ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဆားဝက္ ျခံ ေတြက ေတာ္ေတ္ာေလးကိုအလွပ်က္ေစတဲ့အရာတစ္ခုလို႔ဆိုလို႔ရပါတယ္။မ်က္ႏွာေပၚမွာဆားဝက္ျခံေတြရွိေနရင္ စိတ္ကသိကေအာင့္ျဖစ္သလို အသားကိုယားယံတာမ်ိဳးလည္းျဖစ္ေစႏိုင္ပါတယ္။ ဆားဝက္ျခံက အမ်ိဳးသားေရာ အမ်ိဳးသမီးေတြမွာပါျဖစ္တတ္ပါတယ္။ ဒီတစ္ေခါက္ကေတာ့ ဆားဝက္ျခံ ဘယ္လိုျဖစ္လာတာလဲဆိုတာကေန စလို႔ ဘယ္လိုလုပ္ရင္ သက္သာေစမလဲဆိုတာအထိ ဖတ္မိသမွ်ကို ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။
ဆားဝက္ျခံဆိုတာ

နားလည္အလြယ္ဆံုးျဖစ္ေအာင္ေျပာျပရရင္ ဆားဝက္ျခံဆိုတာက မ်က္ႏွာေပၚက ေခၽြးေပါက္ေတြထဲမွာ အဆီပိုေတြနဲ႔ မ်က္ႏွာအေရျပားေပၚက ဆဲလ္ေသေတြ ပိတ္ဆို႔ရာကေနျဖစ္လာတဲ့အရာေတြပါ။ ဆားဝက္ျခံကလည္း ဝက္ျခံအမ်ိဳးအစားတစ္ခုပါပဲ။ မ်ားေသာအားျဖင့္ကေတာ့ မ်က္ႏွာမွာအျဖစ္မ်ားပါတယ္။ ေက်ာ၊ ရင္ဘတ္ နဲ႔ ပုခံုးေတြမ်ာလည္း ဆားဝက္ျခံေတြျဖစ္တတ္ပါတယ္။ တခ်ိဳ႕ဆိုရင္ နားေတြထဲမွာေတာင္ျဖစ္တာမ်ိဳးေတြ႔ဖူးပါတယ္။
ဆားဝက္ျခံက ဘာလို႔အနက္ေရာင္ျဖစ္ေနရတာလဲ

ညစ္ပတ္ဖုန္မႈန္႔ေတြနဲ႔ အဆီေတြထိေတြ႔တာေၾကာင့္ အနက္ေရာင္ျဖစ္သြားတယ္လို႔ ထင္ေကာင္းထင္နိုင္ပါတယ္။ မဟုတ္ပါဘူး။ အေရျပားအတြင္းပိုင္းက အဆီနဲ႔ ျပင္ပေလထုထဲက ေအာက္ဆီဂ်င္တို႔ထိေတြ႔မိတာေၾကာင့္ အနက္ေရာင္အျဖစ္ေျပာင္းလဲသြားတာပါ။
ဘယ္သူေတြမွာ ဆားဝက္ျခံျဖစ္ႏိုင္သလဲ

ဆယ္ေက်ာ္သက္ေတြမွာ အျဖစ္မ်ားပါတယ္။ အရြယ္ေရာက္ျပီးသူေတြမွာလည္း ဆားဝက္ျခံေတြျဖစ္တတ္ပါတယ္။ ဆယ္ေက်ာ္သက္ေတြရဲ႕ မ်က္ႏွာျပင္ေပၚမွာေတာ့ ဆားဝက္ျခံက အျဖစ္အမ်ားဆံုးပါပဲ။ နဖူးနဲ႔ နဖူးတဝိုက္မွာပိုအျဖစ္မ်ားပါတယ္။
ဆားဝက္ျခံမျဖစ္ေအာင္ဘယ္လိုကာကြယ္မလဲ

