ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမာၻေပၚက ေၾကာက္စရာအေကာင္းဆုံး သခၤ်ဳိင္းေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္တဲ့ ကာပူခ်င္(Capuchin) ေျမေအာက္သခၤ်ုိင္းဟာ အီတလီႏိုင္ငံ ေတာင္ပုိင္းက ပါလာမုိၿမဳိ႕မွာတည္ရွိပါတယ္။ အရင္တစ္ခါ ကြ်န္ေတာ္ေရးခဲ့ဖူးတဲ့ “ေသဆုံးခဲ့တာ အႏွစ္၁၀၀ေက်ာ္ေပမယ့္ အိပ္ေပ်ာ္ေနတဲ့ပုံစံသာျဖစ္ေနတဲ့ ကေလးမေလး Rosalia Lombardo” ရဲ႕ မံမီရွိတဲ့ သခၤ်ဳိင္းေပါ့။ သူနဲ႔အတူ အျခား လူေသအေလာင္းေပါင္း ၈၀၀၀ ေက်ာ္ဟာ ဒီေျမေအာက္သခၤ်ဳိင္းႀကီးထဲမွာ ရွိေနပါတယ္။

ဒီ၈၀၀၀ ေက်ာ္ထဲမွာ မံမီလုပ္ထားျခင္းခံရသူက ၁၂၀၀ေက်ာ္ ရွိပါတယ္။ သတၱိရွိပါတယ္ဆုိတဲ့သူေတြေတာင္ ေက်ာအေတာ္စိမ့္မယ့္ေနရာေပါ့။ လူေသအေလာင္းေတြကိုျပသထားတဲ့အတြက္ အမ်ားစုကေတာ့ ဒီေနရာကို လူျပတုိက္ လုိ႔ေခၚၾကပါတယ္။

ကာပူခ်င္ ဘုရားရွိခုိးေက်ာင္းႀကီးရဲ႕ ေအာက္မွာတည္ရွိတဲ့ ဒီကာပူခ်င္ေျမေအာက္သခၤ်ဳိင္းကုိ ၁၆ရာစုတည္းက တည္ေဆာက္ခဲ့တာျဖစ္ၿပီး ေသဆုံးခဲ့တဲ့ဘုန္းေတာ္ႀကီးအေလာင္းေတြကို ထားရွိဖုိ႔အတြက္ျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ ၁၅၉၉မွာေသဆုံးခဲ့တဲ့ ဘုန္းေတာ္ႀကီး Silvestro ကို မံမီအျဖစ္ျပဳလုပ္ကာထားရွိခဲ့ပါတယ္။ ဆြဲဆန္႔ထားတဲ့ေျမထည္ျပြန္ေတြေပၚမွာ အေလာင္းေတြထဲက ေရဓာတ္ကိုခမ္းေျခာက္ေအာင္လုပ္လုိက္ၾကၿပီး တခါတရံမွာေတာ့ ရွာလကာရည္ကို အသုံးျပဳပါတယ္။

အေလာင္းေတြကို အေမြးအႀကဳိင္ေဆးရည္ေတြနဲ႔ ပုံစံမပ်က္ေအာင္ထားရွိၿပီး တခ်ဳိ႕ကိုေတာ့ မွန္အေခါင္းေတြထဲမွာထည့္ထားပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပုိက္ဆံတတ္ႏုိင္သူ ေငြေၾကးခ်မ္းသာသူေတြကပါ သူတုိ႔ရဲ႕အမ်ဳိးအႏြယ္ေတြကို ထားရွိေပးဖုိ႔ ေတာင္းဆုိလာတဲ့အတြက္ ဘုန္းႀကီးမံမီေတြသာမက လူမမီမ်ားလည္း ရွိလာခဲ့ပါတယ္။

လူေတြကေတာ့ သူတုိ႔ရဲ႔မိသားစု၀င္ေတြကို အခ်ိန္မေရြးလာေရာက္ၾကည့္ရႈႈခ်င္လုိ႔ျဖစ္ပါတယ္။ ဒီေနရာမွာ အခ်ဳိ႕မံမီေတြရဲ႕အ၀တ္အစားေတြကို ပုံမွန္လဲလွယ္ေပးေလ့ရွိပါတယ္။ တခ်ဳိ႕သူေတြဆုိရင္ သူတုိ႔ရဲ႕မိသားစု၀င္မံမီေတြကို ေခတ္မီအ၀တ္အစားေတြေတာင္ ဆင္ေပးထားပါေသးတယ္။

သခၤ်ဳိင္းေရရွည္တည္ၿမဲေနေစဖုိ႔ အတြက္ အလွဴရွင္ေတြ ၊ မံမီရဲ႕ေဆြမ်ဳိးေတြက ပုံမွန္ေထာက္ပံ့ထားတာျဖစ္ပါတယ္။ တကယ္လုိ႔မ်ား မိသားစု၀င္ေတြဟာ မေထာက္ပံ့ဘူးဆုိပါက သူတုိ႔ရဲ႔မံမီကို အျပင္မွာထားမွာမဟုတ္ပဲ စင္တစ္ခုခု တစ္ေခ်ာင္ေခ်ာင္မွာ ထုိးထားမွာျဖစ္ၿပီး ေငြေၾကးပုံမွန္ျပန္ေပးမွသာ မံမီကို ျပန္ထုတ္ေပးမွာျဖစ္ပါတယ္။

