ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကရင္ျပည္နယ္ သာမညေတာင္နယ္ေျမတြင္ သာမညဆရာေတာ္ႀကီးဝင္စားသည္ဟုဆိုသည့္ ပအို႕လူမ်ိဳး ခြန္သားေထြး၏ ၁၃ ႏွစ္ေျမာက္ေမြးေန႔ပြဲကို ဒီဇင္ဘာ ၅ ရက္ေန႔မွ စတင္ကာ ၅ ရက္တုိင္က်င္းပမည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ ပအုိအမ်ဳိးသား စာေပယဥ္ေက်းမႈ အဖြဲ႕ဝင္ ခြန္သန္းေဖက ေျပာသည္။
၎ေမြးေန႔တြင္ ပအုိ႔တိုင္ရင္းသားမ်ား ၇၀၀ေက်ာ္ခန္႔ျဖင္႔ စည္းကားစြာ ေတာင္ႀကီးမီးပုံပ်ံလႊတ္တင္ျခင္း၊ အျခား မီးပုံပ်ံအလုံး ၅၀၀၊ႏွင္႔မီးပန္းမ်ား ေဖာက္ျခင္း အထိမ္း အမွတ္ အခမ္းအနားမ်ား ပါဝင္မည္ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။“ေမြးေန႔ကုိ ၅ရက္ ၅ညတိတိ လုပ္တယ္ ဒီေန႔ ေအာင္ပြဲလုပ္တာေပါ႔ အရပ္ေလးမ်က္ႏွာက တုိင္းရင္းသားေတြက သူ႕ကုိ ၾကည္ညွိၾကတယ္ ဒါသူကံအေၾကာင္းတရားေပါ႔” ဟု ၎က ဆုိပါသည္။
လူအခ်ဳိ႕က ခြန္သာေထြးအား သာမညေတာင္ ဆရာေတာ္ႀကီး ၀င္စားသည္ဟု ထင္မွတ္ကာ ၾကည္ညွိၾကေၾကာင္း သို႔ရာတြင္ မည္သို႔ေသာ္အေၾကာင္းအရာမ်ားက ဝင္စားသည္ကို မသိရေၾကာင္း ခြန္သန္းေဖက ေျပာသည္။ ခြန္သားေထြးသည္ ဦးေခါင္းအလယ္တြင္ အရစ္ေခြ ဝလုံးသ႑န္ ပါရွိေၾကာင္း သာမညေတာင္ေဒသတြင္ေနထိုင္ သည့္ ေဒၚဆုိင္ခမ္းက ေျပာပါသည္။“ ခြန္သားေထြးရဲ႕ မိခင္က ေက်ာက္ရြာဇာတိေလ သူအေမ ရြာျပန္ၿပီး အသားငါးစားရင္ ခြန္သားေထြးကသိတယ္ ႏုိမစို႔ေတာ႔ဘူး ငိုေနေရာ” ဟု ၎က ဆုိသည္။
သာမညေတာင္ ဆရာေတာ္ ပ်ံလြန္ေတာ္မမူခင္ ဆရာေတာ္၏ ဒကာ/ဒကာမမ်ားအား ဆရာေတာ္ႀကီးက“ ငါမရွိေတာ့ရင္လည္း ငါလုိ ထူးျခားသူ တေယာက္ ေပၚေပါက္လာလိမ္႔မည္” ဟု ဆရာေတာ္မွ မွာၾကားခဲ႔ဖူးေၾကာင္း ေဒၚဆုိင္ခမ္းက ေျပာသည္။၎၏ ေမြးဖြားၿပီးအခ်ိန္မွ စ၍ ရက္တပတ္၏ ေသာၾကာေန႔တုိင္း ေၾကြးေမြး ဧည့္ခံျခင္းမ်ား အပါတ္စဥ္တုိင္း ယေန႔အခ်ိန္အထိ ျပဳလုပ္ေၾကာင္း၊၎က ေျပာသည္။ ထူးျခားသည္မွာ လူႀကီးမ်ားႏွင္႔ သံဃာေတာ္ အခ်ဳိ႕သည္ ခြန္သားေထြး၏ ခြင္႔ျပဳခ်က္မရပဲ ဘာမွ လုပ္ခြင္႔ ေျပာခြင့္ မရွိေၾကာင္း၊ ခြန္သားေထြးအား ေတြ႕ဆုံႏုိင္ရန္ အႀကိမ္ႀကိမ္ ႀကဳိစားေသာ္လည္း သူခြင္႔မျပဳေသာ လူပုဂၢိဳလ္ မ်ား ေတြ႕ခြင္႔မရရွိခဲ႔ေၾကာင္း စံုစမ္းသိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform.com

