×

မူဆယ္ၿမိဳ႕နယ္ ၁၀၅ မုိင္ ကုန္သြယ္ေရး ဇုန္ဧရိယာအနီး လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသည့္ (၃)ႏွစ္အရြယ္ ကေလးငယ္သည္ ဒဏ္ရာျပင္းထန္၍ ညာဘက္ေျခေထာက္ ျဖတ္ခဲ့ရေၾကာင္း မူဆယ္ၿမိဳ႕ လူမႈကူညီေရး အဖြဲ႕မွ ကိုခင္ေမာင္လြင္က ေျပာသည္။

ဒီဇင္ဘာ ၂၃ ရက္ ညေန တြင္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ ေရးဇုန္ ဧရိယာအနီး မိုင္းယုေက်း ရြာအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ရာ (၁၂) ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ပြဲခ်င္းၿပီး ေသဆံုးၿပီး (၃)ႏွစ္ အရြယ္ ကေလးငယ္တစ္ဦးႏွင့္ (၅၈)ႏွစ္အရြယ္ အမ်ဳိးသား တစ္ဦး ဒဏ္ရာရခဲ့ရာ ဒဏ္ရာ ျပင္းထန္၍ မူဆယ္ေဆး႐ံုမွ တ႐ုတ္ႏိုင္ငံေရႊလီၿမိဳ႕သို႔ ပို႔ေဆာင္ ကုသခဲ့ရသည္။

‘‘ကေလးကေတာ့ ေျခ ေထာက္ ျဖတ္ပစ္လိုက္ရတယ္။ ဒီကေလးရဲ႕ ဘဝကေတာ့ သူမ်ား ကေလးေတြလို သာမန္မဟုတ္ ေတာ့ဘူးျဖစ္သြားတာေပါ့’’ ဟု ကိုခင္ေမာင္လြင္က ေျပာသည္။

မူဆယ္ခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယ ခ႐ိုင္မွဴး ဦးစန္းလိႈင္က‘‘သူက ဟိုဘက္ေရႊလီထဲ ေရာက္သြား တယ္။ ေရာက္သြားေတာ့ မနက္ ကေတာ့ အသံၾကားတယ္။ ကေလးငယ္ေလးက ေျခတစ္ဖက္ ျဖတ္လိုက္ရတယ္ဆုိတာကို ၾကား ပါတယ္’’ဟု ေျပာသည္။

ဒီဇင္ဘာ ၂၃ ရက္ ညေန တြင္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ ေရးဇုန္အနီးတစ္ဝိုက္ လက္နက္ ႀကီးက်ည္ ေလးႀကိမ္က်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္းႏွင့္ ပစ္ခတ္ သည့္ ေသာင္းက်န္းသူ (အဖြဲ႕၊ အင္အား)ကို စိစစ္ဆဲျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဒီဇင္ ဘာ ၂၄ ရက္၌ သတင္းထုတ္ျပန္ ခဲ့သည္။

ထိုသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီးေနာက္ ဒီဇင္ဘာ ၂၄ ရက္တြင္ ကြတ္ခိုင္ ၿမိဳ႕နယ္အတြင္း မူဆယ္-လား႐ိႈး ျပည္ေထာင္စုလမ္းမအနီးတုိက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံ အခ်ဳိ႕က ေျပာသည္။

ဒီဇင္ဘာ ၂၄ ရက္တြင္ မူဆယ္ ၁၀၅ မိုင္ စခန္းအနီး အပါအဝင္ ေနရာေျခာက္ေနရာ၌ တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္သြား ေၾကာင္း ကခ်င္အဖြဲ႕ (KIA)၊ တအာင္းအဖြဲ႕ (TNLA)၊ ကိုးကန္႔ အဖြဲ႕ (MNDAA) ႏွင့္ ရခိုင္အဖြဲ႕ (AA) စသည့္ ေျမာက္ပိုင္းမဟာ မိတ္လက္နက္ကိုင္ ေလးဖြဲ႕က သတင္းထုတ္ျပန္သည္။

၂၀၁၆ ႏိုဝင္ဘာက KIA၊ TNLA၊ MNDAA ႏွင့္ AA ပူးေပါင္း လက္နက္ကိုင္ အဖြဲ႕မ်ားသည္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရး စခန္းအပါအဝင္ ရွမ္းျပည္ေျမာက္ ပိုင္းရွိ အစိုးရလံုၿခံဳေရးတပ္စခန္း မ်ားကို တစ္ၿပိဳင္တည္း တိုက္ခိုက္ ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ဖြင့် ဖတ်ပါ #
မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ဧရိယာအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့် (၃)နှစ်အရွယ် ကလေးငယ်သည် ဒဏ်ရာပြင်းထန်၍ ညာဘက်ခြေထောက် ဖြတ်ခဲ့ရကြောင်း မူဆယ်မြို့ လူမှုကူညီရေး အဖွဲ့မှ ကိုခင်မောင်လွင်က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် ညနေ တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန် ဧရိယာအနီး မိုင်းယုကျေး ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး (၃)နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့် (၅၈)နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာ ပြင်းထန်၍ မူဆယ်ဆေးရုံမှ တရုတ်နိုင်ငံရွှေလီမြို့သို့ ပို့ဆောင် ကုသခဲ့ရသည်။

‘‘ကလေးကတော့ ခြေ ထောက် ဖြတ်ပစ်လိုက်ရတယ်။ ဒီကလေးရဲ့ ဘဝကတော့ သူများ ကလေးတွေလို သာမန်မဟုတ် တော့ဘူးဖြစ်သွားတာပေါ့’’ ဟု ကိုခင်မောင်လွင်က ပြောသည်။

မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်မှူး ဦးစန်းလှိုင်က‘‘သူက ဟိုဘက်ရွှေလီထဲ ရောက်သွား တယ်။ ရောက်သွားတော့ မနက် ကတော့ အသံကြားတယ်။ ကလေးငယ်လေးက ခြေတစ်ဖက် ဖြတ်လိုက်ရတယ်ဆိုတာကို ကြား ပါတယ်’’ဟု ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် ညနေ တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အနီးတစ်ဝိုက် လက်နက် ကြီးကျည် လေးကြိမ်ကျရောက် ပေါက်ကွဲခဲ့ကြောင်းနှင့် ပစ်ခတ် သည့် သောင်းကျန်းသူ (အဖွဲ့၊ အင်အား)ကို စိစစ်ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင် ဘာ ၂၄ ရက်၌ သတင်းထုတ်ပြန် ခဲ့သည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် ကွတ်ခိုင် မြို့နယ်အတွင်း မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမအနီးတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အချို့က ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် မူဆယ် ၁၀၅ မိုင် စခန်းအနီး အပါအဝင် နေရာခြောက်နေရာ၌ တပ်မတော်နှင့် တိုက်ပွဲဖြစ်သွား ကြောင်း ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) စသည့် မြောက်ပိုင်းမဟာ မိတ်လက်နက်ကိုင် လေးဖွဲ့က သတင်းထုတ်ပြန်သည်။

၂၀၁၆ နိုဝင်ဘာက KIA၊ TNLA၊ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင် အဖွဲ့များသည် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းအပါအဝင် ရှမ်းပြည်မြောက် ပိုင်းရှိ အစိုးရလုံခြုံရေးတပ်စခန်း များကို တစ်ပြိုင်တည်း တိုက်ခိုက် ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top