ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေဆးပညာအရ အဲဒီတုတ္ေကာင္ကို Entrobius vermicularis လို႔ေခၚပါတယ္။ သူတို႔က အူသိမ္၊ အူမႀကီးေတြထဲမွာ ေနတာပါ။ ဒါေပမ့ဲ ညက်မွ စအိုကေန အျပင္ထြက္ၿပီး စအို၀န္းက်င္မွာ အုခ်ေတာ့တာပါပဲ။ ဥေတြ ေထာင္ခ်ီၿပီး ဥေတာ့တာပါ။ တုတ္ေကာင္ေတြက အူေတြထဲျပန္မ၀င္ေတာ့ဘဲ အျပင္မွာ ဥၿပီးတာနဲ႔ ေျခာက္ကပ္ၿပီး ေသေတာ့တာပါပဲ။

၁။ တုတ္ေကာင္ေရာဂါက ဘယ္လိုကူးစက္တာလဲ။

အဓိကကေတာ့ Auto infection ေပါ့။ ကိုယ့္ဘာသာကိုယ္ ျပန္ကူးတာေပါ့။ စအုိ၀န္းက်င္က တုတ္ေကာင္ဥေတြဟာ ယားလို႔ကုတ္ရာကတစ္ဆင့္ လက္သည္းေအာက္မွာ ခိုကပ္ၿပီး လက္နဲ႔ အစာစားေတာ့ ပါးစပ္ထံ၀င္သြား၊ အဲဒီကတစ္ဆင့္ အူထဲေရာက္အေကာင္ေပါက္၊ ၿပီးေတာ့ စအိုက ထြက္၊ သံသရာ လည္ေနတာပါပဲ။ ဒီလို တုတ္ေကာင္စြဲေနတ့ဲသူရဲ႕ အတြင္းခံေဘာင္းဘီေတြ၊ အိပ္ရာခင္းေတြကလည္း တျခားသူေတြကို ကူးစက္ႏိုင္တာမို႔ ေသေသခ်ာခ်ာ ေလွ်ာ္ပစ္ဖို႔ လိုပါတယ္။ အိမ္သာတက္ၿပီးတ့ဲအခါ၊ အစားမစားခင္နဲ႔ စားၿပီးတ့ဲအခါ လက္ကိုဆပ္ျပာတဲ႔ ေသခ်ာေဆးေၾကာသန္႔စင္ဖို႔ က်န္းမာေရး၀န္ႀကီးဌာနက နည္းမ်ိဳးစံုနဲ႔ က်န္းမာေရး ပညာေပးေနတာ သတိထားမိၾကမွာပါ။

၂။ တုတ္ေကာင္က အရပ္အေခၚ သန္ခ်ေဆးနဲ႔ သန္ခ်လို႔ ရပါသလား။

ကေလးေတြ စအုိယားတ့ဲကိစၥမွာ ဆရာေျပာခ့ဲတ့ဲ တုတ္ေကာင္အျပင္ တုတ္ျပားေကာင္ အပါအ၀င္ တျခား အူကပ္ပါးပိုးေတြေၾကာင့္လည္း ျဖစ္ႏိုင္တာေၾကာင့္ သန္ခ်ေဆး
တုိက္ျခင္းႏွင့္ ကုလို႔ရပါတယ္။ အသံုးအမ်ားဆံုး ေဆးကေတာ့ အယ္ဘန္ဒါးဇိုး (Albendozole) ပါပဲ။ မီဘန္ဒါဇိုး (Mebendazole) ေဆးလည္း အသံုးတည့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Healthcare

# Unicode Version ျဖင့္ ဖတ္ပါ #

ဆေးပညာအရ အဲဒီတုတ်ကောင်ကို Entrobius vermicularis လို့ခေါ်ပါတယ်။ သူတို့က အူသိမ်၊ အူမကြီးတွေထဲမှာ နေတာပါ။ ဒါပေမဲ့ ညကျမှ စအိုကနေ အပြင်ထွက်ပြီး စအိုဝန်းကျင်မှာ အုချတော့တာပါပဲ။ ဥတွေ ထောင်ချီပြီး ဥတော့တာပါ။ တုတ်ကောင်တွေက အူတွေထဲပြန်မဝင်တော့ဘဲ အပြင်မှာ ဥပြီးတာနဲ့ ခြောက်ကပ်ပြီး သေတော့တာပါပဲ။

၁။ တုတ်ကောင်ရောဂါက ဘယ်လိုကူးစက်တာလဲ။

အဓိကကတော့ Auto infection ပေါ့။ ကိုယ့်ဘာသာကိုယ် ပြန်ကူးတာပေါ့။ စအိုဝန်းကျင်က တုတ်ကောင်ဥတွေဟာ ယားလို့ကုတ်ရာကတစ်ဆင့် လက်သည်းအောက်မှာ ခိုကပ်ပြီး လက်နဲ့ အစာစားတော့ ပါးစပ်ထံဝင်သွား၊ အဲဒီကတစ်ဆင့် အူထဲရောက်အကောင်ပေါက်၊ ပြီးတော့ စအိုက ထွက်၊ သံသရာ လည်နေတာပါပဲ။ ဒီလို တုတ်ကောင်စွဲနေတဲ့သူရဲ့ အတွင်းခံဘောင်းဘီတွေ၊ အိပ်ရာခင်းတွေကလည်း တခြားသူတွေကို ကူးစက်နိုင်တာမို့ သေသေချာချာ လျှော်ပစ်ဖို့ လိုပါတယ်။ အိမ်သာတက်ပြီးတဲ့အခါ၊ အစားမစားခင်နဲ့ စားပြီးတဲ့အခါ လက်ကိုဆပ်ပြာတဲ့ သေချာဆေးကြောသန့်စင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက နည်းမျိုးစုံနဲ့ ကျန်းမာရေး ပညာပေးနေတာ သတိထားမိကြမှာပါ။

၂။ တုတ်ကောင်က အရပ်အခေါ် သန်ချဆေးနဲ့ သန်ချလို့ ရပါသလား။

ကလေးတွေ စအိုယားတဲ့ကိစ္စမှာ ဆရာပြောခဲ့တဲ့ တုတ်ကောင်အပြင် တုတ်ပြားကောင် အပါအဝင် တခြား အူကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် သန်ချဆေး
တိုက်ခြင်းနှင့် ကုလို့ရပါတယ်။ အသုံးအများဆုံး ဆေးကတော့ အယ်ဘန်ဒါးဇိုး (Albendozole) ပါပဲ။ မီဘန်ဒါဇိုး (Mebendazole) ဆေးလည်း အသုံးတည့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Healthcare
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top