မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

# Zawgyi Version ဖြင့် ဖတ်ပါ #









Credit: သံ ဇဉ် မိုးဇတ်

# Unicode Version ဖြင့် ဖတ်ပါ #

အရှေ့ အာဖရိက မာလာဝီ နိုင်ငံသား William Kamkwamba ဆိုသူသည် ၁၄ နှစ်သားမှာကျောင်တက် ဖို့ နှင့် ကျူရှင် လခမပေးနိုင် လို့ ကျောင်း ထွက်ခဲ့ပါတယ်။

သူသည် သူတို့ ရွာ စာကြည့်တိုက် လေးကို မကြာခဏသွားရောက်ပြီး စာလေးတွေ ဖက် ရှုလေ့ ရှိတယ် သူဘာစာတွေ ဖတ်နေ သလဲဆိုတာ လည်း သူ့မိဘတွေ မသိပါဘူး။

သူ့ရဲ ဗီဇက လျပ်စစ်ကို ချစ်မြတ်နိုး သူ တစ်ယောက်ဖြစ်လို့ ရေဒီယို ပြင်တဲ့ နေရာမှာ
အသက်မွေးဝမ်းကြောင်းနိုင်ရန် လျပ်စစ် စာပေကို လေ့လာ နေခြင်း ဖြစ်ပြီး ခေတ်သစ်မှာ ရေဒီယို ပြင်တဲ့ ပညာကလည်း
သူ့အတွက် ဝမ်းစာ ရေးကို ဖြေရှင်းဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
နောက်ပိုင်း မှာ စွမ်းအင်နဲ့ ပါတ်သတ်တဲ့
စာအုပ် လေးတစ်အုပ်ကို ဖတ်ရှုဖြစ်တယ် စာအုပ်လေးထဲမှာ ပါသော လေအား လျပ်စစ် တည်ဆောက် တဲ့ နည်းပညာကို တော်တော် စိတ်ဝင်စား သွားပြီး လေအား လျပ်စစ် တာဘိုင် ပုံစံ ငယ်လေး စတင်တည်ဆောက် ခဲ့ရာမှ သူ့နေထိုင် တဲ့ အိမ်လေးကို စတင်ပြီး လျပ်စစ် မီး ပေနိုင် ခဲ့ပါ သည်။

နောက်ပိုင်း တွင် ကျေးရွာ တစ်ခု လုံးကို
လေအား လျပ်စစ်ဖြင့် လျပ်မီအား ကို ဖြန့်ဖြူး နိုင်ခဲ့တယ်။
သူလုပ်တဲ့ လေအား လျပ်စစ် ထောက်ကူ ပစ္စည်း တွေ ဟာ လူတွေ စွန့်ပြစ် ထားတဲ့ စက်ဘီး အဟောင်း ၊ ဆိုင်ကယ် အဟောင်း ပစ္စည်း အစိတ် အပိုင်းလေး တွေ ကနေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒါတွေကို သူ၏ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက် က ကူညီခဲ့ပါတယ်။
2006 ခုနှစ်တွင် မလာဝီနိုင်ငံ Daily Time
သတင်းစာ မှာ သူ့အကြောင်း ဖေါ်ပြတဲ့ သတင်းလေး ပါလာပြီး သူဟာ တစ်စ တစ်စ နံမည် ကြီးလာခဲ့ပါသည်။

2007 တွင် တန်ဇန်း နီးယားနိုင်ငံ အတက်ပညာ နှီးနှော ရေးအဖွဲ့ မှ ဒါရိုက်တာ Emeka Okafor ၏ဖိတ်ကြားမှုကို ခံခဲ့ ရပြီး
အကြီးစား လေအား လျပ်စစ် လုပ်ငန်း များတွင် သူ့ကို ထဲ့သွင်း လုပ်ကိုင် စေလာပါတယ်။

များမကြာမှီ အချိန်က တိုးတက်သည့် တောင်အာဖရိက (အာဖရိက လီဒါရှစ် အကယ်ဒမီ)တွင် ကျောင်းတက်ခွင့် ရပြီး နောက်တစ်ဆင့် ထပ်တက်ကာ အမေရိကန် နည်းပညာ ရှင်တို့ ၏ အထောက်အပံ့ ဖြင့် အမေရိကန် နိုင်ငံ
Dartmouth ကောလိပ်တွင် ပညာသင်ခွင့် ရရှိကာ 2014 တွင် ဘွဲ့ရခဲ့သည်။

ကမ္ဘာ့ အတက်ပညာရှင်များ တွေ့ဆုံပွဲများ တွင်လည်း သူမပါလျင် မပြီးသည့် အဆင့် အထိ ရောက်ရှိခဲ့ကာ
2013 ခုနှစ် TIME မဂ္ဂဇင်း တွင်
ကမ္ဘာကြီးကို ပြောင်းလဲခဲ့သည့် လူအယောက်
၃၀ ထဲတွင် သူ၏ နံမည်ကို ဖေါ်ပြ ခြင်းခံခဲ့ရသည်။
မြန်မာနိုင်ငံ မှာလည်း လျပ်စစ် ဓာတ်အားပေး မလုံ လောက်တဲ့ နေရာတွေမှာ
လေအားလျပ်စစ် လုပ်ယူလို့ ရနိုင်ပါတယ် ။
GDP per Capital မာလာဝီ 300.79 USD (2016)
GDP per Capital မြန်မာ 1,275.02 USD (2016)

ဖိုးသူတော် (www.phothutaw.com)
Credit: သံ ဇဉ် မိုးဇတ်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top