အဆီမ်ားတဲ ့အသားအေရ ထိန္းသိမ္းမႈပစၥည္းေတြကိုေရွာင္ရွားေပးပါ။ ေရကိုအေျခခံျပီးထုတ္ထားတဲ့ အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြကိုပဲ အဓိကထားေရြးခ်ယ္ေပးပါ။ မိတ္ကပ္လိမ္းတတ္တဲ့သူေတြဆိုရင္လည္း အစိုဓာတ္ထိန္းခရင္မ္ပါျပီးသား မိတ္ကပ္ကိုေရြး ခ်ယ္ပါ။ ဒီလိုလုပ္တာက မ်က္ႏွာေပၚက ဆားဝက္ျခံေတြေရာ အျခားေသာဝက္ျခံေတြကိုပါ သက္သာေစပါလိမ့္မယ္။

ဆားဝက္ျခံေတြက သန္႔ရွင္းမႈအားနည္းလိုပျဖစ္တာမ်ိဳးမဟုတ္ေပမယ့္လည္း မ်က္ႏွာကို သန္႔စင္ေအာင္ထားေပးမယ္ဆိုရင္ ဆားဝက္ျခံျဖစ္တာကို သက္သာေစမွာပါ။ ဆားဝက္ျခံရွိေနတဲ့ ေနရာေတြကို ဆပ္ျပာအေပ်ာ့စားေလးသံုးျပီး တစ္ေန႔ကို ႏွစ္ၾကိမ္သန္႔စင္ေပးပါ။ ဆားဝက္ျခံရွိတဲ့ ေနရာေတြကို ၾကမ္းၾကမ္းတမ္းတမ္း မပြတ္တိုက္ပါနဲ႔ အေရျပားက်ိန္းစပ္တာမ်ိဳးျဖစ္တတ္လို႔ပါ။

ေနာက္ထပ္ ဆားဝက္ျခံေပ်ာက္ေအာင္လုပ္ရမွာတစ္ခုက မ်က္ႏွာကို တစ္ပတ္ကို ႏွစ္ၾကိမ္ေလာက္ေပါင္းတင္ေပးဖို႔ပါ။ မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားဖို႔လည္း မေမ့ပါနဲ႔။ မ်က္ႏွာေပၚကဆဲလ္ေသတြကို ဖယ္ရွားတာက မ်က္ႏွာအသားအေရကို အာဟာရဓာတ္စုပ္ယူႏိုင္စြမ္းျမင့္တက္ေစျပီး ေခၽြးေပါက္ေတြကိုလည္း ပြင့္ေစႏိုင္ပါတယ္။

ေဆးလိပ္ေသာက္သံုးတာနဲ႔ က်န္းမာေရးနဲ႔မညီညြတ္တဲ့ ေနထိုင္မႈပံုစံအခ်ိဳ႕ကလည္း  ဆားဝက္ျခံေတြကိုျဖစ္ေစႏိုင္ပါတယ္။ ေဆးလိပ္ေသာက္ေနတယ္ဆိုရင္ ေဆးလိပ္ျဖတ္ၾကည့္လိုက္ပါ။ အသားအေရပိုေကာင္းလာပါလိမ့္မယ္။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ေတြစားသံုးေပးျခင္းကလည္း အသားအေရကိုေကာင္းမြန္ေအာင္ အားျဖည့္ေပးပါလိမ့္မယ္။
ဆားဝက္ျခံဖယ္ရွားႏိုင္မယ့္ နည္းလမ္း ၃ ခု

ေတာ္ေတာ္မ်ားမ်ားကေတာ့ ဆားဝက္ျခံကို မညွစ္ထုတ္ရဘူးဆိုတဲ့အခ်က္ကို လက္သင့္ခံထားၾကပါတယ္။ ဘက္တီးရီးယားေတြ ဝင္ေရာက္နိုင္တာေၾကာင့္ပါ။ ဆားဝက္ျခံေတြကို ညွစ္ထုတ္လိုက္လို႔ အနာထဲကိုဘက္တီးရီးယားေတြဝင္သြားမယ္ဆိုရင္ မ်က္ႏွာမွာ အမာရြတ္ေတြျဖစ္က်န္ခဲ့ႏိုင္ပါတယ္။