ဒီသခၤ်ဳိင္းခန္းမႀကီးထဲမွာ အေလာင္းေတြကို အမ်ဳိးအစားခဲြထားပါေသးတယ္။ ဘုန္းေတာ္ႀကီး ၊ ေယာကၤ်ား ၊ မိန္းမ ၊ အပ်ဳိစင္ ၊ ကေလးငယ္ စသည္ျဖင့္ေပါ့။ ၁၉၂၀ ခုႏွစ္၀န္းက်င္မွာေတာ့ ဒီသခၤ်ဳိင္းထဲမွာ မံမီအသစ္ထားျခင္းကို ပိတ္ပင္လုိက္ပါတယ္။ ဒါေပမယ့္ သတၱိရွိတဲ့ ကမာၻလွည့္ခရီးသြားေတြအဓိကလည္ပတ္ေလ့ရွိတဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

ဒီသခၤ်ဳိင္းထဲကို ၀င္ၿပီဆုိတာနဲ႔ စူးရွတဲ့ စိမ္းေရႊေရႊအနံ႔ေတြကိုနဲ႔ နံရံ႕ေတြမွာ ခ်ိတ္ဆြဲထားတဲ့ အေလာင္းေကာင္ေတြကုိ ျမင္ရမွာျဖစ္ပါတယ္။ တခ်ဳိ႕အေလာင္းေကာင္ေတြ ဆုိေတာ္ေတာ္ၾကည့္ရဆုိးၿပီး အေရျပားေတြကြာက်ကာ အေရေတြက်ေနတတ္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ေတာ္ရုံသတၱိရွိသူဟာ အ၀မွာတင္ လွည့္ျပန္ေျပးရမယ့္ေနရာျဖစ္ပါတယ္။ ဒီအထဲက တခ်ဳိ႕မံမီေတြကေတာ့ ေဆးစိမ္မႈနည္းပညာအလြန္ေကာင္းၿပီး အိပ္ေနသလုိပဲ ထင္မွတ္ရပါတယ္။ ဒီအထဲမွာ နာမည္အႀကီးဆုံးကေတာ့ အသက္ ၂ႏွစ္အရြယ္မွာ ေသဆုံးခဲ့တဲ့ ကေလးမေလး Rosalia Lombardo ရဲ႕ မံမီျဖစ္ပါတယ္။ သတၱိရွိလုိ႔ သြားလည္ၾကည့္ခ်င္တဲ့သူေတြကေတာ့ ေအာက္က ဗီဒီယုိဖုိင္ေလးကို ဖြင့္ရင္း ၀င္ၾကည့္ႏုိင္ပါတယ္။
https://youtu.be/KxE_wSpVuDE
Source – Thutazone
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hlataw

#Unicode Version#

ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး သင်္ချိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကာပူချင်(Capuchin) မြေအောက်သင်္ချိုင်းဟာ အီတလီနိုင်ငံ တောင်ပိုင်းက ပါလာမိုမြို့မှာတည်ရှိပါတယ်။ အရင်တစ်ခါ ကျွန်တော်ရေးခဲ့ဖူးတဲ့ “သေဆုံးခဲ့တာ အနှစ်၁၀၀ကျော်ပေမယ့် အိပ်ပျော်နေတဲ့ပုံစံသာဖြစ်နေတဲ့ ကလေးမလေး Rosalia Lombardo” ရဲ့ မံမီရှိတဲ့ သင်္ချိုင်းပေါ့။ သူနဲ့အတူ အခြား လူသေအလောင်းပေါင်း ၈၀၀၀ ကျော်ဟာ ဒီမြေအောက်သင်္ချိုင်းကြီးထဲမှာ ရှိနေပါတယ်။

ဒီ၈၀၀၀ ကျော်ထဲမှာ မံမီလုပ်ထားခြင်းခံရသူက ၁၂၀၀ကျော် ရှိပါတယ်။ သတ္တိရှိပါတယ်ဆိုတဲ့သူတွေတောင် ကျောအတော်စိမ့်မယ့်နေရာပေါ့။ လူသေအလောင်းတွေကိုပြသထားတဲ့အတွက် အများစုကတော့ ဒီနေရာကို လူပြတိုက် လို့ခေါ်ကြပါတယ်။

