ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အသန္႔ႀကိဳက္တဲ့သူေတြဟာ က်န္းမာေရးလိုက္စားသူေတြျဖစ္ၿပီး ပတ္ဝန္းက်င္ညစ္ညမ္းမႈေၾကာင့္ ခႏၶာကိုယ္မွာ ဆိုးဆိုးဝါးဝါးျဖစ္ႏိုင္တဲ့ ေရာဂါေတြအေၾကာင္းကိုလည္း နားလည္ၾကသူေတြျဖစ္ပါတယ္။

ပတ္ဝန္းက်င္မွာ ဘာပစၥည္းကိုပဲ ကိုင္ကိုင္၊ ကိုင္ၿပီးတိုင္း လက္အျမဲေဆးတတ္တဲ့၊ အိတ္ထဲမွာ လက္သန္႔စင္ေဆးရည္ ဘူးေလးကို အျမဲေဆာင္ထားတတ္တဲ့ "ကိုသန္႔ခ်င္၊ မသန္႔ခ်င္" ေတြကို ေတြ႕ဖူးၾကမွာေပါ့။ သူတို႔ရဲ႕ အသန္႔ႀကိဳက္လြန္းတဲ့ ဓေလ့ကို ကိုယ္တိုင္ေတာင္ ေနာက္ေျပာင္က်ီစယ္ဖူးပါလိမ့္ဦးမယ္။

တကယ္ေတာ့ အသန္႔ႀကိဳက္တဲ့သူေတြဟာ က်န္းမာေရးလိုက္စားသူေတြျဖစ္ၿပီး ပတ္ဝန္းက်င္ညစ္ညမ္းမႈေၾကာင့္ ခႏၶာကိုယ္မွာ ဆိုးဆိုးဝါးဝါးျဖစ္ႏိုင္တဲ့ ေရာဂါေတြအေၾကာင္းကိုလည္း နားလည္ၾကသူေတြျဖစ္ပါတယ္။ အသန္႔ႀကိဳက္သူတိုင္း လုပ္ေလ့ရွိတဲ့ ဓေလ့ေလးေတြကေတာ့...

၁။ လက္မေဆးဘဲ ဘာမွမစားတတ္ဘူး

သန္႔ရွင္းေရးကို အထူးဂရုစိုက္တတ္တဲ့သူေတြဟာ ဘာစားစား လက္ေဆးၿပီးမွ စားတတ္ၾကပါတယ္။ အစာစားခါနီးတိုင္းနဲ႔ အစာစားၿပီးခ်ိန္တိုင္းမွာ လက္ေဆးတာက သူတို႔အတြက္ အက်င့္တစ္ခုလိုကို ျဖစ္ေနတာပါ။ ဘတ္စ္ကားစီးလာတာတို႔၊ အမ်ားျပည္သူသံုး ေနရာေတြမွာ လက္နဲ႔ထိေတြ႕လာတာတို႔ဆိုရင္လည္း ပိုးေကာင္၊ မႊားေကာင္ေတြပါလာမွာစိုးၿပီး ခ်က္ခ်င္းလက္ေဆးတတ္ၾကပါတယ္။

၂။ စိတ္ရႈပ္လာတိုင္း သန္႔ရွင္းေရးလုပ္တတ္တယ္

ရံုးပိတ္ရက္ေတြဆိုရင္ တီဗီေရွ႕မွာထိုင္ၿပီး အေအးဘူးနဲ႔ ထိုင္ႏွပ္တတ္တာ သူတို႔ဝါသနာမဟုတ္ပါဘူး။ သန္႔ရွင္းေရးကို အထူးဂရုစိုက္ သူေတြဟာ ရံုးပိတ္ရက္လို အားလပ္ခ်ိန္မ်ားမ်ားရတဲ့ အခ်ိန္ေတြမွာ သန္႔ရွင္းေရးလုပ္ျခင္းျဖင့္ အခ်ိန္ကုန္တတ္ၾကပါတယ္။ ေနာက္ၿပီး စိတ္ထဲမွာ ဝမ္းနည္းေနတဲ့အခ်ိန္တိုင္း၊ ေဒါသျဖစ္တဲ့အခ်ိန္တိုင္း၊ စိတ္ရႈပ္ေနတဲ့အခ်ိန္တိုင္းမွာလည္း သန္႔ရွင္းေရး ပစၥည္းေတြကို ထုတ္ၿပီး သန္႔ရွင္းေရးကို ရွယ္လုပ္တတ္ၾကပါတယ္။ သူတို႔က သူတို႔ေနထိုင္တဲ့ေနရာေလး သန္႔ရွင္းေျပာင္လက္ေနမွ စိတ္တိုင္းက်တတ္သူေတြပါ။