ဆားဝက္ျခံဖယ္ထုတ္တဲ့ ကိရိယာကိုအသံုးျပဳေပးပါ – ဆားဝက္ျခံညွစ္တဲ့ကိရိယာက သတၱဳနဲ႔လုပ္ထားျပီး အစြန္းတစ္ဖက္မွာ  ဆားဝက္ျခံကို ညွစ္ထုတ္လို႔ရတဲ့ အေပါက္ေသးေသးေလးပါတတ္ပါတယ္။ သတိျပဳစရာတစ္ခ်က္ကေတာ့ ဆားၾက္ျခံကိုမညွစ္ထုတ္ခင္မွာ ဆားဝက္ျခံညွစ္ထုတ္ဖို႔အသံုးျပဳမယ့္ ကိရိယာကို ပိုးေသေစဖို႔အတြက္ အရက္ျပန္သုတ္ေပးဖို႔ပါ။ လက္ေခ်ာင္းေတြကို အသံုးမျပဳတာေၾကာင့္ ပိုးဝင္နိုင္ေျခ နည္းသြားပါလိမ့္မယ္။

ဆားဝက္ျခံ ကပ္ခြာသံုးေပးလု႔ိရပါတယ္ – ဆားဝက္ျခံေတြက မ်ားေသာအားျဖင့္ေတာ့ မ်က္ႏွာရဲ႕ T-zone မွာအျဖစ္မ်ားပါတယ္။ ဆားဝက္ျခံ ကပ္ခြာကို ဆားဝက္ျခံျဖစ္တဲ့ေနရာေတြမွာ မိနစ္အနည္းငယ္ေလာက္ကပ္ထားေပးျပီး ျပန္ခြာလိုက္ပါ ဆားဝက္ျခံေတြေရာ ေခၽြးေပါက္ထဲမွာ ပိတ္ဆို႔ေနတဲ့အရာေတြပါ ပါသြားပါလိမ့္မယ္။

တတ္သိနားလည္သူေတြနဲ႔ ျပသေပးပါ – ဆားဝက္ျခံေတြကို ဖယ္ရွားခ်င္ေနတယ္ဆိုရင္ေတာ့ မ်က္ႏွာအလွအပဆိုင္ရာတတ္သိနားလည္ သူေတြနဲ႔တိုင္ပင္ျပီး ဖယ္ရွားတာက အေကာင္းဆံုးပါ။ အလွျပင္ဆိုင္ေတြမွာ လြယ္လင့္တကူ လုပ္လိုက္တာေတြက ပိုးဝင္တာမ်ိဳးျဖစ္တတ္တာေၾကာင့္ ျဖစ္ႏိုင္ရင္ေတာ့ အလွအပဆိုင္ရာ ေဆးခန္းေတြမွာ ျပသၾကည့္ဖို႔အၾကံျပဳခ်င္ပါတယ္။ အေရျပားဆိုင္ရာကၽြမ္းက်င္တဲ့ဆရာဝန္ေတြကသာ ဆားဝက္ျခံ သက္သာေစဖို႔ ဘယ္လိုလုပ္ရမလဲဆိုတဲ့ ေဆးေတြကုိ ညႊန္းေပးႏိုင္မွာပါ။
ဆားဝက္ျခံ သက္သာေစဖို႔ လုပ္ေဆာင္သင့္တဲ့ အေလ့အထမ်ား

ဆားဝက္ျခံေတြကို မဆိတ္ဆြပါနဲ႔ – လက္ေခ်ာင္းေတြနဲ႔ ဆားဝက္ျခံေတြကို ညွစ္ထုတ္တာက ေခၽြးေပါက္ေတြကို ညစ္ပတ္တာေတြ နဲ႔ ပိုးဝင္တာေတြျဖစ္ေစႏိုင္ပါတယ္။  ဆားဝက္ျခံေတြကို ဆိတ္ဆြတာက ပိုးဝင္ကူးစက္တာေတြကိုျဖစ္ေစျပီး အေရျပားေရာင္ရမ္းတာနဲ႔ ဆားဝက္ျခံေတြကို ပိုဆိုးေစတာမ်ိဳးေတြကိုျဖစ္ေစနိုင္ပါတယ္။ အဆိုးဆံုးျဖစ္နိုင္တာတစ္ခုက မ်က္ႏွာေပၚမွာ အမာရြတ္ေတြက်န္ခဲ့ေစနိုင္တာပါ။