#Unicode Version#
ကရင်ပြည်နယ် သာမညတောင်နယ်မြေတွင် သာမညဆရာတော်ကြီးဝင်စားသည်ဟုဆိုသည့် ပအို့လူမျိုး ခွန်သားထွေး၏ ၁၃ နှစ်မြောက်မွေးနေ့ပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကာ ၅ ရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ပအိုအမျိုးသား စာပေယဉ်ကျေးမှု အဖွဲ့ဝင် ခွန်သန်းဖေက ပြောသည်။
၎င်းမွေးနေ့တွင် ပအို့တိုင်ရင်းသားများ ၇၀၀ကျော်ခန့်ဖြင့် စည်းကားစွာ တောင်ကြီးမီးပုံပျံလွှတ်တင်ခြင်း၊ အခြား မီးပုံပျံအလုံး ၅၀၀၊နှင့်မီးပန်းများ ဖောက်ခြင်း အထိမ်း အမှတ် အခမ်းအနားများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။“မွေးနေ့ကို ၅ရက် ၅ညတိတိ လုပ်တယ် ဒီနေ့ အောင်ပွဲလုပ်တာပေါ့ အရပ်လေးမျက်နှာက တိုင်းရင်းသားတွေက သူ့ကို ကြည်ညှိကြတယ် ဒါသူကံအကြောင်းတရားပေါ့” ဟု ၎င်းက ဆိုပါသည်။
လူအချို့က ခွန်သာထွေးအား သာမညတောင် ဆရာတော်ကြီး ဝင်စားသည်ဟု ထင်မှတ်ကာ ကြည်ညှိကြကြောင်း သို့ရာတွင် မည်သို့သော်အကြောင်းအရာများက ဝင်စားသည်ကို မသိရကြောင်း ခွန်သန်းဖေက ပြောသည်။ ခွန်သားထွေးသည် ဦးခေါင်းအလယ်တွင် အရစ်ခွေ ဝလုံးသဏ္ဍန် ပါရှိကြောင်း သာမညတောင်ဒေသတွင်နေထိုင် သည့် ဒေါ်ဆိုင်ခမ်းက ပြောပါသည်။“ ခွန်သားထွေးရဲ့ မိခင်က ကျောက်ရွာဇာတိလေ သူအမေ ရွာပြန်ပြီး အသားငါးစားရင် ခွန်သားထွေးကသိတယ် နိုမစို့တော့ဘူး ငိုနေရော” ဟု ၎င်းက ဆိုသည်။
သာမညတောင် ဆရာတော် ပျံလွန်တော်မမူခင် ဆရာတော်၏ ဒကာ/ဒကာမများအား ဆရာတော်ကြီးက“ ငါမရှိတော့ရင်လည်း ငါလို ထူးခြားသူ တယောက် ပေါ်ပေါက်လာလိမ့်မည်” ဟု ဆရာတော်မှ မှာကြားခဲ့ဖူးကြောင်း ဒေါ်ဆိုင်ခမ်းက ပြောသည်။၎င်း၏ မွေးဖွားပြီးအချိန်မှ စ၍ ရက်တပတ်၏ သောကြာနေ့တိုင်း ကြွေးမွေး ဧည့်ခံခြင်းများ အပါတ်စဉ်တိုင်း ယနေ့အချိန်အထိ ပြုလုပ်ကြောင်း၊၎င်းက ပြောသည်။ ထူးခြားသည်မှာ လူကြီးများနှင့် သံဃာတော် အချို့သည် ခွန်သားထွေး၏ ခွင့်ပြုချက်မရပဲ ဘာမှ လုပ်ခွင့် ပြောခွင့် မရှိကြောင်း၊ ခွန်သားထွေးအား တွေ့ဆုံနိုင်ရန် အကြိမ်ကြိမ် ကြိုစားသော်လည်း သူခွင့်မပြုသော လူပုဂ္ဂိုလ် များ တွေ့ခွင့်မရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top