၃။ အိမ္ျပန္လာတိုင္း ေျခလက္ေဆးတယ္

တစ္ေနကုန္အလုပ္လုပ္၊ ေခြ်းေတြသံေတြနဲ႔ ကားတိုးစီးၿပီး အိမ္ျပန္လာ၊ ျပန္ေရာက္တာနဲ႔ အိတ္ကိုပစ္ခ်ၿပီး အိပ္ယာေပၚေျခပစ္လက္ပစ္ လွဲခ်တတ္သူေတြနဲ႔ေတာ့ ကြာပါလိမ့္မယ္။ သန္႔ရွင္းေရးကို အေလးထားသူေတြဟာ အျပင္ဘက္က မ်က္စိနဲ႔မျမင္ႏုိင္တဲ့ အေကာင္ေလးေတြက အဝတ္အစားေတြေပၚမွာ၊ ခႏၶာကိုယ္ေပၚမွာ ကပ္ညိေနႏိုင္တာကို နားလည္ပါတယ္။ ဒါေၾကာင့္ အျပင္က ျပန္လာတိုင္း ေရေလးဘာေလးေသာက္၊ ခနနားၿပီးမွ ေျခလက္ေဆး၊ မ်က္ႏွာသစ္တတ္ၾကပါတယ္။ ၿပီးမွသာ အိပ္ယာေပၚတက္ခ်င္တက္တတ္ၾကပါတယ္။

၄။ ထမင္းဟင္းခ်က္ရင္ အခ်ိန္ပိုၾကာတယ္

သန္႔ရွင္းေရးကို ဂရုစိုုက္တဲ့အတြက္ ခ်က္ေရးျပဳတ္ေရးမွာလည္း ျဖစ္သလိုမလုပ္တတ္ပါဘူး။ အိုးခြက္ပန္းကန္ေတြ၊ မီးဖုိေခ်ာင္သံုး ပစၥည္းေတြကို စင္ၾကယ္ေအာင္ေဆးေၾကာၿပီးမွ ခ်က္ျပဳတ္တတ္ၾကပါတယ္။ ခ်က္ျပဳတ္ၿပီးစီးၿပီဆိုရင္လည္း မိမိအသံုးျပဳထားတဲ့ မီးဖိုေခ်ာင္သံုး ပစၥည္းေတြနဲ႔ အိုးေတြခြက္ေတြကို ေသခ်ာေဆးေၾကာၿပီးမွ ထမင္းစားဖို႔ ျပင္ဆင္တတ္ၾကပါတယ္။ ဒီလိုလူမ်ိဳးသာ အိမ္မွာရွိရင္ အစားအေသာက္မသန္႔ရွင္းမႈေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါေတြ ရွိႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