အျပင္းစား ဓာတုပစၥည္းေတြပါဝင္ေနတဲ့ ဆဲေသလ္ဖယ္ရွားတဲ့ အလွကုန္ေတြမသံုးပါနဲ႔ –  တံု႔ျပန္လြယ္တဲ့အသားအေရပိုင္ဆိုင္ထား မယ္ဆိုရင္ အျပင္းစား ဆဲေသလ္ေသဖယ္ရွားေပးတဲ့ အသားအေရသံုးအလွကုန္ေတြက ဆားဝက္ျခံကို ပိုဆိုးေစႏိုင္တာ နဲ႔ အေရျပားက်ိန္းစပ္တာမ်ိဳးေတြကို ျဖစ္ေစႏိုင္ပါတယ္။ လက္ရွိသံုးေနတဲ့ ဆဲလ္ေသဖယ္ရွားတဲ့အသားအေရသံုးပစၥည္းကိုအသံုးျပဳတာေၾကာင့္ အသားအေရမွာနာက်င္တာမ်ိဳး ခံစားရမယ္ဆိုရင္ ဆက္မသံုးဖို႔ အၾကံျပဳပါရေစ။ ဓာတုပစၥည္းပါဝင္မႈနည္းျပီး သဘာဝပစၥည္းေတြကိုအေျခခံထားတဲ့ ဆဲလ္ေသဖယ္ရွားေပးတဲ့ အသားအေရသံုးပစၥည္းကိုေျပာင္းသံုးေပးပါ။

တစ္ေန႔ႏွစ္ၾကိမ္ မ်က္ႏွာသစ္ေပးပါ – မနက္ပိုင္းမွာတစ္ၾကိမ္ ညမအိပ္ခင္တစ္ၾကိမ္ အနည္းဆံုး ၂ ၾကိမ္ေတာ့ မ်က္ႏွာကို ေသေသခ်ာခ်ာသစ္ေပးပါ။ ျပီးရင္ေတာ့ မ်က္ႏွာမွာ ဆားဝက္ျခံျဖစ္တာသက္သာေစဖို႔ အစိုဓာတ္ထိန္းခရင္မ္တစ္မ်ိဳးမ်ိဳးလူးေပးဖို႔ မေမ့ပါနဲ႔။ မ်က္နွာေပၚမွာ အဆီမ်ားရင္ဆားဝက္ျခံပိုျဖစ္နိုင္တာေၾကာင့္ ျဖစ္နိုင္ရင္ေရကိုအေျခခံျပီးထုတ္ထားတဲ့ အစိုဓာတ္ထိန္းခရင္မ္ကိုပဲ အသံုးျပဳေပးပါ။

ေခါင္းအံုးစြပ္ကို ေလွ်ာ္ေပးပါ – ေခါင္းအံုးစြပ္မွာ အိပ္ေနတဲ့အခါ မ်က္ႏွာကေန ထြက္လာတဲ့ အဆီေတြနဲ႔ ဆဲလ္ေသေတြက ေခါင္းအံုးစြပ္မွာ ကပ္ညွိေနႏိုင္တာေၾကာင့္ အနည္းဆံုး တစ္ပတ္တစ္ၾကိမ္ေတာ့ ေခါင္းအံုးစြပ္လဲေပးပါ။

မ်က္ႏွာကို လက္နဲ႔မထိပါနဲ႔ – မ်က္ႏွာေပၚက ဆားဝက္ျခံေတြ၊ ဝက္ျခံေတြကို လက္နဲ႔ထိေတြ႔တာ၊ဆိတ္ဆြတာေတြက လက္က ဘက္တီးရီးယားေတြကို မ်က္ႏွာေပၚကိုကူးစက္တာမ်ိဳးေတြကိုျဖစ္ေပၚေစျပီး ဝက္ျခံေတြကိုပိုမိုျဖစ္ေစနိုင္ပါတယ္။ ခႏၶာကုိယ္အစိတ္အပိုင္းေတြထဲမွာ လက္ကအညစ္ပတ္ဆံုး အစိတ္အပိုင္းေတြျဖစ္ေနတတ္ျပီး ဆားဝက္ျခံေတြကို ျဖစ္ေစရတဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။ မ်က္ႏွာကိုလက္နဲ႔မၾကာခဏထိေတြ႔တာမ်ိဳးကိုေရွာင္ပါ။ မလိုအပ္ဘဲမ်က္ႏွာကို လက္နဲ႔မကိုင္ပါနဲ႔။

