ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ယေန့ ကၽြန္ေတာ္တို႔ လူသားေတြဟာ နည္းပညာေတြမရွိပဲ မေနနိုင္ၾကပါဘူး။ ဒါ့ေၾကာင့္ ဒီအခ်က္ဟာ ကၽြန္ေတာ္တို႔အတြက္ – နည္းပညာသည္ တကယ္ပဲ လူေတြကို အိပ္ေပ်ာ္ေအာင္ ကူညီေပးနိုင္သလား ဆိုျပီး ေမးခြန္းထုတ္ေစပါတယ္။ ဒီေမးခြန္းနဲ့ ပတ္သက္ျပီး သိရွိသင့္သည္မ်ားကို ေအာက္ပါေဆာင္းပါးေလးမွာ ေဖာ္ျပေပးသြားမွာပါ။

နည္းပညာက melatonin ေဟာ္မုန္းကို ဟန္႔တားႏိုင္ပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္အခ်ိဳ႕အတြင္းမွာ နည္းပညာရဲ႕မိတ္ဆက္ေပးမႈ ေက်းွွဇူးေၾကာင့္ လူမႈဘဝေတြက အရွိန္အဟုန္နဲ႔ ေျပာင္းလဲခဲ့ပါတယ္။ အမွန္ပါပဲ။  လူတိုင္းရဲ႕အိမ္မွာ အနည္းဆံုး တီဗြီ၊ စမတ္ဖုန္းတစ္လံုးနဲ႔ အျခားပစၥည္းေတြ ရွိေနပါၿပီ။ ဒါက ဘာကို သက္ေသျပလဲဆိုရင္ ကၽြန္ေတာ္တို႔ရဲ႕ ေန႔စဥ္လႈပ္ရွားမႈေတြက နည္းပညာနဲ႔ လည္ပတ္ေနတယ္ဆိုတာကိုပါပဲ။ နည္းပညာဟာ ကၽြန္ေတာ္တို႔ ဘဝအတြက္ အစားထိုးမရတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္လာပါၿပီ။ အကယ္၍ သင္ဟာနည္းပညာေၾကာင့္ အိပ္တဲ့အခါ အခက္အခဲေတြ႕ေနတယ္ဆိုရင္ ဒါဟာ အထူးအဆန္းမဟုတ္ပါဘူးလို႔ ေျပာလို႔ရပါတယ္။

Smartphone ၊ tablet ၊ television လိုမ်ိဳး နည္းပညာပစၥည္းေတြက ထြက္တဲ့ အျပာေရာင္အလင္းက ကၽြန္ေတာ္တို႔ရဲ႕ အိပ္စက္မႈကို သက္ေရာက္ေစပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ အဲ့ဒီနည္းပညာပစၥည္းေတြက ထြက္တဲ့ အျပာေရာင္အလင္းက melatonin ထုတ္လုပ္မႈကို ကန္႔သတ္ႏိုင္ပါတယ္။ melatonin ဆိုတာ သင့္ဦးေႏွာက္ကို အိပ္ခ်င္လာေအာင္ ျပဳလုပ္ေပးတဲ့ ေဟာ္မုန္းတစ္မ်ိဳးျဖစ္ပါတယ္။ ဒီေဟာ္မုန္းေလ်ာ့နည္းေအာင္ျပဳလုပ္တာက သင့္အိပ္ေပ်ာ္သြားဖို႔နဲ႔ ေတာက္ေလွ်ာက္အိပ္ေပ်ာ္ဖို႔ ခက္ခဲသြားေစမွာပါ။

