န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
#Unicode Version#
ငှက်ပျောသီးဖြင့် ဝိတ်ချနည်းဟာ အခုဆိုရင် ကမ္ဘာမှာ လူကြိုက် များလာသည့် ဝိတ်ချနည်း တစ်နည်း ဖြစ်လာ ပါပြီ။ ဒီနည်းကို စတင်တွေ့ရှိခဲ့ သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။
ဒီဝိတ်ချနည်းကို ယခုဆိုလျှင် အရှေ့တိုင်း၊ အနောက် တိုင်းမှ လူအများအပြား လက်တွေ့ စမ်းသပ်ပြီး တကယ် ထိရောက်မှု ရှိလာသည့်အတွက် ကိုရီးယား မင်းသမီး များဟာလည်း ဒီနည်းကို အသုံးပြုနေကြပြီလို့ ကြားသိရ ပါတယ်။
ငှက်ပျောသီးဖြင့် ဝိတ်ချနည်း
၁။ နံနက်စာကို ငှက်ပျောသီး (၂ ) လုံးသာ စားပြီး ရေ (၂) ခွက်သာက်ပါ။
၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများ ကိုတော့ ရှောင်ပါ။
၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ ည ၈ နာရီ မတိုင်ခင် စားပါ။
ဒီဝိတ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်းအားကစားလည်း မလုပ်ရပဲ ငှက်ပျောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ် တစ်မျိုးဟာ အဆီများကို စုပ်ယူပြီး အစာချေဖျက်မှုကိုလည်း ပိုမိုကောင်းစေကာ အာဟာရပြည့် ဝသည့်အတွက် ထမင်းဆာသည့် အဆာကိုလည်း ထိန်းပေးတယ်လို့ လေ့လာ တွေ့ရှိထားကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: ကျန်းမာရေးဗဟုသုတ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top