ဒီနည္းေလးေတြအတိုင္း လိုက္လုပ္ၾကည့္ရင္း စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အျပင္ လွပမႈကိုပါထိခိုက္ေစတဲ့ ဆားဝက္ျခံေလးေတြကို ဘိုင့္ဘိုင့္လို႔ႏႈတ္ဆက္လိုက္ၾကရေအာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

#Unicode Version#
ဆားဝက်ခြံတွေက တော်တေ်ာလေးကိုအလှပျက်စေတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။မျက်နှာပေါ်မှာဆားဝက်ခြံတွေရှိနေရင် စိတ်ကသိကအောင့်ဖြစ်သလို အသားကိုယားယံတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံက အမျိုးသားရော အမျိုးသမီးတွေမှာပါဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဆားဝက်ခြံ ဘယ်လိုဖြစ်လာတာလဲဆိုတာကနေ စလို့ ဘယ်လိုလုပ်ရင် သက်သာစေမလဲဆိုတာအထိ ဖတ်မိသမျှကို ပြန်လည်ဝေမျှပေးချင်ပါတယ်။
ဆားဝက်ခြံဆိုတာ

နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမျာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင်ဖြစ်တာမျိုးတွေ့ဖူးပါတယ်။
ဆားဝက်ခြံက ဘာလို့အနက်ရောင်ဖြစ်နေရတာလဲ

ညစ်ပတ်ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲက အောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။
ဘယ်သူတွေမှာ ဆားဝက်ခြံဖြစ်နိုင်သလဲ

ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဆားဝက်ခြံက အဖြစ်အများဆုံးပါပဲ။ နဖူးနဲ့ နဖူးတဝိုက်မှာပိုအဖြစ်များပါတယ်။
ဆားဝက်ခြံမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

အဆီများတဲ့အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကိုရှောင်ရှားပေးပါ။ ရေကိုအခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုပဲ အဓိကထားရွေးချယ်ပေးပါ။ မိတ်ကပ်လိမ်းတတ်တဲ့သူတွေဆိုရင်လည်း အစိုဓာတ်ထိန်းခရင်မ်ပါပြီးသား မိတ်ကပ်ကိုရွေး ချယ်ပါ။ ဒီလိုလုပ်တာက မျက်နှာပေါ်က ဆားဝက်ခြံတွေရော အခြားသောဝက်ခြံတွေကိုပါ သက်သာစေပါလိမ့်မယ်။

ဆားဝက်ခြံတွေက သန့်ရှင်းမှုအားနည်းလိုပဖြစ်တာမျိုးမဟုတ်ပေမယ့်လည်း မျက်နှာကို သန့်စင်အောင်ထားပေးမယ်ဆိုရင် ဆားဝက်ခြံဖြစ်တာကို သက်သာစေမှာပါ။ ဆားဝက်ခြံရှိနေတဲ့ နေရာတွေကို ဆပ်ပြာအပျော့စားလေးသုံးပြီး တစ်နေ့ကို နှစ်ကြိမ်သန့်စင်ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်ပါနဲ့ အရေပြားကျိန်းစပ်တာမျိုးဖြစ်တတ်လို့ပါ။

နောက်ထပ် ဆားဝက်ခြံပျောက်အောင်လုပ်ရမှာတစ်ခုက မျက်နှာကို တစ်ပတ်ကို နှစ်ကြိမ်လောက်ပေါင်းတင်ပေးဖို့ပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့လည်း မမေ့ပါနဲ့။ မျက်နှာပေါ်ကဆဲလ်သေတွကို ဖယ်ရှားတာက မျက်နှာအသားအရေကို အာဟာရဓာတ်စုပ်ယူနိုင်စွမ်းမြင့်တက်စေပြီး ချွေးပေါက်တွေကိုလည်း ပွင့်စေနိုင်ပါတယ်။

