ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဘ၀မွာ က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ဖို႔ ေန႔စဥ္စား ေသာက္ေနတဲ့ အစားအေသာက္ပံုစံ ေတြက အေရးႀကီးလွပါတယ္။ ယင္း အထဲကမွ ညစာကေတာ့ အဓိကပိုက် ပါတယ္။ အေၾကာင္းက ညစာမွာ စားျဖစ္လိုက္တဲ့ အခ်ိဳ႕အစားအစာ ေတြက အိပ္စက္မႈကို အေႏွာက္ အယွက္ေပးလို႔ပါပဲ။ ညအိပ္ယာ၀င္ ခါနီး မစားသံုးသင့္တဲ့အစားအစာ ေတြကေတာ့-
(၁) ေခ်ာကလက္
အနက္ေရာင္ ေခ်ာကလက္က မဂၢနီဆီယမ္နဲ႔ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြပါ၀င္တဲ့အတြက္ က်န္းမာ ေရးနဲ႔ ညီညြတ္တဲ့ အစားအစာအျဖစ္ သတ္မွတ္ထားေပမဲ့ အနက္ေရာင္ ေခ်ာကလက္လည္း ကဖင္းပါ၀င္တဲ့ အတြက္ အိပ္ယာ၀င္ခါနီး မ်က္လံုး ေၾကာင္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ညဖက္မွာ ေ႐ွာင္သင့္တဲ့ အစားအစာ ထဲမွာ ပါ၀င္တာပါ။

(၂) ေျမပဲေထာပတ္
ေျမပဲေထာပတ္ကေတာ့ က်န္း မာေရးနဲ႔ ညီညြတ္တဲ့ အဆီရ႐ွိႏိုင္မဲ့ လမ္းေၾကာင္းျဖစ္တဲ့အျပင္ ကိုယ္ အေလးခ်ိန္က်ေစဖို႔လည္း ကူညီႏိုင္ တယ္ဆိုေပမဲ့ အဆီေတြက အစာေျခ ဖ်က္ရာမွာ ေႏွးေကြးတဲ့အတြက္ အမ်ားအျပားစားမိရင္ အစာအိမ္ ထဲမွာ တစ္ညလံုး႐ွိေနမွာျဖစ္ၿပီး အိပ္စက္ရာမွာ အေႏွာင့္အယွက္ျဖစ္ ေစပါတယ္။ ဒါေၾကာင့္ ေျမပဲေထာ ပတ္သာမက အဆီမ်ားတဲ့ အစား အစာေတြျဖစ္တဲ့ ခ်ိစ္၊ ခရင္မ္နဲ႔ အခြံမာသီးေတြကိုလည္း ညအိပ္ယာ ၀င္ခါနီးမွာ မစားသင့္ပါဘူး။

(၃) င႐ုတ္သီးနဲ႔အစပ္ကဲေသာ အစား အစာမ်ား
င႐ုတ္သီးက က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ အစာပလာေတြနဲ႔ ေပါင္းစပ္လိုက္ရင္ အရသာေကာင္း သလို က်န္းမာေရးနဲ႔လည္း သင့္ေတာ္ ေပမဲ့ အစာအိမ္က အက္ဆစ္ထုတ္ လုပ္မႈ ပိုမ်ားတဲ့ ညအိပ္ယာ၀င္ခါနီး မွာ စားသံုးမိရင္ေတာ့ အစာအိမ္ကို ပူေလာင္ေစၿပီး ခံရခက္ေစကာ အိပ္ စက္ျခင္းကို အေႏွာင့္အယွက္ျဖစ္ေစ ႏိုင္ပါတယ္။ အိပ္စက္ရာမွာ ျပႆနာ ႐ွိရင္ေတာ့ က်န္းမာေရးကို ထိခိုက္ လာႏိုင္ပါတယ္။

(၄) အဆီမ်ားတဲ့ဟင္းမ်ား၊ မုန္႔မ်ား
ဥပမာအားျဖင့္ ပီဇာလိုမုန္႔မ်ိဳး က အဆီမ်ားၿပီး ပမာဏလည္း မ်ားတဲ့အတြက္ အိပ္ယာ၀င္ခါနီး စားမိရင္ အစာအိမ္ကို အလုပ္ပိုေစၿပီး အိပ္စက္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ဒါ့အျပင္ ေနာက္တစ္ ေန႔မနက္ အိပ္ယာထစဥ္မွာ လူကို ႏုံးေခြေနေစပါတယ္။ ဒါေၾကာင့္ အသင့္စား အဆီမ်ားတဲ့ အစားအစာ ေတြျဖစ္တဲ့ ေရခဲမုန္႔ေတြ ခ်ိစ္ပါ၀င္မႈ မ်ားတဲ့ အစားေတြ၊ အသင့္စား အစားအစာေတြကိုလည္း ညအိပ္ယာ ၀င္ခါနီး စားသံုးျခင္းက ေ႐ွာင္က်ဥ္ သင့္ပါတယ္။