သူတို႔က သင့္ဦးေႏွာက္ကို ႏိုးၾကားေစၿပီး သင့္အိပ္စက္မႈကို ေႏွာက္ယွက္မွာပါ။

အမွန္တကယ္ကေတာ့ နည္းပညာပစၥည္းေတြကို သင့္အိပ္ရာနားမွာထားတာက သင့္ကို သင္မေတြးႏိုင္တဲ့ နည္းလမ္းေျမာက္ျမားစြာနဲ႔ ေႏွာက္ယွက္မွာပါ။ ဥပမာ မအိပ္ခင္ e-mail နည္းနည္းပါးပါး စစ္လိုက္တာေၾကာင့္ သင့္ရဲ႕စိတ္က အလုပ္ထဲေရာက္သြားႏုိင္ပါတယ္။ ဒါဟာ သင့္ကို အိပ္ေပ်ာ္ဖို႔ ပိုမိုခက္ခဲေအာင္ ျပဳလုပ္ပါလိမ့္မယ္။ ဒါ့အျပင္ သင္ဟာ အိပ္ဖို႔ ေနသားတက်မျဖစ္ခင္ ရုပ္ရွင္အခ်ိဳ႕ ၾကည့္ျဖစ္မယ္ဆိုရင္ အဲ့ရုပ္ရွင္ေတြက သင့္ဦးေႏွာက္ကို သူတို႔အေၾကာင္းအျပည့္အဝခံစားဖို႔ လိုအပ္တဲ့ ႏိုးၾကားမႈရွိေအာင္ လွည့္စားလိုက္ပါလိမ့္မယ္။ ဒါက သင္အိပ္ေပ်ာ္ဖို႔အတြက္ အေႏွာက္အယွက္ေပးမွာပါ။

ဒါေပမယ့္ ဒါေတြက သင္ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ ကူညီႏိုင္ပါတယ္။

ဒါဟာ ဖုန္းကို စြဲစြဲလမ္းလမ္းအသံုးျပဳေနတာေၾကာင့္ အိပ္ေပ်ာ္ဖို႔ ခက္ခဲတဲ့သူေတြအတြက္ ထူးဆန္းေနမွာပါ။ ဒါေပမယ့္ မွန္မွန္ကန္ကန္အသံုးျပဳမယ္ဆို နည္းပညာက သင့္ကို ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ တကယ္ကို ကူညီႏိုင္မွာပါ။

တခ်ိဳ႕ သူတို႔ေဘးပတ္ပတ္လည္မွာ အသံတစ္ခုခုရွိေနမွ အိပ္ေပ်ာ္တဲ့သူေတြရွိပါတယ္။ ဥပမာ white noise (noise with many frequencies with same intensity) ၊ ပင္လယ္ျပင္ႀကီးရဲ႕အသံ၊ ေရတံခြန္ကအသံတို႔လိုမ်ိဳးေတြ ျဖစ္ပါတယ္။ အဲ့လိုသူမ်ိဳးေတြအတြက္ လြယ္လြယ္အိပ္ေပ်ာ္ဖို႔ ဖုန္းထဲကို အက္ပလီေကးရွင္း (application) ေတြ download လုပ္ႏိုင္ပါတယ္။ ဆက္တိုက္တိုးတက္လာတဲ့ နည္းပညာနဲ႔အတူ သင္ေကာင္းေကာင္းအိပ္စက္ႏိုင္ဖို႔ ကူညီႏိုင္တဲ့ application ေတြကို အဖိုးအခေပးစရာမလိုပဲ အလြယ္တကူ download လုပ္လို႔ရပါတယ္။ ဒါေၾကာင့္ ဒီလိုအေျခအေနမ်ိဳးမွာ နည္းပညာဟာ သင္ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ အကူအညီေပးရံုမကပဲ သင္အိပ္ေပ်ာ္ေစရန္ နားေထာင္ဖို႔လိုအပ္တဲ့ အသံထုတ္ေပးမယ့္စက္အတြက္ ရင္းႏွီးရမယ့္ ေငြေၾကးပမာဏကိုလဲ ကာမိေစပါတယ္။

အသံထုတ္ေပးႏိုင္တာတင္မကပဲ နည္းပညာက သင့္အိပ္စက္မႈကို ကူညီေပးႏိုင္တဲ့ ေနာက္တစ္ခုကေတာ့ သင့္ရဲ႕အိပ္စက္မႈပံုစံမွာ မူမမွန္တာမ်ိဳးႀကံဳေတြ႕ရျခင္းရွိမရွိသိေအာင္ သင့္အိပ္စက္ခ်ိန္ကို ေစာင့္ၾကပ္ေပးတာမ်ိဳး ျဖစ္ပါတယ္။ ဒါ့အျပင္ cool mist humidifier (စိုထုိင္းမႈပမာဏထိန္းေပးတဲ့ေလေအးေပးစက္) ဟာလည္း နည္းပညာပစၥည္းတစ္ခုျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက အဲ့တာအသံုးမျပဳဘဲ မအိပ္ႏိုင္ၾကပါဘူး။

