န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

သူအခု က်မအနားမွာ မရွိႏုိင္ေတာ့ပါဘူး ! ပထမေတာ့ ျပန္ဆက္ဖုိ႔ ၾကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ ခုလုိ မုိးေတြ ရြာေနတဲ့ အခုိက္အတန္႔မွာ ကြၽန္​မ အတြက္ေတာ့ တစ္ေယာက္တည္း ေၾကကြဲစြာနဲ႔ သူနဲ႔
အတူေလၽွာက္လွမ္းခဲ့ရတဲ့ လမ္​းေတြကုိ
အထီးက်န္စြာ ျဖတ္ေက်ာ္ရေတာ့မွာပါ !

သူကေလ ..က်မရဲ့ ဖိအားမွန္သမွ်ကုိ
ေတာင့္ခံ ရွာပါတယ္ !

က်မကလည္း သံ​ယာဇဥ္​ျဖစ္လာခဲ့ပါတယ္
လူေတြ မသိတဲ့ အေၾကာင္းအရာတစ္ခု ကေတာ့ ခုခ်ိန္ က်မအနားကေပ်ာက္ျပယ္ သြားခဲ့ပါျပီ !

က်မ ျပန္ဆက္ဖုိ႔လည္း မၾကိဳးစားေတာ့ပါဘူး… ကံကုန္ သြားတယ္လုိ႔ပဲ သေဘာထားလုိက္ပါ ေတာ့မယ္ !

တကယ္​ပါပဲ..ရွင္​ !

ကတၱီပါဖိနပ္ေတြက မုိးတြင္းဆုိ အရမ္း
တိုင္​ပတ္တယ္ !
မ​ေန႔က အျပင္​သြားရင္း မုိးထဲေလထဲမွာ
ျပတ္သြားခဲ့တယ္ !
​လစာထုတ္မွ​ဘဲ အသစ္တစ္​ရံဝယ္လိုက္​
ပါေတာ့မယ္ ..​ေနာ႔ !

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
သူအခု ကျမအနားမှာ မရှိနိုင်တော့ပါဘူး ! ပထမတော့ ပြန်ဆက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ခုလို မိုးတွေ ရွာနေတဲ့ အခိုက်အတန့်မှာ ကျွန်မ အတွက်တော့ တစ်ယောက်တည်း ကြေကွဲစွာနဲ့ သူနဲ့
အတူလျှောက်လှမ်းခဲ့ရတဲ့ လမ်းတွေကို
အထီးကျန်စွာ ဖြတ်ကျော်ရတော့မှာပါ !

သူကလေ ..ကျမရဲ့ ဖိအားမှန်သမျှကို
တောင့်ခံ ရှာပါတယ် !

ကျမကလည်း သံယာဇဉ်ဖြစ်လာခဲ့ပါတယ်
လူတွေ မသိတဲ့ အကြောင်းအရာတစ်ခု ကတော့ ခုချိန် ကျမအနားကပျောက်ပြယ် သွားခဲ့ပါပြီ !

ကျမ ပြန်ဆက်ဖို့လည်း မကြိုးစားတော့ပါဘူး… ကံကုန် သွားတယ်လို့ပဲ သဘောထားလိုက်ပါ တော့မယ် !

တကယ်ပါပဲ..ရှင် !

ကတ္တီပါဖိနပ်တွေက မိုးတွင်းဆို အရမ်း
တိုင်ပတ်တယ် !
မနေ့က အပြင်သွားရင်း မိုးထဲလေထဲမှာ
ပြတ်သွားခဲ့တယ် !
လစာထုတ်မှဘဲ အသစ်တစ်ရံဝယ်လိုက်
ပါတော့မယ် ..နော့ !

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top