၅။ လွ်ပ္စစ္ပစၥည္းေတြကိုလည္း သန္႔ရွင္းေရးလုပ္မယ္

စမတ္ဖုန္းစခရင္ေတြ၊ ကြန္ပ်ဴတာစခရင္ေတြမွာလည္း အဏုဇီဝပိုးမႊားေတြ အမ်ားႀကီးခိုေအာင္းေနႏိုင္ပါတယ္။ က်န္းမာေရး သတင္းေတြအရဆိုရင္ စမတ္ဖုန္းတစ္လံုးရဲ႕ မ်က္ႏွာျပင္မွာ တြယ္ကပ္ေနတဲ့ ပိုးမႊားအေရအတြက္ဟာ အမ်ားျပည္သူသံုး အိမ္သာေၾကြခြက္တစ္လံုးမွာ ရွိေနတဲ့ ပိုးမႊားအေရအတြက္ထက္ေတာင္ ပိုမ်ားေနႏိုင္ပါတယ္တဲ့။ ဒါေၾကာင့္ ကိုယ္အျမဲကိုင္တြယ္ အသံုးျပဳေနတဲ့ စမတ္ဖုန္းေတြနဲ႔ လက္ပ္ေတာ့ေတြကိုလည္း အထူးျပဳလုပ္ထားတဲ့ ေဆးရည္နဲ႔ ေသခ်ာေဆးေၾကာေလ့ရွိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အသန့်ကြိုက်တဲ့သူတွေဟာ ကျန်းမာရေးလိုက်စားသူတွေဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ခန္ဓာကိုယ်မှာ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တဲ့ ရောဂါတွေအကြောင်းကိုလည်း နားလည်ကြသူတွေဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာ ဘာပစ္စည်းကိုပဲ ကိုင်ကိုင်၊ ကိုင်ပြီးတိုင်း လက်အမြဲဆေးတတ်တဲ့၊ အိတ်ထဲမှာ လက်သန့်စင်ဆေးရည် ဘူးလေးကို အမြဲဆောင်ထားတတ်တဲ့ "ကိုသန့်ချင်၊ မသန့်ချင်" တွေကို တွေ့ဖူးကြမှာပေါ့။ သူတို့ရဲ့ အသန့်ကြိုက်လွန်းတဲ့ ဓလေ့ကို ကိုယ်တိုင်တောင် နောက်ပြောင်ကျီစယ်ဖူးပါလိမ့်ဦးမယ်။

တကယ်တော့ အသန့်ကြိုက်တဲ့သူတွေဟာ ကျန်းမာရေးလိုက်စားသူတွေဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ခန္ဓာကိုယ်မှာ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တဲ့ ရောဂါတွေအကြောင်းကိုလည်း နားလည်ကြသူတွေဖြစ်ပါတယ်။ အသန့်ကြိုက်သူတိုင်း လုပ်လေ့ရှိတဲ့ ဓလေ့လေးတွေကတော့...

၁။ လက်မဆေးဘဲ ဘာမှမစားတတ်ဘူး

သန့်ရှင်းရေးကို အထူးဂရုစိုက်တတ်တဲ့သူတွေဟာ ဘာစားစား လက်ဆေးပြီးမှ စားတတ်ကြပါတယ်။ အစာစားခါနီးတိုင်းနဲ့ အစာစားပြီးချိန်တိုင်းမှာ လက်ဆေးတာက သူတို့အတွက် အကျင့်တစ်ခုလိုကို ဖြစ်နေတာပါ။ ဘတ်စ်ကားစီးလာတာတို့၊ အများပြည်သူသုံး နေရာတွေမှာ လက်နဲ့ထိတွေ့လာတာတို့ဆိုရင်လည်း ပိုးကောင်၊ မွှားကောင်တွေပါလာမှာစိုးပြီး ချက်ချင်းလက်ဆေးတတ်ကြပါတယ်။

၂။ စိတ်ရှုပ်လာတိုင်း သန့်ရှင်းရေးလုပ်တတ်တယ်

ရုံးပိတ်ရက်တွေဆိုရင် တီဗီရှေ့မှာထိုင်ပြီး အအေးဘူးနဲ့ ထိုင်နှပ်တတ်တာ သူတို့ဝါသနာမဟုတ်ပါဘူး။ သန့်ရှင်းရေးကို အထူးဂရုစိုက် သူတွေဟာ ရုံးပိတ်ရက်လို အားလပ်ချိန်များများရတဲ့ အချိန်တွေမှာ သန့်ရှင်းရေးလုပ်ခြင်းဖြင့် အချိန်ကုန်တတ်ကြပါတယ်။ နောက်ပြီး စိတ်ထဲမှာ ဝမ်းနည်းနေတဲ့အချိန်တိုင်း၊ ဒေါသဖြစ်တဲ့အချိန်တိုင်း၊ စိတ်ရှုပ်နေတဲ့အချိန်တိုင်းမှာလည်း သန့်ရှင်းရေး ပစ္စည်းတွေကို ထုတ်ပြီး သန့်ရှင်းရေးကို ရှယ်လုပ်တတ်ကြပါတယ်။ သူတို့က သူတို့နေထိုင်တဲ့နေရာလေး သန့်ရှင်းပြောင်လက်နေမှ စိတ်တိုင်းကျတတ်သူတွေပါ။