(၅) တ႐ုတ္အစားအစာမ်ား
တ႐ုတ္အစားအစာအမ်ားစုဟာ monosodium glutamate လို႔ေခၚတဲ့ အခ်ိဳမႈန္႔အပါအ၀င္ အျခားအရသာ ျဖည့္စြက္စာမ်ား မ်ားစြာသံုးစြဲထားတဲ့အတြက္ ကဖင္း ဓာတ္လိုပင္ အာနိသင္႐ွိၿပီး၊ လူကို အိပ္ေပ်ာ္ရ ခက္ခဲေစႏိုင္တဲ့အတြက္၊ ညဖက္မွာ ေ႐ွာင္သင့္တဲ့အစားအစာ အျဖစ္ မွတ္သားထားသင့္ပါတယ္။

(၆) ႏို႔
ႏို႔အမ်ိဳးမ်ိဳးဟာ ပ႐ိုတင္းနဲ႔ ကယ္လ္ဆီယမ္ေတြ ရ႐ွိႏိုင္တဲ့ အေကာင္းဆံုးအရင္းအျမစ္အျဖစ္ သတ္မွတ္ထားေပမဲ့ အိပ္ယာမ၀င္မီ ေသာက္မိမယ္ဆိုရင္ေတာ့ သူ႔မွာပါ ၀င္တဲ့ Lactase ျဒပ္ေပါင္းေၾကာင့္ အစာေျခစနစ္မွာ ျပႆနာ႐ွိေစႏိုင္ ပါတယ္။ အထူးသျဖင့္ Lactase ျဒပ္ေပါင္းကို ခံႏိုင္ရည္မ႐ွိသူေတြ မွာေပါ့။ ဒါေၾကာင့္ ႏို႔အမ်ိဳးမ်ိဳးဟာ လည္း အိပ္ယာ၀င္ခါနီးမွာ ေ႐ွာင္ ၾကဥ္သင့္ပါတယ္။

(၇) အနီေရာင္အသားမ်ားႏွင့္ အသား အမ်ိဳးမ်ိဳး
ညအိပ္ယာမ၀င္မီ အသားေတြ ကို အမ်ားႀကီးစားမိမယ္ဆိုရင္ေတာ့ အစာေျခစနစ္ကို အခ်ိန္ၾကာျမင့္စြာ ဒုကၡျဖစ္ေစၿပီး၊ အိပ္ေပ်ာ္ဖို႔ ခက္ခဲေစ မွာပါ။

(၈) ထမင္း
အိပ္ယာ၀င္ခါနီး ထမင္းအ၀ စားမိမယ္ဆိုရင္ေတာ့ ခႏၶာကိုယ္က ေန အဆီပိုေတြ ပိုမိုသိမ္းဆည္းေစၿပီး၊ အ၀လြန္တာေတြ ျဖစ္လာေစႏိုင္လို႔ ေ႐ွာင္ၾကဥ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#

ဘဝမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နေ့စဉ်စား သောက်နေတဲ့ အစားအသောက်ပုံစံ တွေက အရေးကြီးလှပါတယ်။ ယင်း အထဲကမှ ညစာကတော့ အဓိကပိုကျ ပါတယ်။ အကြောင်းက ညစာမှာ စားဖြစ်လိုက်တဲ့ အချို့အစားအစာ တွေက အိပ်စက်မှုကို အနှောက် အယှက်ပေးလို့ပါပဲ။ ညအိပ်ယာဝင် ခါနီး မစားသုံးသင့်တဲ့အစားအစာ တွေကတော့-
(၁) ချောကလက်
အနက်ရောင် ချောကလက်က မဂ္ဂနီဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တဲ့အတွက် ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအစာအဖြစ် သတ်မှတ်ထားပေမဲ့ အနက်ရောင် ချောကလက်လည်း ကဖင်းပါဝင်တဲ့ အတွက် အိပ်ယာဝင်ခါနီး မျက်လုံး ကြောင်စေနိုင်ပါတယ်။ ဒါကြောင့် ညဖက်မှာ ရှောင်သင့်တဲ့ အစားအစာ ထဲမှာ ပါဝင်တာပါ။

