ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 
ယေန႔(ဒီဇင္ဘာ ၈ ရက္) တြင္ စတင္႐ံုတင္ျပသေနေသာ ထာဝရအေမ ဇာတ္ကားကို က်ပ္ သိန္းသံုးေထာင္ေက်ာ္ အကုန္ အက်ခံ ႐ိုက္ကူးထားၿပီး ျမန္မာ ႏိုင္ငံအျပင္ အျခားျပည္ပငါးႏိုင္ငံ သို႔ သြားေရာက္ျပသမည္ျဖစ္ ေၾကာင္း ဒါ႐ိုက္တာ စင္ေရာ္ ေမာင္ေမာင္က ေျပာၾကားသည္။
‘‘ဒီကားဟာ ေငြေရးေၾကး ေရးေတာ့မသိဘူး။ အႏုပညာအရ အေမ့ရဲ႕ခ်စ္ျခင္းေမတၱာတရား ေတြကို ေပၚလြင္ေအာင္႐ိုက္ဖို႔၊ ဒီကားႀကီးက ကမၻာတည္သေရြ႕ ကြၽန္ေတာ္တို႔ မရွိလည္း ရွိေနဖို႔ ကြၽန္ေတာ္ ကတိေပးၿပီး ႐ိုက္ခဲ့ တာပါ။ လိုေလေသးမရွိ ဆရာ ႀကီး ေဒါက္တာခင္ေမာင္ဝင္းက ပံ့ပိုးေပးတယ္။ လိုတာအကုန္ ထုတ္ေပးတယ္။ တစ္ခ်က္မွ ကြၽန္ေတာ့္ကို မေမးခဲ့ဘူး။ ဒီလို ရဲရဲေတာက္ ပ႐ိုဂ်ဴဆာနဲ႔ ႐ိုက္လို႔ လည္း ဒီလိုအဆင့္ေရာက္လာတာ ေပါ့’’ဟု ၎ကေျပာသည္။

ထာဝရအေမ ႐ုပ္ရွင္ဇာတ္ ကားကို ျမန္မာႏိုင္ငံအျပင္ စင္ ကာပူ၊ အေမရိကန္၊ ၿဗိတိန္၊ ထုိင္းႏွင့္ အိႏၵိယႏိုင္ငံတို႔တြင္ပါ ျပသမည္ျဖစ္သည္။

၁၉၅၅၊ ၁၉၇၅၊ ၂၀၁၇ ေနာက္ခံေခတ္ကာလ သံုးခုႏွင့္ မ်ဳိးဆက္သံုးခုအတြက္ အခ်ိန္ သံုးႏွစ္ယူ၍ ျပင္ဆင္ခဲ့ရၿပီး ဇာတ္ ကားအတြက္ လိုအပ္ေသာေန ရာမ်ားကို ဆက္တင္မ်ားျပဳလုပ္ ႐ိုက္ကူးခဲ့သည္။

ထာဝရအေမဇာတ္ကားသာ မေအာင္ျမင္ပါက အႏုပညာ ေလာကထဲမွ ထြက္ခြာမည္ဟု ယင္းဇာတ္ကား ဝတၳဳေရးသားသူ ပါေမာကၡေဒါက္တာ ခင္ေမာင္ ဝင္းအား စိန္ေခၚၿပီး ႐ိုက္ကူးခဲ့ျခင္း ျဖစ္သလို ဆရာႀကီးေက်းဇူး ေၾကာင့္ ၁၂ ႏွစ္ၾကာေဝးကြာေန ေသာ ၎၏ဇနီးေဟာင္းႏွင့္ သား တို႔ကို ျပန္ေတြ႕ရသျဖင့္ အမွတ္ တရျဖစ္သည္ဟု ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ေျပာ သည္။

ထာဝရအေမဇာတ္ကား သည္ ပါေမာကၡေဒါက္တာ ခင္ေမာင္ဝင္း (အသည္း)၏ ျဖစ္ ရပ္မွန္ ဘဝဇာတ္လမ္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

 ယနေ့(ဒီဇင်ဘာ ၈ ရက်) တွင် စတင်ရုံတင်ပြသနေသော ထာဝရအမေ ဇာတ်ကားကို ကျပ် သိန်းသုံးထောင်ကျော် အကုန် အကျခံ ရိုက်ကူးထားပြီး မြန်မာ နိုင်ငံအပြင် အခြားပြည်ပငါးနိုင်ငံ သို့ သွားရောက်ပြသမည်ဖြစ် ကြောင်း ဒါရိုက်တာ စင်ရော် မောင်မောင်က ပြောကြားသည်။

‘‘ဒီကားဟာ ငွေရေးကြေး ရေးတော့မသိဘူး။ အနုပညာအရ အမေ့ရဲ့ချစ်ခြင်းမေတ္တာတရား တွေကို ပေါ်လွင်အောင်ရိုက်ဖို့၊ ဒီကားကြီးက ကမ္ဘာတည်သရွေ့ ကျွန်တော်တို့ မရှိလည်း ရှိနေဖို့ ကျွန်တော် ကတိပေးပြီး ရိုက်ခဲ့ တာပါ။ လိုလေသေးမရှိ ဆရာ ကြီး ဒေါက်တာခင်မောင်ဝင်းက ပံ့ပိုးပေးတယ်။ လိုတာအကုန် ထုတ်ပေးတယ်။ တစ်ချက်မှ ကျွန်တော့်ကို မမေးခဲ့ဘူး။ ဒီလို ရဲရဲတောက် ပရိုဂျူဆာနဲ့ ရိုက်လို့ လည်း ဒီလိုအဆင့်ရောက်လာတာ ပေါ့’’ဟု ၎င်းကပြောသည်။

ထာဝရအမေ ရုပ်ရှင်ဇာတ် ကားကို မြန်မာနိုင်ငံအပြင် စင် ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင်ပါ ပြသမည်ဖြစ်သည်။

၁၉၅၅၊ ၁၉၇၅၊ ၂၀၁၇ နောက်ခံခေတ်ကာလ သုံးခုနှင့် မျိုးဆက်သုံးခုအတွက် အချိန် သုံးနှစ်ယူ၍ ပြင်ဆင်ခဲ့ရပြီး ဇာတ် ကားအတွက် လိုအပ်သောနေ ရာများကို ဆက်တင်များပြုလုပ် ရိုက်ကူးခဲ့သည်။

ထာဝရအမေဇာတ်ကားသာ မအောင်မြင်ပါက အနုပညာ လောကထဲမှ ထွက်ခွာမည်ဟု ယင်းဇာတ်ကား ဝတ္ထုရေးသားသူ ပါမောက္ခဒေါက်တာ ခင်မောင် ဝင်းအား စိန်ခေါ်ပြီး ရိုက်ကူးခဲ့ခြင်း ဖြစ်သလို ဆရာကြီးကျေးဇူး ကြောင့် ၁၂ နှစ်ကြာဝေးကွာနေ သော ၎င်း၏ဇနီးဟောင်းနှင့် သား တို့ကို ပြန်တွေ့ရသဖြင့် အမှတ် တရဖြစ်သည်ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ပြော သည်။

ထာဝရအမေဇာတ်ကား သည် ပါမောက္ခဒေါက်တာ ခင်မောင်ဝင်း (အသည်း)၏ ဖြစ် ရပ်မှန် ဘဝဇာတ်လမ်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top