လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

မိတီၳလာၿမိဳ႕နယ္ မိတၳီလာ-ေက်ာက္ပန္းေတာင္းလမ္း မိုင္တိုင္ ၁/၁ နဲ႔ ၂ အၾကား ပညာေရးေကာလိပ္ေရွ႕မွာ ေက်ာင္းဆင္းလာတဲ့ ေက်ာင္းသားေတြ လမ္းကူးဖို႔ လမ္းရွင္းေပးေနတဲ့ ယာဥ္ထိန္း ရဲေမ ဆိုင္ကယ္နဲ႔တိုက္မိလုိ႔ ျပင္းထန္ဒဏ္ရာရသြားတယ္လုိ႔ မိတီၳလာၿမိဳ႕မရဲစခန္း တာဝန္က်ရဲအရာရွိက ေျပာပါတယ္။ျဖစ္စဥ္မွာ မိတီၳလာေကာလိပ္အတြင္းရွိ ေလ့က်င့္ေရးအလယ္တန္းေက်ာင္းက ေက်ာင္းဆင္းလာတဲ့ ေက်ာင္သားေက်ာင္းသူေတြ လမ္းကူးနိုင္ဖို႔ လမ္းရွင္းေပးေနတဲ့ ယာဥ္ထိန္းရဲေမ မမ်ိဳးသႏၲာဦးကုိ မိတီၳလာၿမိဳ႕နယ္ ေရေဝရြာေန ကုိတင္းဝင္းနိုင္စီးလာတဲ့ ဆိုင္ကယ္နဲ႔ တိုက္မိလုိ႔ ယာဥ္ထိန္းရဲေမ နဲ႔ ဆိုင္ကယ္သမား ၂ ဦးလုံး ျပင္းထန္ဒဏ္ရာရသြားၾကတယ္လုိ႔႔ တာဝန္က်ရဲအရာရွိက ေျပာပါတယ္။
မိတီၳလာၿမိဳ႕မရဲစခန္း ဒုရဲအုပ္ေအာင္သူမင္းက “ယာဥ္ထိန္းရဲေမ ဘယ္ဘက္ေျခက်င္းဝတ္ အ႐ိုးက်ိဳးသြားတယ္။ ဆိုင္ကယ္သမားကေတာ့ ေမးေစ့နဲ႔လက္ ေျခေထာက္ေတြ ပြန္းပဲ့ကုန္တယ္။ သတိေမ့ေနတယ္။ မိတီၳလာေဆး႐ံု ပို႔ေပးရတယ္” လုိ႔ ေျပာပါတယ္။
ေက်ာင္းႀကိဳတဲ့ ေက်ာင္းသားမိဘတဦးက “ဆိုင္ကယ္ေတြ ကားေတြကုိ ရဲေမက လက္ျပတားထားတယ္။ အေရးႀကီးလာတာလား မသိဘူး။ ဆိုင္ကယ္ကုိ အတင္းေမာင္းလာတာပဲ။ ရဲေမကုိ တိုက္မိသြားတယ္”လုိ႔ ေျပာပါတယ္။
မိတီၳလာၿမိဳ႕မရဲစခန္းက တင္ဝင္းနိုင္ကို ၁၀ ႏွစ္အထိျပစ္ဒဏ္ရွိတဲ့ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းကုိ ျပင္းထန္ဒဏ္ရာရေစမႈ၊ ယာဥ္မဆင္မျခင္ေမာင္းလုိ႔ သာမန္ဒဏ္ရာရမႈ၊ ျပင္းထန္ဒဏ္ရာရမႈ ရာဇသတ္ႀကီးပုဒ္မ ၃၃၃/၃၃၇/၃၃၈ တို႔နဲ႔ အမႈဖြင့္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#

မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁/၁ နဲ့ ၂ အကြား ပညာရေးကောလိပ်ရှေ့မှာ ကျောင်းဆင်းလာတဲ့ ကျောင်းသားတွေ လမ်းကူးဖို့ လမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်း ရဲမေ ဆိုင်ကယ်နဲ့တိုက်မိလို့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ဖြစ်စဉ်မှာ မိတ္ထီလာကောလိပ်အတွင်းရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းက ကျောင်းဆင်းလာတဲ့ ကျောင်သားကျောင်းသူတွေ လမ်းကူးနိုင်ဖို့ လမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲမေ မမျိုးသန္တာဦးကို မိတ္ထီလာမြို့နယ် ရေဝေရွာနေ ကိုတင်းဝင်းနိုင်စီးလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိလို့ ယာဉ်ထိန်းရဲမေ နဲ့ ဆိုင်ကယ်သမား ၂ ဦးလုံး ပြင်းထန်ဒဏ်ရာရသွားကြတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူမင်းက “ယာဉ်ထိန်းရဲမေ ဘယ်ဘက်ခြေကျင်းဝတ် အရိုးကျိုးသွားတယ်။ ဆိုင်ကယ်သမားကတော့ မေးစေ့နဲ့လက် ခြေထောက်တွေ ပွန်းပဲ့ကုန်တယ်။ သတိမေ့နေတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။
ကျောင်းကြိုတဲ့ ကျောင်းသားမိဘတဦးက “ဆိုင်ကယ်တွေ ကားတွေကို ရဲမေက လက်ပြတားထားတယ်။ အရေးကြီးလာတာလား မသိဘူး။ ဆိုင်ကယ်ကို အတင်းမောင်းလာတာပဲ။ ရဲမေကို တိုက်မိသွားတယ်”လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက တင်ဝင်းနိုင်ကို ၁၀ နှစ်အထိပြစ်ဒဏ်ရှိတဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရစေမှု၊ ယာဉ်မဆင်မခြင်မောင်းလို့ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top