(၂) မြေပဲထောပတ်
မြေပဲထောပတ်ကတော့ ကျန်း မာရေးနဲ့ ညီညွတ်တဲ့ အဆီရရှိနိုင်မဲ့ လမ်းကြောင်းဖြစ်တဲ့အပြင် ကိုယ် အလေးချိန်ကျစေဖို့လည်း ကူညီနိုင် တယ်ဆိုပေမဲ့ အဆီတွေက အစာခြေ ဖျက်ရာမှာ နှေးကွေးတဲ့အတွက် အများအပြားစားမိရင် အစာအိမ် ထဲမှာ တစ်ညလုံးရှိနေမှာဖြစ်ပြီး အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ် စေပါတယ်။ ဒါကြောင့် မြေပဲထော ပတ်သာမက အဆီများတဲ့ အစား အစာတွေဖြစ်တဲ့ ချိစ်၊ ခရင်မ်နဲ့ အခွံမာသီးတွေကိုလည်း ညအိပ်ယာ ဝင်ခါနီးမှာ မစားသင့်ပါဘူး။

(၃) ငရုတ်သီးနဲ့အစပ်ကဲသော အစား အစာများ
ငရုတ်သီးက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစာပလာတွေနဲ့ ပေါင်းစပ်လိုက်ရင် အရသာကောင်း သလို ကျန်းမာရေးနဲ့လည်း သင့်တော် ပေမဲ့ အစာအိမ်က အက်ဆစ်ထုတ် လုပ်မှု ပိုများတဲ့ ညအိပ်ယာဝင်ခါနီး မှာ စားသုံးမိရင်တော့ အစာအိမ်ကို ပူလောင်စေပြီး ခံရခက်စေကာ အိပ် စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေ နိုင်ပါတယ်။ အိပ်စက်ရာမှာ ပြဿနာ ရှိရင်တော့ ကျန်းမာရေးကို ထိခိုက် လာနိုင်ပါတယ်။

(၄) အဆီများတဲ့ဟင်းများ၊ မုန့်များ
ဥပမာအားဖြင့် ပီဇာလိုမုန့်မျိုး က အဆီများပြီး ပမာဏလည်း များတဲ့အတွက် အိပ်ယာဝင်ခါနီး စားမိရင် အစာအိမ်ကို အလုပ်ပိုစေပြီး အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် နောက်တစ် နေ့မနက် အိပ်ယာထစဉ်မှာ လူကို နုံးခွေနေစေပါတယ်။ ဒါကြောင့် အသင့်စား အဆီများတဲ့ အစားအစာ တွေဖြစ်တဲ့ ရေခဲမုန့်တွေ ချိစ်ပါဝင်မှု များတဲ့ အစားတွေ၊ အသင့်စား အစားအစာတွေကိုလည်း ညအိပ်ယာ ဝင်ခါနီး စားသုံးခြင်းက ရှောင်ကျဉ် သင့်ပါတယ်။

(၅) တရုတ်အစားအစာများ
တရုတ်အစားအစာအများစုဟာ monosodium glutamate လို့ခေါ်တဲ့ အချိုမှုန့်အပါအဝင် အခြားအရသာ ဖြည့်စွက်စာများ များစွာသုံးစွဲထားတဲ့အတွက် ကဖင်း ဓာတ်လိုပင် အာနိသင်ရှိပြီး၊ လူကို အိပ်ပျော်ရ ခက်ခဲစေနိုင်တဲ့အတွက်၊ ညဖက်မှာ ရှောင်သင့်တဲ့အစားအစာ အဖြစ် မှတ်သားထားသင့်ပါတယ်။

(၆) နို့
နို့အမျိုးမျိုးဟာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်တွေ ရရှိနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်အဖြစ် သတ်မှတ်ထားပေမဲ့ အိပ်ယာမဝင်မီ သောက်မိမယ်ဆိုရင်တော့ သူ့မှာပါ ဝင်တဲ့ Lactase ဒြပ်ပေါင်းကြောင့် အစာခြေစနစ်မှာ ပြဿနာရှိစေနိုင် ပါတယ်။ အထူးသဖြင့် Lactase ဒြပ်ပေါင်းကို ခံနိုင်ရည်မရှိသူတွေ မှာပေါ့။ ဒါကြောင့် နို့အမျိုးမျိုးဟာ လည်း အိပ်ယာဝင်ခါနီးမှာ ရှောင် ကြဉ်သင့်ပါတယ်။

(၇) အနီရောင်အသားများနှင့် အသား အမျိုးမျိုး
ညအိပ်ယာမဝင်မီ အသားတွေ ကို အများကြီးစားမိမယ်ဆိုရင်တော့ အစာခြေစနစ်ကို အချိန်ကြာမြင့်စွာ ဒုက္ခဖြစ်စေပြီး၊ အိပ်ပျော်ဖို့ ခက်ခဲစေ မှာပါ။

(၈) ထမင်း
အိပ်ယာဝင်ခါနီး ထမင်းအ၀ စားမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်က နေ အဆီပိုတွေ ပိုမိုသိမ်းဆည်းစေပြီး၊ အဝလွန်တာတွေ ဖြစ်လာစေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top