Insomnia ( အိပ္မေပ်ာ္တဲ့ေရာဂါ ) ကေတာ့ လူတိုင္း တစ္သက္မွာ တစ္ခါေတာ့ ႀကံဳေတြ႕ရမွာပါ။ အကယ္၍ သင္ဟာ နည္းပညာေၾကာင့္ အိပ္ေပ်ာ္ဖို႔ ခက္ခဲေနတယ္ဆိုရင္ေတာ့ သူ႔ေၾကာင့္ျဖစ္ေပၚလာမယ့္ ေနာက္ထပ္တိုးေရာဂါေတြကို ေရွာင္လြဲဖို႔ နားလည္တတ္ကၽြမ္းတဲ့သူနဲ႔ အျမန္ဆံုး ျပသဖို႔႔ လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima
#Unicode Version#
 ယနေ့ ကျွန်တော်တို့ လူသားတွေဟာ နည်းပညာတွေမရှိပဲ မနေနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒီအချက်ဟာ ကျွန်တော်တို့အတွက် – နည်းပညာသည် တကယ်ပဲ လူတွေကို အိပ်ပျော်အောင် ကူညီပေးနိုင်သလား ဆိုပြီး မေးခွန်းထုတ်စေပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သိရှိသင့်သည်များကို အောက်ပါဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။

နည်းပညာက melatonin ဟော်မုန်းကို ဟန့်တားနိုင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့အတွင်းမှာ နည်းပညာရဲ့မိတ်ဆက်ပေးမှု ကျေးှှဇူးကြောင့် လူမှုဘဝတွေက အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့ပါတယ်။ အမှန်ပါပဲ။  လူတိုင်းရဲ့အိမ်မှာ အနည်းဆုံး တီဗွီ၊ စမတ်ဖုန်းတစ်လုံးနဲ့ အခြားပစ္စည်းတွေ ရှိနေပါပြီ။ ဒါက ဘာကို သက်သေပြလဲဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက နည်းပညာနဲ့ လည်ပတ်နေတယ်ဆိုတာကိုပါပဲ။ နည်းပညာဟာ ကျွန်တော်တို့ ဘဝအတွက် အစားထိုးမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ အကယ်၍ သင်ဟာနည်းပညာကြောင့် အိပ်တဲ့အခါ အခက်အခဲတွေ့နေတယ်ဆိုရင် ဒါဟာ အထူးအဆန်းမဟုတ်ပါဘူးလို့ ပြောလို့ရပါတယ်။

Smartphone ၊ tablet ၊ television လိုမျိုး နည်းပညာပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်းက ကျွန်တော်တို့ရဲ့ အိပ်စက်မှုကို သက်ရောက်စေပါတယ်။ အကြောင်းပြချက်ကတော့ အဲ့ဒီနည်းပညာပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်းက melatonin ထုတ်လုပ်မှုကို ကန့်သတ်နိုင်ပါတယ်။ melatonin ဆိုတာ သင့်ဦးနှောက်ကို အိပ်ချင်လာအောင် ပြုလုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းလျော့နည်းအောင်ပြုလုပ်တာက သင့်အိပ်ပျော်သွားဖို့နဲ့ တောက်လျှောက်အိပ်ပျော်ဖို့ ခက်ခဲသွားစေမှာပါ။

