းလဲမသွားဘူး။ ဒါကိုက အမျိုးသမီးတွေရဲ့ မပြောင်းလဲသော တောင့်တမှုမျိုးဖြစ်တယ်။ အရင်က ဒါတွေ သည်းသည်းလှုပ်လုပ်ပြခဲ့လို့ သူမရဲ့ချစ်ခြင်းမေတ္တာတွေ သိမ်းကျုံးယူထားနိုင်ခဲ့ပြီး လက်ထပ်ပေါင်းသင်းပြီးပြီ ၊ သားသမီးတွေလည်းရပြီ ၊ အိမ်ထောင်သက်လည်း ရပြီဆိုပြီး ဒါတွေမလိုတော့ပါဘူးလို့ မထင်လိုက်နဲ့။ ဒါတွေမရရှိတော့ရင် သူမကို သူမလက်တွဲဖော်က မချစ်တော့ဘူးဆိုတဲ့စိတ္တဇ သူမမှာ မသိမသာကနေ အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဝင်လာပြီ။

ဒီထဲကမှ လက်တွဲဖော်ဟာ အခေါ်အဝေါ်တွေပြောင်း ၊ အချိုးတွေပြောင်းနေတယ်ဆိုရင်တော့ သူမကိုအရင်လိုမချစ်တော့ဘူးလို့ ထင်နေတဲ့စိတ္တဇပိုခိုင်မာလာခဲ့ပြီ။ ဒီလိုဆိုရင် အသစ်တွေ့နေလား ၊နောက်ကွယ်မှာ ဖောက်ပြန်နေသလားလို့ စစ်ဟယ်ဆေးဟယ်နဲ့ မသိမသာတမျိုး ၊ သိသိသာသာတမျိုး မျက်စိဒေါက်ထောက် ကြည့်လာတော့မှာ။

တခုခုများ အမြင်မတွေ့တာတွေပေါ်ကြည့် ပြောမပြီးတော့ဘူး။ ဒီအခါ အိမ်ထောင်ဖက်က နားညည်းလာတာနဲ့အမျှ သူမရဲ့စကားလုံးတွေနဲ့ဝေးရာ ရှောင်ရင်း ရှောင်ရင်း သူမကိုပါ ရှောင်လာတော့ သူမရဲ့စိတ္တဇနဲ့ ပူလောင်မှုတွေဟာ တိုးသထက်တိုးလာတတ်တယ်။ ဒီလိုနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေဟာ တိုးသထက်တိုးလာပြီး အိမ်ထောင်ရေးသာယာမှုဟာ နည်းသထက် နည်းလာတာပါ။

အမျိုးသမီးတွေရဲ့ စိတ်နှလုံးကိုအမြဲ သိမ်းကျုံးဆွဲဆောင်ပြီး ချစ်ခြင်းမေတ္တာတွေ ထိန်းသိမ်းထားဖို့ဆိုရင် သူမရဲ့ ကောင်းကွက်တွေကို ရွေးပြောပြီး ဒါကြောင့် ပိုချစ်နေရတယ်လို့သာပြောပါ။ အိမ်ထောင်သက်ရလာလို့ ၊ သားသမီးတွေရှိလာလို့ ပုံပျက်လာတဲ့သူမက သူမပုံပျက်လာတယ်ဆိုတာ ကိုယ့်ဆီက အတိအလင်းမပြောလည်း သူမကိုယ်သူမ သိပါတယ်။

မသိချင်ယောင်ဆောင်ပြီး သူမဝလာသလား ၊ ပုံပျက်လာသလား ၊ ဝလာပြီထင်တယ် ၊ အရင်လိုမလှတော့ဘူးစသဖြင့် စကားဦးသန်းလာရင် ဝိတ်လျှော့ပါဦးတို့ ၊ ဟုတ်တယ် ဝနေတယ်တို့ ၊ ကိုယ့်ကိုယ်ကိုသိရင်ဘာလုပ်သင့်တယ်တို့ သူမစကားနဲ့ လိုက်လျောညီထွေရှိအောင်တောင် နောက်နောက်ပြောင်ပြောင် မပြောမိစေနဲ့လေ။ သူမဒေါသူပုန်ထသွားတာ ၊ စိတ်ထဲ ကွေးကောက်သွားတာကို ချက်ချင်းတော့ ကိုယ်မြင်ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်တိုင်က သူမကို ဆိုက်ကိုဝင်သွားစေတယ်။