ကာပူချင် ဘုရားရှိခိုးကျောင်းကြီးရဲ့ အောက်မှာတည်ရှိတဲ့ ဒီကာပူချင်မြေအောက်သင်္ချိုင်းကို ၁၆ရာစုတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ဘုန်းတော်ကြီးအလောင်းတွေကို ထားရှိဖို့အတွက်ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ၁၅၉၉မှာသေဆုံးခဲ့တဲ့ ဘုန်းတော်ကြီး Silvestro ကို မံမီအဖြစ်ပြုလုပ်ကာထားရှိခဲ့ပါတယ်။ ဆွဲဆန့်ထားတဲ့မြေထည်ပြွန်တွေပေါ်မှာ အလောင်းတွေထဲက ရေဓာတ်ကိုခမ်းခြောက်အောင်လုပ်လိုက်ကြပြီး တခါတရံမှာတော့ ရှာလကာရည်ကို အသုံးပြုပါတယ်။

အလောင်းတွေကို အမွေးအကြိုင်ဆေးရည်တွေနဲ့ ပုံစံမပျက်အောင်ထားရှိပြီး တချို့ကိုတော့ မှန်အခေါင်းတွေထဲမှာထည့်ထားပါတယ်။ နောက်ပိုင်းမှာတော့ ပိုက်ဆံတတ်နိုင်သူ ငွေကြေးချမ်းသာသူတွေကပါ သူတို့ရဲ့အမျိုးအနွယ်တွေကို ထားရှိပေးဖို့ တောင်းဆိုလာတဲ့အတွက် ဘုန်းကြီးမံမီတွေသာမက လူမမီများလည်း ရှိလာခဲ့ပါတယ်။

လူတွေကတော့ သူတို့ရဲ့မိသားစုဝင်တွေကို အချိန်မရွေးလာရောက်ကြည့်ရှုှုချင်လို့ဖြစ်ပါတယ်။ ဒီနေရာမှာ အချို့မံမီတွေရဲ့အဝတ်အစားတွေကို ပုံမှန်လဲလှယ်ပေးလေ့ရှိပါတယ်။ တချို့သူတွေဆိုရင် သူတို့ရဲ့မိသားစုဝင်မံမီတွေကို ခေတ်မီအဝတ်အစားတွေတောင် ဆင်ပေးထားပါသေးတယ်။

သင်္ချိုင်းရေရှည်တည်မြဲနေစေဖို့ အတွက် အလှူရှင်တွေ ၊ မံမီရဲ့ဆွေမျိုးတွေက ပုံမှန်ထောက်ပံ့ထားတာဖြစ်ပါတယ်။ တကယ်လို့များ မိသားစုဝင်တွေဟာ မထောက်ပံ့ဘူးဆိုပါက သူတို့ရဲ့မံမီကို အပြင်မှာထားမှာမဟုတ်ပဲ စင်တစ်ခုခု တစ်ချောင်ချောင်မှာ ထိုးထားမှာဖြစ်ပြီး ငွေကြေးပုံမှန်ပြန်ပေးမှသာ မံမီကို ပြန်ထုတ်ပေးမှာဖြစ်ပါတယ်။

ဒီသင်္ချိုင်းခန်းမကြီးထဲမှာ အလောင်းတွေကို အမျိုးအစားခွဲထားပါသေးတယ်။ ဘုန်းတော်ကြီး ၊ ယောင်္ကျား ၊ မိန်းမ ၊ အပျိုစင် ၊ ကလေးငယ် စသည်ဖြင့်ပေါ့။ ၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ ဒီသင်္ချိုင်းထဲမှာ မံမီအသစ်ထားခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါပေမယ့် သတ္တိရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအဓိကလည်ပတ်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီသင်္ချိုင်းထဲကို ဝင်ပြီဆိုတာနဲ့ စူးရှတဲ့ စိမ်းရွှေရွှေအနံ့တွေကိုနဲ့ နံရံ့တွေမှာ ချိတ်ဆွဲထားတဲ့ အလောင်းကောင်တွေကို မြင်ရမှာဖြစ်ပါတယ်။ တချို့အလောင်းကောင်တွေ ဆိုတော်တော်ကြည့်ရဆိုးပြီး အရေပြားတွေကွာကျကာ အရေတွေကျနေတတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ တော်ရုံသတ္တိရှိသူဟာ အဝမှာတင် လှည့်ပြန်ပြေးရမယ့်နေရာဖြစ်ပါတယ်။ ဒီအထဲက တချို့မံမီတွေကတော့ ဆေးစိမ်မှုနည်းပညာအလွန်ကောင်းပြီး အိပ်နေသလိုပဲ ထင်မှတ်ရပါတယ်။ ဒီအထဲမှာ နာမည်အကြီးဆုံးကတော့ အသက် ၂နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ ကလေးမလေး Rosalia Lombardo ရဲ့ မံမီဖြစ်ပါတယ်။ သတ္တိရှိလို့ သွားလည်ကြည့်ချင်တဲ့သူတွေကတော့ အောက်က ဗီဒီယိုဖိုင်လေးကို ဖွင့်ရင်း ဝင်ကြည့်နိုင်ပါတယ်။
https://youtu.be/KxE_wSpVuDE
Source – Thutazone

ဖိုးသူတော် (www.phothutaw.com)
Credit:Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top