ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 ေမာ္လၿမိဳင္ၿမိဳ႕ အမွတ္ (၁) အထကေက်ာင္းေရွ႕တြင္ လမ္းရွင္းေပးေနသည့္ ယာဥ္ထိန္း ရဲအား ကားျဖင့္တိုက္ခဲ့သူကို ဖမ္း ဆီးအေရးယူထားေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ ဦးက ေျပာသည္။


ဒီဇင္ဘာ ၁၂ ရက္ ေန႔လယ္ ေက်ာင္းဆင္းခ်ိန္တြင္ ေက်ာင္း သားမ်ား လမ္းကူးရန္ ယာဥ္လမ္း ေၾကာင္းရွင္းေပးေနေသာ ယာဥ္ထိန္းရဲကို ဝင္တိုက္ကာ ကား ေမာင္းထြက္ေျပးသြားေၾကာင္း အဆုိပါရဲအရာရွိက ေျပာသည္။

‘‘ကားသမားကိုေတာ့ ယာဥ္ ထိန္းရဲနဲ႔ ေဘးကသူေတြ ဝိုင္းၿပီး ဖမ္းေပးတာပါ။ ကားနဲ႔တိုက္ၿပီး ထြက္ေျပးေပမယ့္ ယာဥ္ထိန္းရဲက ကားေဘာနက္ေပၚခုန္တက္ၿပီး ပါသြားတယ္။ ထိခိုက္ဒဏ္ရာရ တာေတာ့ မရွိပါဘူး’’ဟု ေမာ္လ ၿမိဳင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္  ဦးက ေျပာသည္။

ယာဥ္ထိန္းရဲသည္ ကား စက္ဖံုးေပၚတြင္ ပါသြားၿပီးေနာက္ က်ိဳက္သုတ္ဘုရားအနီးေရာက္မွ သာ ကားရပ္ခဲ့ေၾကာင္း မ်က္ျမင္ ေတြ႕ရွိသူ အမ်ိဳးသားတစ္ဦးက ေျပာသည္။

‘‘ေက်ာင္းနဲ႔ ဘုရားအထိဆုိ ရင္ တစ္မိုင္ေက်ာ္ေလာက္ရွိမယ္။ ယာဥ္ထိန္းရဲကလည္း ကားမရပ္ လို႔ ကားမွန္ကို ေျခေထာက္နဲ႔ ကန္တယ္။ ဘုရားနားေရာက္မွကားရပ္သြားလို႔ ဝိုင္းၿပီးဖမ္းလိုက္တာပါ’’ ဟု ၎ကေျပာသည္။

က်ဴးလြန္သူ အမ်ိဳးသားကို ေမာ္လၿမိဳင္ၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၃၃၊ တာဝန္ထမ္းေဆာင္ေနေသာ ျပည္သူ႔ဝန္ထမ္း ကို နာက်င္ေစမႈျဖင့္ အမႈဖြင့္စစ္ ေဆးေနၿပီး ဒဏ္ေငြ (သို႔မဟုတ္) အျမင့္ ဆံုးေထာင္ဒဏ္ ၁၀ ႏွစ္ အထိ ခ်မွတ္ႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မော်လမြိုင်မြို့ အမှတ် (၁) အထကကျောင်းရှေ့တွင် လမ်းရှင်းပေးနေသည့် ယာဉ်ထိန်း ရဲအား ကားဖြင့်တိုက်ခဲ့သူကို ဖမ်း ဆီးအရေးယူထားကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။


ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ကျောင်းဆင်းချိန်တွင် ကျောင်း သားများ လမ်းကူးရန် ယာဉ်လမ်း ကြောင်းရှင်းပေးနေသော ယာဉ်ထိန်းရဲကို ဝင်တိုက်ကာ ကား မောင်းထွက်ပြေးသွားကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

‘‘ကားသမားကိုတော့ ယာဉ် ထိန်းရဲနဲ့ ဘေးကသူတွေ ဝိုင်းပြီး ဖမ်းပေးတာပါ။ ကားနဲ့တိုက်ပြီး ထွက်ပြေးပေမယ့် ယာဉ်ထိန်းရဲက ကားဘောနက်ပေါ်ခုန်တက်ပြီး ပါသွားတယ်။ ထိခိုက်ဒဏ်ရာရ တာတော့ မရှိပါဘူး’’ဟု မော်လ မြိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်  ဦးက ပြောသည်။

ယာဉ်ထိန်းရဲသည် ကား စက်ဖုံးပေါ်တွင် ပါသွားပြီးနောက် ကျိုက်သုတ်ဘုရားအနီးရောက်မှ သာ ကားရပ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

‘‘ကျောင်းနဲ့ ဘုရားအထိဆို ရင် တစ်မိုင်ကျော်လောက်ရှိမယ်။ ယာဉ်ထိန်းရဲကလည်း ကားမရပ် လို့ ကားမှန်ကို ခြေထောက်နဲ့ ကန်တယ်။ ဘုရားနားရောက်မှကားရပ်သွားလို့ ဝိုင်းပြီးဖမ်းလိုက်တာပါ’’ ဟု ၎င်းကပြောသည်။

ကျူးလွန်သူ အမျိုးသားကို မော်လမြိုင်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း ကို နာကျင်စေမှုဖြင့် အမှုဖွင့်စစ် ဆေးနေပြီး ဒဏ်ငွေ (သို့မဟုတ်) အမြင့် ဆုံးထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top