(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မံုရြာၿမိဳ႕ ေက်ာကၠာလမ္းမ ေဘးရွိ ဖုန္းအေရာင္းဆိုင္တစ္ဆိုင္ မွ မိုဘုိင္းဖုန္းအလံုး ေျခာက္ ဆယ္ေက်ာ္ ခိုးယူသူ အမ်ဳိးသား သံုးဦးကို ဖမ္းမိခဲ့ေၾကာင္း မံုရြာၿမိဳ႕ နယ္ေျမရဲတပ္ဖြဲ႕ စခန္းမွဴး ရဲအုပ္ ဆန္းလင္းက ေျပာသည္။

မံုရြာၿမိဳ႕ ရန္ကင္းရပ္ကြက္ ေက်ာကၠာလမ္းမေဘးရွိ ဖုန္း အေရာင္းဆုိင္တစ္ဆိုင္မွ က်ပ္ ၁၂၆ သိန္းခန္႔တန္ဖုိးရွိ မိုဘိုင္းဖုန္း မ်ဳိးစံု ၆၁ လံုးကို ယခုႏွစ္ စက္ တင္ဘာ ၈ ရက္နံနက္က ခုိးယူခံ ရ၍ ဖုန္းအေရာင္းဆိုင္ပိုင္ရွင္က ရဲတပ္ဖြဲ႕ထံ အမႈဖြင့္တိုင္ၾကား ျခင္းျဖစ္သည္။

အဆိုပါဖုန္းအေရာင္းဆိုင္မွ မိုဘိုင္းဖုန္းမ်ား ခိုးယူခဲ့သည့္ မံုရြာၿမိဳ႕ ျပည္ေတာ္သာ ရပ္ ကြက္ေန အသက္ (၂၉)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးကို ဒီဇင္ဘာ ၁၁ ရက္တြင္ ဖမ္းမိခဲ့ၿပီး စစ္ေဆးခ်က္ အရ အမ်ဳိးသားႏွစ္ဦးကို ထပ္မံ ဖမ္းဆီးခဲ့သည္။

‘‘မံုရြာၿမိဳ႕ေပၚက ဖုန္းဆုိင္ တစ္ဆိုင္မွာ ေဖာက္ထြင္းခိုးယူဖို႔ ႀကံစည္ေနတဲ့ သူတစ္ဦးကို လွည့္ ကင္းေဆာင္ရြက္ေနတဲ့ ရဲတပ္ဖြဲ႕ ဝင္ေတြက ဖမ္းဆီးရမိခဲ့တာပါ။ အဲဒီလူကို စစ္ေဆးရာက သက္ ေသခံပစၥည္းေတြကို ဝွက္ေပးတဲ့ သူ႔ရဲ႕မယားညီအစ္ကိုနဲ႔ သူ႔ ေယာက္ဖေတာ္စပ္တဲ့ အမ်ဳိးသား ႏွစ္ဦး ပါလာတာေပါ့။ သူတို႔သံုး ဦးကို ဖမ္းဆီးရမိၿပီး ဖုန္း ၅၇ လံုး နဲ႔ ေငြက်ပ္ သံုးသိန္းေလးေသာင္း ငါးေထာင္၊ ဖုန္းခုိးယူစဥ္က အသံုးျပဳခဲ့တဲ့ ဆိုင္ကယ္ကို သိမ္း ဆည္းရမိပါတယ္။ ခိုးယူသြားတဲ့ ဖုန္း ၆၁ လံုးထဲက အခ်ဳိ႕ေရာင္း ထားတဲ့ ဖုန္းေတြရဲ႕ ပိုက္ဆံကို သိမ္းဆည္းရမိတာပါ’’ဟု ရဲအုပ္ ဆန္းလင္းက ေျပာသည္။

အဆိုပါ မိုဘိုင္းဖုန္းမ်ား ခိုး ယူခဲ့သည့္ အမ်ဳိးသားသံုးဦးကို မံုရြာၿမိဳ႕ နယ္ေျမရဲစခန္းက ရာဇ သတ္ႀကီးဥပေဒပုဒ္မ ၃၈၀ အရ အမႈဖြင့္ စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

မုံရွာမြို့ ကျောက္ကာလမ်းမ ဘေးရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင် မှ မိုဘိုင်းဖုန်းအလုံး ခြောက် ဆယ်ကျော် ခိုးယူသူ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောသည်။

မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းမဘေးရှိ ဖုန်း အရောင်းဆိုင်တစ်ဆိုင်မှ ကျပ် ၁၂၆ သိန်းခန့်တန်ဖိုးရှိ မိုဘိုင်းဖုန်း မျိုးစုံ ၆၁ လုံးကို ယခုနှစ် စက် တင်ဘာ ၈ ရက်နံနက်က ခိုးယူခံ ရ၍ ဖုန်းအရောင်းဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြား ခြင်းဖြစ်သည်။

အဆိုပါဖုန်းအရောင်းဆိုင်မှ မိုဘိုင်းဖုန်းများ ခိုးယူခဲ့သည့် မုံရွာမြို့ ပြည်တော်သာ ရပ် ကွက်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းမိခဲ့ပြီး စစ်ဆေးချက် အရ အမျိုးသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့သည်။

‘‘မုံရွာမြို့ပေါ်က ဖုန်းဆိုင် တစ်ဆိုင်မှာ ဖောက်ထွင်းခိုးယူဖို့ ကြံစည်နေတဲ့ သူတစ်ဦးကို လှည့် ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီလူကို စစ်ဆေးရာက သက် သေခံပစ္စည်းတွေကို ဝှက်ပေးတဲ့ သူ့ရဲ့မယားညီအစ်ကိုနဲ့ သူ့ ယောက်ဖတော်စပ်တဲ့ အမျိုးသား နှစ်ဦး ပါလာတာပေါ့။ သူတို့သုံး ဦးကို ဖမ်းဆီးရမိပြီး ဖုန်း ၅၇ လုံး နဲ့ ငွေကျပ် သုံးသိန်းလေးသောင်း ငါးထောင်၊ ဖုန်းခိုးယူစဉ်က အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ကို သိမ်း ဆည်းရမိပါတယ်။ ခိုးယူသွားတဲ့ ဖုန်း ၆၁ လုံးထဲက အချို့ရောင်း ထားတဲ့ ဖုန်းတွေရဲ့ ပိုက်ဆံကို သိမ်းဆည်းရမိတာပါ’’ဟု ရဲအုပ် ဆန်းလင်းက ပြောသည်။

အဆိုပါ မိုဘိုင်းဖုန်းများ ခိုး ယူခဲ့သည့် အမျိုးသားသုံးဦးကို မုံရွာမြို့ နယ်မြေရဲစခန်းက ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် စစ်ဆေးနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top