ဆေးလိပ်သောက်သုံးတာနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံအချို့ကလည်း  ဆားဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်နေတယ်ဆိုရင် ဆေးလိပ်ဖြတ်ကြည့်လိုက်ပါ။ အသားအရေပိုကောင်းလာပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားသုံးပေးခြင်းကလည်း အသားအရေကိုကောင်းမွန်အောင် အားဖြည့်ပေးပါလိမ့်မယ်။
ဆားဝက်ခြံဖယ်ရှားနိုင်မယ့် နည်းလမ်း ၃ ခု

တော်တော်များများကတော့ ဆားဝက်ခြံကို မညှစ်ထုတ်ရဘူးဆိုတဲ့အချက်ကို လက်သင့်ခံထားကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်တာကြောင့်ပါ။ ဆားဝက်ခြံတွေကို ညှစ်ထုတ်လိုက်လို့ အနာထဲကိုဘက်တီးရီးယားတွေဝင်သွားမယ်ဆိုရင် မျက်နှာမှာ အမာရွတ်တွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။

ဆားဝက်ခြံဖယ်ထုတ်တဲ့ ကိရိယာကိုအသုံးပြုပေးပါ – ဆားဝက်ခြံညှစ်တဲ့ကိရိယာက သတ္တုနဲ့လုပ်ထားပြီး အစွန်းတစ်ဖက်မှာ  ဆားဝက်ခြံကို ညှစ်ထုတ်လို့ရတဲ့ အပေါက်သေးသေးလေးပါတတ်ပါတယ်။ သတိပြုစရာတစ်ချက်ကတော့ ဆားြက်ခြံကိုမညှစ်ထုတ်ခင်မှာ ဆားဝက်ခြံညှစ်ထုတ်ဖို့အသုံးပြုမယ့် ကိရိယာကို ပိုးသေစေဖို့အတွက် အရက်ပြန်သုတ်ပေးဖို့ပါ။ လက်ချောင်းတွေကို အသုံးမပြုတာကြောင့် ပိုးဝင်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

ဆားဝက်ခြံ ကပ်ခွာသုံးပေးလု့ိရပါတယ် – ဆားဝက်ခြံတွေက များသောအားဖြင့်တော့ မျက်နှာရဲ့ T-zone မှာအဖြစ်များပါတယ်။ ဆားဝက်ခြံ ကပ်ခွာကို ဆားဝက်ခြံဖြစ်တဲ့နေရာတွေမှာ မိနစ်အနည်းငယ်လောက်ကပ်ထားပေးပြီး ပြန်ခွာလိုက်ပါ ဆားဝက်ခြံတွေရော ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့အရာတွေပါ ပါသွားပါလိမ့်မယ်။

တတ်သိနားလည်သူတွေနဲ့ ပြသပေးပါ – ဆားဝက်ခြံတွေကို ဖယ်ရှားချင်နေတယ်ဆိုရင်တော့ မျက်နှာအလှအပဆိုင်ရာတတ်သိနားလည် သူတွေနဲ့တိုင်ပင်ပြီး ဖယ်ရှားတာက အကောင်းဆုံးပါ။ အလှပြင်ဆိုင်တွေမှာ လွယ်လင့်တကူ လုပ်လိုက်တာတွေက ပိုးဝင်တာမျိုးဖြစ်တတ်တာကြောင့် ဖြစ်နိုင်ရင်တော့ အလှအပဆိုင်ရာ ဆေးခန်းတွေမှာ ပြသကြည့်ဖို့အကြံပြုချင်ပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေကသာ ဆားဝက်ခြံ သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဆေးတွေကို ညွှန်းပေးနိုင်မှာပါ။
ဆားဝက်ခြံ သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အထများ