ဘယ်လိုဆိုက်ကိုလဲဆိုတော့ သူမပုံပျက်လာတာ ကိုယ်လက်ခံလိုက်ပြီမို့ အမိုက်စားလေးတွေနဲ့ သူမကွယ်ရာမှာ ကိုယ်ဖောက်ပြန်နေနိုင်တယ်ဆိုတဲ့ ဆိုက်ကိုပေးလိုက်တာပါ။ ဒီဆိုက်ကိုဝင်သွားရင် ဖျောက်ရခက်တယ်။ ဒီသံသယတွေကို ချေဖျက်ရခက်တာမို့ ဘယ်တော့မှ သူမပုံပျက်သွားတာကို ကိုယ်ကသိကြောင်း ၊ ဟုတ်ကြောင်း သံယောင်တောင်မလိုက်မိစေနဲ့လေ။

ဝလာတယ်လို့ သူမကိုယ်သူမပြောနေရင်တောင် ဝလာလည်း ကိုယ့်မိန်းမမို့ ချစ်ပြီးသားဆိုတာလေးနဲ့ သူမစိတ်နှလုံးကို သိမ်းသွင်းနိုင်ပါစေ ၊ ပုံပျက်လာတယ်လို့ သူမပြောပေမယ့် သူမရဲ့ ဟင်းလက်ရာတွေဟာ ကိုယ့်အတွက် တသက်စွဲမက်နေစေတာမို့ ဒီမယားဟာ အကောင်းဆုံးလို့ ပြောဖြစ်ပါစေ ၊ အိုလာပြီလို့ သူမပြောရင်တောင် ဘယ်သူမှ ငယ်သွားတာမျိုးမရှိဘူးဆိုတာနဲ့ သူမကို ဖြေသိမ့်တတ်ပါစေလေ။

ကိုယ့်အမျိုးသမီးတွေ ကိုယ်နဲ့အတူရှိနေချိန်တွေမှာ အရင်နဲ့မတူ တမူထူးလို့  အလှတွေပြင်လာတာမျိုး ၊ ဆံပင်တွေပုံစံပြောင်းညှပ်တာ ၊ ကောက်တာ ၊ ဖြောင့်တာမျိုးတွေ လုပ်လာရင် သူမရဲ့မပြောင်းလဲသေးတဲ့ ကိုယ်အလှ ၊ စိတ်အလှတွေကို ရှာကြံပြောတတ်ပါစေ။ အမျိုးသမီးတွေဟာ သူတို့မလှတော့ဘူးဆိုတာသိပေမယ့် ကိုယ်ကများ သူမ အလှကို ရှာဖွေမြင်လို့ပြောတတ်မယ်ဆိုရင် သူမက သူမလက်တွဲဖော်ဟာ သူမကို အရင်လိုပဲချစ်တုန်း ၊ သူမဟာ ကိုယ့်အိမ်ထောင်ဘက်အပေါ် အရင်လိုပဲ ဆွဲဆောင်မှုရှိတုန်းလို့ ဂုဏ်ယူနေတတ်ကြတာပါ။

က္ကုတ္ထိယစိတ်အကြောင်းကို ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။ ပြောလို့လည်းကုန်မှာမဟုတ်သလို ပြောလို့လည်းမပြီးနိုင်ဘူးလေ။ ဒါပေမယ့်အထက်ကအကြောင်းအရာလေးတွေကိုသာ သတိထားပြီး ကိုယ့်ချစ်သူ ၊ ကြင်သူ ၊ အိမ်သူသက်ထားနဲ့ ဆက်ဆံသွားမယ်ဆိုရင် သူမရဲ့နေ့စဉ်ပြောဆိုဆက်ဆံရေးတွေမှာ အထိုက်အလျောက် တိုးတက်ပြောင်းလဲပြီး သာယာတဲ့ဆက်ဆံရေးဘက်ကို ဦးတည်လာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ရတု (Burmesehearts.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top