သူတို့က သင့်ဦးနှောက်ကို နိုးကြားစေပြီး သင့်အိပ်စက်မှုကို နှောက်ယှက်မှာပါ။

အမှန်တကယ်ကတော့ နည်းပညာပစ္စည်းတွေကို သင့်အိပ်ရာနားမှာထားတာက သင့်ကို သင်မတွေးနိုင်တဲ့ နည်းလမ်းမြောက်မြားစွာနဲ့ နှောက်ယှက်မှာပါ။ ဥပမာ မအိပ်ခင် e-mail နည်းနည်းပါးပါး စစ်လိုက်တာကြောင့် သင့်ရဲ့စိတ်က အလုပ်ထဲရောက်သွားနိုင်ပါတယ်။ ဒါဟာ သင့်ကို အိပ်ပျော်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်ပါလိမ့်မယ်။ ဒါ့အပြင် သင်ဟာ အိပ်ဖို့ နေသားတကျမဖြစ်ခင် ရုပ်ရှင်အချို့ ကြည့်ဖြစ်မယ်ဆိုရင် အဲ့ရုပ်ရှင်တွေက သင့်ဦးနှောက်ကို သူတို့အကြောင်းအပြည့်အဝခံစားဖို့ လိုအပ်တဲ့ နိုးကြားမှုရှိအောင် လှည့်စားလိုက်ပါလိမ့်မယ်။ ဒါက သင်အိပ်ပျော်ဖို့အတွက် အနှောက်အယှက်ပေးမှာပါ။

ဒါပေမယ့် ဒါတွေက သင်ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီနိုင်ပါတယ်။

ဒါဟာ ဖုန်းကို စွဲစွဲလမ်းလမ်းအသုံးပြုနေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် ထူးဆန်းနေမှာပါ။ ဒါပေမယ့် မှန်မှန်ကန်ကန်အသုံးပြုမယ်ဆို နည်းပညာက သင့်ကို ကောင်းကောင်းအိပ်ပျော်ဖို့ တကယ်ကို ကူညီနိုင်မှာပါ။

တချို့ သူတို့ဘေးပတ်ပတ်လည်မှာ အသံတစ်ခုခုရှိနေမှ အိပ်ပျော်တဲ့သူတွေရှိပါတယ်။ ဥပမာ white noise (noise with many frequencies with same intensity) ၊ ပင်လယ်ပြင်ကြီးရဲ့အသံ၊ ရေတံခွန်ကအသံတို့လိုမျိုးတွေ ဖြစ်ပါတယ်။ အဲ့လိုသူမျိုးတွေအတွက် လွယ်လွယ်အိပ်ပျော်ဖို့ ဖုန်းထဲကို အက်ပလီကေးရှင်း (application) တွေ download လုပ်နိုင်ပါတယ်။ ဆက်တိုက်တိုးတက်လာတဲ့ နည်းပညာနဲ့အတူ သင်ကောင်းကောင်းအိပ်စက်နိုင်ဖို့ ကူညီနိုင်တဲ့ application တွေကို အဖိုးအခပေးစရာမလိုပဲ အလွယ်တကူ download လုပ်လို့ရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ နည်းပညာဟာ သင်ကောင်းကောင်းအိပ်ပျော်ဖို့ အကူအညီပေးရုံမကပဲ သင်အိပ်ပျော်စေရန် နားထောင်ဖို့လိုအပ်တဲ့ အသံထုတ်ပေးမယ့်စက်အတွက် ရင်းနှီးရမယ့် ငွေကြေးပမာဏကိုလဲ ကာမိစေပါတယ်။

အသံထုတ်ပေးနိုင်တာတင်မကပဲ နည်းပညာက သင့်အိပ်စက်မှုကို ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ သင့်ရဲ့အိပ်စက်မှုပုံစံမှာ မူမမှန်တာမျိုးကြုံတွေ့ရခြင်းရှိမရှိသိအောင် သင့်အိပ်စက်ချိန်ကို စောင့်ကြပ်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် cool mist humidifier (စိုထိုင်းမှုပမာဏထိန်းပေးတဲ့လေအေးပေးစက်) ဟာလည်း နည်းပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက အဲ့တာအသုံးမပြုဘဲ မအိပ်နိုင်ကြပါဘူး။

Insomnia ( အိပ်မပျော်တဲ့ရောဂါ ) ကတော့ လူတိုင်း တစ်သက်မှာ တစ်ခါတော့ ကြုံတွေ့ရမှာပါ။ အကယ်၍ သင်ဟာ နည်းပညာကြောင့် အိပ်ပျော်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ သူ့ကြောင့်ဖြစ်ပေါ်လာမယ့် နောက်ထပ်တိုးရောဂါတွေကို ရှောင်လွဲဖို့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top