၃။ အိမ်ပြန်လာတိုင်း ခြေလက်ဆေးတယ်

တစ်နေကုန်အလုပ်လုပ်၊ ချွေးတွေသံတွေနဲ့ ကားတိုးစီးပြီး အိမ်ပြန်လာ၊ ပြန်ရောက်တာနဲ့ အိတ်ကိုပစ်ချပြီး အိပ်ယာပေါ်ခြေပစ်လက်ပစ် လှဲချတတ်သူတွေနဲ့တော့ ကွာပါလိမ့်မယ်။ သန့်ရှင်းရေးကို အလေးထားသူတွေဟာ အပြင်ဘက်က မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေက အဝတ်အစားတွေပေါ်မှာ၊ ခန္ဓာကိုယ်ပေါ်မှာ ကပ်ညိနေနိုင်တာကို နားလည်ပါတယ်။ ဒါကြောင့် အပြင်က ပြန်လာတိုင်း ရေလေးဘာလေးသောက်၊ ခနနားပြီးမှ ခြေလက်ဆေး၊ မျက်နှာသစ်တတ်ကြပါတယ်။ ပြီးမှသာ အိပ်ယာပေါ်တက်ချင်တက်တတ်ကြပါတယ်။

၄။ ထမင်းဟင်းချက်ရင် အချိန်ပိုကြာတယ်

သန့်ရှင်းရေးကို ဂရုစိုုက်တဲ့အတွက် ချက်ရေးပြုတ်ရေးမှာလည်း ဖြစ်သလိုမလုပ်တတ်ပါဘူး။ အိုးခွက်ပန်းကန်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေကို စင်ကြယ်အောင်ဆေးကြောပြီးမှ ချက်ပြုတ်တတ်ကြပါတယ်။ ချက်ပြုတ်ပြီးစီးပြီဆိုရင်လည်း မိမိအသုံးပြုထားတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ အိုးတွေခွက်တွေကို သေချာဆေးကြောပြီးမှ ထမင်းစားဖို့ ပြင်ဆင်တတ်ကြပါတယ်။ ဒီလိုလူမျိုးသာ အိမ်မှာရှိရင် အစားအသောက်မသန့်ရှင်းမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

၅။ လျှပ်စစ်ပစ္စည်းတွေကိုလည်း သန့်ရှင်းရေးလုပ်မယ်

စမတ်ဖုန်းစခရင်တွေ၊ ကွန်ပျူတာစခရင်တွေမှာလည်း အဏုဇီဝပိုးမွှားတွေ အများကြီးခိုအောင်းနေနိုင်ပါတယ်။ ကျန်းမာရေး သတင်းတွေအရဆိုရင် စမတ်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်မှာ တွယ်ကပ်နေတဲ့ ပိုးမွှားအရေအတွက်ဟာ အများပြည်သူသုံး အိမ်သာကြွေခွက်တစ်လုံးမှာ ရှိနေတဲ့ ပိုးမွှားအရေအတွက်ထက်တောင် ပိုများနေနိုင်ပါတယ်တဲ့။ ဒါကြောင့် ကိုယ်အမြဲကိုင်တွယ် အသုံးပြုနေတဲ့ စမတ်ဖုန်းတွေနဲ့ လက်ပ်တော့တွေကိုလည်း အထူးပြုလုပ်ထားတဲ့ ဆေးရည်နဲ့ သေချာဆေးကြောလေ့ရှိကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top