ဆားဝက်ခြံတွေကို မဆိတ်ဆွပါနဲ့ – လက်ချောင်းတွေနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်တာက ချွေးပေါက်တွေကို ညစ်ပတ်တာတွေ နဲ့ ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။  ဆားဝက်ခြံတွေကို ဆိတ်ဆွတာက ပိုးဝင်ကူးစက်တာတွေကိုဖြစ်စေပြီး အရေပြားရောင်ရမ်းတာနဲ့ ဆားဝက်ခြံတွေကို ပိုဆိုးစေတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်တာတစ်ခုက မျက်နှာပေါ်မှာ အမာရွတ်တွေကျန်ခဲ့စေနိုင်တာပါ။

အပြင်းစား ဓာတုပစ္စည်းတွေပါဝင်နေတဲ့ ဆဲသေလ်ဖယ်ရှားတဲ့ အလှကုန်တွေမသုံးပါနဲ့ –  တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ဆိုင်ထား မယ်ဆိုရင် အပြင်းစား ဆဲသေလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးအလှကုန်တွေက ဆားဝက်ခြံကို ပိုဆိုးစေနိုင်တာ နဲ့ အရေပြားကျိန်းစပ်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ ဆဲလ်သေဖယ်ရှားတဲ့အသားအရေသုံးပစ္စည်းကိုအသုံးပြုတာကြောင့် အသားအရေမှာနာကျင်တာမျိုး ခံစားရမယ်ဆိုရင် ဆက်မသုံးဖို့ အကြံပြုပါရစေ။ ဓာတုပစ္စည်းပါဝင်မှုနည်းပြီး သဘာဝပစ္စည်းတွေကိုအခြေခံထားတဲ့ ဆဲလ်သေဖယ်ရှားပေးတဲ့ အသားအရေသုံးပစ္စည်းကိုပြောင်းသုံးပေးပါ။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ – မနက်ပိုင်းမှာတစ်ကြိမ် ညမအိပ်ခင်တစ်ကြိမ် အနည်းဆုံး ၂ ကြိမ်တော့ မျက်နှာကို သေသေချာချာသစ်ပေးပါ။ ပြီးရင်တော့ မျက်နှာမှာ ဆားဝက်ခြံဖြစ်တာသက်သာစေဖို့ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ မမေ့ပါနဲ့။ မျက်နှာပေါ်မှာ အဆီများရင်ဆားဝက်ခြံပိုဖြစ်နိုင်တာကြောင့် ဖြစ်နိုင်ရင်ရေကိုအခြေခံပြီးထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကိုပဲ အသုံးပြုပေးပါ။

ခေါင်းအုံးစွပ်ကို လျှော်ပေးပါ – ခေါင်းအုံးစွပ်မှာ အိပ်နေတဲ့အခါ မျက်နှာကနေ ထွက်လာတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေက ခေါင်းအုံးစွပ်မှာ ကပ်ညှိနေနိုင်တာကြောင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ ခေါင်းအုံးစွပ်လဲပေးပါ။

မျက်နှာကို လက်နဲ့မထိပါနဲ့ – မျက်နှာပေါ်က ဆားဝက်ခြံတွေ၊ ဝက်ခြံတွေကို လက်နဲ့ထိတွေ့တာ၊ဆိတ်ဆွတာတွေက လက်က ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကိုကူးစက်တာမျိုးတွေကိုဖြစ်ပေါ်စေပြီး ဝက်ခြံတွေကိုပိုမိုဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လက်ကအညစ်ပတ်ဆုံး အစိတ်အပိုင်းတွေဖြစ်နေတတ်ပြီး ဆားဝက်ခြံတွေကို ဖြစ်စေရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ မျက်နှာကိုလက်နဲ့မကြာခဏထိတွေ့တာမျိုးကိုရှောင်ပါ။ မလိုအပ်ဘဲမျက်နှာကို လက်နဲ့မကိုင်ပါနဲ့။

ဒီနည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် လှပမှုကိုပါထိခိုက်စေတဲ့ ဆားဝက်ခြံလေးတွေကို ဘိုင့်ဘိုင့်လို့နှုတ်ဆက်လိုက်ကြရအောင်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top